Running man ထဲက အရွည္ႀကီး လီကြမ္ဆိုး ယာဥ္မေတာ္တဆမႈျဖစ္
- By : Kaung Khant
- Category : Cele News

Running man ထဲက အရွည္ႀကီး လီကြမ္ဆိုး ယာဥ္မေတာ္တဆမႈျဖစ္
ေတာင္ကိုးရီးယား ယြန္ဟပ္ သတင္းဌာန အဆိုအရ running manထဲက သ႐ုပ္ေဆာင္ လည္းျဖစ္ ကိုရီးယား ႐ုပ္ရွင္ေလာက က စတား တစ္ဦး လည္းျဖစ္သူ လီကြမ္ဆိုးက ယာဥ္မေတာ္တဆျဖစ္လို႔ သူရဲ႕ ခရီးစဥ္မ်ားနဲ႔ အလုပ္ အားလုံးကို ရပ္တန႔္ထားေၾကာင္း သူ႔ရဲ႕ ေအဂ်င္စီက ဆိုတယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ စေနေန႔က ကားအခ်က္ျပစနစ္ကို ခ်ိဳးေဖာက္ခဲ့တဲ့ ကားတစ္စီးက လီကို ဝင္တိုက္ခဲ့တယ္ လို႔ ေအဂ်င္စီက ဆိုတယ္။ “သူ႔ကို ခ်က္ျခင္းပဲ စစ္ေဆးဖို႔အတြက္ အနီးဆုံး ေဆး႐ုံ တစ္ခုကို ပို႔ေပးခဲ့ပါတယ္။ ညာဖက္ ေျခဆစ္က်ိဳး သြားခဲ့ ပါတယ္။
အခုေတာ့ အ႐ိုးအထူးကု ေဆး႐ုံကို ေျပာင္းေ႐ြ႕တင္ထားၿပီး ေဆးကုသမႈ ခံယူေနပါတယ္” လို႔ ေအဂ်င္စီက ေျပာပါတယ္။ အခုေတာ့ သူရဲ႕ ႐ိုက္လက္စ ႐ုပ္ရွင္ကားေတြေရာ running man အတြက္ ထြက္ရမယ့္ ခရီးစဥ္ေတြ အတြက္ပါ အစီအစဥ္ေတြ အကုန္လုံး ရပ္တန႔္ ထားလိုက္ရပါတယ္။
၂၀၀၇ ခုႏွစ္ေလာက္က စၿပီး သူက ေတာင္ကိုရီးယား ေမာ္ဒယ္ေလာက ကေန ႐ုပ္ရွင္ေလာကထဲ ဝင္လာၿပီး နာမည္ထြက္လာတာပါ။ တကယ္ဆိုရင္ ႐ုပ္ရွင္ေလာကကို အေတာ္ၾကာေအာင္ က်င္လည္ခဲ့ၿပီးမွ တီဗီ ပ႐ိုဂမ္တစ္ခုမွာစၿပီး လူသိလာပါတယ္။
၂၀၀၉ မွာ high kick through the roof ဆိုတဲ့ ဟာသ႐ုပ္ရွင္ နဲ႔ေပါက္သြားပါတယ္။ ေနာက္ပိုင္းမွာ မႈခင္းကားေတြ နဲ႔ ရာဇဝင္ကားေတြမွာ ပါဝင္ လာခဲ့ပါတယ္။ သူ႔ကို အာရွပရိသတ္ သတိထား မိတာကေတာ့ Running Man ေဖ်ာ္ေျဖေရး အစီအစဥ္ က်မွ သိတာပါ။
အရပ္အေမာင္းနဲ႔ မလိုက္တဲ့ သိမ္ေမြ႕မႈ အရွက္သည္းမႈေတြေၾကာင့္ ပရိသတ္က တဝါးဝါးပြဲက်ၿပီး လူသိ မ်ားခဲ့ပါတယ္။ running man ထဲမွာေတာ့ သူ႔ကို အာရွမင္းသားေလးလို႔ နာမည္ေျပာင္ ေပးထားပါတယ္။
၂၀၁၄ ေနာက္ပိုင္းမွာ အ႐ိုက္မ်ားတာကေတာ့ ဟာသကားေတြ မ်ားပါတယ္။ သူက အာရွႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားမွာ ဖန္ေတြ ရွိပါတယ္။ မၾကာခဏ အလည္သြားၿပီး ဖန္ေတြနဲ႔ ေတြ႕ဆုံေလ့ ရွိပါတယ္။
ေမာင္ယႆ REF: Msn
Photo; mydramalist
Unicode
Running man ထဲက အရှည်ကြီး လီကွမ်ဆိုး ယာဉ်မတော်တဆမှုဖြစ်
တောင်ကိုးရီးယား ယွန်ဟပ် သတင်းဌာန အဆိုအရ running manထဲက သရုပ်ဆောင် လည်းဖြစ် ကိုရီးယား ရုပ်ရှင်လောက က စတား တစ်ဦး လည်းဖြစ်သူ လီကွမ်ဆိုးက ယာဉ်မတော်တဆဖြစ်လို့ သူရဲ့ ခရီးစဉ်များနဲ့ အလုပ် အားလုံးကို ရပ်တန့်ထားကြောင်း သူ့ရဲ့ အေဂျင်စီက ဆိုတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ကားအချက်ပြစနစ်ကို ချိုးဖောက်ခဲ့တဲ့ ကားတစ်စီးက လီကို ဝင်တိုက်ခဲ့တယ် လို့ အေဂျင်စီက ဆိုတယ်။ “သူ့ကို ချက်ခြင်းပဲ စစ်ဆေးဖို့အတွက် အနီးဆုံး ဆေးရုံ တစ်ခုကို ပို့ပေးခဲ့ပါတယ်။ ညာဖက် ခြေဆစ်ကျိုး သွားခဲ့ ပါတယ်။
အခုတော့ အရိုးအထူးကု ဆေးရုံကို ပြောင်းရွေ့တင်ထားပြီး ဆေးကုသမှု ခံယူနေပါတယ်” လို့ အေဂျင်စီက ပြောပါတယ်။ အခုတော့ သူရဲ့ ရိုက်လက်စ ရုပ်ရှင်ကားတွေရော running man အတွက် ထွက်ရမယ့် ခရီးစဉ်တွေ အတွက်ပါ အစီအစဉ်တွေ အကုန်လုံး ရပ်တန့် ထားလိုက်ရပါတယ်။
၂၀၀၇ ခုနှစ်လောက်က စပြီး သူက တောင်ကိုရီးယား မော်ဒယ်လောက ကနေ ရုပ်ရှင်လောကထဲ ဝင်လာပြီး နာမည်ထွက်လာတာပါ။ တကယ်ဆိုရင် ရုပ်ရှင်လောကကို အတော်ကြာအောင် ကျင်လည်ခဲ့ပြီးမှ တီဗီ ပရိုဂမ်တစ်ခုမှာစပြီး လူသိလာပါတယ်။
၂၀၀၉ မှာ high kick through the roof ဆိုတဲ့ ဟာသရုပ်ရှင် နဲ့ပေါက်သွားပါတယ်။ နောက်ပိုင်းမှာ မှုခင်းကားတွေ နဲ့ ရာဇဝင်ကားတွေမှာ ပါဝင် လာခဲ့ပါတယ်။ သူ့ကို အာရှပရိသတ် သတိထား မိတာကတော့ Running Man ဖျော်ဖြေရေး အစီအစဉ် ကျမှ သိတာပါ။
အရပ်အမောင်းနဲ့ မလိုက်တဲ့ သိမ်မွေ့မှု အရှက်သည်းမှုတွေကြောင့် ပရိသတ်က တဝါးဝါးပွဲကျပြီး လူသိ များခဲ့ပါတယ်။ running man ထဲမှာတော့ သူ့ကို အာရှမင်းသားလေးလို့ နာမည်ပြောင် ပေးထားပါတယ်။
၂၀၁၄ နောက်ပိုင်းမှာ အရိုက်များတာကတော့ ဟာသကားတွေ များပါတယ်။ သူက အာရှနိုင်ငံ တော်တော်များများမှာ ဖန်တွေ ရှိပါတယ်။ မကြာခဏ အလည်သွားပြီး ဖန်တွေနဲ့ တွေ့ဆုံလေ့ ရှိပါတယ်။
မောင်ယဿ REF: Msn
Photo; mydramalist
No Comments