Entertainment
Unicode
Parasite မွေတဲ့မီး တောင်ကိုရီးယား အွန်လိုင်းပေါ်မှာလောင်နေပြီ
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့က ဟောလီးဝုဒ်မှာ အော်စကာဆု ၄ဆုကို သိမ်းယူခဲ့တဲ့ ဒါရိုက်တာ ဘွန်ဂျွန်ဟို ရိုက်တဲ့Parasite ရုပ်ရှင်ကားကြောင့် တောင်ကိုရီးယား အွန်လိုင်းပေါ်မှာ တိုက်ပွဲတွေပြင်းထန်နေခဲ့ပါတယ်။ ဗရွတ်ရွှတ်တ ပြက်လုံးတွေနဲ့ အဲ့ဒိ ရုပ်ရှင်ကားက ချမ်းသာတဲ့ပတ်ခ် မိသားစုနဲ့ ဆင်းရဲတဲ့ ကင်မ်မိသားစု ၂စုကို အခြေခံပြီးရိုက်ထားတာပါ။ အာရှတိုက်ရဲ့ စတုတ္ထမြောက် စီပွားရေးအင်အား အကြီးဆုံးနိုင်ငံက လူတန်းစားမညီမျှမှုကို ရောင်ပြန်ဟတ်စေတဲ့ရုပ်ရှင်ပါ။ အင်္ဂလိပ်စကားပြောမဟုတ်တဲ့ ရုပ်ရှင်ကားတစ်ကားက အကောင်းဆုံးဇာတ်ကားအဖြစ် အော်စကာဆုရလိုက်တော့ သမိုင်းဝင်သွားတဲ့အပြင် ကိုရီးယားမီဒီယာ တွေမှာလည်း အကြီးအကျယ် အောင်ပွဲခံလိုက်ရတဲ့ ရုပ် ရှင် ဖြစ် သွား ပါ တယ်။
ဇာတ်ကားကပေးတဲ့ သတင်းစကားကတော့ ဝင်ငွေနည်း ဆင်ရဲတဲ့ မိသားစုတစ်ခုက ချမ်းသာတဲ့မိသားစုတွေနဲ့ ပတ်သက်နိုင်ဖို့ အတွက် အရာရာပေးဆပ်လိုက်ရတယ်ဆိုတာပါပဲ။ လိုင်းပေါ်မှာ ကတော့ တောင်ကိုရီးယားမှာ ဖြစ်နေတဲ့ လူတန်းစားမညီမျှမှုတွေက အခြားနိုင်ငံတွေနဲ့ ဘာမှမထူးပါဘူး။ ပိုလည်းမဆိုးပါ ဘူး။ အခုလို အကျယ်ချဲ့လိုက်တာက တောင်ကိုရီယားမှာ လူတန်းစားအချင်းချင်း မကျေလည်မှုတွေ အစာမကျေမှုတွေကို တိုးလာစေနိုင်တာပဲ လို့ ပြောလာကြပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကတော့ “ parasite က ကိုရီးယားက ထူးထူးခြားခြား ဇာတ်လမ်းတစ်ခုက ကမ္ဘာတစ်ဝှန်းက လူတွေရဲ့ နလုံးသားဆီကို ပြောင်းရွှေ့သွားတာပါ” လို့ ချီး ကျူး လိုက် ပါ တယ်။
ဒါရိုက်တာဘွန်ဂျွန်ဟိုက တော့ ဆိုးလ်မြို့ကိုပတ်ပြီး တောင်ကိုရီးယားရဲ့ ရှိခြင်းနဲ့ မရှိခြင်းကြားက ညီမျှခြင်းကိုရှာဖွေကြည့်တာပါ။ချမ်းသာခြင်းနဲ့ ဆင်းရဲခြင်းကြားက အဖြေတစ်ခုကို ရှာဖွေဖို့ ကြိုးစားကြည့်တာပါ။ ဒါပေမဲ့သူရှာတွေ့ လိုက်တာက တောင်ကိုရီးယားသားတွေက မညီမျှခြင်းတွေနဲ့ ကျွမ်းဝင်နေပုံရပါတယ်။ ဗြိတိန်နဲ့ လတ်ဗီးယားတို့ရဲ့ လူတန်းစာ ကွာဟမှုထက် အများကြီးဆိုးနေတာကိုပဲတွေ့လိုက်ရပါတယ်။ ၂၀၁၉က ကျန်းမာရေးဝန်ကြီးဌာနရဲ့ဆာဗေးအရ တောင်ကိုရီးယားသား ၈၅%က ကျန်းမာရေးအတွက် စိတ်ပူနေရတယ်လို့ သိရတယ်။ ဝင်ငွေနည်းတဲ့မိသားစုတွေအတွက် ပြဿနာဆိုးကြီးတစ်ခုပါပဲ။ လူငယ်တွေအတွက် ပညာရေးစနစ်နဲ့ အလုပ်အကိုင်ဈေးကွက်မှာ ယှဉ် ပြိုင် မှု အ လွန် မြင့် ပါ တယ်။
လိုင်းပေါ်က ဝေဖန်မှုတစ်ခုကိုဖတ်လိုက်ရတာလန့်တောင်လန့်သွားပါတယ်။ Parasite က လူတန်းစားပေါက်ကွဲမှု တစ်ခုဖြစ်ပေါ်လာအောင် မီး ထိုး ပေး နေ သ လို ပါ ပဲ တဲ့။
မောင်ယဿ REF: asiaone photo;reuters
No Comments
Leave a Reply
Your email address will not be published.
Entertainment
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ်
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ် ၁၉၈၄ ဆိုတာ ကမ္ဘာပေါ်မှာ စစ်အေးစစ်ပွဲ အရှိန်အမြင့်ဆုံး အချိန်ပါ။ အမေရိကန်နဲ့ ရုရှားတို့ ရဲ့ တစ်ဖက်နဲ့ တစ်ဖက် နျူကလိယလက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ လက်နက် အင်အားကြီးမှုကို ပြပြီး ကမ္ဘာ့နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ကာလ ဖြစ်တဲ့အပြင် ကမ္ဘာ့ တတိယလှိုင်း ဖြစ်တဲ့ ကွန်မြူဝါဒ ကြီးစိုးလာမှုကို အရင်းရှင် နိုင်ငံတွေက အသေအလဲ ကာကွယ်နေချိန်လည်း ဖြစ်ပါတယ်။ သိပ္ပံပညာကို အခြေခံပြီးတော့ စစ်ပွဲတွေမှာ သုံးဖို့အတွက် လူသားကို ကြောက်စရာ အကောင်တွေအဖြစ် အသွင်းပြောင်း နိုင်မဲ့ စမ်းသပ်မှုတွေကို တစ်ခုပြီး …
Entertainment
ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ်
ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ် အီရတ်နိုင်ငံက ဆေရုံတစ်ရုံမှာ အိန္ဒိယနဲ့ ပါကစ္စတန် သူနာပြုတွေကို အဘူ အူစမန်ခေါင်းဆောင်တဲ့ စစ်သွေးကြွ အုပ်စုတစ်စုက ဓားစာခံအဖြစ် ဖမ်းထားပါတယ်။ အိန္ဒိယထောက်လှမ်းရေးတပ်ဖွဲ့ က အေးဂျင့် တိုက်ဂါးကို ပါကစ္စတန်အေးဂျင့် ဇိုယာနဲ့ တွဲပြီး အဖွဲ့တစ်ဖွဲ့ကာ ဓားစာခံတွေကို ကယ်ထုတ်ဖို့အတွက် အစီအစဉ်တွေ ဆွဲခဲ့ပါတယ်။ အဲ့ဒိအချိန်မှာ အမေရိကန်စစ်တပ်က အဲ့ဒိဆေးရုံက အကြမ်းဖက်သမားတွေကို အပြတ်ရှင်းဖို့ အတွက် လေကြောင်းတိုက်ခိုက်မှု တွေ လုပ်ဖို့ လေယာဉ်တွေ လွှတ်လိုက်ပါပြီ။ အိန္ဒိယ ပါကစ္စတန် ထောက်လှမ်းရေး ပူးပေါင်းစစ်ဆင်ရေး က သူနာပြုတွေကို ရအောင်ကယ်ထုတ်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ …
Entertainment
ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။
Unicode ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။ အွန်လိုင်းပေါ်မှာ ထူးထူးခြားးခြား ဖြစ်စဉ်တွေ ရီစရာကောင်းတဲ့ ဖြစ်စဉ်တွေက မကြာခဏဆိုသလိုပဲ ပေါ်လာလေ့ရှိပါတယ် ။ အခုလည်း တူရကီနိုင်ငံက လူတစ်ယောက်က အဖော်နဲ့ အတူ ဂလိုက်ဒါစီးရင်းက လေထဲမှာ ဒရမ်တီးပြခဲ့တဲ့ အကြောင်းက လိုင်းပေါ်မှာ ပြန့်နှံ့နေပါတယ် ။ တူရကီ ဂီတပညာရှင် အာမတ်စလစ်ဟာ တူရကီနိုင်ငံ တီကာဒက်ရှ် ပြည်နယ်က တောင်တန်းတွေပေါ်ကနေ မြေပြင်မီတာ၆၀၀ အမြင့်မှ သူ့ရဲ့ ဒရမ်ကို လွယ်ကာ အဖော်တစ်ယောက် နဲ့ အတူ ဂလိုက်ဒါ စီးပြခဲ့တာပါ ။ အခုလိုင်းပေါ်ကို သူတင်လိုက်တဲ့ ဗီဒီယိုဖိုင်က ပလူပျံ …