”အာလူးကို အလှအပအတွက် ဘယ်လို အသုံးပြုကြမယ်” အာလူးဆိုရင် လူတိုင်း သိထားတာက ကြော်စား သုတ်စား အရောအနှော လုပ်စား ရတဲ့ ဟင်းချက်စရာ သီးနှံတစ်မျိုးဆိုတာပါပဲ။ အာလူးဟာ အိမ်တိုင်း အိမ်တိုင်းရဲ့ မီးဖိုဆောင်မှာ နေရာ ယူထားတာကို တွေ့ရပါတယ်။ အာလူးဟာ ဈေးမကြီးပဲ ဗီတာမင် များစွာ ရရှိနိုင်တဲ့ အဟာရ ဖြစ်သလို သူ့ အရသာကလည်း လူတိုင်း နှစ်သက်ဖွယ်ရာ မဟုတ်ပါလား။ အာလူးမှာ ပါဝင်တဲ့ ဗီတာမင် စီ နဲ့ ဗီတာမင် B6 တို့ က အလှအပအတွက် အကျိုးထူး ပေးစေတာကိုလည်း တွေ့ရှိရပါတယ်။ အာလူးကို အလှအပအတွက် ဘယ်လိုများ အသုံးပြုနိုင်မလည်းဆိုတာ …
နှစ် ၁သောင်းခွဲ မှာ တစ်ခါတွေ့ရတဲ့ ရေခဲ အရည်ပျော်မှုကို အန္တာတိကတိုက် မှာတွေ့နေရ တနင်္လာနေ့ထုတ် သဘာဝသိပ္ပံ ဂျာနယ်ထဲမှာ လွန်ခဲ့တဲ့ နှစ်၁သောင်းခွဲကျော်က ပင်လယ်ရေတွေကို ရေခဲအဖြစ် ပြောင်းလဲပြီး လျော့ နည်းသွားစေတဲ့ ဖြစ်ရပ်မျိုးကို ပြန်လည် တွေ့ရှိခဲ့ကြတယ်လို့ ဆိုတယ် ။ အရင်က အဲ့ဒိသဘောတရားနဲ့ဆန့်ကျင်တဲ့ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် ခဲသွားတဲ့ရေတွေ က ပြန်ပြီး အရည်ပျော်လာတာကနေ ပြန်ပြီးခဲလာတဲ့ အဖြစ်ကို တွေ့ရှိနေရတယ်လို့ သုတေသနသမားတွေက ဆိုကြပါတယ်လို့ ပါရှိပါတယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁သောင်း၈ထောင်ကျော် ရေခဲခေတ် အလွန်မှာ လေထုထဲမှာ ရှိတဲ့ ကာဗွန် ပမာဏက ပြန်လည် မြင့်တက်လာခဲ့ပါတယ် …
နို့ချောကလက် ၊ နို့ထွက်ပစ္စည်းနဲ့ အဆီများတဲ့ အစာတွေက လူလတ်ပိုင်းတွေရဲ့ ဝက်ခြံနဲ့ ပတ်သက်နေ လူလတ်ပိုင်း ရောက်လာတဲ့အထိ ဝက်ခြံတွေက ထွက်တုန်း ဆိုရင်တော့ ကိုယ့်မှာ ငယ်ငယ်တုန်းက သွေးသား ပြောင်းလဲ တယ်ဆိုတဲ့ ဟော်မုန်း ဖြစ်စဉ်ကို ကျော်ပြီး အစားအသောက်ပိုင်းဆိုင်ရာမှာ တစ်ခုခုကြောင့်လို့ သတိထား ရတော့မှာပါ ။ အစီရင်ခံစာ အသစ်တစ်တစ်ခုက အချို့သော အစားအစာတွေကို ရှောင်ရမယ်လို့ ဆိုလာပါတယ် ။ အချိုများတဲ့ မုန့်တွေ ဆီကြော်မုန်တွေကို ကြိုက်တဲ့ ပြင်သစ် လူလတ်ပိုင်း ၂သောင်း ၄ထောင်ကို လေ့လာ ဆန်းစစ်မှု တစ်ခုလုပ်ခဲ့ပါတယ်။ သူတို့က နို့ချောကလက်တွေ ၊ အချိုရည်တွေ ၊နို့ထွက်ပစ္စည်းတွေ နဲ့ …
လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို လေ့လာမှု အသစ်တစ်ခုက သွေးလှူတဲ့ လူငယ်တွေမှာ နှစ်ရှည်လများ သံဓာတ်ချို့တဲ့ခြင်းတွေ ဖြစ်ပေါ်တတ်လို့ သွေးလှူပြီးတဲ့နောက်မှာ သံဓာတ် အားဖြည့်ဆေးတွေ သောက်သုံးရန်လိုတယ်လို့ သတိပေးထားပါတယ် ။ အမေရိကားမှာ ဆိုရင် ၁၆ နှစ်က ၁၈နှစ် အတွင်း လူငယ်တွေက သွေးလှူတဲ့ သူအများဆုံး အုပ်စုတွေ ဖြစ်ပါတယ် ။ ၂၀၁၆ ကနေ ၂၀၁၈ အထိ သွေး ပထမဆုံးလှူတဲ့ လူငယ် ၃၁၀၀၀ ကျော်ကို လေ့လာမှု ပြုခဲ့ရာ ၁၀ ယောက်မှာ ၁ ယောက် သံဓာတ်ချို့တဲ့ မှု လက္ခဏါ တွေကို ခံစား နေရတယ်လို့ …
ရဲကိစ္စတွေကို ပြန်လည် သုံးသပ်ဖို့နဲ့ ပြုပြင် ပြောင်းလဲမှု လုပ်ဖို့ အိုဘားမား တောင်းဆို ပြီးခဲ့တဲ့ သီတင်းပတ် က အမေရိကန်နိုင်ငံ မင်နီဆိုတာပြည်နယ်မှာဖြစ်ခဲ့တဲ့ လူမဲ ဂျော့ဖလွိုက်ကို ရဲတွေ ဖမ်းစီးရင်နဲ့ သတ်မိ သလိုဖြစ်သွားတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး အမေရိကန်မှာ ဆန္ဒပြပွဲတွေ မင်းမဲ့စရိုက် ဆန်ဆန် လူထုအုံကြွမှုတွေ ဖြစ်နေတာကို သမ္မတဟောင်း အိုဘားမားက ရဲတပ်ဖွဲ့တွေရဲ့ လုပ်ရပ်ကို ပြန်သုံးသပ်ဖို့နဲ့ ပြုပြင်ပြောင်းလဲ ရေးနည်းဗျူဟာတွေကို စဉ်းစားဖို့ အတွက် ဒေသဆိုင်ရာ ခေါင်းဆောင်တွေကို မနေ့က အွန်လိုင်းကနေ တစ်ဆင့် တောင်းဆို လိုက်ပါတယ် ။ “သမ္မတ အိုဘာမားနဲ့ စကားစမြည် ပြောဆိုခြင်း”ခေါင်းစဉ်နဲ့ အွန်လိုင်း …
ဆောင်းရာသီတွေမှာ ဂျပန်ဆိပ်ကမ်းကို ကမ်း ကပ်လာတတ်တဲ့ တစ္ဆေလှေ ဂျပန် ပင်လယ် ထဲက ဆာဒိုကျွန်း ကို လူသေအလောင်း ၅ လောင်း ပါတဲ့ သစ်သားလှေ တစ်စင်းကမ်းကပ် လာတယ်လို့ ဒေသခံ အာဏါပိုင် တွေက ဆိုတယ် ။ သူတို့ ကတော့အဲ့ဒိ လှေက မြောက်ကိုရီးယား ဖက်က လာတယ်လို့ ယူဆကြောင်း ပြောတယ် ။ ဂျပန် အသံလွှင့် ဌာန NHK ရဲ့ အဆို အရ လှေပေါ်မှာ လူသေ အလောင်း ၇ လောင်း ပါလာပြီး ၂ လောင်းက ခေါင်းဖြတ် ခံထား ရတယ်လို့ ဆိုတယ် …
“ဘာကောင်ကြီးလဲ ဘဘ” ကျတော် ညည ထမင်းဘူးတွေ လိုက်ဝေရာမှာ အနော်ရထာ လမ်းနဲ့ ၃၃ လမ်းထိပ် ဆုံရာ ပလက်ဖောင်းပေါ် နားခိုကြတဲ့ အိမ်ခြေမဲ့ မိသားတစ်စုကို အမြဲနီးပါး ဆုံရတယ် ။ အမြဲ နီးပါးလို့ သုံးနှုန်းရတာကတော့ မိုးရွာတဲ့ နေ့မျိုးတွေ ဒါမှမဟုတ် ပလက်ဖောင်းထက် လူအသွားအလာ များနေ ခဲ့ရင် သူရို့မိသားစုကို မတွေ့ ရတတ်ဘူး ။ ကျတော် ရှေ့ပိုင်းမှာ သူတို့ မိသားစုအကြောင်း နည်းနည်း ပါးပါး ရေးဖူး သေးတယ် ။ မိသားစုလို့ ကျတော်က ရေးနေ တာ ။ တကယ်တော့ ဖအေ မပါတဲ့ အိမ်ခြေမဲ့ …
ခန္ဓာကိုယ် သွယ်လျ စေရန် နမ်းပါရှုပါ သင့် ခန္ဓာကိုယ်ကို သွယ်လျစေရန် စားသုံးရန် မဟုတ်ပဲ နမ်းရန် ရှုရန်အစာ ငါးမျိုးရှိတယ် ဆိုတာသင် သိပါရဲ့လား အချို့ အနံတွေဟာ ရှုရှိုက် မိတဲ့အခါမျိုးမှာ သင့်ကို အစာစားချင်စိတ် ဖြစ်အောင် မြူဆွယ်တတ်ကြသလို အချို့ အနံတွေကတော့ အစာစားချင်စိတ်ကို လျော့ပါးစေပါတယ် ၊ အခု ဖော်ပြမဲ့အစားအစာ တွေဟာ သူတို့ရဲ့အနံကို ရှုသွင်းလိုက်တာနဲ့တင် သင့်ကို အစာစားချင်စိတ် လျှော့ချပေးပြီး ကိုယ်အလေးချိန် လျော့ကျအောင် ကူညီနိုင်ပါတယ် ။ သံလွင်ဆီ စစ်စစ်”” ဂျာမန် သုတေသနပညာရှင် တို့ရဲ့လေ့လာ တွေ့ရှိမှု တစ်ခုအရ သံလွင်ဆီ စစ်စစ်ကို အနံ့ ရှုရှိုက်လိုက်တဲ့အခါမှာ …
ကျန်းမာစေရန် နေ့စဉ် လိုက်နာဖို့ အခုလို အချိန်ကာလမှာ သင့်အတွက် ကျန်းမာရေးဟာ အဓိကကျတဲ့ အချက်ပဲ မဟုတ်ပါလား….. သင့်ကျန်းမာရေး အတွက် အဓိကကျပြန်တဲ့ အချက်သုံးချက်ကတော့ ကိုယ်ခံ စွမ်းအားစနစ်ကောင်းမွန် စေဖို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ကိုယ် အလေးချိန် လျှော့ကျနေဖို့ စတာတွေပဲ ဖစ်ပါတယ် ။ ဒီလို အချက်သုံးချက်ကို တစ်ပြိုင်ထဲ ရယူနိုင်ဖို့ နေ့စဉ် သင်လိုက်နာရမဲ့ အချက်တွေရှိပါတယ် ။ အဆင်ပြေ လွယ်ကူသော လေ့ကျင့်ခန်း သင့်ရဲ့ နေ့တစ်နေ့တာမှာ သင့်အတွက် ခက်ခဲ ပင်ပန်းခြင်း မရှိတဲ့ လေ့ကျင့်ခန်းမျိုး… ဥပမာ အိပ်ထ မတင် ထိုင်ထ စတဲ့ ကရိယာလွတ် လေ့ကျင့်ခန်း …
မြန်မာနိုင်ငံအတွက် နမိတ်ကောင်းလို့ ဟောချက်ထုတ်လာတဲ့ ဆရာ သိဒ္ဓိစိုး မြန်မာနှစ်ဆန်းတစ်ရက်၏ နံနက်ခင်း၌ ကျွန်ုပ်သည် Stay at home နေရသူတို့၏ ထုံးစံအတိုင်း တောင်တောင်အီအီတွေးလိုက်၊ ဟိုစာအုပ် ကောက်လှန် လိုက်၊ ဒီစာအုပ် ကောက်လှန်လိုက်နှင့် နောက်ဆုံး၌ ဖုန်းကိုသာ ဖွင့်၍ ပွတ်နေလေမိတော့သည်။ ထိုသို့ဖုန်းပွတ်ခြင်း အမှု၌ နစ်မျောနေစဉ် ကျွန်ုပ်ထံသို့ ကိုဦးဆွေသတင်းကောင်းဗျ နိမိတ်ကောင်း ဟူသော မက်ဆေ့ခ်ျ ရောက်လာသည် ကြောင့် cb သို့ ဝင်ရောက်ကြည့်ရှုလေရာ ကျွန်ုပ်၏ မိတ်ဆွေ လက္ခဏာ၊ တားရော့၊ ဗေဒပညာရှင် သိဒ္ဓိစိုး ထံမှ ဖြစ်နေသည်ကို တွေ့ရလေ၏။ ယခုကဲ့သို့ ဆိုးရွားလှသော အခါမျိုးတွင် သတင်းကောင်း ဟူ၍လည်းကောင်း၊ …
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | 5 | ||
6 | 7 | 8 | 9 | 10 | 11 | 12 |
13 | 14 | 15 | 16 | 17 | 18 | 19 |
20 | 21 | 22 | 23 | 24 | 25 | 26 |
27 | 28 | 29 | 30 | 31 |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |