MusiCare အစီအစဉ်အတွက် တေလာဆွစ် ၊ ဘီလီအီးလစ်ရှ် နဲ့ ရှား တို့ပါဝင်

MusiCare အစီအစဉ်အတွက် တေလာဆွစ် ၊ ဘီလီအီးလစ်ရှ် နဲ့ ရှား တို့ပါဝင်
International-news

MusiCare အစီအစဉ်အတွက် တေလာဆွစ် ၊ ဘီလီအီးလစ်ရှ် နဲ့ ရှား တို့ပါဝင်

အမေရိကားက ဂီတပညာရှင်များအတွက် ထောက်ပံ့ကြေး ပေးတဲ့ MusiCare (မြူးဇစ် ကဲယား) ဖောင်ဒေးရှင်က ပြုလုပ်မယ့် လေလံပွဲမှာ တေလာဆွစ် ၊ဘီလီအီးလစ်ရှ် ၊ ရှား တို့လို အမေရိကားက နာမည်ကြီး အဆိုတော် တွေနဲ့ ဂီတပညာရှင်တွေက သူတို့ရဲ့ ကိုယ်ပိုင်အမှတ်တရ ပစ္စည်းတွေကို လေလံ ပစ်ပေးသွားမယ် လို့ သိရပါတယ်။

လေလံပစ်မယ့် ပစ္စည်းတွေကို စက်တင်ဘာလ ၇ ရက်နေ့ကနေ စပြီး ဘီဘာလီဟေးလ်က ဂျူလီယံ လေလံပြခန်းမှာ ပြသထားမှာ ဖြစ်ပြီး မည်သူမဆို အခမဲ့ ဝင်ရောက် ကြည့်ရှု့ နိုင်ရန် စီစဉ်ထားပါတယ်။ လေလံပွဲကိုတော့ စက်တင်ဘာလ ၁၁ ရက်နေ့ ဒေသစံတော်ချိန် နေ့လည် ၁၁ နာရီကနေ ညနေ ၅ နာရီ အတွင်းကျင်းပမှာ ဖြစ်ပါတယ်။

MusiCare အစီအစဉ်အတွက် တေလာဆွစ် ၊ ဘီလီအီးလစ်ရှ် နဲ့ ရှား တို့ပါဝင်1

မြူဇစ်ကဲယား ဖောင်ဒေးရှင်း ဆိုတာ ဂီတလောကမှာ ကျင်လည်နေတဲ့ သူတွေ အတိဒုက္ခရောက်ရင် အကူအညီ ပေးဖို့အတွက် ၁၉၈၉ ခုနှစ်ကတည်းက တည်ထောင်ထားခဲ့တဲ့ အဖွဲ့တစ်ခုပါ။ ၁၉၉၃ မှာတော့ တရားဝင် အဖွဲ့တစ်ဖြစ် ရပ်တည်နိုင်ခဲ့ပြီး ယနေ့အထိ မြူဇစ်ကဲယား ဖောင်ဒေရှင်းကနေ အကူအညီပေးခဲ့တာက ကန်ဒေါ်လာသန်း ၆၀ ကျော်သွားပါပြီ။

ငွေးကြေးဆိုင်ရာ အခက်အခဲဖြစ်နေတဲ့ ဂီတပညာရှင်တွေ ၊ ပုဂ္ဂိုလ်ရေး ဆိုင်ရာ ပြဿနာ တက်နေသူတွေ ၊ကျန်းမာရေးအတွက် ဒုက္ခ ရောက်နေသူတွေ ၊ မူးယစ်ဆေးဖြတ် လိုတဲ့ ဂီတပညာရှင် တွေနဲ့ နေစရာအိမ် မရှိတဲ့ သက်ကြီး ဂီတပညာရှင်တွေအတွက် ထောက်ပံ့ အကူအညီ ပေးနေပါ တယ်။

MusiCare အစီအစဉ်အတွက် တေလာဆွစ် ၊ ဘီလီအီးလစ်ရှ် နဲ့ ရှား တို့ပါဝင်2

ဂျူလီယံလေလံ က နာမည်ကျော်တွေ အနေနဲ့ အလှူမှာ ပါဝင်လိုတယ်ဆိုရင် သူတို့ရဲ့ အမှတ်တရ ပစ္စည်းတွေ ကို စက်တင်ဘာလ ၉ ရက်နေ့ထက် နောက်မကျဘဲ ပို့ပေးဖို့ နှိုးဆော်ထားပါတယ်။ လောလော ဆယ်ကတော့ တေလာဆွစ်က သူမလက်မှတ်ထိုးထားတဲ့ သူမငယ်ငယ်က တီးခဲ့တဲ့ ဂစ်တာတစ်လက် ပို့ထားပါတယ်။

လေလံ ကြမ်းခင်းဈေးက ကန်ဒေါ်လာ ၂၀၀၀ ကနေ ၃၀၀၀ ကြားလောက် ဖွင့်မယ်လို့ မှန်းထားပါတယ်။ နောက်ပြီး ဘီလီအီးလစ်ရှ်ကလည်း သူမတီးတဲ့ ယူကလီ ဂစ်တာအသေးလေးကို ပို့ထားပြီး ကြမ်းခင်းဈေး ၄၀၀၀ လောက်နဲ့ ဈေးဖွင့်နိုင်ပါတယ်။

MusiCare အစီအစဉ်အတွက် တေလာဆွစ် ၊ ဘီလီအီးလစ်ရှ် နဲ့ ရှား တို့ပါဝင်3

သူတို့လိုပဲ အဆိုတော်ရှားက ကျောက်စီ အမဲနဲ့ ငွေရောင် ဂျက်ကတ်တစ်ထည် ၊ အယ်လ်တန်ဂျွန် အမြဲဝတ်လေ့ရှိတဲ့ သတ္တုအပြာရောင် ထရပ်စု ၊ အဆိုတော်ကြီး တွမ်ဂျုံး နာမည် ပန်းထိုးထားတဲ့ အနွေးထည် တစ်ထည် ၊ဝမ်းဒါရိုက်ရှင် က အဆိုတော်တွေ လက်မှတ်ထိုး ထားတဲ့ အကော့စတစ် ဂစ်တာတစ်လုံး နဲ့ နာမည်ကြီး အဆိုတော်အချို့ရဲ့ အောင်မြင်စဉ်က ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေ တော်တော် များများတော့ ရောက်နေပါပြီ။

နောက်ထပ် ရောက်လာဖို့လည်း ရှိပါတယ်။ လေလံကရတဲ့ ငွေတွေကို ကိုဗစ်ရောဂါကြောင့် ဒုက္ခရောက်နေတဲ့ ဂီတပညာရှင်တွေကို အကူအညီ ပေးသွားမှာ ဖြစ်ပါတယ်။

မောင်ယဿ, REF:daily mail, photo: daily mail

Zawgyi




MusiCare အစီအစဉ်အတွက် တေလာဆွစ် ၊ ဘီလီအီးလစ်ရှ် နဲ့ ရှား တို့ပါဝင်4




MusiCare အစီအစဉ်အတွက် တေလာဆွစ် ၊ ဘီလီအီးလစ်ရှ် နဲ့ ရှား တို့ပါဝင်5





No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …