သူဌေးတွေက ဆင်းရဲသားတွေကို လက်ထပ်ပြီး ပြည်တွင်း ဆင်းရဲမွဲတေမှုလျှော့ချသင့် အင်ဒိုနီးရှားနိုင်ငံ လူသားဖွံ့ဖြိုးမှုနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး မဟတ်ဂျာအက်ဖန်ဒီက တိုင်းပြည်တွင်းက သူဌေးတွေက ဆင်းရဲသား တွေကို လက်ထပ်ပြီး တိုင်းပြည်တွင်း ဆင်းရဲမွဲတေမှုကို လျှော့ချသင့်တယ်လို့ ယူဆရပါကြောင်း ဆိုလာပါတယ်။ ဖေဖော်ဝါရီလ ၁၉ရက် နေ့မှာ သူက သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး လက်ရှိတိုင်းပြည် အခြေအနေကို ရှင်းပြခဲ့ပါတယ်။ “ဆင်းရဲသားတွေက ဆင်းရဲသားတွေ နဲ့ လက်ထပ်ကြပြီးတော့ ဆင်းရဲတဲ့ မိသားစုတွေကို ဖန်တီးနေတယ်။ ဆင်းရဲတဲ့ ဝဲသြဃကြီးထဲမှာ တစ်ဝဲလည် လည်ဖြစ်နေကြတယ်။ အဲ့ဒါက အင်ဒိုနီးရှားမှာ ဖြစ်နေတဲ့ တကယ့်ပြဿနာ တစ်ရပ်ပါပဲ”လို့ သူက သတင်းထောက်တွေကို ဆိုပါတယ်။ အင်ဒိုနီးရှားက မိသားစု …
ပျော်ရွှင်စရာဘဝကို ပိုင်ဆိုင်လိုသလား၊ အောက်က အချက် (၁၀) ကို လိုက်နာကြည့်ပါ။ သင်ဟာ တစ်နေ့တစ်နေ့ အလုပ်များထဲမှာ အာရုံနှစ်ပြီး အလုပ်တွေပိနေလို့ လုပ်ငန်းခွင်ကို မပျော်ရွှင် ဘူးလို့တွေးနေမိပါသလား။ သင့်ကို ပျော်ရွှင်တဲ့ဘဝ ပိုင်ဆိုင်ဖို့ သင့်လုပ်ငန်းစဉ်အတွင်း စည်းမျဉ်းအချို့ကို ချမှတ် ထားလိုက်မယ်ဆိုရင် သင်ပျော်ရွှင်မှာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)က ပျော်ရွှင်တဲ့ဘဝ ပိုင်ဆိုင်စေဖို့ လုပ်ငန်းခွင်စည်းမျဉ်း ဆယ်ချက်ကို မျှဝေထားပါတယ်။ ၁… သင့်အနေနဲ့ ဘယ်သူ့ကိုမှ အလွယ်တကူ မယုံကြည်ပါနဲ့… ဒါပေမဲ့ လူတိုင်းကိုတော့ တန်ဘိုးထား လေးစားပါ။ ၂…. သင်ဟာ အလုပ်မှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အလုပ်မှာပဲ ချန်ထားခဲ့ပါ။ အလုပ်ထဲက အတင်းအဖျင်းများနဲ့ အရေးမပါတဲ့ ကိစ္စတွေကို အိမ်ကိုဘယ်တော့မှ …
ဖုန်းမသုံး၊ စကားမပြောဘူးဆိုရင် တစ်နေ့ကို(၅)နာရီပဲ အလုပ်လုပ်ဖို့ ဝန်ထမ်းတွေကို စိန်ခေါ်ထားတဲ့ကုမ္ပဏီ ကုမ္ပဏီ တော်တော်များများမှာ အလုပ်လုပ် နေတဲ့ ဝန်ထမ်းတွေ အတွက် အလုပ်ချိန်က တစ်နေ့ကို ( ၈ ) နာရီသတ်မှတ် ထားပါတယ် ။ များသောအားဖြင့် စနေနဲ့ တနင်္ဂနွေ ပိတ်တာများပြီး မြန်မာနိုင်ငံ မှာတော့ တနင်္ဂနွေ တစ်ရက်တည်း အပိတ်များတာလည်း ရှိပါတယ် ။ တွက်ကြည့်ရင် တစ်ပတ်ကို အလုပ်ချိန် ( ၅၆ ) နာရီလုပ်ရတဲ့ သဘောပါ ။ တစ်လဆိုရင်တော့ နာရီ ( ၂ ) ရာကျော် အလုပ်လုပ်မှ လစာ အပြည့်ရမှာပါ ။ …
ဗိုက်ဆာလို့ ရဲစခန်းကို ဖုန်းလှမ်းဆက်တဲ့ ကလေးလေးကို ကိုယ်တိုင် မုန့်လာပို့ပေးခဲ့တဲ့ ရဲအရာရှိရဲ့ လေးစားဖွယ်လုပ်ရပ် အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်မှာ နေတဲ့ အသက် (၅)နှစ်သားအရွယ် ကလေးတစ်ယောက်ဟာ ဗိုက်ဆာတဲ့အတွက် မက်ဒေါနယ်ဆိုင်ကနေ မုန့်စားချင်တဲ့အကြောင်းကို ကိုယ်တိုင်ကိုယ်ကျ ရဲစခန်းကို ဖုန်းဆက်ခဲ့ပါတယ်။ ရဲအရာရှိက အသေအချာမေးခဲ့ပြီးတဲ့ ကလေးဆီကို မုန့်လာပို့တဲ့အဖြစ် ဖြစ်ပွားခဲ့ပါတယ်။ ချာလီလို့ခေါ်တဲ့ အသက် (၅)နှစ်သားအရွယ် ကောင်လေးဟာ ဒေသရဲစခန်း မီဆာပူးလစ်ရဲဌာနကို ဖုန်းဆက်ခဲ့ပါတယ်။ သူဟာ မက်ဒေါနယ်စားချင်နေကြောင်းနဲ့ အခုအချိန်မှာ ဗိုက်ဆာနေကြောင်းကို လှမ်းပြောခဲ့ပါတယ်။ အရာရှိအန်တိုနီက ဖုန်းကိုင်ခဲ့ပြီး သားလေး အလျင်လိုနေလားလို့ ပြန်မေးခဲ့ပါတယ်။ ကလေးက ဟုတ်တယ်လို့ ပြောခဲ့ချိန်မှာ လိပ်စာကို လိုက်မှတ်ထားခဲ့ပါတယ်။ နောက်တော့ စခန်းကအရာရှိ စကော့ဗဲလ်ဒက်စ်က …
ဖုန်းမှာနာရီကြည့်လို့ရနေတဲ့အတွက် ရိုးရိုးလက်တံနာရီကို ကျောင်းသားငယ်လေးတွေ မကြည့်တတ်တော့ဟုဆို တိုင်ကပ်နာရီ အဖြစ် ကျောင်းတွေမှာ ကပ်ထားတဲ့ နာရီတွေ အစား နံပါတ်တွေနဲ့ အချိန်ကို တိုက်ရိုက် ဖော်ပြတဲ့ ဒစ်ဂျစ်တယ် နာရီတွေကို ကလေးငယ်တွေ ကြည့်ဖို့ ယူကေက ကျောင်းတွေမှာ ပြောင်းလဲ တပ်ဆင်နေပြီ ဖြစ်တယ်လို့ ကျောင်းတွင်းဆရာမတွေရဲ့ ပြောကြားချက် အရ သိရပါတယ် ။ လက်တံအတို ၊ အရှည်နှစ်ခုနဲ့ အချိန်ကို ကြည့်ရတဲ့ နာရီကို မူလတန်းနဲ့ မူကြိုကလေးငယ်တွေဟာ ကြည့်ဖို့ သင်ကြားပေးရ တာဟာ အလုပ်တစ်ခုလို ဖြစ်နေ ပါတယ်။ ကလေးတွေ အနေနဲ့ နာရီ ကြည့်ရာမှာ အခက်အခဲ ရှိနေပြီး အချိန်ကို အတိအကျ …
မသမာသူတစ်ယောက်လက်ချက်ကြောင့် ဦးနှောက်တစ်ခြမ်းပွင့်ထွက်ကာ ဘဝကိုအခက်ခဲဆုံး ရှင်သန်နေရတဲ့အမျိုးသား ရာဇဝတ်မှုတွေ ပေါများတဲ့ အမေရိကန် နိုင်ငံမှာတော့ ကိုယ့်ရဲ့ အန္တရာယ်ကို ဘယ်အချိန် ကျရောက်မလဲ သတိထား နေမှ တော်ကာ ကျမှာပါ ။ မဟုတ်ရင်တော့ ဘဝပျက်သွား နိုင်ပြီး အခန့် မသင့်ရင် အသက် ဆုံးရှုံးရဖို့ များပါတယ် ။ ဒါပေမဲ့ အသက်လည်း မသေ ၊ သေတာထက် ဆိုးတဲ့ ဒုက္ခကို ခံစား နေရတဲ့ စတီဗင်လို လူမျိုးတွေလည်း အမေရိကန်မှာ ရှိပါ သေးတယ် ။ နယူးယောခ့် မှာနေတဲ့ ကလေး နှစ်ယောက် အဖေ ၊ ( ၃၂ ) …
Running man ထဲက အရှည်ကြီး လီကွမ်ဆိုး ယာဉ်မတော်တဆမှုဖြစ် တောင်ကိုးရီးယား ယွန်ဟပ် သတင်းဌာန အဆိုအရ running manထဲက သရုပ်ဆောင် လည်းဖြစ် ကိုရီးယား ရုပ်ရှင်လောက က စတား တစ်ဦး လည်းဖြစ်သူ လီကွမ်ဆိုးက ယာဉ်မတော်တဆဖြစ်လို့ သူရဲ့ ခရီးစဉ်များနဲ့ အလုပ် အားလုံးကို ရပ်တန့်ထားကြောင်း သူ့ရဲ့ အေဂျင်စီက ဆိုတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ကားအချက်ပြစနစ်ကို ချိုးဖောက်ခဲ့တဲ့ ကားတစ်စီးက လီကို ဝင်တိုက်ခဲ့တယ် လို့ အေဂျင်စီက ဆိုတယ်။ “သူ့ကို ချက်ခြင်းပဲ စစ်ဆေးဖို့အတွက် အနီးဆုံး ဆေးရုံ တစ်ခုကို ပို့ပေးခဲ့ပါတယ်။ ညာဖက် ခြေဆစ်ကျိုး …
ဒက်ဘိုးရက်နာနီ ပြက္ခဒိန်က အိုင်ဒီယာ ခိုးချတယ်ဆိုပြီး အပြစ်ပြောခံရ အိန္ဒိယနိုင်ငံက ဒက်ဘိုး ပြက္ခဒိန်က နာမည်ကြီး ပြက္ခဒိန် တစ်ခုပါ ။ အိုင်ဒီယာ လန်းလန်း တွေနဲ့ ဘောလီးဝုဒ် မင်းသား မင်းသမီး ပုံတွေကို ရိုက်နှိပ် ထုတ် ဝေတာပါ ။ ဒီနှစ်ထုတ်ဝေ တဲ့ ပြက္ခဒိန်မှာ မင်းသမီး ကီရာရာအက်ဗာနီ ရဲ့ ဓာတ်ပုံက သူများ ဓာတ်ပုံ အိုင်ဒီယာ ခိုးချထား တယ် လို့ ဝေဖန်ခံ နေရပါတယ် ။ အွန်လိုင်း အသုံးပြုသူတွေက နိုင်ငံတကာ ဓာတ်ပုံဆရာ မာရီဘာရှ် ရဲ့ ဓာတ်ပုံ အိုင်ဒီယာကို ခိုးချထားတယ် လို့ ဝိုင်းဝန်း …
မိန်းမနဲ့ကွဲလိုက်တာ နောင်တ အကြီးကြီးရတယ်လို့ လင်းနို့လူသားကြီးပြော ၂၀၁၈တုန်းက ဂျနီဖာဂါနာနဲ့ လမ်းခွဲလိုက်တဲ့ အတွက် သူ့မှာနောင်တ အကြီးကြီး ရမိပါတယ်လို့ လင်းနို့လူသား ထဲက မင်းသား ဘန်အက်ဖလက်က နယူယောက်ခ်တိုင်း သတင်းစာနဲ့ အင်တာဗျူးမှာ ပြောသွားပါတယ် ။ ဖေဖော်ဝါရီလ ၁၈ရက်နေ့ထုတ် သတင်းစာမှာ သူ့အတိတ်ကိုဖြစ်ရပ်တွေကို ရှင်းရှင်းလင်းလင်း သိမြင်ခဲ့ရပါပြီ ၊ အဲ့ဒိတုန်းက သူက သူ့စိတ်နဲ့တောင် ရန်ဖြစ်နေခဲ့ရပြီး မဖြစ်သင့်တဲ့ အဆုံးသတ်မှု တစ်ခုကို ရွေးချယ်မိခဲ့တယ်လို့ ဆိုတယ် ။ ၁၃နှစ်ကျော်တွဲခဲ့ပြီးမှာ အဲ့ဒိကာလအတွင်းက ကောင်းတူ ဆိုးဖက် ဖြစ်ခဲ့တာတွေကို ပြန်မအောက်မေ့ဘဲနဲ့ ဘာမဟုတ်တဲ့ ကာလတို အတွင်းမှာ မိုက်မဲတဲ့ဆုံး ဖြတ်ချက်တစ်ခုကို ချလိုက်မိခဲ့တဲ့ အချိန်မှာ …
အမျိုးသားနေ့မှာ လက်ထပ်ချင်ဟု နိုင်းဝမ်း (G Family) ပြောကြား အဆိုတော် နိုင်းဝမ်းက ချစ်သူ မေမျိုးသူကျော်နဲ့ အမျိုးသားနေ့မှာ လက်ထပ်ချင်ကြောင်း ပြောပါတယ်။ ချစ်သူနှစ်ဦးရဲ့ လက်ထပ်မင်္ဂလာပွဲကို အမျိုးသားနေ့မှာ outdoor area တစ်ခုမှာ ကျင်းပချင်ပြီး အဆိုပါနေ့မှာ လက်ထပ်ချင်တာက ချစ်သူမိန်းကလေးက ဝန်ထမ်းတစ်ဦး ဖြစ်နေတာကြောင့်လို့ ပြောပါတယ်။ “ကျွန်တော်နဲ့ သူက မင်္ဂလာပွဲ date လိုချင်တာက ဒီဇင်ဘာ ၉ရက် အမျိုးသားနေ့ပါ။ ကျွန်တော့်ချစ်သူကမင်္ဂလာပွဲကို outdoor မှာ လုပ်ချင်တယ်။ ကျွန်တော်လည်း နေရာတွေ လိုက်ချိတ်နေတယ်။ တကယ်လို့ နေရာ အဆင်မပြေရင် မင်္ဂလာ လက်မှတ် ထိုးတာဖြစ်ဖြစ် မင်္ဂလာ ဆွမ်းကျွေးတာ ဖြစ်ဖြစ် …
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | 5 | 6 | 7 |
8 | 9 | 10 | 11 | 12 | 13 | 14 |
15 | 16 | 17 | 18 | 19 | 20 | 21 |
22 | 23 | 24 | 25 | 26 | 27 | 28 |
29 | 30 | 31 |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |