PPE ဝတ်ထားပေမဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်-၁၉ ကူးစက်မှု တိုးတက်နေဆဲလို့ဆို

PPE ဝတ္ထားေပမဲ့ က်န္းမာေရးဝန္ထမ္းေတြ ကိုဗစ္-၁၉ ကူးစက္မႈ တိုးတက္ေနဆဲလို႔ဆို
Health

PPE ဝတ်ထားပေမဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်-၁၉ ကူးစက်မှု တိုးတက်နေဆဲလို့ဆို

လန်ဒန်ဘုရင့် ဆေးတက္ကသိုလ်ရဲ့ လေ့လာဆန်းစစ်မှု တစ်ရပ်အရ ကိုဗစ်-၁၉ ရောဂါရှင်တွေကို လက်တွေ့ ကုသပြုစု စောင့်ရှောက်ပေးနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ တစ်ကိုယ်ရေ ကာကွယ်ရေး ပစ္စည်း ဝတ်စုံ PPE ကို အပြည့်အစုံ ဝတ်ထားပေမဲ့ ကူးစက်ရောဂါကို လုံး၀ ကာကွယ်နိုင်ခြင်း မရှိလို့ အခုအခါမှာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ရောဂါကူးစက်မှုက အရင်ထက်ကို ၃ဆခွဲကျော် ပိုမို ကူးစက်နေတယ်လို့ သိရပါတယ်။

လက်အိတ် ဝတ်ရုံ မျက်နှာကာ မက်စ် တွေကို တပ်ထားပေမဲ့ ကျန်းမာရေးဝန်ထမ်းတွေ တကယ် အလုပ်လုပ် နေရတဲ့အခါတွေမှာ အကာအကွယ် လုပ်နေတဲ့ ကြားကပဲ ရောဂါကူးစက်မှုက ဖြစ်နေပါတယ်။

ကျန်းမာရေး ဝန်ထမ်း အနည်းငယ်ပဲ ကူးစက်မှု မရှိတာလို့ လေ့လာမှုက ဆိုပါတယ်။ အာဖရိကနွယ်ဖွား အမေရိကန်သား တွေနဲ့ လက်တင်အမေရိကသား ကျန်းမာရေးဝန်ထမ်းတွေဆိုရင် လူဖြူ ကျန်မာရေးဝန်ထမ်းတွေထက် ပိုပြီး ရောဂါကူးစက်မှု ရှိနေပါတယ်။ သူတို့က အခုဆိုရင် အရင်ကထက် ၅ဆကျော် ရောဂါကူးစက် ခံနေရပါတယ်။

PPE ဝတ္ထားေပမဲ့ က်န္းမာေရးဝန္ထမ္းေတြ ကိုဗစ္-၁၉ ကူးစက္မႈ တိုးတက္ေနဆဲလို႔ဆို1

မတ်လနဲ့ ဧပြီလတုန်းက ကိုဗစ်-၁၉ ရောဂါဝေဒနာရှင်တွေကို ကုသပြုစု စောင့်ရှောက်တဲ့ ကျန်းမာရေးဝန်ထမ်း ၁သိန်းမှာ ၂၄၀ ကျော်ဘဲ ကူးစက်ခံရပြီး အခုဆိုရင် PPE ဝတ်စုံတွေ ဝတ်ထားလျှက်သားနဲ့ ၁သိန်းမှာ ၂၇၀၀ ကျော် ကူးစက်ခံနေရပါတယ်။

အဓိက အကြောင်းကတော့ PPE တွေကို ပြန်သုံးပြီးဝတ်ရတဲ့ နေရာတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ ကူးစက်မှု အများဆုံး ခံရတာပါပဲ။ ကော်ရိုနာဗိုင်းရက် ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း ၁၀% ကနေ ၂၀% က တကယ်လက်တွေ့ ကုသပြုစုစောင့်ရှောက်နေရတဲ့ သူတွေပါပဲ။

အမေရိကန်လို ယူကေလို နိုင်ငံမျိုးတွေမှာ ကျန်းမာရေးဝန်ထမ်းတွေမှာ တိကျရေရာတဲ့ ကျန်းမာရေး အထောက်အကူ ပစ္စည်းတွေကို မရရှိကြပါဘူး။ လက်အိတ်တွေ၊ ဝတ်ရုံတွေနဲ့ မျက်နှာကာတွေက လုံလောက်မှု မရှိပါဘူး။

အဲ့ဒိအထောက်အပံ့ဆိုင်ရာ ကိစ္စတွေမှာလည်း ရှုတ်ထွေးမှုတွေ ရှိနေပါတယ်။ လူမျိုးရေးဆိုင်ရာ ဘက်လိုက်မှုတွေ ဘာသာရေးဆိုင်ရာနဲ့ ဒေသစွဲ ဆိုင်ရာကိစ္စတွေပါနေပါတယ်။ လူနည်းစုရောဂါသည်တွေကို ကုသပေးနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေဆိုရင် PPE ဝတ်စုံတွေ မလုံလောက်မှုက ပိုများပါတယ်။

ဒါကြောင့် အသားရောင်ရှိတဲ့ လူမဲတွေ လက်တင်အမေရိကားသား တွေကို ကုသပေးနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပိုပြီးတော့ ကူးစက်မှု များပါတယ်လို့ အဲ့ဒိလေ့လာမှုက ဆိုပါတယ်။

မောင်ယဿ, REF:CNN, PHOTO: cnn

Zawgyi

PPE ဝတ္ထားေပမဲ့ က်န္းမာေရးဝန္ထမ္းေတြ ကိုဗစ္-၁၉ ကူးစက္မႈ တိုးတက္ေနဆဲလို႔ဆို

လန္ဒန္ဘုရင့္ ေဆးတကၠသိုလ္ရဲ႕ ေလ့လာဆန္းစစ္မႈ တစ္ရပ္အရ ကိုဗစ္-၁၉ ေရာဂါရွင္ေတြကို လက္ေတြ႕ ကုသျပဳစု ေစာင့္ေရွာက္ေပးေနရတဲ့ က်န္းမာေရးဝန္ထမ္းေတြမွာ တစ္ကိုယ္ေရ ကာကြယ္ေရး ပစၥည္း ဝတ္စုံ PPE ကို အျပည့္အစုံ ဝတ္ထားေပမဲ့ ကူးစက္ေရာဂါကို လုံး၀ ကာကြယ္ႏိုင္ျခင္း မရွိလို႔ အခုအခါမွာ က်န္းမာေရးဝန္ထမ္းေတြရဲ႕ ေရာဂါကူးစက္မႈက အရင္ထက္ကို ၃ဆခြဲေက်ာ္ ပိုမို ကူးစက္ေနတယ္လို႔ သိရပါတယ္။

လက္အိတ္ ဝတ္႐ုံ မ်က္ႏွာကာ မက္စ္ ေတြကို တပ္ထားေပမဲ့ က်န္းမာေရးဝန္ထမ္းေတြ တကယ္ အလုပ္လုပ္ ေနရတဲ့အခါေတြမွာ အကာအကြယ္ လုပ္ေနတဲ့ ၾကားကပဲ ေရာဂါကူးစက္မႈက ျဖစ္ေနပါတယ္။

က်န္းမာေရး ဝန္ထမ္း အနည္းငယ္ပဲ ကူးစက္မႈ မရွိတာလို႔ ေလ့လာမႈက ဆိုပါတယ္။ အာဖရိကႏြယ္ဖြား အေမရိကန္သား ေတြနဲ႔ လက္တင္အေမရိကသား က်န္းမာေရးဝန္ထမ္းေတြဆိုရင္ လူျဖဴ က်န္မာေရးဝန္ထမ္းေတြထက္ ပိုၿပီး ေရာဂါကူးစက္မႈ ရွိေနပါတယ္။ သူတို႔က အခုဆိုရင္ အရင္ကထက္ ၅ဆေက်ာ္ ေရာဂါကူးစက္ ခံေနရပါတယ္။

မတ္လနဲ႔ ဧၿပီလတုန္းက ကိုဗစ္-၁၉ ေရာဂါေဝဒနာရွင္ေတြကို ကုသျပဳစု ေစာင့္ေရွာက္တဲ့ က်န္းမာေရးဝန္ထမ္း ၁သိန္းမွာ ၂၄၀ ေက်ာ္ဘဲ ကူးစက္ခံရၿပီး အခုဆိုရင္ PPE ဝတ္စုံေတြ ဝတ္ထားလွ်က္သားနဲ႔ ၁သိန္းမွာ ၂၇၀၀ ေက်ာ္ ကူးစက္ခံေနရပါတယ္။

PPE ဝတ္ထားေပမဲ့ က်န္းမာေရးဝန္ထမ္းေတြ ကိုဗစ္-၁၉ ကူးစက္မႈ တိုးတက္ေနဆဲလို႔ဆို2

အဓိက အေၾကာင္းကေတာ့ PPE ေတြကို ျပန္သုံးၿပီးဝတ္ရတဲ့ ေနရာေတြမွာ က်န္းမာေရးဝန္ထမ္းေတြ ကူးစက္မႈ အမ်ားဆုံး ခံရတာပါပဲ။ ေကာ္႐ိုနာဗိုင္းရက္ ကူးစက္ခံရတဲ့ က်န္းမာေရးဝန္ထမ္း ၁၀% ကေန ၂၀% က တကယ္လက္ေတြ႕ ကုသျပဳစုေစာင့္ေရွာက္ေနရတဲ့ သူေတြပါပဲ။

အေမရိကန္လို ယူေကလို ႏိုင္ငံမ်ိဳးေတြမွာ က်န္းမာေရးဝန္ထမ္းေတြမွာ တိက်ေရရာတဲ့ က်န္းမာေရး အေထာက္အကူ ပစၥည္းေတြကို မရရွိၾကပါဘူး။ လက္အိတ္ေတြ၊ ဝတ္႐ုံေတြနဲ႔ မ်က္ႏွာကာေတြက လုံေလာက္မႈ မရွိပါဘူး။

အဲ့ဒိအေထာက္အပံ့ဆိုင္ရာ ကိစၥေတြမွာလည္း ရႈတ္ေထြးမႈေတြ ရွိေနပါတယ္။ လူမ်ိဳးေရးဆိုင္ရာ ဘက္လိုက္မႈေတြ ဘာသာေရးဆိုင္ရာနဲ႔ ေဒသစြဲ ဆိုင္ရာကိစၥေတြပါေနပါတယ္။ လူနည္းစုေရာဂါသည္ေတြကို ကုသေပးေနရတဲ့ က်န္းမာေရးဝန္ထမ္းေတြဆိုရင္ PPE ဝတ္စုံေတြ မလုံေလာက္မႈက ပိုမ်ားပါတယ္။

ဒါေၾကာင့္ အသားေရာင္ရွိတဲ့ လူမဲေတြ လက္တင္အေမရိကားသား ေတြကို ကုသေပးေနရတဲ့ က်န္းမာေရးဝန္ထမ္းေတြ ပိုၿပီးေတာ့ ကူးစက္မႈ မ်ားပါတယ္လို႔ အဲ့ဒိေလ့လာမႈက ဆိုပါတယ္။

ေမာင္ယႆ, REF:CNN, PHOTO: cnn

No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

ကိုဗစ္-၁၉ ကာကြယ္ေဆးကို ႐ုရွားက ပထမဆုံး မွတ္ပုံတင္ၿပီး ျဖန႔္ဖို႔ လုပ္ေတာ့မည္
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …