Blog
ငှက်ပျောသီး စားပါ
Health

ငှက်ပျောသီး စားပါ

ငှက်ပျောသီး စားပါ ငှက်ပျောသီးဟာ အရွယ်မရွေး စားသုံးရန် သင့်တော်သော သီးနှံတစ်မျိုး ဖြစ်ပါတယ်။ ငှက်ပျောသီး တစ်လုံးမှာ ပါဝင်တဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူး များစေမဲ့ ဓာတ်များစွာ ပါဝင်နေပါတယ်။ ကယ်လိုရီ ၁၀၀၊ ပိုတက်စီယမ် ၄၀၀ မီလီဂရမ်၊ ဖိုင်ဘာ (အမျှင်ဓာတ်) ၃ ဂရမ် လောက်ပါဝင်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအားများကို ထြည့်စွမ်းပေးရုံမက သွေးတွင်း လိုအပ်သည့် ထိန်းညှိမှူများကို ပေးစွမ်းနိုင်ပါသည်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ မြင့်မားလှစွာသော ပိုတက်စီယမ်ကြောင့် သွေးတိုးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ငှက်ပျောသီးမှာ ဗီတာမင်ဘီ 6 ပါဝင်တာကြောင့် သွေးထဲရှိ သကြား (ဂလူးကို့စ်) ပမာဏကို ထိန်းညှိ ပေးနိုင်ပါတယ်။ …

Read More
နတ်ဘုရား ဝင်စားတဲ့ ဆိတ် လူမျက်နှာ ဖြစ်နေ
International-news

နတ်ဘုရား ဝင်စားတဲ့ ဆိတ် လူမျက်နှာ ဖြစ်နေ

နတ်ဘုရား ဝင်စားတဲ့ ဆိတ် လူမျက်နှာ ဖြစ်နေ အိန္ဒိယက ရွာလေးတစ်ရွာမှာ ဗီဇ သဘောတရား အရ ထွန်းခြင်း ဖြစ်ပေါ်နေတဲ့ ဆိတ် တစ်ကောင်က လူမျက်နှာနဲ့ တူနေလို့ ရွာသားတွေက နတ်ဘုရား ဝင်စားတယ် ဆိုပြီး ရှိခိုးပူဇော် သက္ကာရပြု နေကြပါတယ် ။ အိန္ဒိယနိုင်ငံ အနောက် မြောက်ပိုင်း ရာဇသန်ပြည်နယ် နီမိုဒီယားဒေသမှာ ဆိတ်လေး တစ်ကောင်က မျက်နှာပြားပြီး လူနဲ့တူကာ မျက်လုံး တွေက လူနဲ့ပိုလို့ တူနေ ပါတယ် ။ အဲ့ဒိ ဆိတ်ပိုင်ရှင် ပရာဂျပတ်က “ဆိတ်ကလေးကို မွေးတော့ ကျနော်က စွယ်စုံကျမ်း ထဲမှာ ရှာဖွေဖတ် ကြည့်တော့ ဗီဇ …

Read More
သင် အသက်လေးဆယ်ကျော်ပြီလား
Health

သင် အသက်လေးဆယ်ကျော်ပြီလား…….

သင် အသက်လေးဆယ်ကျော်ပြီလား……. လူဆိုသည်မှာ တစ်နေ့တခြား အသက်အရွယ် ငယ်သွားသည်ဟူ၍ မရှိပေ။ အသက်သည်ကား တစ်နေ့တခြားကြီးလာမည်သာတည်း။ အထူးသဖြင့် သင့်အသက်သည် လေးဆယ်ကျော် အတွင်းသို့ ဝင်ရောက်လာပြီ ဆိုပါက ကျန်းမာရေး ဆိုင်ရာ အသိများ အစားအသောက်ဆိုင်ရာ လိုက်နာမှူများ ရှိရန် လိုအပ်လာပြီဟု သိထားရပေမည်။ အချို့အသက်လေးဆယ်ကျော်မှ ပို၍ နုပျိုလှပ လာခြင်းကို ကြည့်လျှင် ထိုနုပျိုလှပ သူတို့၏ နေနည်းထိုင်နည်း စားသောက်နည်းများမှာ ကျန်းမာရေး ဂရုစိုက်ခြင်းများ ပါဝင်နေသည်ကို တွေ့ရပေလိမ့်မည်။ အသက်လေးဆယ်ကျော်မှ ဘဝကိုစသည်ဟုဆိုထားခြင်းကြောင့် သင်သည် အသက် လေးဆယ်ကျော်တွင် လှပနုပျို ကျန်းမာ သွက်လက် ထက်မြက် နေသင့်ပေသည်။ သို့ဆိုလျှင် မည်သို့ လိုက်နာနေထိုင် ကျင့်ကြံမည်နည်း။ …

Read More
စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခြင်း
Life Style

စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခြင်း

စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခြင်း ဒီနေ့ မနက် ၁၁ ဝန်းကျင်လောက်က ကိုဇင်မင်းဦးဆီက ဖုန်း ဝင်လာသည်။ အစ်ကိုကြီး မနက်စာ စားရအောင်တဲ့။ ကျတော် မြို့ထဲ ရောက်နေတယ်တဲ့။ ဒါရိုက်တာ မိုက်တီး ရိုက်ကူးတဲ့ မြန်မာပေါကားများ ရပ် အထူးပွဲ လာကြည့်တာ ပါတဲ့။ ကိုဇင်မင်းဦးက အင်းစိန်သား။ သူသည် မွေးသည်မှ စ၍ ၂၀၁၂ အထိ ယခု ပုံတွင် မြင်ရသကဲ့သို့ မဟုတ်။ ခင်ဗျားတို့၊ ကျတော်တို့လို ဘယ်ညာ လက် ၂ ဖက် အစုံအလင်။ ၂၀၁၂ တွင် NLD ရုံး ဖွင့်ရန် စီစဉ်ရင်း စတီးလ်အလံတိုင်က ဓာတ်ကြိုးနှင့် ထိကာ …

Read More
ဇန်နဝါရီလ ၂၆ရက်နေ့ဆိုတာ
International-news

ဇန်နဝါရီလ ၂၆ရက်နေ့ဆိုတာ

ဇန်နဝါရီလ ၂၆ရက်နေ့ဆိုတာ ၁၉၀၅ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ကမ္ဘာ အကြီးဆုံး စိန်ရိုင်းတုံးကြီး ဖြစ်တဲ့ ကော်လီနမ်ကို တောင်အာဖရိက မှာ တူးဖော် တွေ့ ရှိခဲ့ ပါတယ် ။ ဖရက်ဒရစ်ဝဲလ်က ပရီမီယမ် ၂ က ကော်လီနမ် မိုင်းတွင်းမှာ တွေ့လို့ တွင်းပိုင်ရှင် သောမတ်ကော်လီနမ် ကို အစွဲပြုပြီး ကော်လီနမ် စိန်လို့ နာမည်ပေးခဲ့ပါတယ် ။ ဒါပေမဲ့ နောက် ၁၀ နှစ် အကြာ ဂျာဂါစဖွန်တိန်မိုင်း မှာ အိတ်ဆယ်စွာ စိန်တုံးကို တွေ့တော့ ကော်လီနမ်က ဒုတိယအဆင့်ကို ကျသွားပေမဲ့ အရွယ်အစား အားဖြင့် တော့ …

Read More
"ဆေးလိပ် သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက် နိုင်ပါသည်"
Health

အရွယ်အိုမင်းခြင်းနှင့် ဦးနှောက်ပိုင်းဆိုင်ရာ ပြဿနာအချို့

အရွယ်အိုမင်းခြင်းနှင့် ဦးနှောက်ပိုင်းဆိုင်ရာ ပြဿနာအချို့ “ဆေးလိပ် သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက် နိုင်ပါသည်” ဆိုသည့် ထိုစကားရပ်သည် အမှတ်တမဲ့ ကြည့်လျှင် ဘာမှ မလေးနက် ပေါပေါ့ပါးပါးလေး ရေးသားထားသည်ဟု ထင်ရပေမည်။ စေ့စေ့စပ်စပ် လေ့လာ ကြည့်မှသာ အမှန်တစ်ကယ် ကျန်းမာရေး ကိစ္စများအား ထိခိုက်နိုင်သည်ကို များစွာ သိရပေလိမ့်မည် ဖြစ်ပါသည်။ ငယ်ရွယ်စဉ် ကထဲက ဆေးလိပ်အား စွဲမဲစွာ သောက်လေ့ရှိသော သူများသည် အသက်အရွယ် ကြီးရင့်လာသည့် အခါတွင် ဦးနှောက် ကျန်းမာရေးနှင့် ဦးနှောက် မှတ်ဉာဏ်များအား အလွန်ပင် ထိခိုက်နိုင်ကြောင်းကို ဆိုးလ်အမျိုးသားတက္ကသိုလ်မှ သုတေသီတို့ ထပ်မံ တွေ့ရှိခဲ့ခြင်း ဖြစ်ပေသည်။ ဆေးလိပ်ကို စွဲစွဲမြဲမြဲ သောက်ခြင်းကြောင့် …

Read More
လိုင်းပေါ်ကို ကိုယ်ဘာလုပ်တယ် ဘယ်တွေသွားနေတယ် ဆိုတာ တင်နေတတ်သူများအတွက်
Life Style

လိုင်းပေါ်ကို ကိုယ်ဘာလုပ်တယ် ဘယ်တွေသွားနေတယ် ဆိုတာ တင်နေတတ်သူများအတွက်

လိုင်းပေါ်ကို ကိုယ်ဘာလုပ်တယ် ဘယ်တွေသွားနေတယ် ဆိုတာ တင်နေတတ်သူများအတွက် တင်ချင်ဦးဟဲ့ လိုင်းပေါ်ကို ကံကောင်းသွားတယ် ။ ဖေ့စ်ဘုတ် ဆိုတာ ကလေးသူခိုးတွေ လူမှောင်ခို ကူးတဲ့ ဂိုဏ်းတွေ အတွက် သားကောင် ရှာစရာ စားကျက် တစ်ခုဖြစ်တယ် ဆိုတာကို မသိတော့ ကိုယ့်အိမ်က သား သမီးတွေ အကြောင်းကို ဓာတ်ပုံ ရိုက်ပြီး လိုင်းပေါ်တင် နေကြတယ် ။ အခု ဖြစ်စဉ်ကတော့ ကံကောင်း လို့ မလေးရှားက ကလေးမလေး တစ်ယောက် ကလေးသူခိုး လက်က လွတ်သွား ရပါတယ် ။ သူမရဲ့ အဖေ ဖြစ်သူ ကတော့ လိုင်းပေါ်မှာ ကိုယ့်သားသမီး တွေကို …

Read More
သက်သက်လွတ် သမားတွေအတွက် ဝက်သားတု
International-news

သက်သက်လွတ် သမားတွေအတွက် ဝက်သားတု

သက်သက်လွတ် သမားတွေအတွက် ဝက်သားတု အင်ပေါ့ဇေးဘယ် အစားအသောက် ကုမ္ပဏီက ယမန်နှစ်က ထုတ်ခဲ့တဲ့ အမဲသားတု ရဲ့ နောက်ဆက် တွဲ အဖြစ် ဒီနှစ်မှာ ဝက်သားတု ကို သက်သက်လွတ် သမားတွေအတွက် သီးသန့် ထုတ်လိုက် ပါတယ်လို့ စီနတ် သတင်းဌာနက ဖော်ပြလိုက် ပါတယ် ။ အခုဆိုရင် အင်ပေါ့ဇေးဘယ်က အမဲသားတု ဘာဂါအပြင် ဝက်သားတု ဘာဂါကိုလည်း ထုတ်လုပ်တော့ မှာပါ ။ ဝက်သားနဲ့ အနံ့ အရသာ တူအောင် လုပ်ထားပြီး မူဆလင် နိုင်ငံက ဝက်သား မစားသူတွေ အတွက်လည်း ဝက်သားကို မြည်းစမ်းလို့ ရအောင် ရည်ရွယ် ပါတယ်လို့ …

Read More
မျောက်နတ် ဘုရား ဟာနုမာန် ဝင်စားတဲ့ ကလေး
International-news

မျောက်နတ် ဘုရား ဟာနုမာန် ဝင်စားတဲ့ ကလေး

မျောက်နတ် ဘုရား ဟာနုမာန် ဝင်စားတဲ့ ကလေး ကျောဘက် အောက်ခြေ မှာ ထူးထူး ခြားခြား အမွေး ရှည်ရှည်တွေ ပေါက်နေလို့ မျောက်နတ်ဘုရား ဟာနုမာန် ဝင်စားတယ် ဆိုပြီး အိမ်နီးချင်း တွေက ပူဇော်မှု တွေ လုပ်နေလို့ ကလေး မိဘတွေက ကလေးကို ဝှတ်ထား ရပါတယ် ။ အိန္ဒိယ နိုင်ငံ ဒေလီမြို့က ရှီဗန် ကူးမား ( ၆နှစ် ) ရဲ့ ကျောဘက်မှာ ထူးထူး ခြားခြား အမွေးရှည်တွေ ပေါက်နေ ပါတယ် ။ အမွေး တွေက အမြီးပုံစံနဲ့ တူနေ ပါတယ် ။ …

Read More
ရဲယိုသီးရဲ့ ကောင်းခြင်း
Health

ရဲယိုသီးရဲ့ ကောင်းခြင်း

ရဲယိုသီးရဲ့ ကောင်းခြင်း ရဲယိုသီးကို များသော အားဖြင့် ကျန်းမာရေး ဆိုင်ရာ အကျိုးများစွာ ရှိကြောင်း သိသော်လည်း အလှ အပနဲ့ ပတ်သက်လို့ ဘယ်လို အကျိုးတွေ ရှိကြောင်း သိသူလည်း ရှိနိုင်သလို မသိသူလည်း ရှိနိုင်ပါတယ် ။ ရဲယိုသီးဟာ အရေပြား အတွက်အကျိုးများစွာ ရရှိစေသလို ဆံပင်အတွက် လာ်းအကိုး ရှိစေပါတယ် ။ ပုံ သဏ္ဍာန် မလှ အနံ ဆိုးသော်လည်း အလှအပ အတွက် အကျိုးရှိစေတာမို့ သိစေချင်ပါတယ် ။ ဝက်ခြံနဲ့ရဲယို ရဲယိုသီးမှာ ပါဝင်တဲ့ အင်တီအောက်ဒင့် ဖြစ်တဲ့ ဗီတာမင် များစွာဟာ ရောင်ရမ်းမှူကို လျော့ချပေးပါတယ် ။ ဘက်တီးရီးယား …

Read More