Article

ဂျပန်ဘုရင်ခံနှုတ်ခမ်းမွေးနဲ့ တူလို့ဆိုပြီး ဝိုင်းဝေဖန်လို့ သူ့ရဲ့နှုတ်ခမ်းမွေးကို ရိတ်လိုက်ရတဲ့ အမေရိကန်သံအမတ်

ဂျပန်ဘုရင်ခံနှုတ်ခမ်းမွေးနဲ့ တူလို့ဆိုပြီး ဝိုင်းဝေဖန်လို့ သူ့ရဲ့နှုတ်ခမ်းမွေးကို ရိတ်လိုက်ရတဲ့ အမေရိကန်သံအမတ် တောင်ကိုရီးယားကို နှစ်ပေါင်းများစွာ ကျွန်ပြုပြီး အုပ်ချုပ်သွားတဲ့ ဂျပန် ဘုရင်ခံရဲ့ နှုတ်ခမ်းမွေးနဲ့ တူလို့ဆိုပြီး နှုတ်ခမ်းမွှေးထားတဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကို ဝိုင်းဝေဖန်လို့ အမေရိကန် သံအမတ်က သူ့ရဲ့ နှုတ်ခမ်းမွှေးကို ရိတ်လိုက်ရပါတယ်။ သူကတော့ မက်စ်နဲ့ နှုတ်ခမ်းမွှေးက သိပ်ပြီး အဆင်မပြေဘူး၊ နှုတ်ခမ်းမွှေးအရှည်ထားပြီး မက်စ်တပ်ထားရတော့ တော်တော်ပူတယ်လို့ သူကပြောပါတယ်။ တောင်ကိုရီးယားမှာက သူတို့ကို ကျွန်ပြု သွားတဲ့ ဂျပန်တွေရဲ့ နှုတ်ခမ်းမွှေးပုံစံမျိုး ထားတယ်ဆိုရင် လူတွေက သိပ်ပြီး အစာမကျေ ကြပါဘူး။ ဒါကြောင့် သံတမန် တစ်ယောက်အနေနဲ့ ဒေသခံတွေရဲ့ အခြေအနေကို လိုက်ပြီး …

Article

ဆံညပ်ကလစ် ကို မီနီဗင်ကားတစ်စီးရအောင် လဲနိုင်ခဲ့တဲ့ အမေရိကန်အမျိုးသမီး

ဆံညပ်ကလစ် ကို မီနီဗင်ကားတစ်စီးရအောင် လဲနိုင်ခဲ့တဲ့ အမေရိကန်အမျိုးသမီး ဆန်ဖရန်စစ္စကိုက ဒီမီစကစ်ပါဆိုတဲ့ အမျိုးသမီးက သူမရဲ့ဆံညပ်ကလစ်ကို မီနီဗင်ကားတစ်စီးရအောင် ပစ္စည်းချင်း လဲပြီးနောက်မှာတော့ သူမရဲ့ ပန်းတိုင်ဖြစ်တဲ့ အိမ်တစ်လုံးနဲ့ ရအောင်လဲမယ် ဆိုတဲ့ စိန်ခေါ်မှု တစ်ခု လုပ်ခဲ့ပါတယ်။ စကစ်ပါက ကိုဗစ်ကာလအတွင်းမှာ အိမ်တွင်းအောင်းနေရလို့ အပျင်းလည်းပြေ အကျိုးလည်းရှိမယ် ကိစ္စ တစ်ခုကို လုပ်ချင်နေပါတယ်။ ဘာလုပ်ရင် ကောင်းမလဲ ဆိုတာကို တွေးနေရင်းနဲ့ သူမအကြံတစ်ခု ရခဲ့ပါတယ်။ အဲ့ဒါကတော့ တစ်တော့ ကစားရင်း လိုင်းပေါ်မှာ ပစ္စည်း လဲကြရအောင်ဆိုတဲ့ အစီအစဉ်ကို စတင်ခဲ့ပါတယ်။ သူမက တစ်တော့ပေါ်မှာ သူမရဲ့ ဗီဒီယိုဖိုင်လေးတွေကို တင်ရင်း သူမရဲ့ ဆံညပ်ကလစ်ကို ဘာနဲ့ …

ဆောင်းရာသီတွေမှာ ဂျပန်ဆိပ်ကမ်းကို ကမ်းကပ်လာတတ်တဲ့ တစ္ဆေလှေ
Article

ဆောင်းရာသီတွေမှာ ဂျပန်ဆိပ်ကမ်းကို ကမ်း ကပ်လာတတ်တဲ့ တစ္ဆေလှေ

ဆောင်းရာသီတွေမှာ ဂျပန်ဆိပ်ကမ်းကို ကမ်း ကပ်လာတတ်တဲ့ တစ္ဆေလှေ ဂျပန် ပင်လယ် ထဲက ဆာဒိုကျွန်း ကို လူသေအလောင်း ၅ လောင်း ပါတဲ့ သစ်သားလှေ တစ်စင်းကမ်းကပ် လာတယ်လို့ ဒေသခံ အာဏါပိုင် တွေက ဆိုတယ် ။ သူတို့ ကတော့အဲ့ဒိ လှေက မြောက်ကိုရီးယား ဖက်က လာတယ်လို့ ယူဆကြောင်း ပြောတယ် ။ ဂျပန် အသံလွှင့် ဌာန NHK ရဲ့ အဆို အရ လှေပေါ်မှာ လူသေ အလောင်း ၇ လောင်း ပါလာပြီး ၂ လောင်းက ခေါင်းဖြတ် ခံထား ရတယ်လို့ ဆိုတယ် …

နာဇီ ၁၂၀၀၀ ရဲ့ဆွစ်ဘဏ် အကောင့်ကို အာဂျင်တီးနားမှာတွေ့
Article

နာဇီ ၁၂၀၀၀ ရဲ့ဆွစ်ဘဏ် အကောင့်ကို အာဂျင်တီးနားမှာတွေ့

နာဇီ ၁၂၀၀၀ ရဲ့ဆွစ်ဘဏ် အကောင့်ကို အာဂျင်တီးနားမှာတွေ့ ဒုတိယ ကမ္ဘာ စစ်အတွင်းမှာ နာဇီပါတီက ပါတီဝင်တွေက ဂျာမဏီစစ်တပ် တိုက်လို့ နိုင်ခဲ့တဲ့ မြို့တွေတိုင်းကို အနောက်က လိုက်လာပြီး မြို့ထဲက ချမ်းသာသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို လုယက်ယူငင်ခဲ့ပါတယ်။ ဘာလင်မြို့ ကျရှုံးသွားတဲ့အချိန်မှာ ရုရှား တပ်နီတော်က ဘာလင်မြို့ထဲက အိမ်တွေမှာ ပိုင်ဆိုင်မှုတွေကို ပြန်လည် လုယက်ယူ နိုင်ပေမဲ့ ဥရောပတစ်လွှားက အဖိုးတန်ပစ္စည်း တော်တော်များများ ပြန်မရခဲ့ပါဘူး။ ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပါတယ်။ အဲ့ဒိကိစ္စကို စိတ်ဝင်စားနေတဲ့ အမေရိကန် အခြေစိုက် ဝိုက်ဆန်သည် စင်တာက နှစ်ပေါင်းများစွာ ခြေရာခံပြီး နောက်မှာတော့ အာဂျင်တီးနားမှာ နာဇီပါတီဝင် ၁၂၀၀၀ရဲ့ ဆွစ်ဘဏ်အကောင့်ကို စတင် …

ဒူးရင်းသီးကို ပါဝါဘန့် အဖြစ် သုံးနိုင်တော့မယ်
Article

ဒူးရင်းသီးကို ပါဝါဘန့် အဖြစ် သုံးနိုင်တော့မယ်

ဒူးရင်းသီးကို ပါဝါဘန့် အဖြစ် သုံးနိုင်တော့မယ် ကျနော်တို့ စားနေတဲ့ ဒူးရင်းသီးနဲ့ ပိန္နဲသီးက စမတ်ဖုန်းတွေလို အားသွင်းသုံးရတဲ့ ပစ္စည်းတွေအတွက် အားပြန်ဖြည့်လို့ရတဲ့ လျှပ်စစ် သိုလှောင်နိုင်တဲ့ အစွမ်းရှိတယ် ဆိုတာကို သိရင် အံ့အားသင့်နေမလား။ သြစတေးလျှ နိုင်ငံက သိပ္ပံ ပညာရှင် အုပ်စု တစ်စုကတော့ သူတို့ရဲ့ တွေ့ရှိမှုကို သက်သေပြဖို့အတွက် ကြိုးစားနေပါတယ်။ ဒူးရင်းသီးနဲ့ ပိန္နဲသီး အူတိုင်တွေမှာ အလွန် အစွမ်းထက်တဲ့ လျှပ်သို စွမ်းအားတွေ ရှိတယ် ဆိုတာကို တွေ့ ရှိနေပါတယ်။ နောက်ပြီးတော့ တကယ် အားပြန်ဖြည့်လွယ်တဲ့ ပါဝါဘန့်တွေ ဖြစ်နေတယ် ဆိုတာကိုလည်း တွေ့ရှိ ခဲ့ကြပါတယ်။ ဒူရင်းသီးတို့ ပိန္နဲသီးတို့ဆိုတာ မြန်မာပြည်မှာတော့ …

လမ်းမတော်၊ သံဈေး မီးလောင်နေသည်
Article

သင့်ကြောင့် တိုင်းပြည် မီးမလောင်ပါစေနှင့်

သင့်ကြောင့် တိုင်းပြည် မီးမလောင်ပါစေနှင့် မနက် ၆ နာရီ ကျော်တယ်ဆိုရုံရှိသေး။ မီးသတ်ကား ဥဩသံတွေက ရန်ကုန်မြို့လယ် ဆူညံ၍ သွားသည်။ အိပ်ရာထက် ကျောဆန့်နေသော ကျတော် ကမန်းကတန်း ထပြီး မြန်မာနိုင်ငံ၊ မီးသတ်တပ်ဖွဲ့ Page ထဲ ဝင်ကြည့်လိုက်တော့ လမ်းမတော်၊ သံဈေး မီးလောင်နေသည်တဲ့။ သတင်းသမား၏ ဗီဇစိတ်က ခန္ဓာကို လှုံဆော်လိုက်သည်ဟုပင် ဆိုရမည်။ ကျတော်သည် ကင်မရာကို လွယ်လိုက်၏။ ဖုန်းကို ဘောင်းဘီဘေးအိတ်ထဲ ကြည့်လိုက်ပြီး ကမန်းက တန်း ပြေးဆင်းကာ (ပြောရလျှင် မျက်နှာပင် မသစ်ခဲ့) တက္ကစီ ငှား၊ သံဈေးသို့ အရောက်သွားပါတော့သည်။ (ငလုမ တက္ကစီ၊ ကျတော့်လည်ပင်းက ကင်မရာရယ်၊ …

အလှဆင်ထားသည့် အကျည်းတန်မှု
Article

အလှဆင်ထားသည့် အကျည်းတန်မှု

အလှဆင်ထားသည့် အကျည်းတန်မှု တစ်နေ့သ၌ ကျွန်ုပ်သည် ကျွန်ုပ်၏ ဗေဒင်ဖောက်သည်တစ်ဦးဖြစ်သည့် ဒေါ်ဆိတ်မဟုခေါ်သော မိန်းမကြီး အား ဗေဒင် ဟောပေးနေရလေ၏။ ထိုမိန်းမကြီးသည် လွန်စွာစကားများသူ တစ်ဦးဖြစ်လေ၏။ ထို့ကြောင့် ဗေဒင်ဟော၍ ပြီးသွားသော်လည်း မပြန်သေးဘဲ ကျွန်ုပ်နှင့်ထိုင်၍ စကားပြောနေပြန်၏။ ကျွန်ုပ်နှင့်ဒေါ်ဆိတ်မတို့ စကားပြောနေသည့် အချိန်တွင် ကျွန်ုပ်ထံသို့ ကိုဖောင်တိန်ကြီး ရောက်ရှိ၍ လာပြန်လေတော့၏… ၎င်းကိုဖောင်တိန်ကြီးသည် ရောက်လျှင် ရောက်ခြင်းပင် ထုံးစံအတိုင်း ကျွန်ုပ်နှုတ်ဆက်လေ၏။ “သေဖို့အတွက် ပြင်ဆင်ပြီးပြီလား …” ဟု ပြောလိုက်ရာ ဒေါ်ဆိတ်မကြီးက – “လူလူခြင်းတွေ့ရင် နေကောင်းလား ..၊ ကျန်းမာရဲ့လား …လို့ အသက်ရှည်ရာ ရှည်ကြောင်း၊ ကျန်းမာရာ ကျန်းမာကြောင်းကို မေးကြ၊ သတိပေးကြတာပဲ …

Free Mason ရှာပုံတော်
Article

Free Mason ရှာပုံတော်

Free Mason ရှာပုံတော် Free Mason နှင့် ပတ်သက်သမျှ ဖရီးမေဆင်ဂိုဏ်း (သို့မဟုတ်) တစ်ချို့က ပသျှူးခေါင်းပြတ်ဂိုဏ်း ဟု သိကြသည်။ အထူးသဖြင့် ကွယ်လွန်သူ စာရေးဆရာကြီး မင်းသိင်္ခ ၏ စနေမောင်မောင်ဇာတ်လမ်းများတွင် ထိုအသင်းကြီး နှင့် ပတ်သက်ပြီး အတော်များများသတိထားမိခဲ့ကြသည်။ ဆရာကြီး၏ ဇာတ်လမ်းများက စိတ်ကူးတန်ဆာဆင်ရေးဖွဲ့ခြင်းဆိုသော်လည်း ထို ဖရီးမေဆင်ဂိုဏ်းကတော့ အမှန်တကယ်ပင် ရှိခဲ့သော အသင်းကြီးဖြစ်လေသည်။ လွတ်လပ်သောပိသုကာဆရာ အသင်း ဟု အဓိပါယ်ရသော ထိုအသင်းသည် ၁၃ ရာစုနှင်တွင် စတင်ပေါ်ပေါက်သည်ဟု အကြမ်းအားဖြင့် မှတ်ယူကြသည်။ အဖွဲ့တည်ရှိကြောင်း အစောဆုံးအထောက်အထားမှာ ၁၇၁၇ ခုနှစ်၊ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင်ကျင်းပသော အသင်း၏ အစည်းအဝေး မှတ်တမ်းများအရ …

မင်းသိင်္ခပြောသည့် ဟိတ်နှင့်ဟန်အကြောင်း
Article

မင်းသိင်္ခပြောသည့် ဟိတ်နှင့်ဟန်အကြောင်း (သို့မဟုတ်) အမှာစာ

မင်းသိင်္ခပြောသည့် ဟိတ်နှင့်ဟန်အကြောင်း (သို့မဟုတ်) အမှာစာ တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့ဦးစေတီဘုရားမှ ဆရာသိဒ္ဓိစိုးဆိုသည့် ဗေဒင်လက္ခဏာဆရာတစ်ဦး ရောက်ရှိလာလေ၏။ ၎င်းဆရာသိဒ္ဓိစိုးသည် ကျွန်ုပ်ထံတွင် ဗေဒင် လက္ခဏာပညာများကို ဆည်းပူးသွားသူ ဖြစ်၏။ ယခု သူရောက်လာသည့်ကိစ္စမှာ သူရေးထားသည့် “နှလုံးစိတ်ဝမ်း အေးချမ်းစေသော ယတြာများ ဆိုသည့် စာအုပ်အား ကျွန်ုပ်ကို အမှာစာ ရေးပေးစေလို၍ ရောက်လာခြင်းဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်လည်း ၎င်း၏ စာအုပ်ကို လှန်လှော၍ ဖတ်ရှုပြီးနောက် – “အမှာစာလည်း ရေးပေးလိုက်မယ်၊ မနက်စာလည်း ထမင်းကျွေးလိုက်မယ်၊ စီးလာတဲ့ ဆိုင်ကယ် ထဲမှာလည်း ဓာတ်ဆီ ထည့်ပေးလိုက်ဦးမယ်…၊ အဲဒီလို လုပ်တဲ့အတွက် ကိုယ့်လူက ကိုယ့်ကို စိတ်မဆိုးဘူး …