သင်ကိုယ်တိုင် ပြုလုပ်ထားတဲ့ သန့်စင်သော သဘာဝ မျက်နှာသန့်စင် ဂျယ်လ်( Rose Water Cleansing Gel)နဲ့ သင့်အလှကို ထိန်းသိမ်းပါ။ နေ့တစ်နေ့တာရဲ့ မနက်ခင်းနဲ့ နေ့လယ်ခင်းတွေမှာ ရုံးသွားတာဖြစ်ဖြစ် အလုပ်သွားတာဖြစ်ဖြစ် ပွဲလမ်းရှိလို့အပြင်ထွက်တာမျိုးဖြစ်ဖြစ် အပြင်ထွက်ဖို့ ကိစ္စတစ်ခုခု ရှိနေတယ်ဆိုရင် ပျိုပျိုမေတို့ရဲ့မလုပ်မဖြစ် လုပ်လေ့ရှိတဲ့ အလုပ်တစ်ခုကတော့ မိတ်ကပ်လိမ်း အလှပြုပြင်ခြင်းပါပဲ။ ဒီလို မိတ်ကပ်လိမ်းပြီး အပြင်ကိစ္စတွေ သွားလာပြီးရင် အိမ်ပြန်ရောက်တဲ့ အခါမှာ မဖြစ်မနေလုပ်သင့်တဲ့ အလုပ်ကတော့ ညအိပ်ရာမဝင်ခင် လိမ်းထားတဲ့ မိတ်ကပ်တွေကို ပြန်ဖျက်ဖို့ပါပဲ။ ဘာကြောင့်လည်းဆိုတော့ ညအိပ်ယာဝင်တဲ့အခါ မိတ်ကပ်တွေကို မဖျက်မိဘူးဆိုရင် ချွေးပေါက်တွေထဲ အညစ်အကြေးတွေ ပိတ်ဆို့ပြီး ဝက်ခြံ ထွက်လွယ်တာမျိုးစတဲ့ အရေပြား ပြဿနာတွေများစွာ ဖြစ်လာနိုင်လို့ပဲ …
PPE ဝတ်ထားပေမဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်-၁၉ ကူးစက်မှု တိုးတက်နေဆဲလို့ဆို လန်ဒန်ဘုရင့် ဆေးတက္ကသိုလ်ရဲ့ လေ့လာဆန်းစစ်မှု တစ်ရပ်အရ ကိုဗစ်-၁၉ ရောဂါရှင်တွေကို လက်တွေ့ ကုသပြုစု စောင့်ရှောက်ပေးနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ တစ်ကိုယ်ရေ ကာကွယ်ရေး ပစ္စည်း ဝတ်စုံ PPE ကို အပြည့်အစုံ ဝတ်ထားပေမဲ့ ကူးစက်ရောဂါကို လုံး၀ ကာကွယ်နိုင်ခြင်း မရှိလို့ အခုအခါမှာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ရောဂါကူးစက်မှုက အရင်ထက်ကို ၃ဆခွဲကျော် ပိုမို ကူးစက်နေတယ်လို့ သိရပါတယ်။ လက်အိတ် ဝတ်ရုံ မျက်နှာကာ မက်စ် တွေကို တပ်ထားပေမဲ့ ကျန်းမာရေးဝန်ထမ်းတွေ တကယ် အလုပ်လုပ် နေရတဲ့အခါတွေမှာ အကာအကွယ် လုပ်နေတဲ့ ကြားကပဲ ရောဂါကူးစက်မှုက …
FA ဖလားကို ချယ်ဆီးရမယ်လို့ မှန်းခဲ့တဲ့ အဘီရှက်ဘချန်း မွန်ဘိုင်းမြို့ နာနာဗာတီဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလို့ ကုသမှု ခံယူနေရတဲ့ အမီတာဘချန်း နဲ့ သားဖြစ်သူ အဘီရှက်ဘချန်း တို့က မနေ့ညက ကန်ခဲ့တဲ့ FAဖလား ဖိုင်နယ် ချယ်ဆီး- အာဆင်နယ်ပွဲ မှာ သူတို့ အားပေးတဲ့ ချယ်ဆီးအသင်း ဖလားရရှိမယ်လို့ မှန့်ပြီး ချယ်ဆီးအသင်းဘက်က အားပေးခဲ့ပါတယ်။ ဒါပေမဲ့ပွဲအပြီးမှာ အာဆင်နယ်အသင်းက ချယ်ဆီးအသင်း ကို ၂ဂိုး ၁ဂိုးနဲ့ အနိုင်ယူပြီး FA ဖလားကို သိမ်းပိုက် သွားလို့ အဘီရှက်ဘချန်း တော်တော်စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ပွဲမတိုင်မီက ချယ်ဆီး အသင်း ခေါင်းဆောင် ဆီးဇာအစ်ဇ် ပီလီကူတာက …
၂၀၁၇ ရှုံးကြွေးကိုပြန်မဆပ်နိုင်တဲ့ ချယ်ဆီးနဲ့ ၂၀၂၀ FAဖလားပိုင်ရှင် အာဆင်နယ် လွန်ခဲ့တဲ့ ၃နှစ်၂၀၁၇ FA ဖလားဖိုင်နယ်မှာ ချယ်ဆီးနဲ့ အာဆင်နယ် တွေ့ဆုံခဲ့စဉ်က အာဆင်နယ်အသင်း က ချယ်ဆီး အသင်းကို ၂ဂိုး၁ဂိုးနဲ့ အနိုင် ယူပြီး ဖလားကို ရယူ သွားခဲ့ပါတယ်။ မနေ့ညက ကစားတဲ့ ၂၀၂၀ FAဖလား ဖိုင်နယ်မှာလည်း ချယ်ဆီးနဲ့ အာဆင်နယ်တို့ ပြန်လည်ဆုံတွေ့ခဲ့ရာ အာဆင်နယ်ကပဲ ၂ဂိုး ၁ဂိုးနဲ့ ထပ်မံ အနိုင်ယူပြီး FAဖလား ကို ကိုင်မြှောက် ပိုင်ခွင့်ရခဲ့ပြန်ပါပြီ။ ၂၀၁၇ တုန်းက အာဆင်နယ်က ဗွေဆော်ဦးဂိုးကို သွင်းယူခဲ့ပါတယ်။ ဒီနှစ်မှာ ချယ်ဆီးအသင်းက ဗွေဆော်ဦးဂိုးကို ပွဲစပြီး ၅မိနစ်အကြာမှာ …
”အချစ် အိမ်ထောင်ရေးနဲ့ စိတ်ခံစားချက်” ဒီဘက်ခေတ်မှာ ယောကျ်ားမိန်းမ အတော်များများဟာ အိမ်ထောင်ရေးအပေါ်ကို ယုံကြည်သက်ဝင်မှု နည်းပါးလာပြီး အိမ်ထောင်မပြုပဲ အချစ်ကို အချစ်သက်သက်နဲ့ တည်ဆောက်ချင် လာကြတာကို တွေ့မြင်လာရပါတယ်။ ဒါကလည်း တစ်ကယ့်တစ်ကယ်တော့ အပြစ်အကြီးကြီးလို့ မဆိုသာပါ။ ဘာကြောင့်လည်းလို့ဆိုရင် ခေတ်စနစ်အရ ယောကျ်ားမိန်းမတန်းတူ အလုပ်လုပ်ကြရပြီး တန်းတူ ငွေကြေး ရှာဖွေနေနိုင်ကြမှု အပေါ်မှာ များစွာ မူတည်နေတယ်လို့ မြင်မိပါတယ်။ ထက်မြက်တဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ လွှမ်းမိုးမှုကို မခံချင်ကြသလို မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ အမျိုးသားများကလည်း ဘယ်လို သြဇာလွှမ်းမိုးမှုမျိုးကိုမှ မလိုလားနိုင်ကြတော့တာကြောင့်ပဲလို ထင်ပါတယ်။ အချစ်မရှိတော့တာဖြင့် မဟုတ်ကြသလို အချစ်ကို မလိုလားတာမျိုး sex ကို စိတ်မဝင်စားတာမျိုးလည်း မဟုတ်ပြန်ပါဘူးလို့ …
”ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ.” ချစ်သူတွေကြားမှာ နမ်းခြင်းဟာ မထူးဆန်းတဲ့ ကိစ္စတစ်ခုဆိုတာ လူတိုင်း သိကြပါတယ်။သို့သော် အနမ်းနဲ့ ပါတ်သက်ပြီး ကောင်းခြင်း ဆိုးခြင်းကိုတော့ သိကောင်းမှသိမှာမို့ အချစ်နဲ့ပတ်သက်ပြီး သုတေသန ပြုရာမှာ ကမ္ဘာကျော်တဲ့ ဒေါက်တာဝီလျံစတိုင်းဘတ်ရဲ့ လေ့လာချက် တစ်ချို့ကို ပြောပြချင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မြတ်မြတ်နိုးနိုး နမ်းတာဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်ဟာ ၇ ချက်ရှိပြီး ဆိုးကျိုးဟာ ၄ မျိုးရှိပါတယ်တဲ့။ အနမ်းရဲ့ကောင်းခြင်း များ…. ၁…ချစ်သူတို့ တစ်ယောက်နဲ့တစ်ယောက် နမ်းနေတဲ့အချိန်မှာ မိန်းမရော ယောက်ျားပါ နှစ်ဦးစလုံးရဲ့ မျက်နှာပြင်ပေါ်က ကြွက်သားမျှင်တွေကို လှူပ်ရှားလာအောင် ဦးနှောက်က လှူံဆော်ပေးလိုက်တဲ့အတွက် မျက်နှာပြင်ပေါ်မှာရှိတဲ့ သွေးလွတ်ကြောတွေ စီးဆင်းမှူ …
”ရေစိမ်ချိုးခြင်းဟာ သင့်ကိုဘယ်လို အကျိုးပေးမယ်ဆိုတာ” သင်သိပြီးပြီလား? သင်ရေချိုးတဲ့အခါ ရေကိုစိမ်ပြီး ချိုးခဲ့မယ်ဆိုရင် အံသြဖွယ်ကောင်းတဲ့ အကျိုးကျေးဇူးတွေ ရနိုင်မယ်ဆိုတာ။ ပင်ပန်းနွမ်းနယ် နေချိန်မှာ ရေစိမ်ကန်ထဲမှာ ရေစိမ်ချိုးတာဟာ ပင်ပန်းမှုကို ပြေလျော့စေပြီး စိတ်ကို လန်းဆန်း သွားစေနိုင်ပါတယ်။ ချိုးမဲ့ရေထဲမှာ ရေချိုးပေါင်ဒါမှုန့် ဒါမှမဟုတ် ရေချိုးဆီ ထည့်ပေးခြင်းအားဖြင့် စိတ်နဲ့ ခန္ဓာကိုယ်ကို အနားရစေပါတယ်။ ဆေးပညာကုထုံးဂျာနယ်ရဲ့ လေ့လာမှုအရ ဆိုရရင် စိတ်ပူပင်သောက များနေသူတွေဟာ နေ့စဉ် ကြက်သီးနွေးရေထဲမှာ စိမ်ပြီး ချိုးခဲ့မယ်ဆိုရင် ရှစ်ပတ်ကြာတဲ့အခါ ရရှိလာမဲ့ အာနိသင်ကတော့ ဆရာဝန်တို့ ညွှန်ကြားတဲ့ဆေးတွေ သောက်ခြင်းထက် ပိုမိုတဲ့ အကျိုးကျေးဇူးကို ရရှိနိုင်တယ် ဆိုတာပါပဲ။ အရေပြား ခြောက်နွမ်းမှု။ သင့်အရေပြးတွေဟာ ခြောက်သွေ့ပြီး …
သင့်နှုတ်ခမ်းလေး အလှပေါ် လွင်ပြီး ဆွဲဆောင်မှု ရှိချင်တယ်ဆိုရင် သင့်ရဲ့နှုတ်ခမ်းတစ်စုံကို အလှတွေ ပိုမိုပေါ်လွင်ပြီး ပိုမို တောက်ပလာစေဖို့ဆိုရင် နှုတ်ခမ်းနီဆိုးခြင်းကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ကဲဒါဆို နှုတ်ခမ်းလှလှလေး တစ်စုံကို ရရှိဖို့အတွက် ဘယ်လိုအချက်တွေ လိုအပ်သလဲ ဆိုတာကို ဆက်ဖတ်ကြည့်လိုက်ပါစို့။ ၁. လိုက်ဖက် ပါစေ… သင့်ရဲ့ မျက်နှာပြင်ပေါ်မှာ လှပပြီး စွဲဆောင်မှုရှိမဲ့ နှုတ်ခမ်းတစ်စုံ ရရှိဖို့အတွက် သင်အသုံးပြုမဲ့ နှုတ်ခမ်းနီနဲ့ သင့်ရဲ့ နှုတ်ခမ်းတစ်ဝုှိက်မှာ ပုံဖော်မဲ့ ခဲတံရဲ့အရောင်ဟာ အရောင်နှစ်ခု လိုက်ဖက်မှုရှိပြီး တူညီမျှတ ဟာမိုနီကျနေဖို့ လိုအပ်ပါတယ်။ ၂. မှန်ကန်စွာ စတင်ပါ… သင့်နှုတ်ခမ်းမှာ နှုတ်ခမ်းနီ ဆိုးတော့မယ်ဆိုရင် ပထမဦးစွာ အပေါ်နှုတ်ခမ်းကနေ စတင် …
အင်စတာဂရမ်ကို မဖွင့်ရဲဘူလို့ ဆိုတဲ့ ဇာဟာ ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး ဝီလ်ဖရိုင်း ဇာဟာက သူ အင်စတာဂရမ်ကို ဖွင့်လိုက်တာနဲ့ လူမျိုးရေးခွဲခြားမှု မက်ဆေ့တွေ အများကြီး တက်လာနေလို့ သူ့မှာ အင်စတာဂရမ်ကို ဖွင့်ရမှာ ကြောက်နေတယ်လို့ ဆိုလာပါတယ်။ အမေရိကန် ကေသုံးလုံး ဂိုဏ်းတံဆိပ်တွေနဲ့ ၁၂နှစ်သား အရွယ်ကောင်လေးက သူ့ရဲ့ မက်ဆေ့ထဲကို ဝင်ရောက်ပြီး ခြိမ်းခြောက်စာတွေပို့လို့ ပြီးခဲ့တဲ့ လက ဖမ်းဆီးအရေးယူ ခံရပြီးနောက်မှာ သူ့ရဲ့ မက်ဆေ့ဘောက်စ် ထဲကို လူမျိုးရေး ခွဲခြားတဲ့ စာတွေ အများကြီး ရောက်လာနေပါတယ်။ သူ့အနေနဲ့ သည်းမခံနိုင်လောက်အောင် ကို လူမျိုးရေး နှိမ်ချမှု အသားအရောင် ခွဲခြားမှု စကားလုံးတွေ နဲ့ တိုက်ခိုက်နေလို့ …
လွန်ခဲ့တဲ့ နှစ်၁၀၀၀ကျော်က ပိုးသတ်ဆေးတစ်မျိုးကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ ဒီကနေ့ ထုတ်ဝေတဲ့ သုတေသန ဂျာနယ်တစ်ခုမှာ သိပ္ပံပညာရှင်တွေက လွန်ခဲ့တဲ့ နှစ် ၁၀၀၀ကျော်က ဆေးကျမ်းတစ်ခုမှာ ရေးသားထားတဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ဝိုင်နဲ့ သည်းချေရည်တို့ ရောစပ်ပြီး လုပ်တဲ့ ဆေးက ဆီးချိုရောဂါကြောင့် ခြေထောက်မှာဖြစ်တဲ့ အနာတွေကို ရောဂါပိုး ကူးစက်ခြင်း မရှိအောင် အကာအကွယ် ပေးတယ်ဆိုတာကို ထောက်ခံခဲ့ပါတယ်။ ဂတုံးမျက်ဆံ လို့ နာမည်ပေးထားတဲ့ အဲ့ဒိဆေးက ရောဂါပိုးကူးစက်ခြင်း ပြဿနာတက်နေတဲ့ ဒီကနေ့ခေတ် လူ့အဖွဲ့အစည်းအတွက် အကျိုးများစေနိုင်တဲ့ ကုထုံး တစ်ရပ်လို့ သူတို့က ဆိုပါတယ်။ အဲ့ဒိဆေးက ဘတ်တီးရီးယားတွေနဲ့ ကူးစက်ရောဂါတွေကို နှိမ်နင်းနိုင်တယ်လို့လည်း ဆိုပါတယ်။ အင်္ဂလန်မှာဆိုရင် …
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | 5 | ||
6 | 7 | 8 | 9 | 10 | 11 | 12 |
13 | 14 | 15 | 16 | 17 | 18 | 19 |
20 | 21 | 22 | 23 | 24 | 25 | 26 |
27 | 28 | 29 | 30 | 31 |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |