International-news

အင်စတာဂရမ်ရဲ့ ဆင်ဆာပိုင်းမှာ လူမျိုးရေးဘက်လိုက်မှုတွေ ရှိတယ်ဆိုပြီး စွတ်စွဲပြစ်တင်မှုတွေရှိနေ

အင်စတာဂရမ်ရဲ့ ဆင်ဆာပိုင်းမှာ လူမျိုးရေးဘက်လိုက်မှုတွေ ရှိတယ်ဆိုပြီး စွတ်စွဲပြစ်တင်မှုတွေရှိနေ ညိုမီနိကိုလပ် ဝီလီယံ ရဲ့ ကိုယ်တစ်ပိုင်းပုံကို ရိုက်ပြီးတဲ့ အချိန်မှာ ဓာတ်ပုံဆရာက ပုံကောင်းတစ်ပုံ ရပြီဖြစ်လို့ ပျော်နေပါတယ်။ သဘာဝ အလင်းရောင်အောက်မှာ ရေချိုး နေချိန်မှာ မျက်လုံးလေးကို ပိတ်ထားပြီး ရင်သားတွေကို ပိုက်ထားတဲ့ သူမရဲ့ဟန်က လောကအပူတွေကို ဆေးချနေတဲ့ ဟန်မျိုးဖြစ်နေလို့ ဓာတ်ပုံဆရာ ကျေနပ်နေတာပါ။ အဲ့ဒီပုံကို ရိုက်ပြီး နောက်မှာတော့ ညိုမီက သူမရဲ့ အင်စတာဂရမ်မှာ မေ့မျောသွားစေမဲ့အလှ ပန်ချီကားလို ချိပ်ဆွဲ ထားရမယ် ဆိုပြီး ပုံစာရေးကာ တင်လိုက်ပါတယ်။ နာရီ သိပ်မကြာလိုက်ပါဘူး။ အင်စတာဂရမ်က သူမရဲ့ပုံကို ဖျက်ပစ်လိုက်ပြီး သူမရဲ့ အကောင့်ကို ပိတ်လို့ရတယ် …

International-news

ပြည်သူတွေ လက်မခံလို့ ဝန်ကြီးချုပ် နှုတ်ထွက် လိုက်ရပါပြီ

ပြည်သူတွေ လက်မခံလို့ ဝန်ကြီးချုပ် နှုတ်ထွက် လိုက်ရပါပြီ လက်ဘနွန် ဝန်ကြီးချုပ် ဟတ်ဆန်ဒီအက်ဘ် နဲ့ အခြား ထိပ်တန်း အရာရှိ ၂ဦးက ဘေရွတ်မြို့ ဆိပ်ကမ်း ဓာတုပစ္စည်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၀၀ ကျော်လာတဲ့အပြင် တိုင်းပြည်တွင်း ဆူပူလှုပ်ရှားမှုများ ဖြစ်လာတဲ့ အတွက်ကြောင့် ရာထူးမှ တနင်္လာနေ့က နှုတ်ထွက်သွားပါတယ်။ ဒီနေ့မနက် တယ်လီဗေးရှင်းက သူ့ရဲ့စကားပြောခန်း အတိုလေးမှာ တိုင်းပြည်တွင်း ဖြစ်ပေါ်နေတဲ့ အကျင့်ပျက် ခြစားမှု ကပ်ရောဂါဆိုးကြီး ကို သူ့အနေနဲ့ မနှိမ်နင်းနိုင်တဲ့အတွက် ရာထူးက ထွက်လိုက်ရတာ ဖြစ်ကြောင်း ဆိုပါတယ်။ အခုဖြစ်ပေါ် သွားခဲ့တဲ့ လူတွေ ရာနဲ့ချီသေပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့တဲ့ ပေါက်ကွဲမှုကြီးကိုလည်း …

International-news

ဟောင်ကောင်အမျိုးသား လုံခြုံရေး ဥပဒေသစ်နဲ့ မီဒီယာကို စဖြိုပြီ

ဟောင်ကောင်အမျိုးသား လုံခြုံရေး ဥပဒေသစ်နဲ့ မီဒီယာကို စဖြိုပြီ တရုတ်နိုင်ငံကို ဝေဖန်ပြီး ဟောင်ကောင်ကျွန်း ဒီမိုကရေစီ အရေး လှုတ်ရှားမှုကို ထောက်ခံတဲ့ မီဒီယာ လုပ်ငန်းရှင်တစ်ဦး ကို နိုင်ငံခြားက အင်အားစုတွေရဲ့ အထောက်အပံ့ ယူနေတယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ဖမ်းဆီး လိုက်တယ်လို့ ဒေသခံရဲတွေက ဆိုပါတယ်။ ဘေကျင်းအစိုးရက ဟောင်ကောင်ကျွန်းမှာ ကျင်သုံးဖို့ ပြီးခဲ့တဲ့လက ပြဌန်းလိုက်တဲ့ အမျိုးသားလုံခြုံရေး ဥပဒေသစ်အရ မီဒီယာ လုပ်ငန်းရှင်တစ်ဦး ဖြစ်တဲ့ ဂျင်မီလိုင် ကို မနေ့ က အစောပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ သူ့ရဲ့ လုပ်ငန်းဖော် မာ့ခ်ဆင်မွန်က ဆိုတယ်။ မနေ့ မနက်ပိုင်းမှာ ဖမ်းဆီးတဲ့ မီဒီယာသမား ၇ဦးမှာ ဂျင်မီလိုင် …

International-news

နှစ် ၄၀၀ကျော် ငြိမ်နေတဲ့ ဆူမတ်တြား မီးတောင် ဒီနှစ်ပိုင်းတွေမှာ တစ်ခါပြီး တစ်ခါ ပေါက်ကွဲမှု ဖြစ်ပေါ်နေ

နှစ် ၄၀၀ကျော် ငြိမ်နေတဲ့ ဆူမတ်တြား မီးတောင် ဒီနှစ်ပိုင်းတွေမှာ တစ်ခါပြီး တစ်ခါ ပေါက်ကွဲမှု ဖြစ်ပေါ်နေ တနင်္လာနေ့ မနက် ၁၁ နာရီလောက်မှာ အင်ဒိုနီးရှား နိုင်ငံ ဆူမတ်တြားကျွန်းပေါ်က ဆင်နာဘန်းမီးတောင် ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ ပြာတွေနဲ့ မီးခိုးတွေက လေထဲကို မီတာ ၅၀၀၀ လောက်အထိကို တက်သွားပါတယ်။ မီးတောင် အနီးပတ်ဝန်းကျင်က မဝင်ရဆိုတဲ့ နေရာသက်မှတ်ချက် ရှိပေမဲ့ ဒေသခံတွေကတော့ ဝင်ထွက် သွားလာမှုတွေ ရှိပါတယ်။ လက်ရှိကတော့ အသေအပျောက်စာရင်း ထွက်မလာသေးပါဘူး။ ဖောက်စ်နယူးရဲ့ သတင်းထဲမှာတော့ စနေ၊ တနင်္ဂနွေနေ့ ကတည်းက အဲ့ဒိမီးတောင်က ပေါက်ကွဲ ဖို့အတွက် လှုပ်ရှားမှု ရှိနေခဲ့ပါတယ်လို့ ပါရှိပါတယ်။ …

International-news

မောရီ ဘာသာစကားနဲ့ ဆိုရင် ဆီးခုံမွှေးလို့ အဓိပ္ပါယ်ရတဲ့ နံမည်ပေး ထားမိတဲ့ ကနေဒါဘီယာ ပရိသတ်ကို တောင်းပန်

မောရီ ဘာသာစကားနဲ့ ဆိုရင် ဆီးခုံမွှေးလို့ အဓိပ္ပါယ်ရတဲ့ နံမည်ပေး ထားမိတဲ့ ကနေဒါဘီယာ ပရိသတ်ကို တောင်းပန် ဟူရူ ဟူရူ လို့ နာမည်ပေးထားတဲ့ ကနေဒါဘီယာတစ်မျိုး က နယူးဇီလန်၊ မြောက်အမေရိကားနဲ့ အတ္တလန်တစ် ကျွန်းနိုင်ငံတွေမှာ နာမည်ကြီးပါတယ်။ ဘီယာက ဈေးကွက် ထဲမှာ ကျင်လည်နေတာ ၂နှစ်ကျော်နေပါပြီ။ ဒါပေမဲ့ အဲ့ဒိဘီယာရဲ့ နာမည်က မောရီ ဘာသာစကားနဲ့ ဆိုရင် ဆီးခုံမွှေးလို့ အဓိပ္ပါယ်ရတဲ့အတွက် အခုတော့ ဘီယာကုမ္ပဏီက ပရိသတ်ကို တောင်းပန်နေရပါတယ်။ အယ်လ်ဘာတာ က ဟဲဘေ့စ်မန့် အဖျော်ယမကာ ကုမ္ပဏီက ဟူရူဟူရူ ကို လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်း က ဘီယာအပျော့စား အဖြစ်နဲ့ …

International-news

ယန်စီမြစ်ရေတိုးလို့ အကုန်သွားပါပြီလို့ ညည်းနေရတဲ့ တရုတ် လယ်သမားတွေ

ယန်စီမြစ်ရေတိုးလို့ အကုန်သွားပါပြီလို့ ညည်းနေရတဲ့ တရုတ် လယ်သမားတွေ ပေါင်ဝမ်တောင်တို့ မိသားစု လယ်ယာက နှစ်စဉ် ဒီအချိန်လောက်ဆိုရင် ရိတ်သိမ်းမှုတွေကို လုပ်ပါတယ်။ သူတို့ပိုင်တဲ့ လယ် ၃၆ ဧကမှာ စိုက်ထားတဲ့ စပါးတွေက ညွှတ်နေအောင် သီးလို့ ဒီနှစ် စပါး အထွက် ပိုကောင်းမယ်လို့တောင် မှန်းထားသေးတယ်။ သူတို့ မျှော်လင့်ချက်တွေက ရုတ်တရက်ပဲ ပြိုကွဲသွားခဲ့ပါပြီ။ ယန်စီမြစ်ရေတိုးလို့ တရုတ်ပြည်တောင်ပိုင်းက လယ်တွေရေမြုပ် ခံလိုက်ရပါတယ်။ အခုတော့ သူတို့ရဲ့ လယ်တွေကို ကယ်ဆယ်ဖို့နေနေသာ သူတို့ကိုယ်တိုင်တောင် ရေလွတ်ရာကို တိမ်းရှောင်နေရပါတယ်။ “လယ်တွေ အကုန်ပါ သွားတယ်ဗျာ” လို့ စီအန်အန် ကနေ အွန်လိုင်း ပေါ်ကနေ လုပ်တဲ့ အင်တာဗျူးမှာ …

International-news

နိုင်ငံခြားရေးဝန်ကြီးဌာနက ကြွက်ဖမ်းရေးမှူးချုပ်ကို ပင်စင်ပေးလိုက်ပီ

နိုင်ငံခြားရေးဝန်ကြီးဌာနက ကြွက်ဖမ်းရေးမှူးချုပ်ကို ပင်စင်ပေးလိုက်ပီ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ကြီးဌာနရုံးမှာ ကြွက်ဖမ်းရေး တာဝန် ထမ်းဆောင်နေတဲ့ နာမည်ကျော် ပါမယ်စတန် အမည်ရ ကြွက်ဖမ်းဆီးရေး အမှူဆောင် အရာရှိချုပ်ကို တာဝန်မှ အနားယူခွင့် ပေးလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ တာဝန် ထမ်းဆောင်နေခြင်းမှ အနားယူခွင့် ပေးလိုက်ပါတယ် ဆိုတဲ့ ထုတ်ပြန်စာကို ဗြိတိန် နိုင်ငံခြားရေးနဲ့ ဓနသဟာရ ဌာနရဲ့ အမြဲတမ်း အတွင်းဝန် ဆာဆိုင်မွန်မက်ဒေါ်နယ်က ထုတ်ပြန်ပေးတာပါ။ လန်ဒန်က နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးမှာ ကြွက်ဖမ်းတာဝန်ကို ထမ်းဆောင်နေတဲ့ ပါမယ်စတန် ကို အနားယူခွင့်ပေး လိုက်တယ်လို့ ပါမယ်စတန်ရဲ့ တရားဝင် တွစ်တာအကောင့်မှာ ဖော်ပြခဲ့ပါတယ်။ ဗြိတိန်မှာ ၂ကြိမ်ဆက် ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ …

International-news

လက်ဘနွန်မှာ ထိန်းမနိုင် သိမ်းမနိုင် ဖြစ်နေပြီး၊ ပြန်ကြားရေးဝန်ကြီး နှုတ်ထွက်ခွင့် စာတင်

လက်ဘနွန်မှာ ထိန်းမနိုင် သိမ်းမနိုင် ဖြစ်နေပြီး၊ ပြန်ကြားရေးဝန်ကြီး နှုတ်ထွက်ခွင့် စာတင် လူ၁၅၀ကျော် သေဆုံးသွားခဲ့တဲ့ ဘေရွတ်မြို့ ဆိပ်ကမ်းက ပေါက်ကွဲမှု ကြောင့် လက်ဘနွန်မှာ ဆန္ဒပြမှုတွေ အကြမ်းဖက်မှုတွေ ဆက်တိုက် ဖြစ်ပေါ် နေပါတယ်။ ဒီနေ့မှာတော့ လက်ဘနွန်ပြန်ကြားရေဝန်ကြီး မာနယ် ဆာမက်က ရာထူးကနေ နှုတ်ထွက်ခွင့် စာတင်လိုက်ပါတယ်။ “ဘေရွတ်က ကြောက်စရာကောင်းတဲ့ ပေါက်ကွဲမှုကြီး ပြီးနောက်မှာတော့ ကျမက ကျမရဲ့နှုတ်ထွက်စာကို အစိုးရဆီကို တင်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ ဝန်ကြီးဌာနက လက်ဘနွန် ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို မဖြည့်ပေး နိုင်တဲ့အတွက် ကြောင့်ပါပဲ။ လက်ဘနွန် ပြည်သူတွေကို ဒီနေရာကနေပဲ တောင်းပန်ပါတယ်” လို့ သူမရဲ့ အင်တာဗျူး …

International-news

အမေရိကန်တွေတောင် ၂၀% လောက်က ကျန်မာရေးနဲ့ ညီညွှတ်တဲ့ အစား အစာတွေ မရရှိလို့ဆို

အမေရိကန်တွေတောင် ၂၀% လောက်က ကျန်မာရေးနဲ့ ညီညွှတ်တဲ့ အစား အစာတွေ မရရှိလို့ဆို ကမ္ဘာပေါ်မှာ ချမ်းသာပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကို ရွေးချယ် စားသောက်နိုင်တဲ့ အမေရိကန်လို နိုင်ငံမှာတောင် နိုင်ငံသား ၂၀% လောက်က ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကို ရွေး ချယ်စားသောက်ခွင့် မရှိပါဘူးလို့ သောကြာ နေ့က ထွက်ရှိလာတဲ့ JAMA Network Open သုတေသန ဌာနရဲ့ အစီရင်ခံစာမှာ ဖော်ပြ ပါရှိပါတယ်။ နှစ်ရှည်လများ ပြုလုပ်ခဲ့တဲ့ သူတို့ရဲ့ အစီရင်ခံစာမှာ အစားအသောက်ဆိုင်ရာ မလုံခြုံမှုက ၂၀၁၅ – ၂၀၁၆ ကနေ စပြီး ဒီကနေ့အထိ ဆိုရင် …

ရေနံတင်သင်္ဘော ဗိုက်ပေါက်လို့ မူရီတီယက်နိုင်ငံ အရေးပေါ် အခြေအနေကြေညာ
International-news

ရေနံတန်ချိန် ၃၀၀၀ကျော် ပါလာတဲ့ သင်္ဘော ဗိုက်ပေါက်လို့ မူရီတီယက်နိုင်ငံ အရေးပေါ် အခြေအနေကြေညာ

ရေနံတန်ချိန် ၃၀၀၀ကျော် ပါလာတဲ့ သင်္ဘော ဗိုက်ပေါက်လို့ မူရီတီယက်နိုင်ငံ အရေးပေါ် အခြေအနေကြေညာ အန္ဒိယ သမုဒ္ဒရာ ထဲက ကျွန်းနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ မူရီတီးယက်နိုင်ငံ က သောကြာနေ့မှာ တိုင်းပြည်ကို သဘာဝ ဘေးအန္တရာယ် တစ်ခု ကျရောက် လာပြီဖြစ်လို့ အရေးပေါ်အခြေအနေ တစ်ရပ်ကို ကြေညာခဲ့ရပါတယ်။ အကြောင်းကတော့ ရေနံတန်ချိန် ၃၀၀၀ကျော် ပါလာတဲ့ သင်္ဘောတစ်စင်းက မူရီတီးယက်ကျွန်းနားမှာ ရေနံတွေ ဖိတ်စင်နေလို့ပါပဲ။ အမ်ဗွီ ဝါကာရှိယို သင်္ဘောက တရုတ်နိုင်ငံကနေ ဘရာဇီးနိုင်ငံ ဆီကို ကုန်တင်ပြီးး ထွက်ခွာ လာရာ ပွိုင့်ဒအက်နီနားမှာ ရေအောက် သန္တာကျောက်တန်းနဲ့ တိုက်မိပြီး သင်္ဘောဝမ်းကွဲ ထွက်သွားပြီး ရေနံစိမ်းတွေ ယိုဖိတ် …