LV ကထုတ်တဲ့ ဖေ့စ်ရှီးက ၁၂သိန်းလောက် တန်တယ်တဲ့

LV ကထုတ်တဲ့ ဖေ့စ်ရှီးက ၁၂သိန်းလောက် တန်တယ်တဲ့
International-news

LV ကထုတ်တဲ့ ဖေ့စ်ရှီးက ၁၂သိန်းလောက် တန်တယ်တဲ့

Face shield လို့ ခေါ်တဲ့ မျက်နှာကာက ကိုဗစ်ကာလ ရက်ရှည် လာတာနဲ့ အမျှ လူသိများ ထင်ရှားလာပါတယ်။ ရန်ကုန်မှာ မျက်မှန်ကိုင်းနဲ့ ဖေ့စ်ရှီး တွေ လူတိုင်းနီးပါး ဆင်းမြန်းလာတာကို တွေနေ့ရပါတယ်။

ဖေ့စ်ရှီးတွေ ပေါ်ကာစမှာ တစ်ခု ၇၀၀ ၊ ၈၀၀ နဲ့ အွန်လိုင်းပေါ်မှာ ရောင်ချနေတာကို တွေ့ရပါတယ်။ နောက်ပိုင်းမှာ ၁၀၀၀ အထိ ဈေးတင်လာပါတယ်။ ကြိုးနဲ့ စည်းရတာတွေ နှိပ်ကြယ်သီး မျက်နှာကာ တွေကို လက်ကားဝယ်မယ် ဆိုရင် ၅၀၀ လောက်နဲ့ ရတဲ့အထိ ဈေးပြန်ကျသွားပါတယ်။

အဲ့ဒိနောက်ပိုင်းမှာ မျက်မှန်ကိုင်းနဲ့ ဖေ့စ်ရှီးတွေ ပေါ်လာတဲ့ အခါမှာတော့ ကြိုးစည်း နဲ့ နှိပ်ကြယ်သီး မျက်နှာကာတွေ အရောင်းမသွက်တော့ဘဲ မျက်မှန်ကိုင်း ဖေ့စ်ရှီး တွေကိုပဲ သုံးလာကြပါတယ်။ ချွတ်ရတာ တပ်ရတာ လွယ်တဲ့အပြင် စတိုင်လည်း ပိုကျတော့ လူတွေက မျက်မှန်ကိုင်းတွေကိုပဲ အသုံးပြုလာကြပါတယ်။

LV ကထုတ်တဲ့ ဖေ့စ်ရှီးက ၁၂သိန်းလောက် တန်တယ်တဲ့1

မျက်မျန်ကိုင်း ဖေ့စ်ရှီးတွေ ပေါ်ကာစက တစ်ခုကို ၁၅၀၀ နဲ့ ရောင်းနေရာက လူကြိုက်များလာလို့ အပြိုင်အဆိုင် ထုတ်ကြရာ ၁၀၀၀ ကနေ ၇၀၀ ဖြစ်လာပြီး အခုဆိုရင် ၅၀၀ နဲ့တောင် ရနေပါပြီ။ မျက်နှာကာတစ်ခုကို ၅၀၀ နဲ့၀ယ်ပြီး တပ်နေချိန်မှာ မြန်မာကျပ်ငွေ ၁၂သိန်းတန် ဖေ့စ်ရှီး ကို ဇိမ်ခံပစ္စည်းအဖြစ် ထုတ်ရောင်းတယ် ဆိုတော့ တော်တော် စိတ်ဝင်စားမိပါတယ်။

ဘယ်လိုလူတွေက ဒီလိုမျိုး ပစ္စည်းတွေကို ဝယ်သုံးတာလဲလို့ စပ်စု မိတော့ ၊လူဝစ်ဗစ်တန် (LV) ဆိုတဲ့ ဖက်ရှင်ကုမ္ပဏီ တစ်ခုက မလေးရှားမှာ ရင်းဂစ် ၄၀၀၀ တန် ဖေ့စ်ရှီးတွေကို ထုတ်ပြီး ရောင်းချနေတယ်လို့ သိရတယ်။

LV က PPE ဝတ်စုံ တွေကိုလည်း ဇိမ်ခံပစ္စည်းအဖြစ် ထုတ်လုပ် နေပါတယ်။ သူတို့က ၂၀၂၁ ခရုဇ်ကော်လက်ရှင် ဘရန်းအဖြစ်နဲ့ အောက်တိုဘာလ ၃၀ရက်နေ့မှာ ဈေးကွက် ထဲကို ပို့တော့မှာပါ။

လက်ရှိထုတ်နေတဲ့ ဖေ့စ်ရှီး ကတော့ မျက်နှာကာပေးတဲ့ အပြင် ဦးထုတ်အဖြစ်လည်း ပြောင်းသုံးနိုင်ပါတယ်။ ဒါအပြင် အဆင့်မြင့်ပေါ်လီမာတွေနဲ့ လုပ်ထားတဲ့ ပလက်စတစ် မျက်နှာကာကို နေရောင်ကာ ဖိုတိုဂရေး အဖြစ်နဲ့လည်း သုံးနိုင်ပါတယ်။

နေရောင်နဲ့ အတူပါလာတဲ့ ခရမ်းလွန် ရောင်ခြည်ကိုလည်း အကာအကွယ် ပေးပါတယ်။ ဖေ့စ်ရှီးကို စတိုင်ကျကျ လှလှလေး ဝတ်ချင်သူတွေအတွက် မြန်မာငွေ ၁၂သိန်း တန် ဖေ့စ်ရှီးတွေကို LV က ထုတ်လုပ်နေပါတယ်လို့ ပြောပါရစေ။

မောင်ယဿ, REF: world of buzz, Photo: NY post

Zawgyi

LV ကထုတ္တဲ့ ေဖ့စ္ရွီးက ၁၂သိန္းေလာက္ တန္တယ္တဲ့

Face shield လို႔ ေခၚတဲ့ မ်က္ႏွာကာက ကိုဗစ္ကာလ ရက္ရွည္ လာတာနဲ႔ အမွ် လူသိမ်ား ထင္ရွားလာပါတယ္။ ရန္ကုန္မွာ မ်က္မွန္ကိုင္းနဲ႔ ေဖ့စ္ရွီး ေတြ လူတိုင္းနီးပါး ဆင္းျမန္းလာတာကို ေတြေန႔ရပါတယ္။

ေဖ့စ္ရွီးေတြ ေပၚကာစမွာ တစ္ခု ၇၀၀ ၊ ၈၀၀ နဲ႔ အြန္လိုင္းေပၚမွာ ေရာင္ခ်ေနတာကို ေတြ႕ရပါတယ္။ ေနာက္ပိုင္းမွာ ၁၀၀၀ အထိ ေဈးတင္လာပါတယ္။ ႀကိဳးနဲ႔ စည္းရတာေတြ ႏွိပ္ၾကယ္သီး မ်က္ႏွာကာ ေတြကို လက္ကားဝယ္မယ္ ဆိုရင္ ၅၀၀ ေလာက္နဲ႔ ရတဲ့အထိ ေဈးျပန္က်သြားပါတယ္။

အဲ့ဒိေနာက္ပိုင္းမွာ မ်က္မွန္ကိုင္းနဲ႔ ေဖ့စ္ရွီးေတြ ေပၚလာတဲ့ အခါမွာေတာ့ ႀကိဳးစည္း နဲ႔ ႏွိပ္ၾကယ္သီး မ်က္ႏွာကာေတြ အေရာင္းမသြက္ေတာ့ဘဲ မ်က္မွန္ကိုင္း ေဖ့စ္ရွီး ေတြကိုပဲ သုံးလာၾကပါတယ္။ ခြၽတ္ရတာ တပ္ရတာ လြယ္တဲ့အျပင္ စတိုင္လည္း ပိုက်ေတာ့ လူေတြက မ်က္မွန္ကိုင္းေတြကိုပဲ အသုံးျပဳလာၾကပါတယ္။

LV ကထုတ်တဲ့ ဖေ့စ်ရှီးက ၁၂သိန်းလောက် တန်တယ်တဲ့2

မ်က္မ်န္ကိုင္း ေဖ့စ္ရွီးေတြ ေပၚကာစက တစ္ခုကို ၁၅၀၀ နဲ႔ ေရာင္းေနရာက လူႀကိဳက္မ်ားလာလို႔ အၿပိဳင္အဆိုင္ ထုတ္ၾကရာ ၁၀၀၀ ကေန ၇၀၀ ျဖစ္လာၿပီး အခုဆိုရင္ ၅၀၀ နဲ႔ေတာင္ ရေနပါၿပီ။ မ်က္ႏွာကာတစ္ခုကို ၅၀၀ နဲ႔၀ယ္ၿပီး တပ္ေနခ်ိန္မွာ ျမန္မာက်ပ္ေငြ ၁၂သိန္းတန္ ေဖ့စ္ရွီး ကို ဇိမ္ခံပစၥည္းအျဖစ္ ထုတ္ေရာင္းတယ္ ဆိုေတာ့ ေတာ္ေတာ္ စိတ္ဝင္စားမိပါတယ္။

ဘယ္လိုလူေတြက ဒီလိုမ်ိဳး ပစၥည္းေတြကို ဝယ္သုံးတာလဲလို႔ စပ္စု မိေတာ့ ၊လူဝစ္ဗစ္တန္ (LV) ဆိုတဲ့ ဖက္ရွင္ကုမၸဏီ တစ္ခုက မေလးရွားမွာ ရင္းဂစ္ ၄၀၀၀ တန္ ေဖ့စ္ရွီးေတြကို ထုတ္ၿပီး ေရာင္းခ်ေနတယ္လို႔ သိရတယ္။

LV က PPE ဝတ္စုံ ေတြကိုလည္း ဇိမ္ခံပစၥည္းအျဖစ္ ထုတ္လုပ္ ေနပါတယ္။ သူတို႔က ၂၀၂၁ ခ႐ုဇ္ေကာ္လက္ရွင္ ဘရန္းအျဖစ္နဲ႔ ေအာက္တိုဘာလ ၃၀ရက္ေန႔မွာ ေဈးကြက္ ထဲကို ပို႔ေတာ့မွာပါ။

လက္ရွိထုတ္ေနတဲ့ ေဖ့စ္ရွီး ကေတာ့ မ်က္ႏွာကာေပးတဲ့ အျပင္ ဦးထုတ္အျဖစ္လည္း ေျပာင္းသုံးႏိုင္ပါတယ္။ ဒါအျပင္ အဆင့္ျမင့္ေပၚလီမာေတြနဲ႔ လုပ္ထားတဲ့ ပလက္စတစ္ မ်က္ႏွာကာကို ေနေရာင္ကာ ဖိုတိုဂေရး အျဖစ္နဲ႔လည္း သုံးႏိုင္ပါတယ္။

ေနေရာင္နဲ႔ အတူပါလာတဲ့ ခရမ္းလြန္ ေရာင္ျခည္ကိုလည္း အကာအကြယ္ ေပးပါတယ္။ ေဖ့စ္ရွီးကို စတိုင္က်က် လွလွေလး ဝတ္ခ်င္သူေတြအတြက္ ျမန္မာေငြ ၁၂သိန္း တန္ ေဖ့စ္ရွီးေတြကို LV က ထုတ္လုပ္ေနပါတယ္လို႔ ေျပာပါရေစ။

ေမာင္ယႆ, REF: world of buzz, Photo: NY post

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …