ထူးဆန်း ထွေလာ သတင်း ပဒေသာ – ထိုင်းနိုင်ငံ အလယ်ပိုင်းက ချာချိုအန်ဆောင်မြို့က မိသားစု တစ်စုရဲ့ အိမ်မွေး ခွေးက ခွေးကလေး ၂ ကောင် ပေါက်တာမှာ တစ်ကောင်က ပုံမှန် မွေးပေမဲ့ တစ်ကောင်ကတော့ ခေါင်း အလယ်တည့်တည့်မှာ မျက်လုံး တစ်လုံး တည်းပါပြီး ပါစပ်ကလည်း မျောက်ပါးစပ် ပုံစံနဲ့ မွေးလာပါတယ်။ အကောင်လေးက အရှင်လေး မွေးလာလို့ ပိုင်ရှင်ဖြစ်တဲ့ ဖန်မာမန်း က ခွေးလေး မသေအောင် ဂရုစိုက်ပြီး နို့ဗူးတိုက်ကျွေး နေပါတယ်။ ခွေးပေါက်လေးကို ကေဗင်လို့ နာမည် ပေးထားပါတယ်။ photo; viral press – အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ …
ဗစ်တိုးရီးယားဆီးကရက် ဖက်ရှင်ရှိုး အမှုဆောင်အရာရှိ လိင်ပိုင်ဆိုင်ရာ စော်ကားမှုနဲ့တရားစွဲခံရ ဗစ်တိုးရီးယားဆီးကရက် ဖက်ရှင်ရှိုး အမှုဆောင်အရာရှိ အိဒ်ရာဇတ်ကတော့ တစ်နှစ်ထက် တစ်နှစ် မရိုးရအောင်ကို တရားစွဲ ခံနေရပါတယ်။ ပြီးခဲ့တဲ့ အပတ်က ထွက်တဲ့ နယူးယောက်ခ်တိုင်းမ် မဂ္ဂဇင်းမှာ မော်ဒယ် ဘယ်လာဟာဒစ်က သူမကို အဝတ်လဲခန်းက အထွက်မှာ အိဒ်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ လုပ်ခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။ မော်ဒယ်တွေကို ရှိုးမှာ လမ်းလျှောက်ဖို့ ပြင်ပေးတဲ့ နေရာမှာ အိဒ်ကဘာတွေ ဘယ်လိုဝတ်ရမယ် ဘယ်သူတွေ အရင်ထွက် ဘယ်သူက နောက်မှထွက် အသေးစိတ် စစ်ဆေးတဲ့ နေရာမှာ လုပ်ရပါတယ်။ အဲ့တော့ စကားတွေက နင့်နင့်သီးသီးတွေ ပြောဖြစ်သွားတာလည်း ပါပါတယ်။ တစ်ခါတစ်လေ …
ငြိမ်” •••••••• တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်၏မိတ်ဆွေကြီးဖြစ်သူ ကိုဖောင်တိန်သည် ရောက်ရှိ၍လာလေ၏။ရောက် လျှင်ရောက်ခြင်းပင်၎င်းက – “သေဖို့အတွက်ပြင်ဆင်ပြီးပြီလား” ဟု ထုံးစံအတိုင်း နှုတ်ဆက်လိုက်လေတော့၏။ထိုအခါ ကျွန်ုပ် က – “သေဖို့ပြင်ဆင်ချိန်မရသေးဘူး.. ခင်ဗျားအခု ထမင်းစားဖို့ လာတာမဟုတ်လား..”ဟု ကိုဖောင် တိန်အား ပြန်၍မေးလိုက်လေရာ ၎င်းက – “ဟုတ်တယ်ဆရာစိုး .. ကျုပ်ထမင်းစားချင်တယ် ..၊ရှောက်သီးသုတ်နဲ့ စားချင်တယ် ..”ဟု တောင်း ဆိုသောကြောင့် ကျွန်ုပ်သည် အနီးရှိ လူတစ်ယောက်ကို အကူအညီတောင်းကာ တိုးချောင်လေးဘူတာ ဈေးသို့လွှတ်၍ အပြေးအလွှား ရှောက်သီးတစ်လုံး ၀ယ်ခိုင်းလိုက်ရလေ၏။ ရှောက်သီးရလာသောအခါ ကျွန်ုပ်သည် ကိုဖောင်တိန်ကြီးအား ရှောက်သီးသုတ်ပေးရန် အတွက် ပြင်ဆင်နေစဉ် အချိန်တွင် ကိုဖောင်တိန်သည် …
လိုင်းပေါ်မှာ အတင်း တုတ်ခံနေရတဲ့ ဘီလီအီးလစ်ရှ် လူတွေက ကျမ ဘာလုပ်နေတယ် ဆိုတာထက် ဘာတွေ ရေးပို့နေတယ် ဆိုတာကို ပိုစိတ်ဝင်စားနေကြတယ်။ အဲ့ဒီစကားကို ပြောတာ က မကြာသေးခင်ကမှ ဂရမ္မီဆု ၅ ဆုကို တစ်နှစ်တည်းရသွားခဲ့တဲ့ ၁၈ နှစ်အရွယ် အမေရိကန် အဆိုတော်မလေး ဘီလီအီးလစ်ရှ်ပါပဲ။ အကြောင်းကတော့ “bad guy” အဆိုတော်မလေးနဲ့ သူမထက် အသက်အများကြီး ကြီးတဲ့ ကနေဒါသား အဆိုတော် ဒရိတ်နဲ့ စာတွေ အသွားအပြန် လုပ်နေတာကို ဝိုင်း ဝေဖန်နေတဲ့ ကိစ္စပါ။ တကယ်တော့ဒရိတ်အသက်က ၃၀ကျော်နေပါပြီ။ ကိုယ့်ထက် အသက် အများကြီး ငယ်တဲ့ အဆိုတော်မလေးနဲ့ ဘာလိုလို လုပ်နေတာကို …
ကင်ဆာကုသမှု ဘေးထွက်ဆိုးကျိုးကို အပ်စိုက်ကုသခြင်းဖြင့် သက်သာ တက္ကဆတ် ပြည်နယ် ဟူစတန် မြို့ အန်ဒါဆန်ဆေးတက္ကသိုလ် ကင်ဆာဌာန ပါမောက္ခ လောရင်ဇိုကိုဟန် ဦးဆောင် သော အဖွဲ့က ကင်ဆာရောဂါ ကုသရန် အမေရိကန်နှင့် တရုတ် နိုင်ငံမှ လူနာ ၃၃၈ ယောက်ကို ဓာတ်ရောင်ခြည်ပေး ကုသပြီးနောက် ၂စု ခွဲကာ အပ်စိုက် ကုသမှု စမ်းသက်ခဲ့ပါတယ် ။ ဦးခေါင်းနှင့် လည်ပင်း ဆိုင်ရာ ကင်ဆာ ရောဂါသည် များကို ဓာတ်ရောင်ခြည်ပေး ကုသရာမှာ ဘေးထွက် ဆိုကျိုးဖြစ်တဲ့ ခံတွင်း ခြောက်ခြင်းကို ကုသဖို့ အပ်စိုက် ပညာနဲ့ စမ်းသက် ကြည့်တာပါ ။ ဓာတ်ရောင်ခြည် …
ဆံပင် ဆိုးဆေးကြောင့် တစ်သက်တာ ရုပ်ပျက် ဆင်းပျက် ဖြစ်ရသူ ဆံပင်ဆေးဆိုးတဲ့ လူတိုင်း သိသင့်တာက ဆေးက သွေးနဲ့ တည့်ရဲ့လား ကိုယ့် အရေပြားနဲ့ တည့်ရဲ့လားဆိုတာကို စမ်းသက် ပြီးမှ ဆေးဆိုး သင့်ပါတယ် ။ ဒီလိုမှ မဟုတ်ရင် အင်္ဂလန် အနောက်ပိုင်းက ရော်ဘင်ချယ်ရီ လို ဒုက္ခများသွား နိုင်ပါတယ် ။ ချယ်ရီ ( ၂၉နှစ် ) က လွန်ခဲ့တဲ့ ၁၀ နှစ် လောက်တုန်းက ဆံပင်ဆေးဆိုးရင် အလားဂျစ် ( သွေးနဲ့ မတည့်ခြင်း ) ဖြစ်ပြီး သေလု မတတ် ဖြစ်ခဲ့ ရပါတယ် ။ …
ပါဝါဘန့် သုံးတဲ့သူတွေ သတိထားကြရမယ့် အချက် ပါဝါဘန့်ကြောင့် မီးလောင်သွားတဲ့ ကား လူ တော်တော် များများက ပစ္စည်း အသေး တော်တော် များများကို ကားဒက်ရှ်ဘုတ်ပေါ် တင်ကြတယ် ။ ကားဒက်ရှ် ဘုတ်က နေရာင် တိုက်ရိုက် ထိတွေ့ နေရာ မျိုးပါ ။ ဖုန်းလို မျိုး ဘတ်ထရီ ပါတဲ့ လျှပ်စစ်ပစ္စည်း တွေကို ကားဒက်ရှ် ဘုတ်ပေါ်မှာ တင်ထားတယ် ဆိုရင် အပူလွန်ပြီး မီးလောင် ကျွမ်းနိုင် ပါတယ် ။ ဖြစ်နိုင်ရင် ကားပေါ်မှာ ပူနိုင်တဲ့ နေရာ တွေမှာ လျှပ်စစ် ပစ္စည်း တွေကို အချိန် ကြာမြင့်စွာ …
ဖေဖော်ဝါရီလ ၄ရက်နေ့ ဆိုတာ ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ဝေါ့ဒစ္စနေက ထုတ်လုပ်တဲ့ စနိုးဝှိုက်နဲ့ လူပုလေး ၇ ယောက် ကာတွန်းရုပ်ရှင်ကို စတင်ပြ သ တဲ့ နေ့ပါပဲ။ ဒီနေ့ဆိုရင် ၈၃နှစ် ပြည့်ပါပြီ။ နှစ်ပေါင်း ၈၀ ကျော်ကြာခဲ့သည့် တိုင်အောင် ဒီကနေ့အထိ လူငယ် လူကြီး ကလေး ကအစ ပြန်ကြည့်တိုင်း အရသာရှိနေတဲ့ ကာတွန်းရုပ်ရှင်ပါ။ ဘယ်တော့မှ ရိုးအီသွားတယ်ဆိုတာ မရှိတဲ့ ကာတွန်းကားပါ။ ကာတွန်းကားလို့ ဆိုပေမဲ့ မြူးဇစ် နဲ့ အန်နီမေးရှင်းကို တွဲထားတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။ စင်ဒရဲလား ဇတ်လမ်းက ဂျာမန်တွေရဲ့ အိပ်ရာဝင် …
အလှအပကို ဖျက်တဲ့အရာတွေကို ဘယ်လိုတွန်းလှန်မလည်း”””” မိန်းမသားများအတွက် အလှအပကို ဖျက်ဆီးမဲ့ အရာတွေဟာ အမှူမဲ့အမှတ်မဲ့ ဝင်ရောက်လာနိုင်ပါတယ်။ ဒီလိုဝင်ရောက်လာတဲ့အခါ ဘယ်လိုမောင်းထုတ်မလည်း ဘယ်လို ကာကွယ်မလည်း လူတိုင်းလိုလို ကြုံတွေ့နိုင်တဲ့ အလှအပနဲ့ သက်ဆိုင်ရာ ပြဿနာတစ်ချို့ကို အလွယ်တကူ ဖြေရှင်းနိုင်မဲ့ နည်းလမ်းလေးတွေကို သိထားသင့်ပါတယ်။ ခြေထောက်အလှကိုဖျက်နေတဲ့ကိစ္စ”’ သင့်ရဲ့ ခြေဖနောင့်မှာ အက်ကွဲပြီး ကြည့်ရဆိုးဆိုး နေထိုင်ရ ခက်ခက်တွေ ဖြစ်နေမယ်ဆိုရင် အခမ်းအနားတွေ တက်တဲ့ အခါပဲ ဖြစ်စေ လူအများနဲ့ တွေ့ဆုံ ဆက်ဆံရတာပဲဖြစ်ဖြစ် သင့်မှာ အရှက်ရစေမှာ ဖြစ်တယ်။ ဒါကို ဘယ်လို ကာကွယ်ဖြေရှင်းမလည်း သင့်မျက်နှာပြင်မှာ လိမ်းနေတဲ့အစိုဓာတ်ထိန်း ခရင်မ်ကို ပဲ သင့်ခြေထောက်မှာ အသုံးပြုပေးရမှာ ဖြစ်ပါတယ်။ …
နေရေးထက် သေရေးက ဈေးကြီးနေတဲ့ လန်ဒန်မြို့သားများ လန်ဒန်မြို့မှာ နေထိုင်တယ်ဆိုရင် သေဖို့အတွက် အနည်းဆုံး ပေါင် ၃၅၀၀ လောက်လိုပါတယ်။ငွေမရှိရင် သေဖို့အရမ်း ခက်ပါတယ်။ လန်ဒန်မြို့သား ၆ယောက်မှာ တစ်ယောက် သေဖို့ ဒုက္ခအမြဲရောက်ရပါတယ်။ လူလိုသူလို သေလို့ရအောင် ကိုယ့်သေတွင်း ကိုယ်တူးမယ် ဆိုရင်တောင် အနည်းဆုံး အသုဘစရိတ်က ပေါင်၁၆၀၀ လောက်ရှိပါတယ်။ အဲ့ဒီ အခက်အခဲကို သိလို့ ဂျပန်ကုမ္ပဏီ တစ်ခုက အွန်လိုင်းပေါ်ကနေ သေစရိတ် အနည်းဆုံး ဖြစ်အောင် တစ်ခါသုံး အသုဘကိုကြော်ငြာခေါ်ပြီး ရောင်းနေပါတယ်။ ကုမ္ပဏီက အသုဘအခေါင်း ဝမ်းဆက်စာကို ၂၅၆ ပေါင်နဲ့ ရောင်း ချ ပေး နေ ပါ တယ်။ …
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | 5 | 6 | 7 |
8 | 9 | 10 | 11 | 12 | 13 | 14 |
15 | 16 | 17 | 18 | 19 | 20 | 21 |
22 | 23 | 24 | 25 | 26 | 27 | 28 |
29 | 30 | 31 |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |