ဖေဖော်ဝါရီလ ၁၅ရက်နေ့ဆိုတာ ၃၉၉ ဘီစီ မှာ အနောက်တိုင်း ဒဿနပညာကို တည်ထောင်ခဲ့သူ ဆိုကရေးတီးကို အေသင်အာဏါပိုင်တွေက အေသင်နိုင်ငံသားတွေကို မှားယွင်းတဲ့ စာရိတ္ထတွေကို အားထုတ်အောင် လှုံ့ဆော်မှုနဲ့ သေဒဏ်ပေးပါလိုက်။ အဆိပ်ခွက်ကို သောက်လိုက်ပြီးတဲ့နောက်မှာ ဆိုကရေးတီးကို အာဏါပိုင်တွေက လမ်းလျှောက်ခိုင်းပါတယ်။ သူက တဖြည်းဖြည်းချင်းထပြီး အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေပါတယ်။ အဆိပ်က ကိုယ်ခန္တာထဲကို တော်တော်နဲ့ ပြန့်နှံ့မလာပါဘူး။ သူက သူပြောလိုတဲ့စကားတွေကို အနားမှာရှိတဲ့ ခရစ်တိုကို မှတ်ခိုင်းနေတယ်။ ထုံစံအတိုင်း သူမှတ်ချွတ်ရေးသားတတ်သူမဟုတ်တော့ တပည့်တွေကို သူ့ရဲ့မိန့်မှာချက်နဲ့ ဒဿနတွေ ကိုပြောနေခဲ့ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ သူက ခြေလက်တွေကို မသယ်ချင်လောက်အောင်ကို ထုံကျင်လာတယ်။ ခြေထောက်တွေ တရွတ်ဆွဲ ပြီး လျှောက်နေရင်းက …
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ဆိုတာ ၂၀၀၅ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ က အမေရိကန်လူငယ် သုံးဦးက ကယ်လီဖိုးနီးယား ပြည်နယ် ဆန်ဘရူနိုက ရုံးချုပ်ကနေ ပြီးတော့ အွန်လိုင်းပေါ်ကို ဗီဒီယိုဖိုင် တွေကို ရှယ် ( ဝေမျှ ) လို့ရအောင် ပလက်ဖောင်း တစ်ခု စပြီး တင်လိုက်တဲ့ နေ့ပါ ။ paypal က ဝန်ထမ်းသုံးဦး ဖြစ်တဲ့ ချက်ဟာလေ ၊ စတိချန် နဲ့ ဂျဝက်ကာရင် တို့က ယူကျူ့ ( youtube ) ကို ဖန်တီးပြီး ဗီဒီယိုဖိုင်တွေကို လက်ဆင့်ကမ်းလို့ ရအောင် ပြုလုပ်ခဲ့ …
ဗယ်လင်တိုင်းဒေးမှာ ကိုရီးယားသူတွေရဲ့ အသဲကို ခိုးသွားတဲ့ ဂျီမင် ကိုရီးယားဘိုး က ပြုလုပ်တဲ့ ဆာဗေးတစ်ခုမှာ တောင်ကိုရီးယားက ကောင်မလေးတွေရဲ့ အသဲနလုံးတွေကို ဘီတီအက်စ် အဆိုတော် တစ်ဦးဖြစ်တဲ့ ဂျီမင်က ခိုးယူသွားပါတယ်လို့ ဖော်ပြ ပါရှိပါတယ်။ ဆာဗေးက ဗယ်လင်တိုင်းဒေးမှာ ဘယ်သူ့ကို ချောကလက် ပေးချင် သလဲလို့ မေးခွန်းကို အွန်လိုင်းပေါ်တင်ပြီး ဆန္ဒပြုခိုင်းပါတယ်။ အဲ့ဒိမှာ ကေပေါ့က နာမည်ကြီး ဘီတီအက်စ် ဝိုင်းက အဆိုတော် သီချင်းရေးသမားလေး ဂျီမင်ကို ဗုတ်တင် ဝိုင်းပေးလိုက်လို့ နံပါတ်တစ် ပျိုတိုင်းကြိုက်တဲ့ နှင်း ဆီ ခိုင် နေ ရာ ကို ရ ခဲ့ ပါ တယ် …
အကျပိုင်းကို ရောက်လာတဲ့ ရှရွတ်ခန် ရုပ်ရှင်ပြန်ရိုက်တော့မယ့် ၂၀၁၈ ခုနှစ် Project zero ရုပ်ရှင်ရိုက်ပြီး နောက်ပိုင်း ဘယ်ရုပ်ရှင်ကုမ္ပဏီနဲ့မှာစာချုပ်မချုပ်တော့တဲ့ ဘောလီးဝုဒ်က မင်းသားကြီး ရှရွတ်ခန်က ရုပ်ရှင်ပြန်ရိုက်တော့မယ်လို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ရုပ်သံ အင်တာဗျူးတစ်ခုမှာ ဖြေဆိုလိုက်ပါတယ်။ တစ်နှစ်ကျော်ကြာပြီမို့လို့ ရှရွတ်ခန်ရဲ့ ပရိသက်တွေနဲ့ မီဒီယာတွေက သူ့ရဲ့ကားသစ် ထွက်ဖို့ အရေးကို မျှော်လင့်နေကြပါတယ်။ အခုတော့ သူက ရုပ်ရှင်ပြန်ရိုက်တော့မယ်ပြောလို့ အား လုံး သက် ပြင်း ချ နိုင် ကြ ပါ ပြီ ။ ၂ယောက်တွဲရိုက်တဲ့ ဒါရိုက်တာ ရက်ဂ်ျ နဲ့ ခရစ်ရှနား ဒီကေတို့ကို ရုပ်ရှင်ကုမ္ပဏီတွေက ဇာတ်လမ်းအပ်ထားပါတယ်။ …
ချစ်သူများ နေ့ နဲ့ပါတ်သက်ပြီး လှနုထွန်း ဘယ်လိုပြောသွားလဲ မေး-အခုဆိုရင် ချစ်သူများနေ့ ရောက်တော့မယ်ဆိုတော့ အမရဲ့ချစ်သူများနှင့်အမှတ်တရအကြောင်းသိချင်တယ်။ ဖြေ- လှနုတို့ စပြီး ကြိုက်တာ 2002 Valentineအချိန်မှာ စကြိုက်တာပေါ့။ ဒါပေမယ့်လှနုတို့ လျှောက်လုံးမှာ anniversaryက ၂ခုရှိတယ်။ လှနုတို့ စကြိုက်တဲ့ valentine day ရယ်။ နောက်ပြီးအိမ်ထောင်ပြုတဲ့ new year ပေါ့။ ဒီနှစ်မှာလှနု စိတ်လှုပ်ရှားတာကတော့ လွန်ခဲ့တဲ့လက လှနုအမျိုးသားက ဂျပန်ကို best bucket အနေနဲ့ ပေါ့ ။ လှနုကျတော့ tour နဲ့ သွားမယ် ။ အဲ့တော့လှနုက သူရောက်ခဲ့တဲ့နေရာ သူခြေချခဲ့တဲ့နေရာ လေးတွေကို လှနုသွားရမယ်ဆိုတဲ့ ခံစားချက်က …
ဖေဖော်ဝါရီ သူရဲကောင်းမှတ်တမ်း ၂၀၂၀ ဖေဖော်ဝါရီမှာ သူရဲကောင်း၂ဦးကိုဂုဏ်ပြုဖို့အတွက် ဒီစာကိုရေးလိုက်ပါတယ်။ အများအတွက် ကိုယ်ကျိုးမဖက်ဘဲ အသက်ကို စွန့်ပြီး ကယ်တဲ့နိုင်ခဲ့တဲ့သူတွေပါ။ တစ်ယောက်က ၀ူဟန်မြို့က ဆရာဝန်တစ်ယောက်ဖြစ်ပြီး တစ်ယောက်က ထိုင်းက ကျောင်းသား လေး တစ်ယောက်ပါ။ လေးစားလောက်တဲ့စိတ်ဓာတ်ပိုင်ရှင်တွေပါ။ အာတီဗာ(၁၈နှစ်) ။။ ထိုင်းနိုင်ငံကစစ်သားတစ်ယောက်က စိတ်ရှုးပေါက်ပြီး စစ်တပ်ထဲက ကိုယ့်အရာရှိကိုသတ်ကာ အရပ်သား တွေရှိတဲ့ စူပါမားကပ်ထဲလာပြီး သေနတ်နဲ့ အပြစ်မဲ့အရပ်သားတွေကိုသတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်က ဖေဖော်ဝါရီလ၈ ရက်နေ့က ဖြစ်ခဲ့ ပါတယ်။ စုစုပေါင်း လူ၃၀ သေပြီး ၅၈ဦးဒဏ်ရာရခဲ့ပါတယ်။ အဲ့ဒိဖြစ်စဉ်မှာ ၁၈ နှစ်သား ကောင်လေးတစ်ယောက်က လူ ၈ဦးရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ နက်ကွန်ရက်ချာစီးမားက တာမီနယ်၂၁ …
ချစ်သူများနေ့မှာ မပေးသင့်တဲ့လက်ဆောင်(၇)မျိုး ချစ်သူများနေ့ရောက်ပြီဆိုတာနဲ့ ချစ်တတ်သူများအတွက် စိတ်လှုတ်ရှားစရာကောင်းသလောက် မချစ်တတ်သူများကတော့ အပြစ်စကား တွေဝေစီနေတဲ့နေ့ပါပဲ။ ချစ်သူများနေ့မှာ ချစ်တတ်တဲ့သူ အချင်းချင်း အမြတ်တနိုး တန်ဖိုးထားစရာလေးတွေကို အပြန်အလှန် လက်ဆောင်ပေးတဲ့အခါမှာ သတိထားသင့်တဲ့ အရာလေးကို ပြောပြချင်လို့ပါ။ ချစ်သူများနေ့လက်ဆောင်ပေးတဲ့သူတွေထဲမှာ ချစ်စ ခင်စတွေ ရယ် ချစ်ဆုံး ခင်ဆုံးတွေက ပိုပြီးသဲသဲလှုတ်ပါတယ်။ အဲ့တော့ ရှောင်သင့်တာတွေ ရှောင်ရအောင်လို့။။ ၁။ ကိုယ်ပိုင်နာမည်နဲ့ ရေမွှေးတွေ လက်ဆောင်မပေးနဲ့ ။ ဘယ်မင်းသား ဘယ်မင်းသမီး တွေရဲ့ နာမည်နဲ့ ရေမွှေးတွေကို လက်ဆောင်မပေး တာအကောင်းဆုံးပဲ။ သိတယ်မဟုတ်လား ။ကောက်စရာမရှိရင် ကြံဖန်ကောက်တတ် တဲ့ မိန်းကလေးမျိုးဆိုရင် အဲ့တာက ကောက်စရာဖြစ် သွားလိမ့်မယ်။ တိုတတ်တဲ့ ဘဲတွေ …
အိမ်သာထိုင်ခုံထက် ၁၀ဆ ပိုညစ်ပတ်တဲ့ ဟန်းဖုန်း မြို့ထဲကို လိုင်းကားစီးလာရင် မက်စ်တပ်ထားတဲ့ သူတွေ တစ်နေ့တခြား ပိုများလာတာကိုတွေ့ရပါတယ်။ လူတွေက ကျန်မာရေးနဲ့ပတ်သက် လာရင် ပိုပြီး သတိထားလာကြတယ်ပိုပြီး ဂရုစိုက်လာကြတယ်ဆိုတာကိုပြနေတာပါပဲ။ အခုလို နိုင်ငံခြားမှာဖြစ်နေတဲ့ ဝူဟန်ထူးဆန်း တုတ်ကွေး ရောဂါရော ပုံမှန်ဖြစ်လေ့ရှိတဲ့ တုတ်ကွေးရောဂါတွေရော ကာကွယ်ဖို့အတွက် မက်စ်တွေ တပ်ထားကြတာ ကောင်းပါတယ်။ အသက်ရှုလမ်းကြောင်းကနေ တစ်ဆင့်ကူးနိုင်တဲ့ ရောဂါပိုးတွေကို တတ်နိုင်သလောက် တားဆီးထားတာပါ။ ရောဂါပိုးတွေ ကိုယ်တွင်းကို မဝင်ရောက်ဖို့ အခြေခံ နည်းလမ်းတွေ က တော့ လက် ဆေး တာ ပါ ပဲ ။ လက်ကို မကြာခဏ ဆေးပေးတာက ပတ်ဝန်းကျင်က မျက်နှာပြင်တွေကို …
ဖေဖော်ဝါရီလ ၁၂ရက်နေ့ဆိုတာ ၁၉၁၂ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့က တရုတ်နိုင်ငံ တန်မင်းဆက်နန်းစွန့်တဲ့ နေ့ပါပဲ။ တရုတ်နိုင်ငံရဲ့ နောက်ဆုံးမင်းဆက်ရဲ့ ပဒေသရာဇ် အာဏါ ကုန်ဆုံးပြီး တရုတ်နိုင်ငံကို နိုင်ငံရေးပုံစံသစ်တစ်ခုထဲကို ရောက်ရှိသွားစေတဲ့နေ့ပါပဲ။ ဒေါက်တာဆွန်ယက်ဆင် ဦးဆောင်တဲ့ သမ္မတနိုင်ငံတော် တော်လှန်ရေးတပ်သားတွေက တန်မင်းဆက်ကို နန်းစွန့်ဖို့အတွက် ဖိအားပေး စွန့်ခိုင်းတာပါ။ပြီးတော့ ပြည်နယ်အစိုးရကို တည်ထောင်ပြီး သက်တမ်း ၂၀၀၀ကျော်တည်ရှိခဲ့တဲ့ အမျိုးမျိုးသော ပဒေသရာဇ် မင်းဆက်တွေထဲက နှစ်ပေါင်း ၂၆၀ကျော်တည်တန့်ခဲ့တဲ့ မန်ချူးမင်းဆက်ရဲ့ အာဏါကို အပြီးတိုင် အနားပေးလိုက်တာပါ။ ၁၉၀၈ခုနှစ်မှာ ဦးရီးတော် ကွန်ဆူ ဘုရင် နတ်ရွာလားလို့ ဘုရင်သစ် ပူရီက နန်းတက်ခဲ့ပါတယ်။ အုပ်ချုပ်ရေးကိစ္စတွေကိုသင်ယူရင်နဲ့ သူ့ရဲ့ နန်းဆက်ကို အသက်သွင်းခဲ့ပါတယ်။ဒါပေမဲ့ နန်းသက်၃နှစ်အကြာ …
Parasite မွေတဲ့မီး တောင်ကိုရီးယား အွန်လိုင်းပေါ်မှာလောင်နေပြီ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့က ဟောလီးဝုဒ်မှာ အော်စကာဆု ၄ဆုကို သိမ်းယူခဲ့တဲ့ ဒါရိုက်တာ ဘွန်ဂျွန်ဟို ရိုက်တဲ့Parasite ရုပ်ရှင်ကားကြောင့် တောင်ကိုရီးယား အွန်လိုင်းပေါ်မှာ တိုက်ပွဲတွေပြင်းထန်နေခဲ့ပါတယ်။ ဗရွတ်ရွှတ်တ ပြက်လုံးတွေနဲ့ အဲ့ဒိ ရုပ်ရှင်ကားက ချမ်းသာတဲ့ပတ်ခ် မိသားစုနဲ့ ဆင်းရဲတဲ့ ကင်မ်မိသားစု ၂စုကို အခြေခံပြီးရိုက်ထားတာပါ။ အာရှတိုက်ရဲ့ စတုတ္ထမြောက် စီပွားရေးအင်အား အကြီးဆုံးနိုင်ငံက လူတန်းစားမညီမျှမှုကို ရောင်ပြန်ဟတ်စေတဲ့ရုပ်ရှင်ပါ။ အင်္ဂလိပ်စကားပြောမဟုတ်တဲ့ ရုပ်ရှင်ကားတစ်ကားက အကောင်းဆုံးဇာတ်ကားအဖြစ် အော်စကာဆုရလိုက်တော့ သမိုင်းဝင်သွားတဲ့အပြင် ကိုရီးယားမီဒီယာ တွေမှာလည်း အကြီးအကျယ် အောင်ပွဲခံလိုက်ရတဲ့ ရုပ် ရှင် ဖြစ် သွား ပါ တယ်။ ဇာတ်ကားကပေးတဲ့ …
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | 5 | ||
6 | 7 | 8 | 9 | 10 | 11 | 12 |
13 | 14 | 15 | 16 | 17 | 18 | 19 |
20 | 21 | 22 | 23 | 24 | 25 | 26 |
27 | 28 | 29 | 30 | 31 |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |