Parasite ႐ုပ္ရွင္ ထုတ္လုပ္သူကို ဇာတ္လမ္းခိုးခ်မႈနဲ႔ တရားဆြဲမယ္တဲ့
- By : Phoe Linn
- Category : Entertainment

Parasite ႐ုပ္ရွင္ ထုတ္လုပ္သူကို ဇာတ္လမ္းခိုးခ်မႈနဲ႔ တရားဆြဲမယ္တဲ့
ေဖေဖာ္ဝါရီလ ၁၀ရက္က ေအာ္စကာဆုေပးပြဲ တစ္ခုလုံး အုတ္ၾသေသာင္တင္ျဖစ္ခဲ့တဲ့ ဆု၄ဆု ကိုသိမ္းယူခဲ့တဲ့ ေတာင္ကိုရီးယား႐ုပ္ရွင္ Parasite ထုတ္လုပ္သူကို ႐ုပ္ရွင္ဇာတ္လမ္းခိုးခ်မႈနဲ႔ တမီးလ္႐ုပ္ရွင္ ထုတ္လုပ္သူတစ္ေယာက္က တရား ဆြဲ မယ္ လို႔ ဆို လာ ပါ တယ္။
႐ုပ္ရွင္ေလာကမွာ ဇာတ္လမ္းေက်ာ႐ိုးတူတယ္ဆိုတာ သိပ္ၿပီး ထူးဆန္းတဲ့ကိစၥမဟုတ္ပါဘူး။ အားလုံးသိၿပီးသားပါ။ ဇာတ္ေက်ာ႐ိုးတစ္ခုေပၚမွာပဲ ဒါ႐ိုက္တာရဲ႕ အရည္အေသြး နဲ႔ ဇာတ္ကို အတင္အခ်လုပ္သြားၾကတာခ်ည္းပါပဲ။ပိုဆိုးတာက ထုတ္လုပ္သူက ပိုၿပီး ခမ္းနားေအာင္လုပ္ေလ မူရင္း ဇာတ္ လမ္း က ကြဲ ထြက္ သြား ေလ ပါ ပဲ။
ဥပမာေျပာရရင္ taken ဇာတ္လမ္းထဲ ဖခင္ျဖစ္သူက သမီးကို ဖမ္းသြားတဲ့ လူကုန္ကူးအဖြဲ႕ေတြကို ထူးထူးဆန္းဆန္း ရက္ရက္စက္စက္ တုန႔္ျပန္တိုက္ခိုက္ၿပီး ဘာမဆိုလုပ္တယ္ဆိုတဲ့ ဇာတ္လမ္းက ကာတြန္းကားနီမို ကားထဲမွာအေဖငါးရဲ႕ သားအတြက္ ဘာမဆိုလုပ္တဲ့ ဇာတ္ေက်ာ႐ိုးက အတူတူပါပဲ။ ဒါေပမဲ့ ၂မ်ိဳးစလုံးကို ပရိသက္က ႏွစ္ ၿခိဳက္ ခဲ့ ၾက တာ ပဲ ေလ။
အာဝါနီ သတင္းစာထဲမွာ တမီးလ္ ႐ုပ္ရွင္ထုတ္လုပ္သူ သီနပ္ပန္က Parasite ႐ုပ္ရွင္ ထုတ္လုပ္သူကို ဇာတ္လမ္းခိုးခ်မႈနဲ႔ တရားဆြဲမယ္လို႔ ေၾကညာေၾကာင္း ေဖာ္ျပပါရွိပါတယ္။ တမီးလ္ ႐ုပ္ရွင္ minsara kanna ႐ုပ္ရွင္ ဇာတ္လမ္းကို ဘာသာျပန္ၿပီး ခိုးထားတာပါလို႔ဆိုတယ္။ “က်ေနာ္အခု ႏိုင္ငံတကာ တရား႐ုံးကိုတက္ဖို႔ ေရွ႕ေနေတြနဲ႔ အမႈတြဲကို ဆင္ေနပါၿပီ။သူတို႔က က်ေနာ့္ရဲ႕ မႈရင္းဇာတ္ေက်ာ႐ိုးကိုလည္း ယူၿပီး ဖတ္ ေန ပါ တယ္”လို႔ ေျပာ ပါ တယ္။
minsara kanna က ၁၉၉၉ခုႏွစ္က တမီးလ္မင္းသားဗီေဂ် ရဲ႕ေအာင္ျမင္ခဲ့တဲ့ ႐ုပ္ရွင္ကားပါ။ Parasite ႐ုပ္ရွင္ ေအာ္စကာေတြ တစ္ေပြ႕တစ္ပိုက္ႀကီးနဲ႔အိမ္ျပန္ခ်ိန္မွာ ဗီေဂ်ဖန္ေတြရဲ႕အြန္လိုင္းမွာ ဆူညံေနပါတယ္။ ကိုရီးယား႐ုပ္ရွင္က ဗီေဂ်႕ကားကိုခိုးခ်ပါတယ္ဆိုၿပီး လိုင္းေပၚမွာ ျပန႔္လာတဲ့အခါမွ တမီးလ္ ထုတ္လုပ္သူက Parasite ကိုျပန္ၾကည့္ minsara kanna ကို ျပန္ၾကည့္ ၿပီးမွ တရားစြဲ ဖို႔ လုပ္ ေတာ့ တာ ပါ။
ေမာင္ယႆ REF; WORLD OF BUZZ photo ;india west and wiki
Unicode
Parasite ရုပ်ရှင် ထုတ်လုပ်သူကို ဇာတ်လမ်းခိုးချမှုနဲ့ တရားဆွဲမယ်တဲ့
ဖေဖော်ဝါရီလ ၁၀ရက်က အော်စကာဆုပေးပွဲ တစ်ခုလုံး အုတ်သြသောင်တင်ဖြစ်ခဲ့တဲ့ ဆု၄ဆု ကိုသိမ်းယူခဲ့တဲ့ တောင်ကိုရီးယားရုပ်ရှင် Parasite ထုတ်လုပ်သူကို ရုပ်ရှင်ဇာတ်လမ်းခိုးချမှုနဲ့ တမီးလ်ရုပ်ရှင် ထုတ်လုပ်သူတစ်ယောက်က တရား ဆွဲ မယ် လို့ ဆို လာ ပါ တယ်။
ရုပ်ရှင်လောကမှာ ဇာတ်လမ်းကျောရိုးတူတယ်ဆိုတာ သိပ်ပြီး ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ အားလုံးသိပြီးသားပါ။ ဇာတ်ကျောရိုးတစ်ခုပေါ်မှာပဲ ဒါရိုက်တာရဲ့ အရည်အသွေး နဲ့ ဇာတ်ကို အတင်အချလုပ်သွားကြတာချည်းပါပဲ။ပိုဆိုးတာက ထုတ်လုပ်သူက ပိုပြီး ခမ်းနားအောင်လုပ်လေ မူရင်း ဇာတ် လမ်း က ကွဲ ထွက် သွား လေ ပါ ပဲ။
ဥပမာပြောရရင် taken ဇာတ်လမ်းထဲ ဖခင်ဖြစ်သူက သမီးကို ဖမ်းသွားတဲ့ လူကုန်ကူးအဖွဲ့တွေကို ထူးထူးဆန်းဆန်း ရက်ရက်စက်စက် တုန့်ပြန်တိုက်ခိုက်ပြီး ဘာမဆိုလုပ်တယ်ဆိုတဲ့ ဇာတ်လမ်းက ကာတွန်းကားနီမို ကားထဲမှာအဖေငါးရဲ့ သားအတွက် ဘာမဆိုလုပ်တဲ့ ဇာတ်ကျောရိုးက အတူတူပါပဲ။ ဒါပေမဲ့ ၂မျိုးစလုံးကို ပရိသက်က နှစ် ခြိုက် ခဲ့ ကြ တာ ပဲ လေ။
အာဝါနီ သတင်းစာထဲမှာ တမီးလ် ရုပ်ရှင်ထုတ်လုပ်သူ သီနပ်ပန်က Parasite ရုပ်ရှင် ထုတ်လုပ်သူကို ဇာတ်လမ်းခိုးချမှုနဲ့ တရားဆွဲမယ်လို့ ကြေညာကြောင်း ဖော်ပြပါရှိပါတယ်။ တမီးလ် ရုပ်ရှင် minsara kanna ရုပ်ရှင် ဇာတ်လမ်းကို ဘာသာပြန်ပြီး ခိုးထားတာပါလို့ဆိုတယ်။ “ကျနော်အခု နိုင်ငံတကာ တရားရုံးကိုတက်ဖို့ ရှေ့နေတွေနဲ့ အမှုတွဲကို ဆင်နေပါပြီ။သူတို့က ကျနော့်ရဲ့ မှုရင်းဇာတ်ကျောရိုးကိုလည်း ယူပြီး ဖတ် နေ ပါ တယ်”လို့ ပြော ပါ တယ်။
minsara kanna က ၁၉၉၉ခုနှစ်က တမီးလ်မင်းသားဗီဂျေ ရဲ့အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားပါ။ Parasite ရုပ်ရှင် အော်စကာတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့အိမ်ပြန်ချိန်မှာ ဗီဂျေဖန်တွေရဲ့အွန်လိုင်းမှာ ဆူညံနေပါတယ်။ ကိုရီးယားရုပ်ရှင်က ဗီဂျေ့ကားကိုခိုးချပါတယ်ဆိုပြီး လိုင်းပေါ်မှာ ပြန့်လာတဲ့အခါမှ တမီးလ် ထုတ်လုပ်သူက Parasite ကိုပြန်ကြည့် minsara kanna ကို ပြန်ကြည့် ပြီးမှ တရားစွဲ ဖို့ လုပ် တော့ တာ ပါ။
မောင်ယဿ REF; WORLD OF BUZZ photo ;india west and wiki
No Comments