K-POP အဆိုေတာ္ဆံပင္ပုံစံ မထားရန္ စာသင္ေက်ာင္းအခ်ိဳ႕တားျမစ္
- By : Phoe Linn
- Category : International-news

K-POP အဆိုေတာ္ဆံပင္ပုံစံ မထားရန္ စာသင္ေက်ာင္းအခ်ိဳ႕တားျမစ္
ထိုင္းႏိုင္ငံ အေရွ႕ဘက္က ေက်ာင္း အခ်ိဳ႕မွာ K-POP အဆိုေတာ္မ်ားရဲ႕ ဆံပင္ပုံစံကို မထားရန္ တားျမစ္မႈ ေတြကို ျပဳလုပ္လို႔ စာသင္ေက်ာင္းနဲ႔ ေက်ာင္းသား မိဘမ်ား အၾကား အေခ်အတင္ေျပာဆိုမႈမ်ား ရွိေနပါတယ္ ။ ထိုင္းသတင္းဌာန တစ္ခုရဲ႕သတင္းအရ စာသင္ေက်ာင္း မွ မိန္းကေလး ေတြက ကိုရီးယား အဆိုေတာ္မ်ားရဲ႕ ဆံပင္ပုံစံ ကို တုပ ေနတဲ့ အတြက္ေၾကာင့္ ေက်ာင္း အုပ္ခ်ဳပ္ ေရးမႉးက မယဥ္ေက်းတဲ့ အျပဳအမူ ျဖစ္တဲ့အတြက္ ဆံပင္ပုံစံ မတုပရန္ အမိန႔္ ထုတ္ျပန္ လိုက္ပါတယ္ ။
“ဒီလိုမ်ိဳး မလုပ္ဖို႔ အတြက္ကို အရင္ ကတည္းက ေျပာထား ၿပီးသားပါ ။ ေက်ာင္းရဲ႕ စည္းကမ္းခ်က္ တစ္ခု အေနနဲ႔ ထည့္သြင္း ထားပါတယ္ ။ ဆယ္ေက်ာ္သက္ မိန္းကေလးေတြက ဒီလိုမ်ိဳး ကိုရီးယား အဆိုေတာ္ ဆံပင္ပုံစံေတြနဲ႔ ေက်ာင္း လာတက္ေတာ့ ေက်ာင္း စည္းကမ္းခ်ိဳးေဖာက္ တာပါပဲ ” လို႔ ၎က ဆိုတယ္ ။
ပညာေရး လြတ္ေျမာက္မႈ အရပ္ဖက္ အဖြဲ႕ ကေတာ့ ဒါက မလိုအပ္ဘဲ တင္းက်ပ္မႈ ျဖစ္တယ္လို႔ အျပစ္တင္ ေျပာဆိုခဲ့ ပါတယ္ ။ ေက်ာင္းစည္းကမ္း ဆိုတဲ့ ေခါင္းစဥ္ ေအာက္ကေန ေက်ာင္းသား မိဘေတြကို ဖိႏွိပ္မႈ ျပဳထားတာပါ လို႔လည္း ဆိုတယ္ ။ ဒီကိစၥ ပတ္သက္ၿပီး ထိုင္းဆိုရွယ္ မီဒီယာေတြမ်ားလည္း အေခ်တင္ အျငင္းအခုန္ေတြ ျဖစ္ေန ပါတယ္ ။
အမ်ားစု ကေတာ့ ေက်ာင္းအုပ္ခ်ဳပ္ေရး အဖြဲ႕ကို ျပစ္တင္ ေျပာဆို ၾကပါတယ္ ။ ေက်ာင္းသူေတြရဲ႕ အခြင့္အေရးကို ခ်ိဳးေဖာက္တာ လို႔လည္း မွတ္ခ်က္ေတြ ေပးၾကတယ္ ။ ေက်ာင္းအုပ္ခ်ဳပ္ေရးမႉး ကေတာ့ “ လူေတြက သူတို႔ အျမင္နဲ႔ သူတို႔ ေျပာေန ၾကတယ္ ။ တစ္ဖက္က ယဥ္ေက်းမႈ ဆိုတဲ့အေတြးဖက္ ကို မစဥ္းစားေပး ၾကပါဘူး ။
လူမ်ိဳး တစ္မ်ိဳးရဲ႕ ကိုယ္ပိုင္ဟန္ကို မေပ်ာက္ေစ ခ်င္တာပါ ”လို႔ သူကဆိုတယ္ ။ ထိုင္းလူငယ္ေတြၾကားမွာ K-POP ၾသဇာ လႊမ္းမိုးမႈ ရွိေနတယ္လို႔ ဘန္ေကာက္ပို႔စ္ရဲ႕ သတင္း ေတြမွာ ေဖာ္ျပမႈ ရွိေနပါတယ္ ။ 2PM ၊ GOT7 ၊ Blackpink တို႔လို ကိုရီယား အဆိုေတာ္ အဖြဲ႕ေတြက ထိုင္းလူငယ္ ေတြရဲ႕ အသည္း ႏွလုံးကို ဖမ္းစား ထားပါတယ္ ။
ေမာင္ယႆ REF;UPI
Unicode
K-POP အဆိုတော်ဆံပင်ပုံစံ မထားရန် စာသင်ကျောင်းအချို့တားမြစ်
ထိုင်းနိုင်ငံ အရှေ့ဘက်က ကျောင်း အချို့မှာ K-POP အဆိုတော်များရဲ့ ဆံပင်ပုံစံကို မထားရန် တားမြစ်မှု တွေကို ပြုလုပ်လို့ စာသင်ကျောင်းနဲ့ ကျောင်းသား မိဘများ အကြား အချေအတင်ပြောဆိုမှုများ ရှိနေပါတယ် ။ ထိုင်းသတင်းဌာန တစ်ခုရဲ့သတင်းအရ စာသင်ကျောင်း မှ မိန်းကလေး တွေက ကိုရီးယား အဆိုတော်များရဲ့ ဆံပင်ပုံစံ ကို တုပ နေတဲ့ အတွက်ကြောင့် ကျောင်း အုပ်ချုပ် ရေးမှူးက မယဉ်ကျေးတဲ့ အပြုအမူ ဖြစ်တဲ့အတွက် ဆံပင်ပုံစံ မတုပရန် အမိန့် ထုတ်ပြန် လိုက်ပါတယ် ။
“ဒီလိုမျိုး မလုပ်ဖို့ အတွက်ကို အရင် ကတည်းက ပြောထား ပြီးသားပါ ။ ကျောင်းရဲ့ စည်းကမ်းချက် တစ်ခု အနေနဲ့ ထည့်သွင်း ထားပါတယ် ။ ဆယ်ကျော်သက် မိန်းကလေးတွေက ဒီလိုမျိုး ကိုရီးယား အဆိုတော် ဆံပင်ပုံစံတွေနဲ့ ကျောင်း လာတက်တော့ ကျောင်း စည်းကမ်းချိုးဖောက် တာပါပဲ ” လို့ ၎င်းက ဆိုတယ် ။
ပညာရေး လွတ်မြောက်မှု အရပ်ဖက် အဖွဲ့ ကတော့ ဒါက မလိုအပ်ဘဲ တင်းကျပ်မှု ဖြစ်တယ်လို့ အပြစ်တင် ပြောဆိုခဲ့ ပါတယ် ။ ကျောင်းစည်းကမ်း ဆိုတဲ့ ခေါင်းစဉ် အောက်ကနေ ကျောင်းသား မိဘတွေကို ဖိနှိပ်မှု ပြုထားတာပါ လို့လည်း ဆိုတယ် ။ ဒီကိစ္စ ပတ်သက်ပြီး ထိုင်းဆိုရှယ် မီဒီယာတွေများလည်း အချေတင် အငြင်းအခုန်တွေ ဖြစ်နေ ပါတယ် ။
အများစု ကတော့ ကျောင်းအုပ်ချုပ်ရေး အဖွဲ့ကို ပြစ်တင် ပြောဆို ကြပါတယ် ။ ကျောင်းသူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်တာ လို့လည်း မှတ်ချက်တွေ ပေးကြတယ် ။ ကျောင်းအုပ်ချုပ်ရေးမှူး ကတော့ “ လူတွေက သူတို့ အမြင်နဲ့ သူတို့ ပြောနေ ကြတယ် ။ တစ်ဖက်က ယဉ်ကျေးမှု ဆိုတဲ့အတွေးဖက် ကို မစဉ်းစားပေး ကြပါဘူး ။
လူမျိုး တစ်မျိုးရဲ့ ကိုယ်ပိုင်ဟန်ကို မပျောက်စေ ချင်တာပါ ”လို့ သူကဆိုတယ် ။ ထိုင်းလူငယ်တွေကြားမှာ K-POP သြဇာ လွှမ်းမိုးမှု ရှိနေတယ်လို့ ဘန်ကောက်ပို့စ်ရဲ့ သတင်း တွေမှာ ဖော်ပြမှု ရှိနေပါတယ် ။ 2PM ၊ GOT7 ၊ Blackpink တို့လို ကိုရီယား အဆိုတော် အဖွဲ့တွေက ထိုင်းလူငယ် တွေရဲ့ အသည်း နှလုံးကို ဖမ်းစား ထားပါတယ် ။
မောင်ယဿ REF;UPI
No Comments