ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ေဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …
ဂနိုရောဂါ (ဆီးလမ်းကြောင်း အတွင်း ပြီတည်နာ ပေါက်ခြင်း) ကို သောက်ဆေးနဲ့တင် ပျောက်ပြီ ဂနိုရီးယာ (ဆီးလမ်းကြောင်း အတွင်း ပြီတည်နာပေါက်ခြင်း) ရောဂါပိုးက ကူးစက်ရောဂါပိုးတွေထဲ ဆေးမတိုးတဲ့ ကူးစက်ရောဂါဖြစ်လို့ ကုသရန်ခက်ခဲတဲ့ ရောဂါဖြစ်ပါတယ်။ အခုတော့ အဲ့ဒိဂနိုရီးယားကို သောက်ဆေး တစ်မျိုးတည်းနဲ့ ဆေးရုံ ဆေးခန်း သွားစရာမလိုဘဲ ပျောက်ကင်းတဲ့ နည်းသစ်တစ်ခု တွေ့ရှိခဲ့ပါတယ်လို့ သောကြာနေ့ထုတ် ကူးစက်ရောဂါပိုး စမ်းသက်ချက် လေ့လာမှု စာတမ်းမှာ ပါရှိလာပါတယ်။ လိင်ဆက်ဆံခြင်းကြောင့် အဖြစ်များတဲ့ ကူးစက် ရောဂါကတော့ ဂနိုရောဂါ ပါပဲ။ အဲ့ဒိ ရောဂါပိုးက ဆီးလမ်းကြောင်းထဲမှာ အနာတွေ ဖြစ်စေ တတ်ပါတယ်။ ဆီးထဲမှာ အဖြူနစ်တွေ ပါလာတတ်တာတွေ၊ ဆီးလမ်းချောင်း …
ဈေးအသက်သာဆုံး တိကျမှုအရှိဆုံးနဲ့ အမြန်ဆုံး ရင်သားကင်ဆာ စမ်းသပ်မှုတွေ့ရှိ ဗုဒ္ဓဟူးနေ့ထုတ် ဆေးသိပ္ပံ ဂျာနယ်ထဲမှာ သုတေသီတွေက ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး တိကျလျှင်မြန် အကျိုး သက်ရောက်မှု အပြည့်ရှိတဲ့ စမ်းသပ်ချက်မှုကို တွေရှိထားတယ်လို့ ဆိုတယ်။ ရင်သားကင်ဆာကို ဆေးသိပ္ပံလောကမှာ အသံတိတ် လူသတ်သမားလို့ ခေါ်ပါတယ်။ ကမ္ဘာ တစ်ဝှမ်းမှာ ရင်သားကင်ဆာ ရောဂါကို ခံစားနေရတဲ့ အမျိုးသမီး သန်းနဲ့ချီ ရှိနေပါတယ်။ ဆေးသိပ္ပံ သမားတွေကို အဲ့ဒိကိစ္စကို ကြိုတင် ကာကွယ် နိုင်အောင်လို့ နည်းမျိုးစုံ စမ်းသပ်လေ့လာနေပါတယ်။ အခုတွေ့ရှိတဲ့ နည်းကတော့ ကုန်ကျစရိတ်လည်း သက်သာတဲ့အပြင် ၁၀၀% တိကျမှု ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သူတို့က …
ကိုဗစ်-၁၉ ကာကွယ်ဆေး အောက်တိုဘာလမှာ ပြည်သူတွေကို စထိုးမယ် ရုရှား အစိုးရက ကိုဗစ်-၁၉ ကာကွယ်ဆေးကို အပြီးတိုင် စမ်းသက်ပြီး ဖြစ်တဲ့အတွက် ပြည်သူတွေကို အစုလိုက် အဖွဲ့လိုက် အောက်တိုဘာလမှာ စတင် ထိုးပေးတော့မယ်လို့ စနေနေ့က ပြောကြားလိုက်ပါတယ်။ ရုရှား အမျိုးသား သတင်း အေဂျင်စီ တက်စ်က အစိုးရအနေနဲ့ ပြည်သူတွေကို ကာကွယ်ဆေး အခမဲ့ ထိုးပေးရန်အတွက် စီစဉ်ထားပြီး ဖြစ်ကြောင်း ဆိုပါတယ်။ ရုရှား ကျန်းမာရေးဝန်ကြီး မီခေးလ် မူရက်ကို က “ ကျနော်တို့က အစိုးရပေးတဲ့ ဘတ်ဂျတ်အတိုင်း ပြည်သူတွေကို အုပ်စုခွဲပြီး ထိုးပေးသွားမှာပါ။ ထိုးတာကတော့ တစ်နိုင်ငံလုံးကို ထိုးပေးမှာပါ။ ဒါပေမဲ့ အခမဲ့ …
PPE ဝတ်ထားပေမဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်-၁၉ ကူးစက်မှု တိုးတက်နေဆဲလို့ဆို လန်ဒန်ဘုရင့် ဆေးတက္ကသိုလ်ရဲ့ လေ့လာဆန်းစစ်မှု တစ်ရပ်အရ ကိုဗစ်-၁၉ ရောဂါရှင်တွေကို လက်တွေ့ ကုသပြုစု စောင့်ရှောက်ပေးနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ တစ်ကိုယ်ရေ ကာကွယ်ရေး ပစ္စည်း ဝတ်စုံ PPE ကို အပြည့်အစုံ ဝတ်ထားပေမဲ့ ကူးစက်ရောဂါကို လုံး၀ ကာကွယ်နိုင်ခြင်း မရှိလို့ အခုအခါမှာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ရောဂါကူးစက်မှုက အရင်ထက်ကို ၃ဆခွဲကျော် ပိုမို ကူးစက်နေတယ်လို့ သိရပါတယ်။ လက်အိတ် ဝတ်ရုံ မျက်နှာကာ မက်စ် တွေကို တပ်ထားပေမဲ့ ကျန်းမာရေးဝန်ထမ်းတွေ တကယ် အလုပ်လုပ် နေရတဲ့အခါတွေမှာ အကာအကွယ် လုပ်နေတဲ့ ကြားကပဲ ရောဂါကူးစက်မှုက …
”ရေစိမ်ချိုးခြင်းဟာ သင့်ကိုဘယ်လို အကျိုးပေးမယ်ဆိုတာ” သင်သိပြီးပြီလား? သင်ရေချိုးတဲ့အခါ ရေကိုစိမ်ပြီး ချိုးခဲ့မယ်ဆိုရင် အံသြဖွယ်ကောင်းတဲ့ အကျိုးကျေးဇူးတွေ ရနိုင်မယ်ဆိုတာ။ ပင်ပန်းနွမ်းနယ် နေချိန်မှာ ရေစိမ်ကန်ထဲမှာ ရေစိမ်ချိုးတာဟာ ပင်ပန်းမှုကို ပြေလျော့စေပြီး စိတ်ကို လန်းဆန်း သွားစေနိုင်ပါတယ်။ ချိုးမဲ့ရေထဲမှာ ရေချိုးပေါင်ဒါမှုန့် ဒါမှမဟုတ် ရေချိုးဆီ ထည့်ပေးခြင်းအားဖြင့် စိတ်နဲ့ ခန္ဓာကိုယ်ကို အနားရစေပါတယ်။ ဆေးပညာကုထုံးဂျာနယ်ရဲ့ လေ့လာမှုအရ ဆိုရရင် စိတ်ပူပင်သောက များနေသူတွေဟာ နေ့စဉ် ကြက်သီးနွေးရေထဲမှာ စိမ်ပြီး ချိုးခဲ့မယ်ဆိုရင် ရှစ်ပတ်ကြာတဲ့အခါ ရရှိလာမဲ့ အာနိသင်ကတော့ ဆရာဝန်တို့ ညွှန်ကြားတဲ့ဆေးတွေ သောက်ခြင်းထက် ပိုမိုတဲ့ အကျိုးကျေးဇူးကို ရရှိနိုင်တယ် ဆိုတာပါပဲ။ အရေပြား ခြောက်နွမ်းမှု။ သင့်အရေပြးတွေဟာ ခြောက်သွေ့ပြီး …
လွန်ခဲ့တဲ့ နှစ်၁၀၀၀ကျော်က ပိုးသတ်ဆေးတစ်မျိုးကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ ဒီကနေ့ ထုတ်ဝေတဲ့ သုတေသန ဂျာနယ်တစ်ခုမှာ သိပ္ပံပညာရှင်တွေက လွန်ခဲ့တဲ့ နှစ် ၁၀၀၀ကျော်က ဆေးကျမ်းတစ်ခုမှာ ရေးသားထားတဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ဝိုင်နဲ့ သည်းချေရည်တို့ ရောစပ်ပြီး လုပ်တဲ့ ဆေးက ဆီးချိုရောဂါကြောင့် ခြေထောက်မှာဖြစ်တဲ့ အနာတွေကို ရောဂါပိုး ကူးစက်ခြင်း မရှိအောင် အကာအကွယ် ပေးတယ်ဆိုတာကို ထောက်ခံခဲ့ပါတယ်။ ဂတုံးမျက်ဆံ လို့ နာမည်ပေးထားတဲ့ အဲ့ဒိဆေးက ရောဂါပိုးကူးစက်ခြင်း ပြဿနာတက်နေတဲ့ ဒီကနေ့ခေတ် လူ့အဖွဲ့အစည်းအတွက် အကျိုးများစေနိုင်တဲ့ ကုထုံး တစ်ရပ်လို့ သူတို့က ဆိုပါတယ်။ အဲ့ဒိဆေးက ဘတ်တီးရီးယားတွေနဲ့ ကူးစက်ရောဂါတွေကို နှိမ်နင်းနိုင်တယ်လို့လည်း ဆိုပါတယ်။ အင်္ဂလန်မှာဆိုရင် …
ပိုးသတ်ဆေးကို စွဲသောက်လေ ရောဂါပိုဖြစ်လေ ဆရာဝန်တွေ ခေါင်းပိုကိုက်လေပဲ သင့်ရဲ့ ဆရာဝန်က သင့်ကို ပိုသတ်ဆေး ပေးလာပြီဆိုရင် သောက်ရမယ့် ပမာဏရယ် သောက်ရမယ့် ကာလကို သေသေချာချာ သိအောင် လုပ်ပါ။ အဲ့လိုမှ မဟုတ်ရင်တော့ ကူးစပ်ရောဂါ တစ်မျိုးမျိုးဝင်ပြီး ဆေးရုံ တက်ရပါလိမ့်မယ်။ ပိုးသတ်ဆေး သောက်ကာမှ ပိုးကူးစပ် ခံရနိုင်တယ်လို့ သုတေသန အသစ်တစ်ရပ်က ဆိုတယ်။ သုတေသီတွေက အင်္ဂလန်နဲ့ ဝေးလ် က လူနာ ၂ သန်းကျော်ကို ခွဲခြမ်း စိတ်ဖြာခဲ့ပါတယ်။ ရင်ခေါင်း နာရွက် ဆီးလမ်းကြောင်း လေပြွန်အပေါ်ပိုင်း ကူးစပ်ရောဂါတွေလို အဖြစ်များတဲ့ ရောဂါတွေအတွက် ပိုးသတ်ဆေးတွေ ပေးတဲ့အခါမှာ အဲ့ဒိ ပိုးသက်ဆေးတွေ …
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | 5 | ||
6 | 7 | 8 | 9 | 10 | 11 | 12 |
13 | 14 | 15 | 16 | 17 | 18 | 19 |
20 | 21 | 22 | 23 | 24 | 25 | 26 |
27 | 28 | 29 | 30 | 31 |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |