တောရိုင်းကောင်တွေကို စားသုံးခြင်းဆန့်ကျင်ကြတဲ့ တရုတ်ဆယ်လီတွေ ဟွမ်ရှောင်မင်း ၊ အိန်ဂျလာဘေဘီ ၊ ယန်းမီ တိုလို့ အာရှဆယ်လီတွေက တောရိုင်းကောင်တွေစားခြင်းကို ဆန့်ကျင်ကြဖို့အတွက် လှုံ့ဆော်မှု တစ်ခု လုပ်ခဲ့ပါတယ်။ ဝူဟန်က တောရိုင်ကောင်ဈေးကွက်က ကော်ရိုနာ တုတ်ကွေးပြန့်ပွားဖို့ အတွက် ပင်ရင်း နေရာဖြစ်တယ်လို့ ထင်ကြတဲ့ အတွက်ကြောင့် တောရိုင်းကောင်တွေ စားသုံးခြင်းကို လူတိုင်းလူတိုင်း နှာခေါင်းရှုံ့ လာကြပါပြီ။ ကမ္ဘာ့နေရာ အချို့မှာလည်း တောရိုင်းကောင် စားသုံးတဲ့ အ လေ အ ထ ရှိ နေ ဆဲ ပါ ။ ။ ဒါ့အပြင် တရုတ်နိုင်ငံ ကိုယ်တိုင်မှာတောင် အချို့ ပြည်နယ်တွေ မြို့ကြီးတွေမှာ တောရိုင်းကောင်တွေ …
ဘဝက သံပုရာသီးပေးရင် သံပုရာဖျော်ရည်လုပ်သောက်လိုက်ပါ လို့ဆိုလာတဲ့ အီရာဖန်ခန် လူတစ်ယောက်အတွက် အဆင်ပြေချောမွေ့တယ်ဆိုတာအမြဲ အစဉ်မရှိပါဘူး။ အောင်မြင်ခြင်းတွေ ရှိသလို ရှုံးနိမ့်ခြင်းတွေလည်း ရှိပါတယ်။ ဘဝက ကျနော်တို့ကို အမျိုးမျိုးဆက်ဆံကြပါတယ်။ တစ်ခါတစ်လေ အချိုတွေနဲ့ ဖျားယောင်ပြီးနောက် အခါးကို ရက်ရက် စက်စက် ထည့်ပေးတတ်ကြတယ်။ ဘဝရဲ့မာယာအောက်မှာ ကျနော်တို့တွေ စမ်းတဝါးဝါးနဲ့ လျှောက်နေရတာပါ။ သူပြတဲ့ လမ်းပြ မြေပုံကို နားလည်သလိုဖတ်ပြီး ကိုယ်ထင်တဲ့လမ်းကို ရမ်းလျှောက်နေရတာပါ။ အီရာဖန်ခန်ကတော့ ဘဝကို ခါးစောင်း တင်နေ ကြည့်တာပါ။ ကင်ဆာရောဂါကြောင့်ဘဝကို အရှုံးပေးရတော့မယ့် အခြေအနေမျိုးမှာတောင် သူက Angrezi Medium ရုပ်ရှင်ကားကို ရအောင်ရိုက်ဖြစ်ခဲ့ပါတယ်။ အဲ့ဒိကား အစမ်းကားမပြခင်မှာ သူက သူ့ရဲ့စိတ်ခံစားမှုဆိုင်ရာကိစ္စ ကိုဗီဒီယိုဖိုင်နဲ့ …
တောမီးလောင် ပြီးတော့ ရေတွေကြီးတဲ့ သြစတေးလျှ မနှစ်က တောမီးတွေ လောင်လို့ ရုန်းကန်နေရတဲ့ သြစတေးလျှ နယူဆောက်ဝေးပြည်နယ်က အခုမိုးတွေကြီးပြီး ရေလွှမ်းလို့ တောကောင် ကပ်သင့်နေရပြန်ပြီ။ အခု သူတို့က ရေလွတ်ရာ ကုန်းမြေမြင့်တွေဆီကို ရွေ့ပြောင်း နေရပါတယ်။ နယူဆောက်ဝေးက ကွန်ဂျိုလာကန် အနီးတစ်ဝိုက်က တောမီးတွေရဲ့ လောင်ကျွမ်းမှုကို ခံ ရ ပြီး နောက် မှာ တော့ အခု ရေပြင် ကြီးအောက် ကို ရောက် သွား ပြန် ပြီ။ တောရိုင်းတိရစ္ဆာန်တွေကတော့ ရေနှစ်မြုပ်မယ့် ဘေးကနေကင်းဝေးအောင်လို့ ရုန်းကန်နေရပါတယ်။ ပြင်းတန်တဲ့မိုးတွေ ရွာချတဲ့အတွက် ကန်ကြီးလည်းရေပြည့်လျှံတဲ့အပြင် ကန်ကြီးအနီးတစ်ဝိုက် နယ်ပယ်ဒေသတွေမှာ ရေကြီးရေလျှံဖြစ်နေပါတယ်။ အများပြည်သူတွေကတော့ …
ဇာတ်လမ်းတွဲရိုက်ဖို့ ကမ်းလှမ်းခံရတဲ့ ဇာဇာထက် Sexy မော်ဒယ်အနေနဲ့ ပရိသတ်တွေ သိကြတဲ့ မော်ဒယ် ဇာဇာထက်ကို ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ အတွက် ကမ်းလှမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ မော်ဒယ်ဇာဇာထက်ကို ဇာတ်လမ်းတွဲရိုက်ကူးရန် xxxxx ထုတ်လုပ်ရေးက ကမ်းလှမ်းခဲ့တာဖြစ်ပြီး သူမအနေနဲ့ ရိုက်ကူးရန် ဆုံးဖြတ်ချက် မပြုလုပ်ရသေးကြောင်း ပြောပါတယ်။ ” ဇာတ်လမ်းတွဲရိုက်ဖို့က အစ်မကိုလာကမ်းလှမ်းတာပါ။ဆယ်လီ အများကြီးပါတယ်ပြောတယ်။အစ်မကို ဇာတ်လမ်းတွဲမှာ ထည့်ရိုက်ဖို့ကို meeting လုပ်ပြီးဆုံးဖြတ်ပြီးရင် ပြန်ပြောမယ် ပြောထားတာ။ မနေ့က အကြောင်းပြန်တယ်။ ခေါ်ရိုက်မယ်ပေါ့ ။အစ်မဘက်ကတော့ ရိုက်ဖို့ကို ဇာတ်ညွှန်းတစ်ချက် ကြည့်ရဦးမယ်။အစ်မက ဇာတ်ကားမှာ လုပ်ကွက်ရလား။ဗီလိန်လား၊ ဘယ်လိုဇာတ်ရုပ်ကျမလဲ။ မသိသေးဘူး။ အဲဒီတော့ အဲဒါတစ်ချက်ကြည့်ရဦးမယ်။အစ်မ တစ်ခုပဲစိုးရိမ်တာ။ရှေ့မှာ နမူနာ ယူစရာ …
သမိုင်းသင်ရိုးညွှန်းတမ်းထဲရောက်သွားတဲ့ ကီနူးရိဗ် အမေရိကန်သမိုင်းမှာ မိုးမျှော်တိုက်ပေါ်က နေ့လည်စာ ဆိုတဲ့ဓာတ်ပုံ အထင်ကရရှိခဲ့ပါတယ်။ ၁၉၃၂ ခုနှစ်တုန်းက နယူးယောက်ခ်မြို့ ကို ခောတ်သစ်ပုံစံပြုပြင်ပြောင်းလဲဖို့အတွက် မိုးမျှော်တိုက်တွေ ဆောက်ခဲ့ကြတယ်။ ရော်ကီဖဲလား အဆောက်အအုံ ကြီးကိုဆောက် တော့ အဆောက်အဦး မပြီးခင်မှာ မြေပြင်ကနေ ပေ၈၅၀ မြင့်တဲ့ သံယက်မ တန်းကြီးပေါ်မှာ ရွှေ့ပြောင်း အလုပ်သမားတွေ နေ့လယ် စာ စားနေကြတာကို ဓာတ်ပုံဆရာက မှတ်တမ်းတင်ပြီး မဂ္ဂဇင်း တစ် ခု မှာ ဖော် ပြ ခဲ့ ပါ တယ် ။ ။ အဲ့ဒိသမိုင်းကို ယူကရိန်းက အလယ်တန်း သမိုင်းသင်ရိုးညွှန်းတမ်းထဲမှာ ထည့်သွင်းတော့ နေ့လယ်စားစားနေတဲ့ပုံရယ် ပုံအောက်မှာ …
သင့်ဆီမှာ ရက်လွန် ပစ္စည်းတွေ ရှိနေလား’ ကျွန်မ တို့ လူမျိုး အများ စု ရဲ့ အမူ အကျင့် တစ်ခု ကတော့ ပစ္စည်း တစ်ခုခု ကို မပျက် ယွင်းမ ချင်း သုံးနေ တတ်တာ ပါပဲ ရက်လွန်တာ မလွန်တာ မသိ မပျက် စီးသ၍ မလဲလှယ် တတ်ကြပါ။ ဒါဟား မှားယွင်းတဲ့ အယူ အဆ တစ်ခုပါ။ ။ အချို့ ပစ္စည်းတွေက မပျက်စီး သော်လည်း မကြာ ခဏ လဲလှယ် သင့်တာမျိုး ပါ။ မလဲပဲ ပေတေ အသုံး ပြုမိရင် မလိုလား …
ခွေးလေးကယ်လိုက်လို့ အသက်ရှင်ရတဲ့မိသားစု မီချီဂန်မိသားစုက သူတို့အသက်ကိုကယ်လိုက်တဲ့ ခွေးကလေးကို ကျေးဇူတင်မဆုံး ဖြစ်နေပါတယ်။ ခွေးလေးက အိမ်နောက်ဖေးက မီးဖိုချောင်ကနေ အသက်အန္တရာယ်ဖြစ်စေတဲ့ ကာဗွန်မိုနောက်ဆိုက်တွေ ထွက်နေတာကို သိလို့ သူတို့ကို ဟောင်ပြီးသတိပေးတဲ့ အတွက်ကြောင့်ပါ။ ဒန်နီနဲ့ ဂယ်ရီစမစ်တို့ စုံတွဲမှာ ၁၃နှစ်အရွယ် တယ်ရီယာ ခွေးလေး ရက်စကယ် ရှိပါတယ်။ သူတို့က ခွေကလေးက သူတို့ ကိုကြည့်ကြည့်ပြီး ဟောင်နေတယ်လို့ ပြောပါတယ်။ “ပြီးခဲ့တဲ့အဂါင်္နေ့ကပေါ့ ။ ရက်စကယ်ကို အရင်လိုပဲ လှမ်း ခေါ် တယ်။ ဒါပေမဲ့သူက မ လာ ဘူး။ သူက မီးဖိုချောင်ဖက်ကို ကြည့်ပြီးထိုးဟောင်နေတယ်။ ကျမတို့က တစ်ခုခု ထူးခြားလို့လားဆိုပြီး မီးဖိုချောင်ထဲကို သွားကြည့်ကြတယ်။ …
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ဆိုတာ ၁၈၈၉ခုနှစ် ဖေဖော်ဝါလ ၁၁ရက်နေ့ က ဘီစီ၆၆၀က ဂျပန်နိုင်ငံတည်ထောင်ခြင်း နှစ်ပတ်လည်နေဖြစ်တဲ့အပြင် ဂျပန်အခြေခံဥပဒေကို ပြဌန်းပြီး ဂျပန်ဒိုင်ယက်လွှတ်တော်ကို ဖြစ်တည်စေခဲ့တဲ့နေ့ပါ။ အာရှမှာ ဉာဏ်ပညာအပြည့်စုံဆုံးဆိုတဲ့ မင်းဆက်ကိုပြောပါဆိုရင် ဂျပန်မေဂျီမင်းဆက်လို့ပဲပြောရမှာပါ။ တိုင်းပြည်ကိုပြုပြင်ပြောင်းလဲတဲ့အခါမှာ သွေးမြေမကျစေဘဲ။ အညင်းသာဆုံး ပြောင်း လဲ နိုင် ခဲ့ ပါ တယ်။ ။ ဒီကနေ့အထိလည်း မင်းဆက်ရဲ့ သြဇာက မကျဆင်းသေးပါဘူး။ မေဂျီအခြေခံဥပဒေအရ ၁၈၉၀ နိုဝင်ဘာ၂၉မှာသက်ဝင်ခဲ့ပြီး ၁၉၄၇ မေလ၂ရက်နေ့မှာအသစ်ပြန်လည်ရေးဆွဲခဲ့ပါတယ်။ မေဂျီဘုရင်က အခြေံဥပဒေကိုရေးဆွဲဖို့အတွက် နှစ်၂၀ ကျော်ကြိုးစားခဲ့ပါ တယ်။ သက်ဦးဆံပိုင် ဘုရင်စနစ်နဲ့ ပရက်ရှား အခြေခံ ဥပဒေရယ် ဗြိတိန် အခြေခံ ဥပဒေတို့ကို …
ကေတီပယ်ရီ ကို ဗြိတိန်အာရှယုံကြည်မှုသံတမန်အဖြစ် ခန့်အပ်လို့ အကြီးအကျယ်ဝေဖန်ခံနေရ ကေတီပယ်ရီကို ဗြိတိန်အာရှယုံကြည်မှု သံတမန်အဖြစ်ခံအပ်လိုက်တဲ့အတွက် ဆိုရှယ်မီဒီယာမှာ အကြီးအကျယ်ဝေဖန်မှု အသံတွေညံစီ နေပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က အင်္ဂလန်ဘက်ကင်ဟမ်နန်းတော်က မင်းသားကြီးချားလ်က Dark Horse အဆိုတော်ကေတီပယ်ရီကို အာရှတိုက် ကလေးမှောင်ခိုတိုက်ဖျက်ရေးအတွက် အလှူငွေနဲ့ ပတ်သက်တဲ့ကိစ္စများ လုပ်ကိုင်ဖို့အတွက် သံ တ မန် ခန့် အပ် လိုက် ပါ တယ်။ ။ ကေတီပယ်ရီကို လန်ဒန်မြို့က ဘန်ကတ်တင်းအဆောက်အအုံ မှာပြုလုပ်တဲ့ ညစာစားပွဲကို ကြွရောက်ဖို့အတွက် ဝေးလ်မြို့စားနဲ့ ကွန်းဝဲလ်မြို့စားကတော်တို့က ဖိတ်ကြားခဲ့ပြီး အဲ့ဒိ ညစာစားပွဲမှာပဲ သူမကို သံတမန်အဖြစ် ခန့် အပ် လိုက် တာ …
ကျန်းမာလန်းရွှင်ပြုံးပျော်စေချင်ရင်””” လူ့လောကကြီးထဲမှာ လူသားတိုင်းဟာကန်းမာခြင်း၊ ပျော်ရွှင်ခြင်းစတဲ့သုခတွေကို လိုလားကြတာ အမှန်ပါပဲ။အမြဲလိုလို ကျန်းမာပျော်ရွှင်နေဖို့ဆိုတာတကယ်တော့လွယ်ကူတဲ့အရာမဟုတ်သလို ခက်ခဲတဲ့အရာလည်းမဟုတ်ပါ။လူသားအားလုံးကျန်းမာစွာပျော်ရွှင်နေကြဖို့အတွက် ကျန်းမာစေနိုင်တဲ့ နည်းလမ်းကောင်းလေးတွေကိုသိရှိဖို့တော့လိုအပ်ပါတယ်။ဒါကလည်းတကယ်တော့မခက်ခဲလှပါ။မိမိတို့ရဲ့ နေ့စဉ် အမှူမှတ်မဲ့စွာ လုပ်နေကြတဲ့ အကျင့်ဟောင်းတွေကိုအနည်းငယ်လေးပြောင်းလဲ ပြုပြင်လိုက်ဖို့ပါပဲ။ ကိုယ်အလေးချိန်ထိန်းပါ””’ မိမိတို့ရဲ့ကိုယ်အလေးချိန်ကို ပုံမှန်ထိန်းထားနိုင်တာကြောင့် အဆစ်တွေအပေါ်ကုဖိအားသက်ရောက်မှူနည်းပါးစေပါတယ်။နှလုံးအပေါ်မှာလည်းဖိအားလျော့နည်းစေပါတယ်။ကင်ဆာဖြစ်ပွားနိုင်ချေကိုလည်းသက်သာစေပါတယ်။သင်အသက်အရွယ်ကြီးလာပြီဆိုပါကသင့်ရဲ့ဇီဝရုပ်ဖြစ်ပျက်မှူလျော့ပါးလာပြီး ကြွက်သားတွေဆုံးရှူံးလာတာမို့ ပရိုတင်းဓာတ်ရရှိအောင် အဆီနည်းသည့်အသားများ၊ တူနာငါး၊ ပဲအမျိုးမျိုးတို့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ဟင်းသီးဟင်းရွက်၊ ကောက်နှံတစ်ခုလုံးပါဝင်စာ၊ ကွေကာ၊သစ်သီးဝလံ စတာတွေကို စားသုံးပေးရမှာဖြစ်ပါတယ်။ ကိုယ်အလေးချိန်ပုံမှန်ဖြစ်ဖို့””’ သင့်အနေနဲ့ အသက်အရွယ် ကြီးလာပြီဆိုရင် ကိုယ်အလေးချိန်တက်ဖို့ဆိုတာအလွန်ပင်ခဲယဉ်းလာပါတယ်။ကိုယ်အလေးချိန် လျော့နည်းခြင်းကြောင့် သင်သည် အအေးမိဖျားနာသည့်အခါ ပျောက်ကင်းရန် ခဲယဉ်းခြင်း ထိခိုက်ဒါဏ်ရာရသည့်အခါ အမြန်ပြန်ကောင်းဖို့ခက်ခဲခြင်းစတာတွေဖြစ်တတ်ပါတယ်။ဒါကြောင့် သင်အသက်အရွယ်ရလာပြီဆိုရင်တစ်နေ့ကို ကျန်းမာရေးနဲ့ညီညွတ်မဲ့ ထမင်း အနပ်ကြီးသုံးနပ်စားသင့်ပါတယ်။တစ်နပ်နဲ့တစ်နပ်အကြားမှာလည်းကျန်းမာရေးကိုအထောက်အကူပြုမဲ့အစာပြေစာကို စားသုံးသင့်ပါတယ်။ကိုလက်စထရောတက်စေမဲ့အစာများကိုတော့ အ တတ် နိုင် ဆုံး …
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | 5 | ||
6 | 7 | 8 | 9 | 10 | 11 | 12 |
13 | 14 | 15 | 16 | 17 | 18 | 19 |
20 | 21 | 22 | 23 | 24 | 25 | 26 |
27 | 28 | 29 | 30 | 31 |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |