Ip man ရဲ႕သား တ႐ုတ္ႏွစ္သစ္ကူး ပထမညမွာ ကြယ္လြန္

Ip man ရဲ႕သား တ႐ုတ္ႏွစ္သစ္ကူး ပထမညမွာ ကြယ္လြန္
International-news

Ip man ရဲ႕သား တ႐ုတ္ႏွစ္သစ္ကူး ပထမညမွာ ကြယ္လြန္

ေဟာင္ေကာင္မင္းသား ဒိုနီယန္ ႐ိုက္ကူးေနတဲ့ ဘ႐ုစလီရဲ႕ ဆရာ Ip man ရဲ႕ သားႀကီး Ipခ်င္က တ႐ုတ္ႏွစ္သစ္ကူး ပထမဆုံးည ျဖစ္တဲ့ ၿပီးခဲ့တဲ့ စေနေန႔က ကြယ္လြန္သြားခဲ့ပါတယ္။ သူ ကြယ္လြန္ခ်ိန္မွာ သူ႔ရဲ႕ အသက္က ၈၃ ႏွစ္ ရွိပါၿပီ။

Ipခ်င္က သူ႔အေဖရဲ႕ ဘဝဇာတ္လမ္းတြဲကို ဒိုနီယန္ သ႐ုပ္ေဆာင္ႏိုင္ရန္အတြက္ အႀကံေပး လုပ္ခဲ့ပါတယ္။ သူက သူ႔အေဖရဲ႕ ေျခရာကို အရ နင္းႏိုင္ခဲ့ပါတယ္။ ေနာက္ၿပီး ဝင္ခြၽန္း သိုင္းပညာနဲ႔ အသက္ေမြး သူေတြထဲမွာ အသက္ရွည္ဆုံး ဆိုသူေတြထဲက တစ္ေယာက္ျဖစ္ပါတယ္။

ဝင္ခြၽန္းတ႐ုတ္သိုင္းပညာက IP man ျဖစ္တဲ့ သူ႔အေဖရဲ႕ ႀကိဳးစားမႈေၾကာင့္ ကမာၻ ေက်ာ္ခဲ့ပါတယ္။ ဝင္ခြၽန္သိုင္းပညာကေတာ့ လက္ျမန္သိုင္း တစ္မ်ိဳး ျဖစ္ၿပီး အားျပင္းတဲ့ ေျခကန္ခ်က္ကို တိုက္ခိုက္ဖို႔အတြက္ အသုံးျပဳပါတယ္။

စီးပြားေရးသမားတစ္ေယာက္ျဖစ္တဲ့ Ipခ်င္ က သူ႔အေဖဆုံးၿပီး ေနာက္ပိုင္းမွာ ဝင္ခြၽန္းသိုင္းပညာကို ထိန္းသိမ္းဖို႔အတြက္ စီးပြားေရး လုပ္ငန္းေတြကို ရပ္ၿပီး အခ်ိန္ျပည့္ ဝင္ခြၽန္း သင္တန္းဆရာအျဖစ္ ၁၉၉၄ ခုႏွစ္ကတည္းက အသက္ေမြး ဝမ္းေက်ာင္းခဲ့ပါတယ္။ သူက IP man ရဲ႕ ဒုတိယသား ျဖစ္ ၿပီး သူ႔အကို IPခ်န္နဲ႔ အတူတူ IPman ႐ုပ္ရွင္ ၅ ကားလုံးကို အႀကံေပးခဲ့ပါတယ္။

အဲ့ ဒိ ႐ုပ္ရွင္ ၅ကားကေတာ့ Ip Man (2008) Ip Man 2 (2010) Ip Man 3 (2015) Master Z: Ip Man Legacy (2018) Ip Man 4: The Finale (2019) တို႔ပဲ ျဖစ္ပါတယ္။ ကုန္က်စားရိတ္ ကန္ေဒၚလာ သန္း ၆၀ေက်ာ္ ကုန္က်ခဲ့ၿပီး ဝင္ေငြ ၂၂၈ သန္း ရခဲ့ပါတယ္။

၁၉၇၂ အသက္ ၇၉ ႏွစ္ အ႐ြယ္မွာ ေသဆုံးခဲ့တဲ့ IPmanကို တ႐ုတ္ႏိုင္ငံ ဖူဆန္ၿမိဳ႕မွာ ေမြးခဲ့တာပါ။ ၁၉၄၉ မွာ ေဟာင္ေကာင္ကို ေျပာင္းလာၿပီး ေအာင္ျမင္ ေက်ာ္ၾကားတဲ့ သိုင္းပညာရွင္ တစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ ဘ႐ုစလီလို နာမည္ေက်ာ္ သိုင္းပညာရွင္ မ်ားစြာကို ေမြးထုတ္ခဲ့ၿပီး သူ႔ရဲ႕ ဝင္ခြၽန္းသိုင္းပညာကို ကမာၻသိေအာင္ လုပ္ႏိုင္ခဲ့ပါတယ္။

ေမာင္ယႆ
Ref; msn .com

Unicode

Ip man ရဲ့သား တရုတ်နှစ်သစ်ကူး ပထမညမှာ ကွယ်လွန်

ဟောင်ကောင်မင်းသား ဒိုနီယန် ရိုက်ကူးနေတဲ့ ဘရုစလီရဲ့ ဆရာ Ip man ရဲ့ သားကြီး Ipချင်က တရုတ်နှစ်သစ်ကူး ပထမဆုံးည ဖြစ်တဲ့ ပြီးခဲ့တဲ့ စနေနေ့က ကွယ်လွန်သွားခဲ့ပါတယ်။ သူ ကွယ်လွန်ချိန်မှာ သူ့ရဲ့ အသက်က ၈၃ နှစ် ရှိပါပြီ။

Ipချင်က သူ့အဖေရဲ့ ဘဝဇာတ်လမ်းတွဲကို ဒိုနီယန် သရုပ်ဆောင်နိုင်ရန်အတွက် အကြံပေး လုပ်ခဲ့ပါတယ်။ သူက သူ့အဖေရဲ့ ခြေရာကို အရ နင်းနိုင်ခဲ့ပါတယ်။ နောက်ပြီး ဝင်ချွန်း သိုင်းပညာနဲ့ အသက်မွေး သူတွေထဲမှာ အသက်ရှည်ဆုံး ဆိုသူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။

ဝင်ချွန်းတရုတ်သိုင်းပညာက IP man ဖြစ်တဲ့ သူ့အဖေရဲ့ ကြိုးစားမှုကြောင့် ကမ္ဘာ ကျော်ခဲ့ပါတယ်။ ဝင်ချွန်သိုင်းပညာကတော့ လက်မြန်သိုင်း တစ်မျိုး ဖြစ်ပြီး အားပြင်းတဲ့ ခြေကန်ချက်ကို တိုက်ခိုက်ဖို့အတွက် အသုံးပြုပါတယ်။

စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ Ipချင် က သူ့အဖေဆုံးပြီး နောက်ပိုင်းမှာ ဝင်ချွန်းသိုင်းပညာကို ထိန်းသိမ်းဖို့အတွက် စီးပွားရေး လုပ်ငန်းတွေကို ရပ်ပြီး အချိန်ပြည့် ဝင်ချွန်း သင်တန်းဆရာအဖြစ် ၁၉၉၄ ခုနှစ်ကတည်းက အသက်မွေး ဝမ်းကျောင်းခဲ့ပါတယ်။ သူက IP man ရဲ့ ဒုတိယသား ဖြစ် ပြီး သူ့အကို IPချန်နဲ့ အတူတူ IPman ရုပ်ရှင် ၅ ကားလုံးကို အကြံပေးခဲ့ပါတယ်။

အဲ့ ဒိ ရုပ်ရှင် ၅ကားကတော့ Ip Man (2008) Ip Man 2 (2010) Ip Man 3 (2015) Master Z: Ip Man Legacy (2018) Ip Man 4: The Finale (2019) တို့ပဲ ဖြစ်ပါတယ်။ ကုန်ကျစားရိတ် ကန်ဒေါ်လာ သန်း ၆၀ကျော် ကုန်ကျခဲ့ပြီး ဝင်ငွေ ၂၂၈ သန်း ရခဲ့ပါတယ်။

၁၉၇၂ အသက် ၇၉ နှစ် အရွယ်မှာ သေဆုံးခဲ့တဲ့ IPmanကို တရုတ်နိုင်ငံ ဖူဆန်မြို့မှာ မွေးခဲ့တာပါ။ ၁၉၄၉ မှာ ဟောင်ကောင်ကို ပြောင်းလာပြီး အောင်မြင် ကျော်ကြားတဲ့ သိုင်းပညာရှင် တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဘရုစလီလို နာမည်ကျော် သိုင်းပညာရှင် များစွာကို မွေးထုတ်ခဲ့ပြီး သူ့ရဲ့ ဝင်ချွန်းသိုင်းပညာကို ကမ္ဘာသိအောင် လုပ်နိုင်ခဲ့ပါတယ်။

မောင်ယဿ
Ref; msn .com

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …