ဖိုးရို့ဖားယားတွေဝတ်လို့ အဝေဖန်ခံ နေရတာကို ကရီနာကပူးတုန့်ပြန် ဘောလီးဝုဒ်မှာ ဆယ်လီ ဖြစ်လာပြီ ဆိုရင် ဝတ်တာ စားတာကို အရမ်း ဂရုစိုက်ရပါတယ်။ တလောက ဂရမ္မီဆုပေးပွဲကို တက်ခဲ့တဲ့ ပရိယန်ကာ ချိုပရာဆိုရင် ရင်သား တွဲလွဲကျနေတာကို ရှေ့ကွဲ ဂါဝန်နဲ့ ပွဲတက်ခဲ့လို့ အိန္ဒိယ မီဒီယာတွေမှာ ပြောလို့မဆုံး ဖော်ပြလို့ မဆုံး ဖြစ်ခဲ့ပါတယ်။ အများစုက ဘာပဲဖြစ်ဖြစ် ကြည့်ကောင်းအောင်တော့ ဝတ်သင့်ပါတယ်လို့ ဝေဖန်သူတွေက ဝေဖန်ခဲ့ပါတယ်။ ကရီနာကပူး ဆိုတာက ဘောလီးဝုဒ်ရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်နေတဲ့ မင်းသမီးပါ။ သူမရဲ့ ဖက်ရှင်တွေက အိန္ဒိယ အမျိုးသမီးတွေ ကြားမှာ အလွန် ရေပန်းစားပါတယ်။ ရိုးရာ ဝတ်စုံ ဖက်ရှင်တွေမှာ …
မူးယစ်နွံ မှ ရုန်းထွက်နိုင်ခဲ့တဲ့ ဒီမီလိုဗာတိုက ဂျက်စတင်ဘီဘာကို စံထားခဲ့ရတယ်လို့ဆို အမေရိကားမှာ အသက်ငယ်ငယ်နဲ့ အောင်မြင်မှုတွေ တည်ဆောက်ပြီး မူးယစ်ဆေးဝါးရဲ့ ကျေးကျွန်ဖြစ်ပြီးမှ ပြန်လည် အဖတ်ဆည် တည်ဆောက်နိုင်ခဲ့တဲ့ သူတွေထဲမှာတော့ ဂျက်စတင်ဘီဘာ နဲ့ ဒီမီလိုဗာတို တို့က ကျော်ကြားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အယ်လင်ရှိုးမှာ သူတို့ ၂ယောက်ကို တွဲပြီး အင်တာဗျူး ခဲ့ပါတယ်။ အဲ့ဒိရှိုးမှာ ဒီမီလိုဗာတိုက သူမ စိတ်ကျရောဂါဖြစ်ပြီး မူးယစ်ဆေးတွေ စွဲ အအိပ်အစားမမှန် ဖြစ်နေတဲ့ အချိန်မှာ ဂျက်စတင်က သူငယ်ချင်းကောင်းပီသစွာ သူမကို ကူညီခဲ့လို့ သူ့ကိုအားကျပြီး ပြုပြင် နိုင်ခဲ့ တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောသွားပါတယ်။ ဒီမီက အအောင်မြင်ဆုံးကာလ …
ကိုယ့်ကိုယ်ကိုပဲ ချစ်တော့မယ်လို့ ဆိုလာတဲ့ ဗီဗီယန်ဆု ၁၉၉၀ ဝန်းကျင်က ထိုင်ဝမ်နဲ့ ဂျပန်မှာ နာမည်ကြီးခဲ့တဲ့ အဆိုတော် ရုပ်ရှင်မင်းသမီး ဗီဗီယန်ဆုက လင်ပါ သားသမီးတွေနဲ့ ပြဿနာ တက်ပြီး နောက်မှာတော့ စိတ်ဆင်းရဲမှုတွေ ခဝါချပြီး သူများတွေကို လိုက်ချစ်ဖို့ ကြိုးစားမယ့်အစား ကိုယ့်ကိုယ်ကိုပဲ ချစ်တော့မယ်လို့ ဆိုလာပါတယ်။ The Accidient spy တို့ Warriors of the Rainbow ရုပ်ရှင်ကားတွေမှာ ပါတဲ့ မင်းသမီး ဗီဗီယန်က ၂၀၁၄ တုန်းက စီးပွားရေးသမား တစ်ဦးဖြစ်တဲ့ ရှောင်လီ နဲ့ လက်ထပ်ခဲ့ပါတယ်။ လင်ပါ သမီးတွေဖြစ်တဲ့ ရှာရာ ရယ် ကလာရာရယ်တို့နဲ့က အဆင်မပြေ …
ဒိုနီယန် ရဲ့ ကွန်ဖူးပညာကို မြင်လိုက်တဲ့ မူလန်ဒါရိုက်တာ အံ့အားသင့် ဒစ္စနေးရုပ်ရှင် ကုမ္ပဏီက တရုတ်နိုင်ငံက နာမည်ကျော် မူလန်ဇာတ်လမ်းကို ရုပ်ရှင်ရိုက်နေပါတယ်။ ဇာတ်လမ်းထဲမှာ ဟောင်ကောင် မင်းသား ဒိုနီယန်က အိုင်ပီ တရုတ်သိုင်းကားကို ထားခဲ့ပြီးနောက်မှာတော့ စစ်ဗိုလ်ချုပ်တန် အဖြစ်သရုပ်ဆောင်ရမှာပါ။ ရိုက်ကွင်းမှာ ဒိုနီယန်က သူ့ရဲ့ သိုင်းစွမ်းရည်ကို ပြလို့ ဒါရိုက်တာ နီကီကာရိုက အလွန်အံအားသင့်ခဲ့ရတယ်လို့ဆိုတယ်။ စစ်ဗိုလ်ချုပ်က သူ့ရဲ့ စစ်သားတွေကို တိုက်ခိုက်ရေး စွမ်းရည်ပြတာကို ကင်မရာနဲ့ လိုက်ချိန်ရိုက်တာ တော်တော်မြန်လို့ မမြင်လိုက်ရဘူး ဖြစ်သွားတယ်။ အဲ့ဒါနဲ့ ကင်မရာကို အနှေးပြကွက်နဲ့ ကြည့်မှ မင်းသားဒိုနီယန်ရဲ့ လှုပ်ရှားမှုကို အသေးစိတ်မြင်လိုက်ရပါတယ်။ သူမက …
သုံးရက်ကြာ စိတ်ဓာတ်ကျမှုနဲ့ တစ်ကိုယ်တော်အယ်ဘမ် ထွက်ဖို့ Ice Cold ကြိုးပမ်း ပရိသတ်တွေကြား တေးရေးအနေနဲ့ရော အတွဲအဆိုတော် တစ်ယောက်အဖြစ် နာမည်ရနေတဲ့ လူငယ် အဆိုတော် ice cold ကို တစ်ကိုယ်တော်အယ်ဘမ် ပြင်ဆင်နေမှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ * မေး – Ice cold ရေ၊ တစ်ကိုယ်တော် တေးစီးရီး ပြင်ဆင်နေတယ်ဆိုတော့ ဘယ်အခြေအနေ ရှိပြီလဲ ပြောပြပါဦး။ * ဖြေ – ဟုတ်အစ်မ ။ တစ်ကိုယ်တော်က လေးပုဒ်၊ ငါးပုဒ်လောက် လိုသေးတယ်။ ဒီနှစ်ထဲ ထွက်ဖြစ်အောင် လုပ်မယ်။ လောလောဆယ်မှာက အချစ်သီချင်းနဲ့ အလွမ်းသီချင်းတွေ များနေတယ်။ ဒါကြောင့် …
ပါပါရာဇီတွေရဲ့ မှန်ပြောင်းကို လွတ်အောင်ရှောင်နေရတဲ့ ကတ်ထရီနာကိဖ် ဘောလီးဝုဒ်မှာ သတင်းပြေးနေတဲ့ ကတ်ထရီနာကိဖ် နဲ့ ဗစ်ကီးကူရှယ်တို့ က ပါပါရာဇီတွေရဲ့ မှန်ပြောင်း ကနေ လွတ်အောင် အသည်းအသန် ရှောင်တိမ်း နေရပါတယ်။ ဗစ်ကီက သူတို့က သူငယ်ချင်းတွေပါလို့ ပါပါရာဇီတွေကို ရှင်းပြပေမဲ့လည်း အဲ့လိုရှင်းကာမှ ပါပါရာဇီတွေက ပိုပြီး မယုံသင်္ကာ ဖြစ်ကာ သူတို့နောက်ကို ပေါ်တင် တစ်မျိုး ပုန်းလျှိုး ကွယ်လျှိုး တစ်မျိုး လိုက်နေပါတယ်။ ပြီးခဲ့တဲ့ အပတ်ကဆိုရင် သူတို့ ၂ယောက် ချိန်ပြီး ဟိုသွားဒီသွား လုပ်ခဲ့ကြတာကို စာမျက်နှာတွေပေါ်မှာ ဓာတ်ပုံတွေ ပလူပျံအောင် တက်လာကြပါတယ်။ သူတို့ ၂ယောက် ချစ်သူတွေ ဖြစ်သွားကြပါပြီလို့ ရေးတဲ့သူကလည်း …
အကယ်ဒမီဆုပေးပွဲမှာ ဘာပြောမယ်ဆိုတာကို ၅နှစ်သမီးကတည်းက ကျက်ခဲ့တာတဲ့ အကယ်ဒမီဆုပေးပွဲမှာ ဘာပြောရမယ် ဆိုတာကို ၅နှစ်ထဲက ကျက်ခဲ့ပေမယ့် ဆုပေးပွဲ စင်မြင့်ပေါ်ကို ရောက်သွားတော့ ဘာတစ်လုံးမှ မမှတ်မိတော့ပါဘူးလို့ အာနန်ယာပန်ဒေးက ဆိုပါတယ်။ Student of the year ရုပ်ရှင်ကားနဲ့ အကျော်ကြားဆုံး ရုပ်ရှင်ထူးချွန်ဆုကို လက်ခံရရှိခဲ့တဲ့ အာနန်ယာ က ဆုပေးပွဲကနေ အိမ်ကို ပြန်ရောက်ရောက်ချင်း သူမအဖေရဲ့ လက်ထဲကို ရွှေစင်ရုပ်ထု လွှဲပေးလိုက်ပါတယ်။ သူမရဲ့ အဖေ ချန်ကီးက သူမကို ၅နှစ်သမီး ကတည်းက ဆုပေးပွဲ စင်မြင့်ပေါ်မှာ ဘာတွေပြောရမယ် ဆိုတာကို သင်ပေးထားပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ သူမက အဖေသင်ပေးထားတဲ့ စကားလုံးတွေကို ဘာတစ်ခုမှ …
မြန်မာ့ရုပ်ရှင်နောက်ကို လိုက်လာတဲ့ ဘောလီးဝုဒ် ဒီဘက်ခေတ် မြန်မာပြည်က ရုပ်ရှင် မင်းသားတွေထဲမှာ အခြောက်အဖြစ် သရုပ်မဆောင်ဖူးသူ တော်တော်ရှားပါတယ်။ အမျိုးသားဇာတ်ရံ တွေဆို ပိုဆိုးပါတယ်။ အခြောက်ခန်းကနေ သရုပ်မဆောင်းဖူတဲ့ ဇာတ်ရံတွေလည်း ရှားပါတယ်။ မြန်မာပြည်မှာက ဟာသကားတွေကို အဓိကရိုက်ကြတော့ ဇာတ်လမ်းသဘောအရ အခြောက်ခန်းပါမှ ပိုရီရတယ်ထင်ပြီး အခြောက် ကာရိုက်တာကို ထည့်ပြီး ရိုက်ကြတာပါ။ မင်းသားကြီး ဦးကျော်ဟိန်းရဲ့ ကျီးယောင်ဆောင်သောဒေါင်း ရုပ်ရှင်မှာ အမျိုးသမီးအဖြစ် ဝတ်စားထားတဲ့ မင်းသားကြီးရဲ့ ကာရိုက်တာကို အဲ့ဒိခေတ်က အထူးနှစ်ခြိုက် အားပေးခဲ့ကြပြီး နောက်မှာ မြန်မာ့ဗီဒီယိုခေတ် နှောင်းပိုင်းမှာ ဟာသကားတွေနဲ့ အတူ အခြောက် ကာရိုက်တာက ရုပ်ရှင်လုပ်ငန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ရတယ်။ အခုလည်း ဘောလီးဝုဒ်မှာ အခြောက်ကို …
အမျိုးသားနေ့မှာ လက်ထပ်ချင်ဟု နိုင်းဝမ်း (G Family) ပြောကြား အဆိုတော် နိုင်းဝမ်းက ချစ်သူ မေမျိုးသူကျော်နဲ့ အမျိုးသားနေ့မှာ လက်ထပ်ချင်ကြောင်း ပြောပါတယ်။ ချစ်သူနှစ်ဦးရဲ့ လက်ထပ်မင်္ဂလာပွဲကို အမျိုးသားနေ့မှာ outdoor area တစ်ခုမှာ ကျင်းပချင်ပြီး အဆိုပါနေ့မှာ လက်ထပ်ချင်တာက ချစ်သူမိန်းကလေးက ဝန်ထမ်းတစ်ဦး ဖြစ်နေတာကြောင့်လို့ ပြောပါတယ်။ “ကျွန်တော်နဲ့ သူက မင်္ဂလာပွဲ date လိုချင်တာက ဒီဇင်ဘာ ၉ရက် အမျိုးသားနေ့ပါ။ ကျွန်တော့်ချစ်သူကမင်္ဂလာပွဲကို outdoor မှာ လုပ်ချင်တယ်။ ကျွန်တော်လည်း နေရာတွေ လိုက်ချိတ်နေတယ်။ တကယ်လို့ နေရာ အဆင်မပြေရင် မင်္ဂလာ လက်မှတ် ထိုးတာဖြစ်ဖြစ် မင်္ဂလာ ဆွမ်းကျွေးတာ ဖြစ်ဖြစ် …
အမေစုနဲ့ အနီးကပ် ဆုံတွေ့ခွင့် ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာနေတဲ့ အက်စ်တာ ချင်းပြည်နယ်၊ ထန်းတလန်မြို့နယ်မှာ ကျင်းပတဲ့ ၇၂ နှစ်မြောက် ချင်းပြည်နယ်နေ့ ( Chin national day) မှာ ချင်းတိုင်းရင်းသူ Myanmar Idol Season (4) ပြိုင်ပွဲကြီးရဲ့ Winner ဆုရှင် အက်စတာ ဒေါ့သ်ချင်းဆုန်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အတွက် ဖျော်ဖြေခွင့် ရခဲ့ကြောင်း သိရပါတယ်။ ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှာ ကျရောက်တဲ့ ချင်းအမျိုးသားနေမှာ အက်စတာက လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးစပ် သီကုံးထားတဲ့ “ငါတို့ရဲ့ General” သီချင်းကို သီဆို ဖျော်ဖြေခဲ့ကြောင်း သိရပါတယ်။ …
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | 5 | 6 | 7 |
8 | 9 | 10 | 11 | 12 | 13 | 14 |
15 | 16 | 17 | 18 | 19 | 20 | 21 |
22 | 23 | 24 | 25 | 26 | 27 | 28 |
29 | 30 | 31 |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |