မပျံနိုင်တဲ့ငှက်နဲ့ မသွားနိုင်တဲ့ခွေး မိတ်ဆွေဖွဲ့ ကြပြီ နယူးယောက်ခ် တိရစ္ဆာန် ကယ်ဆယ်စောင့်ရှောက်ရေးအဖွဲ့ တစ်ဖွဲ့က ကယ်တင်ထားတဲ့ လမ်းမလျှောက်နိုင်တဲ့ ခွေးလေးတစ်ကောင်နဲ့ မပျံသန်းနိုင်တဲ့ ခိုတစ်ကောင်က မိတ်ဆွေဖွဲ့နေကြတဲ့ အဖြစ်ကို အဲ့ဒိအဖွဲ့က လိုင်းပေါ်တင်ထားပါတယ်။ နယူးယောက်ခ် မီယာ တိရိစ္ဆာန်ကယ်ဆယ်ရေး ဖောင်ဒေးရှင်က ဒုက္ခိတအကောင်ငယ်လေးတွေကို အသက်ရှင်ခွင့်ရအောင် ကူညီ စောင့်ရှောက်ပေးနေတဲ့ အဖွဲ့ပါ။ သူတို့က မွေးရာပါ ဒုက္ခိတ အကောင်တွေနဲ့ အကြောင်းတစ်စုံတစ်ရာကြောင့် ဒုက္ခိတဖြစ်သွားတဲ့ အကောင် ငယ်လေးတွေ ကို ဂေဟာဖွင့်ပြီးကျွေးမွေး စောင့်ရှောက်နေတာပါ။ မြောက်ကယ်ရိုလိုင်းနားက မိသားစုတစ်ခုက ခြေမသန်တဲ့ ချီဟွားဟွား ၂လသားအရွယ် ခွေးပေါက်ကလေးကို လမ်းဘေးမှာ စွန့်ပစ်ခဲ့ပါတယ်။ မီယာအဖွဲ့က လမ်းဘေးမှာ အစာငတ်နေတဲ့ ခွေးလေး ကို …
သင် ပင်ပန်းနွမ်းနယ် နေလား ပင်ပန်းနွမ်းနယ်ခြင်းကို သင်ခံစား နေရ ပါသလား ။ သင့်ရဲ့ ခန္ဓာကိုယ်ကို မသယ်ပိုးချင် လောက်အောင် အားအင် ချိနဲ့ နေသလိုမျိုး ဖြစ်နေ တာဟာ သင့်မှာ အကြောင်းရင်း တစ်ခုခု ရှိနေပြီဆိုတာ သိလိုက်ပါ ။ ရိုးရိုးရှင်းရှင်း အိပ်ငိုက်ခြင်းမျိုးနဲ့ မတူအောင် မလှုပ်ရှားချင် စိတ်တက်ကြွခြင်း မရှိ နွမ်းနယ်ခြင်းများ ခံစားနေရပြီ ဆိုရင် အကြောင်းရင်းကို သိဖို့ ကြိုးစားကြည့်ပါ ။ နေ့စဉ် ဘဝထဲမှာ မိမိရဲ့ လှူပ်ရှား နေထိုင် စားသောက်မှု ပုံစံတွေကြောင့် ဖြစ်လာရတဲ့ နွမ်းနယ်မှုကို သိရှိစေဘို့ အချက် အချို့ကိုဖော်ပြပေး လိုက်ပါတယ် ။ …
Fashion ကျကျ ဆယ်ကျော်သက်ဘဝ””’ ရင်ခုန်တတ်စ အရွယ် ဆယ်ကျော်သက် လေးတွေဆိုတာ အသစ်အဆန်းများအပေါ် စိတ်ဝင်စားပြီး Fashion အလန်းလေးတွေ အပေါ် ရင်ခုန် စိတ်လှူပ်ရှားကြတာမို့ သူတို့လေးတွေအတွက် fashion ရေစီးကြောင်းထဲ က လိုက်ဖက်ညီ ဟာမိုနီ ကျမဲ့ fashion လေးတွေကို ပြောပြချင်ပါတယ်။ fashion နဲ့ ပတ်သက်ရင် စည်းမျဉ်းစည်းကမ်းတွေ မရှိပေမဲ့ သူ့အရွယ် နဲ့ သူလိုက်ဖက်ညီအောင် ဝတ်ဆင်မှသာ ဆွဲဆောင်မှူ ရှိတဲ့ မိန်းမသား ဘဝကို ရမှာဖြစ်တယ်လေ။ ဒီဇိုင်းမျိုးစုံ ကာလာမျိုးစုံ ကို အလွယ်တကူ ဝယ်ယူလို့ ရနေပြီ ဖြစ်တဲ့ ခေတ်ထဲမှာ ဆယ်ကျော်သက် အရွယ်တွေ နဲ့ လိုက်ဖက်တဲ့ …
ကြောင်တောင်တောင် အနိုင်ဆုံး မှောင်ခိုပစ္စည်းများ အမေရိကန် နယ်စပ်ကုန်စည်စစ်ဆေးရေးစခန်းတွေမှာ မူးယစ်ဆေးဝါတွေ မှတ်ပုံတင်အတုတွေ ကုန်ပစ္စည်းအတုတွေနဲ့ တရားမ၀င် ကုန်ပစ္စည်းတွေကို ဖမ်းဆီး အရေယူနေတဲ့ကြားက ငိုအားထက် ရီအားသန်ဖို့ကောင်းတဲ့ ကြောင်တောင်တောင် မှောင်ခိုပစ္စည်းတွေကို ဖမ်းဆီးရမိပါတယ်။ဖောက်စ်သတင်းဌာနက အဲ့ဒိအကြောင်းကို တင်ဆက်သွားပါတယ်။ ၁။ခို အရှင်များ ။။အသက်၂၃နှစ်အရွယ် သြစတေးလျှ သားတစ်ယောက်ကို လေယာဉ်ကွင်းမှာ မသင်ကာလို့ စစ်ကြည့်တာ သူ့ရဲ့အိတ်ထဲက အစားအစာထည့်တဲ့ဗူးထဲမှာ ခိုဥ၂လုံးတွေ့ရပါတယ်။ အဲ့ဒါနဲ့ သူ့ရဲ့ အ၀တ်အစားတွေ ချွတ်ကြည့်တော့ ခြေသလုံးမှာ စာအိတ်နဲ့ထုတ်ထားတဲ့ခိုအရှင် ၂ကောင်ကို တိပ်နဲ့ ပတ်ထားတာကိုတွေ့လိုက်ရတယ်။ ဒါအပြင် သူ့ခါးပတ်မှာ ခုတုခုတုဖြစ်နေလို့ ခွဲကြည့်တာ ခရမ်းမျိုးစေ့တွေကိုဖမ်းဆီးရမိလိုက်တယ်တဲ့။ ၂။ အီဂျစ် မမ်မီ အ၀တ်စ။။မစ်ချီဂန်က အရာရှိတွေကတော့ ဆိပ်ကမ်းမှာ …
ဥရောပဝင်ခွင့် တစ်နေရာအတွက် နီးစပ်လာတဲ့မန်ယူ ပြီးခဲ့တဲ့ တနလာင်္နေ့ညက ချယ်ဆီးအသင်းကို ၂-၀ ဂိုး နဲ့ နိုင်လိုက်တဲ့အတွက် မန်ယူအသင်းက လာမည့်နှစ် ဥရောပပြိုင်ပွဲ ဝင်ခွင့် တစ်နေရာ နဲ့ နီးစပ်သွားပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ်ဇယားမှာ ၂၆ ပွဲ ကစားထားပြီး ၃၈ မှတ် နဲ့ အဆင့် ၇ နေရာမှာရပ် တည်နေပါ တယ်။ အဆင့် ၄ နေရာက ချယ်လ်ဆီး နဲ့ ၃ မှတ်သာ ကွာပြီး နောက်ပွဲတွေ အလားအလာကော င်းပါက ယူရိုပါလိဂ် အပြင် ချန်ပီယံ လိဂ် ဝင်ခွင့်တစ်နေရာ ရနိုင်ပါတယ်။ နောက်တစ်ချက်က ဇယားမှာ နံပတ်၂ …
ကင်ဂျုံအန်က မြင်းသရဲဆိုတာ ရုရှား အကောက်ခွန် အချက်အလက်တွေမှာပါ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က မြင်းဆိုရင် သရဲမရဲ ဖြစ်တတ်ကြောင်း နဲ့ နှင်းပြင်ကြီးပေါ်မှာ မြင်းစီးရတာကို အလွန် နှစ်ခြိုက်ကြောင်း ရုရှား အကောက်ခွန် ဌာနကအချက်အလက်တွေအရ သိရပါတယ်။သူ့ကို စီးပွားရေးပိတ်ဆို့ထားတဲ့အခါတုန်းက တောင် မြင်းကောင်းတယ်ဆိုရင် ပွဲစားတွေက တစ်ဆင့် ကြိုက်ဈေးပေးဝယ်ပါတယ်။ ရုရှားပွဲစားအများစုက လွန်ခဲ့တဲ့ ၁၀စုနှစ် အတွင်းက နိုင်ငံတကာမှာ မြင်းကောင်း တွေ လိုက်ဝယ်ဖူးပါတယ်။ အဲ့တုန်းက ဘာအကြောင်းမှန် မသိခဲ့ကြပေမဲ့ ရုရှားက မြင်းမျိုး သန့်သန့်တွေကို မြောက်ကိုရီးယားကို တင်သွင်းခဲ့တာပါ။ အဲ့ဒိတုန်းက စာရင်းအချို့အရ မြောက်ကိုရီးယားက မြင်းဖိုးချည်းပဲ သက် သက် ဒေါ်လာ၅သိန်းဖိုး လောက်သုံးခဲ့ပါတယ်။ အဲ့ဒါ …
သျှောင်နောက်မလိုက်ချင်တဲ့ ဆံထုံး ဒီပီကာ မြန်မာ့ ဆိုရိုးမှာတော့ သျှောင်နောက် ဆံထုံးပါ ဆိုတာပဲ ရှိပါတယ်။ ခင်ပွန်းသည် ဖြစ်သူနောက်ကို ဇနီးသည် က လိုက် နေရတာကို ရည်ညွှန်းပြီး အမျိုးသားတွေ ရဲ့အမှတ်အသား ဖြစ်တဲ့ သျှောင် နဲ့ အမျိုးသမီးတွေ ရဲ့ အမှတ်အသား ဖြစ်တဲ့ ဆံထုံး ကိုတင်စားပြီး သျှောင်နောက် ဆံထုံးပါလို့ ပြော ကြ တာ ပါ။ ။ တကယ့် လက်တွေ့ မှာကတော့ ဖြစ်ချင် သလို ဖြစ်နေတာပါ။ ဆံထုံးနောက်ကို လိုက်နေရတဲ့ သျှောင်တွေ လည် ရှိ ပါ တယ်။ ဘောလီး ဝုဒ် စတား …
နေရောင်ခြည် စွမ်းအင်သုံး အမြင့်ပျံ လေယာဉ် BAE ကတီထွင်နိုင်ခဲ့ ဗြိတိန်လေကြောင်းစနစ် ( BAE) က ဖေဖော်ဝါရီလ ၁၇ရက်နေ့က နေရောင်ခြည်စွမ်းအင်သုံး လူမဲ့လေယာဉ်တစ်စင်းကို တီထွင်ပြီး သြစတေးလျှမှာ စမ်းသက် မောင်းနှင်းနိုင်ခဲ့ပါတယ်။ အဲ့ဒိလေယာဉ်က လေထဲမှာ အနည်းဆုံး ၁နှစ်အထိ နေနိုင်တယ်လို့ ဆိုတယ်။ PHASA-35 (ဖာဆာ-၃၅) လို့အမည်ရတဲ့ စမ်းသက်လေယာဉ်က တောင်ပံမျာရှိတဲ့ ဆိုလာပြားတွေကြောင့် အမြင့်ကို ပျံနိုင်တဲ့ လေယာဉ်ဖြစ်ပြီး ကမ္ဘာမြေပြင်အထက် မိုင် ၃၀ ကျော် စထရာတိုစဖီးယားအလွှာ အထိ တက်နိုင် ပါတယ်။ လေယာဉ်ပေါ်က ဘတ်ထရီတွေရဲ့ သက်တမ်းအရ လေပေါ်ကို တစ်ခါတက်ပြီးရင် အနည်းဆုံး ၁ နှစ် တိတိ …
သင့်သက်တမ်းမှာ””” လူတိုင်း လူတိုင်းဟာ မိမိတို့ နေထိုင်ခွင့် ရှိနေသမျှ သက်တမ်းမှာ ကျန်းမာခြင်း ပျော်ရွှင်ခြင်းတွေ နဲ့ သာ တည်ဆောက် နေထိုင်ချင်ကြတာ သဘာဝပါ။ သို့သော်လည်း မိမိတို့ရဲ့ စားသောက်နေထိုင် မှူကို ဆင်ချင်ဖို့ ဂရုပြုဖို့ ကိုတော့ မေ့လျော့ နေကြ သူချည့်ပင် မဟုတ်ပါလား။ သင့်အနေနဲ့ နေထိုင်သမျှ သက်တမ်းတစ်လျှောက်မှာ ကျန်းမာ ပျော်ရွှင်စွာ ရှိနေဖို့ အများကြီး ကျင့်ကြံဖို့ မလိုပါ ။ ကြည့် ကြည့် ကြ ပါ စို့….။ ဟင်းသီး ဟင်းရွက် စားပါ””’ ဟင်းသီး ဟင်းရွက်များမှာ အမျှင်ဓာတ်ဗီတာမင် နဲ့သတ္ထုဓာတ်တွေ များစွာပါဝင်တာမို့နာတာရှည်ရောဂါများ မဖြစ်ပွားအောင် ကာကွယ် …
ကမ္ဘာ့ရာသီဥတုပြုပြင်ဖို့အတွက် ဂျက်ဖ် ဘီဇော့က၁၀ဘီလီယံလှူမယ် အွန်လိုင်းမာကတ် ဆရာကြီး အမေဇုံရဲ့ စီအီးအို ဂျက်ဖ်ဘီးဇော့က ကမ္ဘာ့ရာသီစည်းချက်ပျက်ပြားနေမှုကို ပြုပြင်ရန်အတွက် ကန်ဒေါ်လာ ၁၀ ဘီလီယံ (ကုဋေ ၁၀၀၀) လှူဒါန်းမယ်လို့ကြေညာလိုက်ပါတယ်။ ဘီးဇော့က သူ့ရဲ့ အင်စတာဂရမ်မှာ ဘီးဇော့ ကမ္ဘာ့ရန်ပုံငွေအဖွဲ့ တည်ထောင်ပြီး ကမ္ဘာ့ရာသီပြောင်းလဲမှုကိုတိုက်ဖို့အတွက် လက်ရှိလုပ်နေတဲ့ လုပ်ငန်းစဉ်တွေကို တိုးမြှင့်ဖို့နဲ့ နည်းလမ်းသစ်ရှာဖွေဖို့အတွက် သူ့ရဲ့ ပိုက်ဆံတွေကို အသုံးပြုတော့မယ်လို့ ကြေညာပါတယ်။ “ဒီတစ်ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းအတွက် သိပ္ပံပညာရှင်တွေ လှုံ့ဆော်သူတွေ NGOတွေ အတွက် ရန်ပုံငွေ တည် ထောင် ပေး ပါ မယ်။ ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး တွေ ထိန်းသိမ်းမှုတွေ ကိုလုပ်တဲ့ ဘယ်လို ကြိုးပမ်းအားထုတ်မှုတွေအတွက်မဆို …
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | 5 | ||
6 | 7 | 8 | 9 | 10 | 11 | 12 |
13 | 14 | 15 | 16 | 17 | 18 | 19 |
20 | 21 | 22 | 23 | 24 | 25 | 26 |
27 | 28 | 29 | 30 | 31 |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |