ရွှေဖရုံသီးနဲ့ ကျန်းမာရေး သင်နေ့စဉ် အစားအစာများထဲမှာ ရှိနေတဲ့ ရွှေဖရုံသီးဟာ ကျန်းမာရေးကို ဘယ်လောက် အထိအကျိုးပေးတယ် ဆိုတာ သင်သိပါရဲ့လား ။ ရွှေဖရုံသီးမှာ ဗီတာမင် နဲ့ သတ္ထုဓာတ်တွေ အပြင်အမျှင်ဓာတ် ၊ အင်တီအောက်ဆီဒင့်တွေ အပြည့်အဝ ပါဝင် နေပါတယ် ။ ရွှေဖရုံသီးဟာကျန်းမာရေးအတွက် အလွန် သင့်တော်တဲ့ သီးနှံ တစ်မျိုး ဖြစ်ပါတယ် ။ ရွှေဖရုံသီး နဲ့ ကျန်းမာရေး ဆက်စပ်နေပုံကို ဖော်ပြပေးချင် ပါတယ် ။ ဗီတာနဲ့ သတ္ထုဓာတ် ရွှေဖရုံသီးမှာ ဗီတာမင်နဲ့ သတ္ထုဓာတ်များစွာ ပါဝင် ပါတယ် ။ ရွှေဖရုံသီးအရောင် တောက်ပလေလေ ကျန်းမာရေးကိုလည်း ပိုမို အကျိုးပြုလေလေ …
ကိုရီးယားဆယ်လီ၂ဦး လန်ဒန်ဖက်ရှင်ရှိုးပွဲ တက်ဖို့ အပိတ်ပင်ခံလိုက်ရ တောင်ကိုရီးယားက ဆယ်လီ၂ဦး ဖြစ်တဲ့ six flying dragon ထဲက မင်းသား ယိုအာအင် နဲ့ it’s OK that’s love ထဲက မင်းသမီး ဂေါင်ယိုဂျင် တို့ကို လန်ဒန်မြို့မှာ ကျင်းပမယ့် နာမည်ကြီးဖက်ရှင်ရှိုးပွဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခံရပြီးမှ ကိုဗစ်-၁၉ ရောဂါ ပြန့်နှံ့ကူးစက်မှာစိုးလို့ တားမြစ်ခံလိုက်ရပါတယ် ။ ကိုရီးယားဘိုး သတင်းဌာနအဆိုအရ ကိုးရီးယား ဆယ်လီလည်းဖြစ် ဖက်ရှင်အိုင်ကွန်တွေလည်းဖြစ်တဲ့ ယိုအာအင် နဲ့ ဂေါင်ယိုဂျင်တို့က အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖက်ရှင်ပွဲစီစဉ်သူတွေကို တရားစွဲဆိုမယ်ဆိုပြီး သတင်းအမျိုးမျိုးတွေ ထွက်နေတယ်လို့ဆိုတယ် ။ လန်ဒန်ပွဲ ဘားဘယ်ရီ …
ဦးခေါင်း ခွဲစိတ်နေစဉ် အတွင်း တယောထိုးနေတဲ့ အမျိုးသမီး ဦးနှောက်ထဲမှာ အကြိတ်တည်နေလို့ ခွဲစိတ်မှု လုပ်နေစဉ် အတွင်း ၅၃နှစ် အရွယ် ဝေဒနာရှင်က သူမရဲ့ တယောကို အထိုးမပျက်ခဲ့ပါဘူးလို့ CNN သတင်းတစ်ရပ်မှာ ပါလာခဲ့ ပါတယ် ။ ဒရက်မာတာနာ ဆိုတဲ့ တယောပညာရှင် အမျိုးသမီးက သူမဦးနှောက်ရဲ့ အရှေ့ညာဘက်ခြမ်းမှာ အကြိတ် တည်နေပါတယ် ။ အဲ့ဒီ အကြိတ်ကို ခွဲစိတ်တဲ့အခါမှာ ဘယ်ဘက်လက်ရဲ့ နှုးညံ့တဲ့အထိအတွေ့ကို ထိတွေ့မှု အာရုံခံစွမ်းအား ဆုံးရှုံးသွားနိုင်တတ်လို့ ခွဲစိတ်နေစဉ် ကာလအတွင်း ထိခိုက်မှု ရှိမရှိ ဂီတသံကို ထုတ်လွှတ် ခိုင်းထားတာပါ ။ ခွဲစိတ်ရမဲ့ အကြိတ်နဲ့ အာရုံခံစားနိုင်မှု …
လေ့ကျင့်ခန်း လုပ်ခြင်း အကျိုး သင်တို့ရဲ့ နေ့စဉ် နေထိုင်မှု ဘဝထဲမှာ နိစ္စဓူဝ မိမိကိုယ်ကိုယ် စောင့်ရှောက်နိုင်ခြင်းသည်သာ ကျန်းမာသက်ရှည် ပျော်ရွှင် စေနိုင်မှာ ဖြစ်ပါတယ် ။ သင့် ကျန်းမာရေးဟာ သင့် လက်ထဲမှာပင် ရှိနေတယ်ဆိုတာ သင်သိဖို့ လိုပါတယ် ။ သင့်မှာ ဘယ်လို ရောဂါ ဝေဒနာတွေ ရှိနေပြီလည်းဘယ်လိုကုသမလည်း သင် ဘာတွေကို ဆင်ခြင်မလည်း သင် ဘယ်လို လိုက်နာမလည်း ဆိုတာတွေကို နားလည် သိရှိထားဖို့ လိုပါတယ် ။ ကုသခြင်း ထက် ကြိုတင် ကာကွယ်ခြင်းက ပိုပြီး ထိရောက်ကြောင်း သင့်ကို ပြောပြချင် ပါတယ် ။ …
သေနတ်ပြပြီး ပိုက်ဆံတောင်းတဲ့ ကလေး အဖမ်းခံရ ဒီဖက် ခေတ်သစ်ကမ္ဘာရဲ့ ပြဿနာ တစ်ရပ်ပါ ။ ဒီလို ပြဿနာမျိုးက အရင်ကဆိုရင် ရပ်ထဲရွာထဲက လူကြီးတွေက နောက်မလုပ်အောင် ဆုံးမလိုက်ရုံနဲ့ ပြီးသွားပါတယ် ။ ဒီဖက်ခေတ်မှာ ကျတော့ အကဲဆတ်တဲ့ မိဘတွေကြောင့် မလိုလားအပ်တဲ့ ရှုတ်ထွေးတဲ့ ကိစ္စတွေ ပေါ်ပေါက် လာပါတယ် ။ အဲ့ဒါကတော့ ကလေးတစ်ယောက်က ရာဇဝတ်မှု ဆိုင်ရာ ကိစ္စရပ် တစ်ခုကို ကျူးလွန်ရင် နောင်ကျဉ်အောင် ရိုက်နှက်ပြီး အပြစ်ပေးလိုက်မလား ။ ဥပဒေအရ ထောင်ချမလားဆိုတဲ့ ကိစ္စပါပဲ ။ ကျနော်တို့ ငယ်စဉ်အခါက လမ်းမီးလုံး တွေကို လေးခွနဲ့ ပစ်ခွဲဖူးတယ် …
အိမ်တွင်း အလှပြင်ခြင်း မိမိအိမ်တွင် မိမိကိုယ်တိုင် ခြေသည်း လက်သည်း များကို အလှ ပြုပြင်နည်းလေးတွေ သိကြမယ်ဆိုရင် အလှပြင်ခန်းမကို သွားစရာမလိုပဲ အချိန်ကုန် ငွေကုန် သက်သာပြီး လှပစေနိုင်မှာ ဖြစ်ပါတယ် ။ ၁။ ပထမဦးစွာ ခြေသည်း လက်သည်းများကို ဆေးမဆိုးခင်မှာ ခြေသည်း လက်သည်း များကို တံစဉ်းနှင့် တိုက်ပေးရမှာ ဖြစ်ပါတယ် ။ ဒီလို ပြုလုပ်ခြင်းဟာ ခြေသည်း လက်သည်းကို မကျိုးမပဲ့စေမှာ ဖြစ်ပါတယ် ။ လက်သည်းရဲ့ ထောင့်ကနေ အလယ်နေရာကို လားရာတစ်ဘက်တည်း ဖြည်းဖြည်း ဖွဖွတိုက်ပေးပါ ဒါမှသာ လက်သည်းပန်းကုံးကို ထိခိုက်မှု မရှိမှာ ဖြစ်ပါတယ် ။ …
အဝခန်း ရိုက်ခိုင်းရင်တော့ ငြင်းရပါလိမ့်မယ်တဲ့ “ ရုပ်ရှင်ထဲမှာ ဇာတ်လမ်း သဘောအရ ပေါင် ၂၀လောက် ဝိတ်ချရမယ်ဆိုရင် ကျမ မငြင်းပါဘူး ။ ဝိတ်ကို ရအောင်ချပြီး ရိုက်မှာပါ ။ ဒါပေမဲ့ ပေါင်၂၀လောက် ဝိတ်တက်အောင်လုပ် ပြီးတော့ရိုက်ရမယ်လို့ ခိုင်းလာရင်တော့ အဲ့ဒီ ဇာတ်လမ်းကို မရိုက်တော့ဘူး ။ ၀လာတာက ကျမကျန်းမာရေးကို ထိခိုက်စေလို့ပါပဲ ” လို့ ဒီစကားကို ပြောသူကတော့ ဟောလီးဝုဒ်မှာ သြဇာကြီးတဲ့ ရုပ်ရှင်မင်းသမီး ရာကယ် ပရက် ဆင်းဂ် ပါပဲ ။ ရုပ်ရှင်လုပ်ငန်းမှာ အစားအသောက် လေ့ကျင်ခန်းနဲ့ ရုပ်ရှင် ဒီသုံးမျိုးက လုံးလည်ခြာလည် လိုက်နေတဲ့ ကိစ္စပါပဲ …
အခက်အခဲတွေဖြစ်လာရင် မေတ္တာတရားက သာ ကျော်ဖြတ်နိုင်မှာတဲ့ Line walker ဇာတ်လမ်းတွဲထဲက ဟောင်ကောင် ရုပ်ရှင်မင်းသမီး ပရစ်ဆယ်လာဝေါင်း က ဝူဟန်ထူးဆန်းတုတ်ကွေးကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ လူမှုရေးဆိုင်ရာ ပြဿနာတွေကို တစ်ဦးနဲ့တစ်ဦး မေတ္တာထားပြီး စောင့်ရှောက်မှသာ ကျော်ဖြတ်သွားနိုင်မှာပါလို့ ဆိုလိုက်ပါတယ်။ ဝူဟန်ထူးဆန်းတုတ်ကွေးရဲ့ လျှင်မြန်စွာ ပြန့်နှံ့လာမှုကြောင့် ဟောင်ကောင်က စတိုးဆိုင်တွေမှာ ပိုးသတ်ဆေး လက်သန့်ဆေးတွေလို့ အရက်ပျံ တွေ ပြတ်လပ်သွားပါတယ်။ ဒါ့အပြင် တစ်ရှုးစက္ကူတွေ စည်သွပ်ဗူးတွေ ကုန်ခြောက်တွေပါ ဝယ်မရ ဖြစ်လာပါတယ်။ တရုတ်နှစ်ကူး ၄ရက်နေ့ကစပြီး ပရစ်ဆယ်လာ က သူမကိုယ်တိုင် မိသားစုအတွက် လုပ်တဲ့ ပိုးသတ်ဆေးရည်ကို ဘယ်လို လုပ်ရတယ်ဆိုတာကို အွန်လိုင်းပေါ်မှာ ဓာတ်ပုံတွေ ဗီဒီယိုဖိုင်လေးတွေ တင်ပြီး …
ဟယ်ရီပေါ်တာ သွေးစုတ်ဖုတ်ကောင်မှ လင်းနို့လူသား ပက်တင်ဆန် မနေ့ညက ရုပ်ရှင်ကြည့် ပရိသတ်အတွက် သတင်းးကောင်း တစ်ခုကို ကြားလိုက် ရတယ် ။ ရောဘတ်ပတ်တင်ဆန်ကို (batman) လင်းနို့လူသား အဖြစ် ရုပ်ရှင်ရိုက်ဖို့ အတွက် ဒါရိုက်တာမတ်ရီဗီးက စမ်းသက်ရိုက်ကူး ကြည့်ခဲ့တယ် ။ အားလုံး အဆင်ပြေတယ် ။ ဒါကြောင့် လာမယ့် လင်းနို့လူသား ရှပ်ရှင်ကား တွေမှာ ပတ်တင်ဆန်ကို လင်းနို့လူသား အဖြစ်တွေ့မြင် ကြရတော့မှာပါ ။ လင်းနို့လူသား ဝတ်စုံနဲ့ လိုက်မလိုက် စမ်းသပ် ကြည့်တာပါ ။ သီချင်းရေးဆရာ ဂီရာချီနို နဲ့ ကင်မရာမင်း ဖရာဆာတို့က သူတို့ရဲ့ လက်စွမ်းကို နည်းနည်းစီ …
ဆန်ဆေးရည်ရဲ့ အကျိုးကျေးဇူး ဆန်ဆေးရည်ဟာ မိန်းမသားတို့ အတွက် အလှအပဆိုင်ရာမှာ အကျိုးကျေးဇူးများစွာ ပေးတယ်ဆိုတာကို သင်သိပါရဲ့လား ။ ဆန်ကို ကမ္ဘာ့နိုင်ငံ အသီးသီးမှာ များသောအားဖြင့် အဓိကစားအစာအဖြစ် စားသုံးနေကြပြီ ဖြစ်ပါတယ် ။ ဆန်ကို မချက်ပြုတ်မှီ ဆေးကျောတဲ့အခါမှာ ဆန်ဆေးရည်ကို မည်သူမှ အလေးအနက် မထားပဲသွန်ပစ်တတ် ကြပါတယ် ။ အခုပြောချင်တာကတော့ သင့်အနေနဲ့ အမှတ်တမဲ့ထားလေ့ရှိတဲ့ ဆန်ဆေးရည်ဟာ သင့်အလှအပကို အားဖြည့်ပေးမှာမို့ သွန်မပစ်ကြပါနဲ့ ဆိုတာပါပဲ ။ ဆန်ဆေးရည်ဟာ အရေပြားနဲ့ ဆံသားကျန်းမာရေးအတွက် အလွန်အသုံးဝင်တယ်ဆိုတာ သင့်ကို ပြောချင်ပါတယ် ။ အာရှနိုင်ငံ အများစုမှာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက အရေပြားနဲ့ …
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | 5 | 6 | 7 |
8 | 9 | 10 | 11 | 12 | 13 | 14 |
15 | 16 | 17 | 18 | 19 | 20 | 21 |
22 | 23 | 24 | 25 | 26 | 27 | 28 |
29 | 30 | 31 |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |