၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ ဒိဖက်ခေတ်မှာ မိဘတွေက အိမ်က သားသမီးတွေ အတွက် အရုပ်ကလေးတွေကို ဆက်ပြီးကစားရတဲ့ လီဂို အရုပ်လေး တွေကို ဝယ်ပေးလေ့ ရှိပါတယ်။ ကလေးတွေရဲ့ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးနိုင်ဖို့ရယ် ဖန်တီးတတ်တဲ့ အလေ့အထ ရှိဖို့အတွက် လီဂို အရုပ်လေးတွေကို ကစားတာ တော်တော် ကောင်းမွန်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ တန်ဖိုးနဲ့ လိုက်ပြီး လီဂိုအရုပ်ကလေးတွေက အသေး အကြီး ကွဲပြားချက် ရှိနေပါတယ်။ လူလတ်တန်းစား မိသားစုတွေက သားသမီးတွေကို လီဂိုရုပ် ခပ်သေးသေး လေးတွေပဲ …
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ ကော်လိုရာဒိုက ဘေးမဲ့သစ်တော ကြိုးဝိုင်းထဲမှာ ဖြစ်တဲ့ အဖြစ်အပျက် တစ်ခုပါ ။ ထူးပေ ဆန်းပေ ဆိုတာထက်ကို ပိုတယ်လို့ ပြောရမှာပါပဲ။ သစ်တော်ကြိုးဝိုင်း အရာရှိတွေက သစ်တောထဲမှာ တောကောင်တွေကို စောင့်ရှောက် ဖို့ အတွက် စီစီတီဗီတွေ တပ်ထား ပါတယ်။ ဇူလိုင်လ အစပိုင်းလောက်က သူတို့ရဲ့ စီစီတီဗီထဲမှာ ပေါ်လာတဲ့ ပုံ တစ်ပုံကြောင့် အားလုံး အံ့အား သင့်ခဲ့ရပါတယ်။ အဲ့ဒိပုံကတော့ သမင်တစ်ကောင်က ကားတာယာ တစ်ခုကို စွတ်ထားပြီး အစာစားကာ လမ်းလျှောက် သွားနေတဲ့ ပုံပါပဲ။ သစ်တောအရာရှိတွေက အဲ့ဒိသမင်မှာ …
မတ်လ ၈ရက် နိုင်ငံတကာအမျိုးသမီးများနေ့ ၂၀၂၀ မတ်လ ၈ ရက် (တနင်္ဂနွေနေ့)က နိုင်ငံတကာ အမျိုးသမီးနေ့ ဖြစ်ပါတယ်။ အောင်မြင်မှုတွေကို ဖန်တီးနိုင်တဲ့ အမျိုးသမီး များကို အသိအမှတ်ပြုရုံ သာမက ဘဝလမ်းမှာ ကြုံရတဲ့ အခက်အခဲများကို ရင်ဆိုင် ခံနိုင်ရည်ရှိတဲ့ အမျိုးသမီးတွေကိုပါ ရည်စူးတဲ့ နေ့ပါပဲ။ နိုင်ငံတကာ အမျိုးသမီးများနေ့နဲ့ ပတ်သက်တဲ့ ကမ္ဘာ ဖြစ်ရပ်ပုံရိပ်အချို့ကို ဖော်ပြလိုက်ပါတယ်။ ၁၉၇၇ ခုနှစ်မှာ ကုသမဂ္ဂက နိုင်ငံတကာ အမျိုးသမီးများနေ့ကို မသက်မှတ်ခင်က အမျိုးသမီးများကို အသိအမှတ်ပြုတဲ့ နေ့ရက်တစ်ရက် တရားဝင်မဟုတ်ဘဲ သက်မှတ်ဖို့ ကြိုးစားခဲ့ပါတယ်။ အစပထမမှာ ကမ္ဘာ့သမိုင်းထဲက အမျိုးသမီး လှုပ်ရှားမှု တစ်ခုခုကို ရည်ညွှန်းပြီး နေ့သက်မှတ်ဖို့ …
ကမ္ဘာဆီကို ဦးတည်လာတဲ့ ဂြိုဟ်သိမ်က လူသားတွေကို အန္တရာယ် မဖြစ်စေလောက်ဘူးလို့ ဆို လာမယ့် ဧပြီလထဲမှာ ကမ္ဘာမြေဆီ ဦးတည်ရောက်ရှိ လာမယ့် ဂြိုဟ်သိမ် ဂြိုဟ်မွှားက ကမ္ဘာမြေနဲ့ မထိခိုက်ဘဲ လွဲချော်သွားမှာပါလို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ နက္ခတ်ဗေဒ ပညာရှင် ဂျိမ်း ဒိုနော့ခ်ဟူးက ၂၀၂၀ ဧပြီလ၂၉ ရက်နေ့မှာ ကမ္ဘာကို ဦးတည်လာတဲ့ ဂြိုဟ်သိမ် ရောက်ရှိတော့မှာပါ။ ကမ္ဘာကို ထိခိုက်မှုမရှိနိုင်ဘဲ ကမ္ဘာနားက ဖြတ်သွားမှာပါ။ ဒါကြောင့် လူသားတွေကို အန္တရာယ် မဖြစ်စေနိုင်ပါဘူး လို့ ဆိုတယ်။ ၅၂၇၆၈ လို့ ခေါ်တဲ့ ဂြိုဟ်သိမ်ကို ၁၉၉၈ ကတည်းက နာဆာက ခြေရာ ခံမိတာပါ။ အဲ့ဒီအရာက …
ကျား တွေက မ တွေထက် အသက်ပိုတိုရတာ လိင်ခရိုမိုဆုမ်းကြောင့်တဲ့ လေ့လာဆန်းစစ်မှုအသစ်တစ်ခုအရ အမျိုးသားတွေက အမျိုးသမီးတွေထက် အသက်ပိုတိုရတဲ့ အကြောင်းအရင်းရ သူတို့ရဲ့ ပိုမိုစွန့်စားရတဲ့ ဘဝနေထိုင်မှုကြောင့် မဟုတ်ဘဲ လိင်ခရိုမိုဆုမ်း ကိစ္စကြောင့် ဖြစ်ရတာလို့ သိရတယ်။ နိုင်ငံတကာ သုတေသီတွေ ပါဝင်တဲ့ အုပ်စုတစ်စုက အကောင်လောကမှာ လိင်ဗီဇမျှင်နဲ့ သက်တမ်းပိုင်းဆိုင်ရာ ဆက်စပ်မှု ရှိမရှိကို လေ့လာဖို့အတွက် တိုင်းတာမှုတွေကို လုပ်ခဲ့ကြပါတယ်။ အမတွေမှာရှိတဲ့ XX ဗီဇမျှင်တွေနဲ့ အထီးတွေ မှာရှိတဲ့ XY ဗီဇမျှင်ကို ယှဉ်တွဲ လေ့လာခဲ့ကြပါတယ်။ X ဗီဇမျှင် ကိုဝိုင်းရံနေတဲ့ Y ဗီဇမျှင်တွေရဲ့ သဘာဝကိုက ပိုကြီးတဲ့ X ဗီဇမျှင် ထဲမှာ …
အတ္တလန်တစ်က ရေနေ မွန်းစတားတစ်ကောင် ဖမ်းဆီးရမိ လိုင်းပေါ်ကို နာတာလီယာ ဗိုရိုဗောက် ဆိုတဲ့ အမျိုးသမီးတစ်ယောက်က တစ်တော့ ကစားရင်း ပို့စ်တစ်ခုကို တင်လိုက်ပါတယ်။ အဲ့ဒါကတော့ အတ္တလန်တစ် သမုဒ္ဒရာထဲက ဖမ်းမိတဲ့ မွန်းစတားတစ်ကောင် အကြောင်းပါပဲ။ ဘယ်လို ငါး အမျိုးအစားလဲတော့ မသိပါဘူး။ ခြေထောက် ၃ ချောင်းပါပြီး ခေါင်းကြီးကြီးနဲ့ အကောင်ပါ။ အဲ့ဒိကောင်က ငါးဖမ်းသမားတစ်ယောက်ရဲ့ ငါးမျှားကြိုးမှာ မိလာတာပါ။ ငါးဖမ်းသမားက ငါးမိပြီ ဆိုပြီး ကုန်းပတ်ပေါ်ကို ဆွဲတင်လိုက်တဲ့ အခါမှာ ဘာကောင်မှန်း မသိလို့ လန့်အော်ပြီး ထွက်ပြေး သွားပါတယ်။ သူ့ရဲ့ အဖော်က ဖုန်းထုတ်ပြီး ဗီဒီယို ရိုက်ထားပါတယ်။ အဲ့ ဒိမွန်းစတားလေးက …
ရှားစောင်းပင်က လယ်သာ ထုတ်နိုင်လို့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နည်းလာ လယ်သာအိတ်တွေ လယ်သာဂျက်ကပ်တွေဆိုရင် လူတွေက သိပ်ကြိုက်ကြတာ ။ ဒါပေမဲ့ အဲ့ဒီ လယ်သာတွေကို ထုတ်လုပ်ဖို့အတွက် နောက်ကွယ်မှာက တစ်နှစ် တစ်နှစ်ကို တိရစ္ဆာန်တွေ သန်းကို ထောင်နဲ့ချီ ပြီး အသတ်ခံနေရတဲ့အပြင် လယ်သာလုပ်ငန်းသုံး ဓာတုဆေးရည်တွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက် ပျက်စီးစေပါတယ်။ အဲ့ဒိဓာတုဆေးရည် တန်သန်းနဲ့ချီပြီး ထိတွေ့မိတဲ့ မြေကြီးတွေက ဘာပင်မှ စိုက်ပျိုးလို့မရအောင်ကို ပျက်စီးသွားတော့တာပါပဲ။ ကမ္ဘာက သဘာဝပါတ်ဝန်းကျင်ကိုထိန်သိမ်းရာလည်းရောက် လူတွေရဲ့ အာသီသကိုလည်း ပြေစေမဲ့ နည်းလမ်းတွေကို ရှာနေကြပါတယ်။ အပင်ထွက် ပစ္စည်းနဲ့ လုပ်တဲ့ ဖက်ရှင် လုပ်ငန်းတွေမှာ ကျတော့ ပလက်စတစ်ကို အားပြုထားတာကို တွေ့ …
ဖုန်းမသုံး၊ စကားမပြောဘူးဆိုရင် တစ်နေ့ကို(၅)နာရီပဲ အလုပ်လုပ်ဖို့ ဝန်ထမ်းတွေကို စိန်ခေါ်ထားတဲ့ကုမ္ပဏီ ကုမ္ပဏီ တော်တော်များများမှာ အလုပ်လုပ် နေတဲ့ ဝန်ထမ်းတွေ အတွက် အလုပ်ချိန်က တစ်နေ့ကို ( ၈ ) နာရီသတ်မှတ် ထားပါတယ် ။ များသောအားဖြင့် စနေနဲ့ တနင်္ဂနွေ ပိတ်တာများပြီး မြန်မာနိုင်ငံ မှာတော့ တနင်္ဂနွေ တစ်ရက်တည်း အပိတ်များတာလည်း ရှိပါတယ် ။ တွက်ကြည့်ရင် တစ်ပတ်ကို အလုပ်ချိန် ( ၅၆ ) နာရီလုပ်ရတဲ့ သဘောပါ ။ တစ်လဆိုရင်တော့ နာရီ ( ၂ ) ရာကျော် အလုပ်လုပ်မှ လစာ အပြည့်ရမှာပါ ။ …
ဗိုက်ဆာလို့ ရဲစခန်းကို ဖုန်းလှမ်းဆက်တဲ့ ကလေးလေးကို ကိုယ်တိုင် မုန့်လာပို့ပေးခဲ့တဲ့ ရဲအရာရှိရဲ့ လေးစားဖွယ်လုပ်ရပ် အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်မှာ နေတဲ့ အသက် (၅)နှစ်သားအရွယ် ကလေးတစ်ယောက်ဟာ ဗိုက်ဆာတဲ့အတွက် မက်ဒေါနယ်ဆိုင်ကနေ မုန့်စားချင်တဲ့အကြောင်းကို ကိုယ်တိုင်ကိုယ်ကျ ရဲစခန်းကို ဖုန်းဆက်ခဲ့ပါတယ်။ ရဲအရာရှိက အသေအချာမေးခဲ့ပြီးတဲ့ ကလေးဆီကို မုန့်လာပို့တဲ့အဖြစ် ဖြစ်ပွားခဲ့ပါတယ်။ ချာလီလို့ခေါ်တဲ့ အသက် (၅)နှစ်သားအရွယ် ကောင်လေးဟာ ဒေသရဲစခန်း မီဆာပူးလစ်ရဲဌာနကို ဖုန်းဆက်ခဲ့ပါတယ်။ သူဟာ မက်ဒေါနယ်စားချင်နေကြောင်းနဲ့ အခုအချိန်မှာ ဗိုက်ဆာနေကြောင်းကို လှမ်းပြောခဲ့ပါတယ်။ အရာရှိအန်တိုနီက ဖုန်းကိုင်ခဲ့ပြီး သားလေး အလျင်လိုနေလားလို့ ပြန်မေးခဲ့ပါတယ်။ ကလေးက ဟုတ်တယ်လို့ ပြောခဲ့ချိန်မှာ လိပ်စာကို လိုက်မှတ်ထားခဲ့ပါတယ်။ နောက်တော့ စခန်းကအရာရှိ စကော့ဗဲလ်ဒက်စ်က …
ဖုန်းမှာနာရီကြည့်လို့ရနေတဲ့အတွက် ရိုးရိုးလက်တံနာရီကို ကျောင်းသားငယ်လေးတွေ မကြည့်တတ်တော့ဟုဆို တိုင်ကပ်နာရီ အဖြစ် ကျောင်းတွေမှာ ကပ်ထားတဲ့ နာရီတွေ အစား နံပါတ်တွေနဲ့ အချိန်ကို တိုက်ရိုက် ဖော်ပြတဲ့ ဒစ်ဂျစ်တယ် နာရီတွေကို ကလေးငယ်တွေ ကြည့်ဖို့ ယူကေက ကျောင်းတွေမှာ ပြောင်းလဲ တပ်ဆင်နေပြီ ဖြစ်တယ်လို့ ကျောင်းတွင်းဆရာမတွေရဲ့ ပြောကြားချက် အရ သိရပါတယ် ။ လက်တံအတို ၊ အရှည်နှစ်ခုနဲ့ အချိန်ကို ကြည့်ရတဲ့ နာရီကို မူလတန်းနဲ့ မူကြိုကလေးငယ်တွေဟာ ကြည့်ဖို့ သင်ကြားပေးရ တာဟာ အလုပ်တစ်ခုလို ဖြစ်နေ ပါတယ်။ ကလေးတွေ အနေနဲ့ နာရီ ကြည့်ရာမှာ အခက်အခဲ ရှိနေပြီး အချိန်ကို အတိအကျ …
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | 5 | ||
6 | 7 | 8 | 9 | 10 | 11 | 12 |
13 | 14 | 15 | 16 | 17 | 18 | 19 |
20 | 21 | 22 | 23 | 24 | 25 | 26 |
27 | 28 | 29 | 30 | 31 |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |