LGBT ကင်းမဲ့ ဇုံလုပ်ဖို့ အတွက် ပိုလန်နိုင်ငံ မြို့ ၆မြို့ကို အီးယူက ငွေ မထောက်ပံ့နိုင်လို့ဆို

International-news

LGBT ကင်းမဲ့ ဇုံလုပ်ဖို့ အတွက် ပိုလန်နိုင်ငံ မြို့ ၆မြို့ကို အီးယူက ငွေ မထောက်ပံ့နိုင်လို့ဆို

LGBT လို့ ခေါ်တဲ့ အခြောက် ဂန်ဒူး လိင်တူချစ်သူ လိင်ပြောင်း လူ့ အဖွဲ့အစည်းရဲ့ သဘောထားကြောင့် ဥရောပသမဂ္ဂ အနေနဲ့ ပိုလန်အစိုးရ စီစဉ်နေတဲ့ LGBT ကင်မဲ့ဇုံ မြို့ ၆မြို့ အတွက် အကူအညီ မပေးနိုင် သေးကြောင်းနဲ့ အဲ့လိုမြို့ တွေနဲ့ အလားသဏ္ဍန်တူတဲ့ မြို့တွေကို ဥရောပ မှာ မလုပ်ပေးနိုင်ကြောင်း ပြော ပါတယ်။

အဲ့ဒိကြေညာချက်ကို အီးယူရဲ့ တန်းတူအခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဟယ်လင်နာဒယ်လီရဲ့ တွစ်တာမှာ တင်ခဲ့တာပါ။ သူမက “ အီးယူကော်မရှင်အနေနဲ့ အစိုးရအဖွဲ့ အစည်းတွေရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားရ သလို ပြည်သူတွေရဲ့ အာဏါနဲ့ အခွင့်အရေးကိုလည်း လေးစားရပါတယ်။

LGBT ကင်းမဲ့ ဇုံလုပ်ဖို့ အတွက် ပိုလန်နိုင်ငံ မြို့ ၆မြို့ကို အီးယူက ငွေ မထောက်ပံ့နိုင်လို့ဆို1

ဒါကြောင့် ပိုလန်အစိုးရက LGBT ကင်းမဲ့ဇုံ လုပ်ဖို့အတွက် မြို့၆မြို့ကို စီမံကိန်းသွင်းပြီး အကောင်အထည်ဖော်တဲ့နေရာမှာ မိသားစုအခွင့်အရေးကို ကြည့်ပြီး သူတို့ရဲ့ တောင်းဆိုမှုကို ပယ်ချခဲ့ပါတယ်”လို့ ဆိုတယ်။

လောလောဆယ်မှာတော့ ပိုလန်အစိုးရဖက်ကရော အီးယူဖက်ကပါ ဘယ်မြို့တွေကို LGBT ကင်းမဲ့ဇုံအဖြစ် လုပ်မယ်ဆိုတာကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ ဥရောပသမဂ္ဂရဲ့ အစီအစဉ်အရ ဥရောပမြို့တွေက မြူနီစပယ်အပိုင်အလိုက် ယူရို ၅၀၀၀ ကနေ ၂၅၀၀၀ အတွင်း ရရှိပါတယ်။

ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အတွက် လျှောက်ထားတဲ့ ၁၂၇ မြို့အတွက် အီးယူက ထောက်ပံ့ငွေ ယူရို ၂.၃သန်း ခွင့်ပြုချက် ရထားပါတယ်။ အဲဒိငွေတွေကို အီးယူနိုင်ငံသားတွေအတွက် လိင်အမျိုးအစား ၊ တိုင်းရင်သား၊ ကိုးကွယ်တဲ့ ဘာသာနဲ့ ယုံကြည်မှု ၊ မသန်မစွမ်းဖြစ်မှု နဲ့ အသက်အရွယ် မခွဲခြားဘဲ ထောက်ပံ့ပေးသွား မှာဖြစ်ပါတယ်။

LGBT ကင်းမဲ့ ဇုံလုပ်ဖို့ အတွက် ပိုလန်နိုင်ငံ မြို့ ၆မြို့ကို အီးယူက ငွေ မထောက်ပံ့နိုင်လို့ဆို2

ပိုလန်အစိုးရက LGBT လူ့ အဖွဲ့အစည်း ကို လုံးဝမထောက်ခံတဲ့ အစိုးရဖြစ်ပါတယ်။ တိုင်းပြည်ထဲမှာ အနာဂတ် လူငယ်တွေအတွက် အယူအဆအမှားတွေ ဝင်ရောက်သွားနိုင်တဲ့ LGBT ဝါဒကို မသွတ်သွင်းနိုင်ဘူး လို့ဆိုပါတယ်။ အစိုးရ က LGBT ဆိုတာ အဲ့ဒိနေရာမှာတင် ရပ်တန့်သွားတာမဟုတ်ဘဲ လိင်တူချင်း ဆက်ဆံတဲ့အဆင့်ထိ တက်လာတာပါ။

ဒါက သဘာဝကို ဆန့်ကျင့်တဲ့ အနေအထား စဖြစ်လာတော့တာပဲ။ နိုင်ငံတကာ အသိုင်းအဝိုင်း က LGBT တွေကို မဆန့်ကျင်တော့ဘူး ဆိုရင် ပိုလန်နိုင်ငံအနေနဲ့ က ကျား၊ မ ခွဲခြားပြီး နေလို့ရတဲ့ LGBT ကင်းမဲ့ဇုံတွေကို တည်ဆောက်ဖို့ ပြင်ဆင်တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မောင်ယဿ, REF: euronews, Photo; euronews

Zawgyi




LGBT ကင်းမဲ့ ဇုံလုပ်ဖို့ အတွက် ပိုလန်နိုင်ငံ မြို့ ၆မြို့ကို အီးယူက ငွေ မထောက်ပံ့နိုင်လို့ဆို3







No Comments

Leave a Reply

Your email address will not be published. Required fields are marked *

International-news
အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို

အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို အမေရိကန်က ပြည်နယ်ရှေ့နေချုပ် ၃၀လောက်က ဖေ့စ်ဘုတ်ပေါ်က အမုန်းစကားတွေ သတင်းလွဲတွေ သတင်းမှားတွေ နဲ့ ရာဇဝတ်မှုတွေကို လျော့ချပေးမဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဖို့အတွက် တောင်းဆို လိုက်တဲ့အပြင် စော်ကားခံနေရတဲ့ လိုင်းသုံးဖို့ရာ ကြောက်နေရတဲ့ သားကောင်တွေ အတွက် အားပေး ကူညီနိုင်တဲ့ အစီအစဉ်တွေကို လုပ်ဖို့လည်း ညွှန်ကြားလိုက်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ အွန်လိုင်းပေါ်မှာ တိုးတက်လာတဲ့ အမုန်းစကားတွေ နဲ့ လူအဖွဲ့အစည်းကို အနှောက်အယှက် ဖြစ်စေတဲ့ အပြုအမှုတွေကို တတ်နိုင်သလောက် လျှော့ချပေးဖို့အတွက် တောင်းဆိုတဲ့ ပြည်နယ် ၂၀ကျော်က ရှေ့နေချုပ်တွေ လက်မှတ်ရေးထိုးထားတဲ့ စာတစ်စောင်ကို ဖေ့စ်ဘုတ် အမှူဆောင်အရာရှိချုပ် …

International-news
ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား

ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ရေပေါ်ဆိပ်ကမ်းက ဂိုထောင်ထဲမှာ ထားရှိတဲ့ ဓာတုပစ္စည်တွေ ပေါက်ကွဲမှုကြီး ဖြစ်ပြီး နောက်မှာတော့ ဆိပ်ကမ်း အာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းထားတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေး လုပ်သားတွေရဲ့ မှတ်တမ်းအရ သေဆုံးသူ ၁၃၅ယောက် ရှိနေပြီး လူ ၅၀၀၀ကျော် ဒဏ်ရာရကာ လူ၃သိန်း ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားစေခဲ့တဲ့ ပေါက်ကွဲမှုကြီးနဲ့ ပတ်သက်လို့ အစိုးရပိုင်းက အထက်တန်းလွှာတွေကို အကာအကွယ် ပေးနေတယ်လို့ အရပ်သားတွေက ယူဆတဲ့အတွက် အားလုံး မကျေမနပ် ဖြစ်နေကြ ပါတယ်။ ဒီလို ပေါက်ကွဲကြီးက မဖြစ်သင့်ဘဲ ဖြစ်ရတယ်လို့ အရပ်သားတွေက …

International-news
စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း

စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ၂နိုင်ငံ နယ်ခြားက စစ်ဖြစ်ခဲ့တဲ့ တောင်ကိုရီးယားပိုင် မြေတွေကို ဆယ်စုနှစ် တော်တော်ကြာ ဝင်ရောက် ကျူးကျော် စိုက်ပျိုးနေတဲ့ ဒေသခံလယ်သမားတွေကို တောင်ကိုရီးယား အစိုးရက အကွက်ရိုက်ပြီး ရောင်းချနေပါတယ်။ အစိုးရ အေဂျင်စီတစ်ခုဖြစ်တဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးနဲ့ ပြည်သူ့အခွင့်အရေး ကော်မရှင်က ဂမ်ဝမ်းပြည်နယ် ယန်ဂူခရိုင်မှာ ရှိတဲ့ မြေဧက ၂၃၇၀ကို ကျူးကျော် ဝင်ရောက်စိုက်ပျိုးနေတဲ့ ဒေသခံ လယ်သမားတွေကို တရားဝင် ဖြစ်စေဖို့အတွက် ခုံသမာဓိစီရင် ဆုံးဖြတ်ချက်ဆိုင်ရာ အဆိုပြုချက် အသစ်တစ်ရပ် ရေးဆွဲကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၅၃ခုနှစ် ကိုရီးယားစစ်ကာလအတွင်းက မြောက်ကိုရီးယားတပ်တွေနဲ့ …