ICU ထဲက ကိုဗစ္ လူနာဆီက ဖုန္းခိုးသြားတဲ့ သူခိုးကို ကြာရင္တိုင္း စင္တာပို႔

ICU ထဲက ကိုဗစ္ လူနာဆီက ဖုန္းခိုးသြားတဲ့ သူခိုးကို ကြာရင္တိုင္း စင္တာပို႔
International-news

ICU ထဲက ကိုဗစ္ လူနာဆီက ဖုန္းခိုးသြားတဲ့ သူခိုးကို ကြာရင္တိုင္း စင္တာပို႔

အိႏၵိယ ေဆး႐ုံတစ္ခု ကအေရးေပၚ လူနာခန္း( ICU ) ထဲကို ဝင္ၿပီး ကိုဗစ္-၁၉ လူနာရဲ႕ ဖုန္းကို ဝင္ခိုးတဲ့ သူခိုးကို ရဲေတြက ဖမ္းမိတဲ့ အခ်ိန္မွာ ရဲစခန္း မပို႔ရဲလို႔ အခ်ဳပ္နဲ႔ ကြာရင္တိုင္း စခန္းကိုပို႔လိုက္ရပါတယ္ ။

ခ်ီရန္ခ႐ိုင္က ကာဂ်ယ္ဂြန္ ျပည္သူ႔ေဆး႐ုံမွာ သီးျခားခြဲထားတဲ့ ကိုဗစ္-၁၉ လူနာေဆာင္ထဲကို ပါပုဘာမန္ (၂၂ႏွစ္) က ဝင္ေရာက္ခဲ့ၿပီး လူနာဖုန္းကို ခိုးယူးသြားခဲ့ပါတယ္ ။ အဲ့ဒိကိစၥက အေရးေပၚကိစၥျဖစ္လို႔ ရဲေတြက အပူတျပင္း လိုက္လံ စုံစမ္းၿပီး ေဆး႐ုံနဲ႔ ၁၅ ကီလိုမီတာ အကြာက ပါပုရဲ႕ အိမ္နားမွာ အရ ဖမ္းခဲ့ပါတယ္ ။ ရဲေတြက သူ႔ကို ဖမ္းမိရရခ်င္းပဲ သူ႔အိမ္မွာပဲ သလိပ္ နမူနာယူၿပီး ေဆး႐ုံကို လွမ္းပို႔ကာ သူ႔ကို ကြာရင္တိုင္း စင္တာဆီကို ပို႔ထားလိုက္ရပါတယ္ ။

ေဆး႐ုံက အေရးေပၚ လူနာေဆာင္ အုပ္ခ်ဳပ္ေရးမႉး မန္ေဂ်ာ့ဒါက “ အေရးေပၚ ကူးစက္လူနာေဆာင္ထဲကို လူေတြ ပုံမွန္ ဝင္ရဲမယ္လို႔ တစ္ခါမွ မေတြးမိပါဘူး ။ စဥ္စားၾကည့္ပါဗ် ာ။ ဘယ္သူက ဒီေလာက္ မိုက္မဲမယ္လို႔ ေတြးမိမွာလဲ ။ အခုေတာ့ ကူးစက္ လူနာေဆာင္ထဲကို ဝင္လာၿပီးေတာ့ လူနာရဲ႕ဖုန္းကို ခိုးသြားတယ္ တဲ့ဗ်ာ ။ ကိုဗစ္-၁၉ ဆိုတာ လူနာ အသုံးအေဆာင္က ကူးစက္တတ္မွန္းကို သူမသိဘူးလား မသိဘူးဗ်ာ”လို႔ ဆိုတယ္ ။

အဲ့ဒိဖုန္းကေနတစ္ဆင့္ ကိုဗစ္-၁၉ ေရာဂါပိုးေတြ ျပန္ႏွံ႔မွာကို အားလုံးက စိုးရိမ္ ေနၾကတယ္ ။ အေရးေပၚေဆာင္ ထဲမွာ ဖုန္းေပ်ာက္ သြားတယ္လို႔ သိရတဲ့ ခါမွာ အေဆာင္မႉးက ရဲကို ဖုန္းဆက္ေခၚ အေၾကာင္းၾကားၿပီး စီစီတီဗီ မွတ္တမ္းကို ၾကည့္တဲ့ အခါမွာေတာ့ အဲ့ဒိအပိုင္းမွာ လက္ရဲဇတ္ရဲရွိတဲ့ ပါပုဘာမန္ ဆိုတာကို ရဲေတြသိလိုက္ ပါတာ ။ အဲ့တာနဲ႔ ရဲေတြက သူနာျပဳနဲ႔ ဆရာဝန္ကိုေခၚၿပီး ပါပုရဲ႕ အိမ္ကို လိုက္ၾကပါတယ္ ။

ပါပုကိုေတြ႕တဲ့ အခ်ိန္မွာ သူတို႔ေတြက အိမ္ကို ဝိုင္းၿပီးမွ ပါပုကို ဖမ္းရတာပါ ။ ခ်က္ျခင္းကိုပဲ သလိပ္စစ္ဖို႔ လုပ္ကာ ကြာရင္တိုင္း စင္တာကို ပို႔လိုက္ရပါတယ္ ။ ျပႆနာက ေဆး႐ုံကေန ဖုန္းကိုခိုးၿပီးၿပီးခ်င္း ပါပုက အိမ္ျပန္ခဲ့တာ မဟုတ္ဘဲ ဟိုဟိုဒီဒီ ေလွ်ာက္သြားခဲ့ပါတယ္ ။ အဲ့ဒိဖုန္းမွာသာ ကိုဗစ္-၁၉ ေရာဂါပိုးေတြ ရွိေနခဲ့ရင္ ေရာဂါပိုးေတြကို လိုက္ျဖန႔္ေနသလို ျဖစ္ေနမွာကို အားလုံး စိုးရိမ္ေနၾကပါတယ္ ။ ရဲေတြကေတာ့ အဲ့ဒိကိစၥကို က်န္းမာေရး အာဏါပိုင္ေတြနဲ႔အေၾကအလည္ ေဆြးေႏြးခဲ့ၿပီး တရားခံနဲ႔ပတ္သက္တဲ့ လုပ္ပိုင္ခြင့္ေတြကို က်န္းမာေရးအာဏါပိုင္ေတြ ကိုလြဲေပးလိုက္ပါတယ္ ။

ေမာင္ယႆ

REF: timesnownews / Photo;indian express

Unicode

ICU ထဲက ကိုဗစ် လူနာဆီက ဖုန်းခိုးသွားတဲ့ သူခိုးကို ကွာရင်တိုင်း စင်တာပို့

အိန္ဒိယ ဆေးရုံတစ်ခု ကအရေးပေါ် လူနာခန်း( ICU ) ထဲကို ဝင်ပြီး ကိုဗစ်-၁၉ လူနာရဲ့ ဖုန်းကို ဝင်ခိုးတဲ့ သူခိုးကို ရဲတွေက ဖမ်းမိတဲ့ အချိန်မှာ ရဲစခန်း မပို့ရဲလို့ အချုပ်နဲ့ ကွာရင်တိုင်း စခန်းကိုပို့လိုက်ရပါတယ် ။

ချီရန်ခရိုင်က ကာဂျယ်ဂွန် ပြည်သူ့ဆေးရုံမှာ သီးခြားခွဲထားတဲ့ ကိုဗစ်-၁၉ လူနာဆောင်ထဲကို ပါပုဘာမန် (၂၂နှစ်) က ဝင်ရောက်ခဲ့ပြီး လူနာဖုန်းကို ခိုးယူးသွားခဲ့ပါတယ် ။ အဲ့ဒိကိစ္စက အရေးပေါ်ကိစ္စဖြစ်လို့ ရဲတွေက အပူတပြင်း လိုက်လံ စုံစမ်းပြီး ဆေးရုံနဲ့ ၁၅ ကီလိုမီတာ အကွာက ပါပုရဲ့ အိမ်နားမှာ အရ ဖမ်းခဲ့ပါတယ် ။ ရဲတွေက သူ့ကို ဖမ်းမိရရချင်းပဲ သူ့အိမ်မှာပဲ သလိပ် နမူနာယူပြီး ဆေးရုံကို လှမ်းပို့ကာ သူ့ကို ကွာရင်တိုင်း စင်တာဆီကို ပို့ထားလိုက်ရပါတယ် ။

ဆေးရုံက အရေးပေါ် လူနာဆောင် အုပ်ချုပ်ရေးမှူး မန်ဂျော့ဒါက “ အရေးပေါ် ကူးစက်လူနာဆောင်ထဲကို လူတွေ ပုံမှန် ဝင်ရဲမယ်လို့ တစ်ခါမှ မတွေးမိပါဘူး ။ စဉ်စားကြည့်ပါဗျ ာ။ ဘယ်သူက ဒီလောက် မိုက်မဲမယ်လို့ တွေးမိမှာလဲ ။ အခုတော့ ကူးစက် လူနာဆောင်ထဲကို ဝင်လာပြီးတော့ လူနာရဲ့ဖုန်းကို ခိုးသွားတယ် တဲ့ဗျာ ။ ကိုဗစ်-၁၉ ဆိုတာ လူနာ အသုံးအဆောင်က ကူးစက်တတ်မှန်းကို သူမသိဘူးလား မသိဘူးဗျာ”လို့ ဆိုတယ် ။

အဲ့ဒိဖုန်းကနေတစ်ဆင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ ပြန်နှံ့မှာကို အားလုံးက စိုးရိမ် နေကြတယ် ။ အရေးပေါ်ဆောင် ထဲမှာ ဖုန်းပျောက် သွားတယ်လို့ သိရတဲ့ ခါမှာ အဆောင်မှူးက ရဲကို ဖုန်းဆက်ခေါ် အကြောင်းကြားပြီး စီစီတီဗီ မှတ်တမ်းကို ကြည့်တဲ့ အခါမှာတော့ အဲ့ဒိအပိုင်းမှာ လက်ရဲဇတ်ရဲရှိတဲ့ ပါပုဘာမန် ဆိုတာကို ရဲတွေသိလိုက် ပါတာ ။ အဲ့တာနဲ့ ရဲတွေက သူနာပြုနဲ့ ဆရာဝန်ကိုခေါ်ပြီး ပါပုရဲ့ အိမ်ကို လိုက်ကြပါတယ် ။

ပါပုကိုတွေ့တဲ့ အချိန်မှာ သူတို့တွေက အိမ်ကို ဝိုင်းပြီးမှ ပါပုကို ဖမ်းရတာပါ ။ ချက်ခြင်းကိုပဲ သလိပ်စစ်ဖို့ လုပ်ကာ ကွာရင်တိုင်း စင်တာကို ပို့လိုက်ရပါတယ် ။ ပြဿနာက ဆေးရုံကနေ ဖုန်းကိုခိုးပြီးပြီးချင်း ပါပုက အိမ်ပြန်ခဲ့တာ မဟုတ်ဘဲ ဟိုဟိုဒီဒီ လျှောက်သွားခဲ့ပါတယ် ။ အဲ့ဒိဖုန်းမှာသာ ကိုဗစ်-၁၉ ရောဂါပိုးတွေ ရှိနေခဲ့ရင် ရောဂါပိုးတွေကို လိုက်ဖြန့်နေသလို ဖြစ်နေမှာကို အားလုံး စိုးရိမ်နေကြပါတယ် ။ ရဲတွေကတော့ အဲ့ဒိကိစ္စကို ကျန်းမာရေး အာဏါပိုင်တွေနဲ့အကြေအလည် ဆွေးနွေးခဲ့ပြီး တရားခံနဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်တွေကို ကျန်းမာရေးအာဏါပိုင်တွေ ကိုလွဲပေးလိုက်ပါတယ် ။

မောင်ယဿ

REF: timesnownews / Photo;indian express

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …