Free Mason ရွာပုံေတာ္

Free Mason ရွာပုံေတာ္
Article

Free Mason ရွာပုံေတာ္

Free Mason ႏွင့္ ပတ္သက္သမွ်

ဖရီးေမဆင္ဂိုဏ္း (သို႔မဟုတ္) တစ္ခ်ိဳ႕က ပသွ်ဴးေခါင္းျပတ္ဂိုဏ္း ဟု သိၾကသည္။ အထူးသျဖင့္ ကြယ္လြန္သူ စာေရးဆရာႀကီး မင္းသိခၤ ၏ စေနေမာင္ေမာင္ဇာတ္လမ္းမ်ားတြင္ ထိုအသင္းႀကီး ႏွင့္ ပတ္သက္ၿပီး အေတာ္မ်ားမ်ားသတိထားမိခဲ့ၾကသည္။

ဆရာႀကီး၏ ဇာတ္လမ္းမ်ားက စိတ္ကူးတန္ဆာဆင္ေရးဖြဲ႕ျခင္းဆိုေသာ္လည္း ထို ဖရီးေမဆင္ဂိုဏ္းကေတာ့ အမွန္တကယ္ပင္ ရွိခဲ့ေသာ အသင္းႀကီးျဖစ္ေလသည္။ လြတ္လပ္ေသာပိသုကာဆရာ အသင္း ဟု အဓိပါယ္ရေသာ ထိုအသင္းသည္ ၁၃ ရာစုႏွင္တြင္ စတင္ေပၚေပါက္သည္ဟု အၾကမ္းအားျဖင့္ မွတ္ယူၾကသည္။

အဖြဲ႕တည္ရွိေၾကာင္း အေစာဆုံးအေထာက္အထားမွာ ၁၇၁၇ ခုႏွစ္၊ အဂၤလန္ႏိုင္ငံ၊ လန္ဒန္ၿမိဳ႕တြင္က်င္းပေသာ အသင္း၏ အစည္းအေဝး မွတ္တမ္းမ်ားအရ သိရသည္။ အသင္း၏ အဓိက ပင္မေက်ာ႐ိုးမ်ားထဲမွ ပထမတစ္ခုမွာ ဘီစီ ၃၀၀ တြင္ ေပၚေပါက္ခဲ့ေသာ သခ်ၤာပညာရွင္ ယူကလစ္ႏွင့္ ဘီစီ ၂၈၇ တြင္ ေပၚေပါက္ခဲ့သည့္ သခ်ၤာပညာရွင္ အာခိမိဒိ တို႔၏ ကပ္ကုလပ္ႏွင့္ ဂ်ီၾသေမႀတီ သခ်ၤာပညာရပ္အေပၚ အေျခခံထားျခင္းျဖစ္သည္။

ဂမီရဆန္ဆန္၊ ေမွာ္ဆန္ဆန္ ဖြဲ႕စည္းထားသည့္ လွ်ိဳ႕ဝွက္အဖြဲ႕အစည္းဟု အမ်ားက ျမင္ၾကေသာ္လည္း သိပံပညာႏွင့္ ဝိဇာပညာရပ္မ်ားကို အေျခခံထားသည့္ လူသားအဖြဲ႕အစည္းဆိုင္ရာပညာရပ္ အရင္းအျမစ္မ်ားကို ဆင့္ကဲထိန္းသိမ္းထားသည့္ အဖြဲ႕တစ္ခုသာျဖစ္သည္။

ရီေနဆန္းေခတ္ေခၚ ဉာဏ္အလင္းေခတ္တြင္ အသင္းသည္ လ်င္ျမန္စြာ ႀကီးထြားလာၿပီး ၿဗိတိသွ်အင္ပါယာ၏ နယ္ခ်ဲ႕စနစ္အေအာင္ျမင္ဆုံးကာလမ်ားႏွင့္အတူ အသင္းသည္ ကမာအႏွံ႔သို႔ ျဖန႔္က်က္လာႏိုင္ခဲ့သည္။ အသင္းခြဲမ်ားကို ကမာအရပ္ရပ္ျဖန႔္က်က္လာႏိုင္ၿပီးေနာက္တြင္ေတာ့ အျခားကမာေဒသမ်ားမွ အေတြးအေခၚ၊ ပညာရပ္မ်ားစြာ ထပ္မံေပါင္းစည္းပါဝင္လာခဲ့သည္။

ဖရီးေမဆင္ဂိုဏ္းသည္ ေတာ္ဝင္ပိသုကာပညာရွင္မ်ား စတင္ဖြဲ႕စည္းခဲ့ၿပီး အျခား ပညာရွင္အမ်ားအျပားလည္း ပါဝင္ၿပီး လွ်ိဳ႕ဝွက္သည္းဖို႔ဆန္ေသာ အစည္းအေဝးမ်ား၊ ေတြ႕ဆုံပြဲမ်ား၊ ပါတီပြဲမ်ား က်င္းပခဲ့ၾကသည္။ ထိုဂိုဏ္းတြင္ ပါဝင္သူအမ်ားစုမွာ နယ္ပယ္အသီးသီးမွ ပညာရွင္မ်ား၊ ပညာတတ္မ်ား ျဖစ္ၿပီး မင္းစိုးရာဇာမ်ား အထိ ပါဝင္သည္။

အဖြဲ႕၏ ရည္႐ြယ္ခ်က္မွာ ေခတ္အဆက္ဆက္ထိန္းသိမ္းလာခဲ့ေသာ ေရွး႐ိုးပညာရပ္မ်ားကို မေပ်ာက္ပ်က္ေအာင္ ထိန္းသိမ္းဖလွယ္ၾကၿပီး အဖြဲ႕ဝင္အခ်င္းခ်င္း ၏ လူမႈေရးရာ၊ စီးပြားေရးရာ၊ ႏိုင္ငံေရးရာကိစမ်ားတြင္ ကိုယ္တတ္ကြၽမ္းေသာ ဘာသာရပ္အသီးသီးမွ ေနၿပီး ကူညီေပးၾကရန္ျဖစ္သည္။

ထို႔ေၾကာင့္ ၁၈ ရာစုေႏွာင္းပိုင္းတြင္ ကမာေပၚရွိ ႏိုင္ငံေရး၊ လူမႈေရး၊ စီးပြားေရး၊ လူမႈေရးနယ္ပယ္အသီးသီး မွ အသင္းဝင္မ်ားမွာ ထိပ္တန္းေခါင္းေဆာင္မ်ားျဖစ္လာၾကၿပီး ကမာႀကီး၏ ေသာ့ခ်က္မ်ားကို ႀကိဳးကိုင္သူေတြ ျဖစ္လာၾက၏။ ပန္းပုပညာရွင္ မိုက္ကယ္အယ္ဂ်လို ႏွင့္ ပန္းခ်ီဆရာ၊ သိပံပညာရွင္ လီယိုနာဒိုဒါဗင္ခ်ီ တို႔သည္ ဖရီေမဆင္ အသင္းသားမ်ားျဖစ္ၾကသည္။

အေမရိကန္၏ ပထမဆုံး သမတျဖစ္သည့္ ေဂ်ာ့ဝါရွင္တန္၏ ဖရီးေမဆင္အသင္းဝတ္႐ုံျဖင့္ ႐ိုက္ကူးထားေသာ ဓာတ္ပုံအရ ေဂ်ာ့ဝါရွင္တန္သည္ အသင္းသားတစ္ဦးျဖစ္ေၾကာင္း သိရသည္။

ဖရီးေမဆင္၏ အမွန္တံဆိပ္မ်ားထဲမွ တစ္ခုျဖစ္ေသာ ႀတိဂံထဲမွ မ်က္လုံးတစ္လုံး၏ ပုံကို အေမရိကန္ေဒၚလာတြင္ ထူးထူးျခားျခားေတြ႕ရသည္မွာလည္း စဥ္းစားဖြယ္ရာအခ်က္တစ္ခုျဖစ္သည္။

အေမရိကန္သမတမ်ားထဲမွ အခ်ိဳ႕သည္ ထိုဂိုဏ္းႏွင့္ ပတ္သက္လ်က္ရွိသည္ဟူေသာ အေထာက္အထားမ်ားကိုလည္း အခ်ိဳု႔စာအုပ္မ်ားတြင္ေတြ႕ရသည္။ အထူးသျဖင့္ ေဂ်ာ့ဝါရွင္တန္သည္ သမတအျဖစ္ က်မ္းသစာက်ိန္ဆိုသည့္အခါ ဖရီးေမဆင္ဂိုဏ္းသားမ်ား အသုံးျပဳသည့္ က်မ္းစာကို အသုံးျပဳခဲ့သည္။

ထိုက်မ္းစာအုပ္ကို Georg Washington Inaugural Bible ဟု လူသိမ်ား၏။ ယင္းက်မ္းစာအုပ္ကို ေဂ်ာ့ဝါရွင္တန္၏ ေနာက္ပိုင္း အေမရိကန္သမတမ်ားျဖစ္ေသာ ဝါရင္ဂ်ီဟာဒင္း၊ ဒြက္ဒီအိုက္ဆင္ေဟာင္ဝါ၊ ဂ်င္မီကာတာ ႏွင့္ ေဂ်ာ့ရွ္ဘုရွ္ တို႔ကလည္း က်မ္းသစာက်ိန္ပြဲမ်ားတြင္ အသုံးျပဳခဲ့သည္ကို ေတြ႕ရသည္။

ျမန္မာျပည္ႏွင့္ ဖရီးေမဆင္

၁၈၅၃ ခုႏွစ္ အဂၤလိပ္မ်ား ရန္ကုန္ကို မသိမ္းမီကာလကပင္ ၿဗိတိသွ်ဖရီးေမဆင္ဂိုဏ္းသားမ်ားသည္ ရန္ကုန္ၿမိဳ႕တြင္ Star of Burma စံအိမ္တြင္ ယာယီအသင္း႐ုံးကို ဖြင့္လွစ္ခဲ့သည္။
ျမန္မာႏိုင္ငံဂိုဏ္းခြဲ၏ လွ်ိဳ႕ဝွက္အမည္မွာ Star of Burma ျဖစ္သည္။ ေမာ္လၿမိဳင္ၿမိဳ႕ရွိ ဂိုဏ္းခြဲသည္ အသင္းခ်ဳပ္၏ ပထမဆုံး အသိအမွတ္ျပဳ Mason Lodge ကို ရရွိခဲ့ၿပီး နံပါတ္မွာ EC 542 ျဖစ္သည္။

ရန္ကုန္ၿမိဳ႕ရွိ ဖရီးေမဆင္ဂိုဏ္းသားမ်ား၏ ထိုအစည္းအေဝးမ်ားအေပၚ ျမန္မာရွင္ဘုရင္အစိုးရမွ ေစာင့္ၾကည့္မႈမ်ားေၾကာင့္ ငွားရမ္းထားသည့္ ထိုအေဆာက္အဦတြင္ အသင္း၏ အစည္းအေဝးမ်ားကို က်င္းပျခင္းမျပဳေတာ့ပဲ ရန္ကုန္ၿမိဳ႕ ေနရာအႏွံတြင္ လွ်ိဳ႕ဝွက္စြာ ျပဳလုပ္ခဲ့ၾက၏။

အဂၤလိပ္ျမန္မာဒုတိယစစ္ပြဲၿပီးဆုံးၿပီးသည့္ေနာက္ ေမာင့္ဂိုမာရီလမ္းမွ အေဆာက္အဦတစ္ခုကို ႐ူပီ တစ္ေသာင္းျဖင့္ ဝယ္ယူၿပီး အသင္း႐ုံးခန္းကို တရားဝင္ဖြင့္လွစ္ခဲ့ၾကသည္။

အဆိုပါအေဆာက္အဦသည္ မီးရထားကုမဏီႏွင့္ နီးကပ္လ်က္ရွိေသာေၾကာင့္ ဆူညံသံမ်ားၿပီး အသင္း၏ ေတြ႕ဆုံပြဲမ်ားကို အေႏွာက္အယွက္ျဖစ္ေစသျဖင့္ အျခားေနရာသို႔ ေျပာင္းရန္ ရွာေဖြၾကျပန္သည္။

၁၉၀၈ ခုႏွစ္၊ ဇန္နဝါရီလ ၁၈ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၊ သြမ္မဆင္လမ္း(ယခု ဗိုလ္တစ္ေထာင္ဘုရားလမ္း) ၌ Bro,H.W Walts ဦးေဆာင္ကာ ဖရီးေမဆင္ ျမန္မာဂိုဏ္းခြဲအား စတင္အုတ္ျမစ္ခ်ဖြင့္လွစ္ခဲ့သည္။

ကမာအရပ္ရပ္မွ ဖရီးေမဆင္ဂိုဏ္းမ်ားသည္ အသင္းတည္ရွိရာ အေဆာက္အဦ၏ တည္ေနပုံကိုလိုက္ၿပီး ဖရီးေမဆင္၏ စည္းကမ္းခ်က္မ်ားႏွင့္အတူ တည္ေဆာက္ၾကရသည္။

အသင္းပိုင္အေဆာက္အဦတိုင္းတြင္ ယာဥ္ရထားရပ္ရန္ ေပၚတီကိုမ်ားပါရွိၾကၿပီး ေပၚတီကို တိုင္လုံးမ်ားသည္ ဂရိသခ်ၤာပညာကို ကိုယ္စားျပဳသည့္ ေခါမကႏုတ္ဒီဇိုင္းပါ တိုင္လုံး ႏွင့္ ေရာမသခ်ၤာပညာရပ္ကို ကိုယ္စားျပဳသည့္ ေရာမဒီဇိုင္း တိုင္လုံးမ်ားကို ပိသုကာအတတ္ပညာျဖင့္ ထြင္းထားတတ္ၾကသည္။

ေျမညီထပ္တြင္ ပါတီျပဳလုပ္ရန္ ခန္းမႀကီးတစ္ခုရွိၿပီး အေကာင္းဆုံးၾကမ္းခင္းမ်ားခင္းထားၾကသည္။ အလင္းေရာင္ရရွိေစရန္ စက္ဝိုင္းျခမ္းပုံ မွန္ျပတင္းမ်ားလည္း တပ္ထားသည္။

ခန္းမေနာက္တြင္ ဘား၊ စားေသာက္ခန္းစသည္တို႔ရွိၿပီး ထိုဘားစားေသာက္ခန္းမတစ္ေနရာတြင္ အေနာက္ဘက္စားဖိုေဆာင္သို႔ ဆက္သြယ္ထားသည့္ လွ်ိဳ႕ဝွက္တံခါးတစ္ခ်ပ္ရွိသည္။ ထိုတံခါးသည္ အေပၚထပ္ရွိ ပင္မအစည္းအေဝးခန္းမႀကီးႏွင့္လည္း ဆက္သြယ္ထား၏။

စားဖိုေဆာင္ႏွင့္ ဘားခန္းအၾကားတြင္ အျခားလူမျမင္ႏိုင္ေစရန္ အမိုးရွည္မ်ားမိုးထားေလ့ရွိၿပီး အေရးေပၚအေျခအေနႀကဳံလာလွ်င္ ဘား၏ လွ်ိဳ႕ဝွက္တံခါးကို ဖြင့္ကာ ပင္မအေဆာက္အဦကို စြန႔္ခြာၿပီး စာဖိုေဆာင္မွတဆင့္ တိမ္းေရွာင္ရန္ ဖန္တီးထားသည္။

အေပၚထပ္တြင္ အဓိကအစည္းအေဝးခန္းမႀကီးရွိၿပီး ႀတိဂံပုံစံ သို႔မဟုတ္ စတုရန္းပုံစံ က်ားကြက္ပုံေဆးခ်ယ္ထားသည့္ ၾကမ္းခင္းမ်ား ခင္းထားၾကသည္။ ခန္းမႀကီး၏ အဝင္တံခါးတြင္ေတာ့ ဖရီးေမဆင္ဂိုဏ္း၏ အမွတ္အသားျဖစ္ေသာ က်င္တြယ္ႏွင့္ ေပတံ ႀတိဂံပုံစံ ေၾကးတံဆိပ္ႀကီးကို တပ္ဆင္ထားေလ့ရွိသည္။

ျပင္ပမွာ မည္သူ မည္ဝါလာသည္ကို ေခ်ာင္းၾကည့္ရေသာ အေပါက္ငယ္တစ္ေပါက္လည္း ပါဝင္ေသးသည္။

ပင္မအစည္းအေဝးက်င္းပရာတြင္ အသင္းသားတို႔၏ အရည္အခ်င္းအလိုက္ အေရာင္စုံခြဲထားေသာ ဝတ္႐ုံရွည္ႀကီးမ်ားကို ဝတ္ဆင္ၾကရသည္။ အသင္း၏ ေခါင္းေဆာင္ျဖစ္ေသာ Lodge က အစည္းအေဝးခန္းမ၏ ထိပ္ဆုံးတြင္ ကုလားထိုင္ရွည္ႀကီးျဖင့္ ထိုက္ေလ့ရွိသည္။

သူ႔ေရွ႕စားပြဲတြင္ ဖရီးေမဆင္ဂိုဏ္းမွ သမိုင္းဝင္ဂိုဏ္းေခါင္းေဆာင္တစ္ဦးဦး၏ ဦးေခါင္းခြံ႐ိုးရွိေနၿပီး အစည္းအေဝးဆုံးျဖတ္မႈမ်ားတြင္ ထိုဦးေခါင္းခြံကို တိုင္တည္ကာ ဆုံးျဖတ္ေလ့ရွိၾကသည္။

ျမန္မာႏိုင္ငံတြင္ ရန္ကုန္ၿမိဳ႕အျပင္ ပဲခူး၊ မနေလး၊ ပုသိမ္၊ ေမာ္လၿမိဳင္ ၊ ေတာင္ႀကီး၊ ျပင္ဦးလြင္၊ လားရႈိး၊ စစ္ေတြ၊ ေရနံေခ်ာင္း စေသာ ၿမိဳ႕ႀကီးမ်ားတြင္ အသင္း႐ုံးခြဲမ်ားဖြင့္လွစ္ႏိုင္ခဲ့သည္။

အဆိုပါ႐ုံးခြဲမ်ားသည္လည္း ဖရီးေမဆင္၏ ဒီဇိုင္းအတိုင္း ေဆာက္လုပ္ထားသည့္ အိမ္ႀကီးမ်ားျဖစ္ၾက၏။ ႏိုင္ငံျခားသားမ်ားအျပင္ ဆာျမဘူး၊ ဦးစိန္ထြန္းေအာင္ စေသာ ထင္ရွားသူမ်ားလည္း ဖရီးေမဆင္အသင္းတြင္ ပါဝင္ခဲ့ၾကသည္။

ဖရီးေမဆင္ဂိုဏ္းသည္ ျမန္မာ့ေျမေပၚတြင္ ႏွစ္ေပါင္းရာခ်ီ လွ်ိဳ႕ဝွက္စြာရွင္သန္ခဲ့ၿပီးေနာက္ ၁၉၆၂ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းအစိုးရ၏ အာဏာသိမ္းမႈအၿပီးတြင္ ေစာင့္ၾကည့္မႈ၊ ထိန္းခ်ဳပ္မႈမ်ားစြာတို႔ျဖင့္ ရပ္တည္ခဲ့ၾကသည္။

၁၉၇၅ ခုႏွစ္တြင္ ႏိုင္ငံေရးအေျခအေနအရ အသင္းအေနျဖင့္ မည္သို႔ မွ် ရပ္တည္ရန္ မျဖစ္ႏိုင္ေတာ့သျဖင့္ ျမန္မာႏိုင္ငံအရပ္ရပ္မွ အသင္းပိုင္ အိမ္ႀကီးမ်ားအနက္ အခ်ိဳ႕အား ပိုင္ရွင္မဲ့အျဖစ္လည္းေကာင္း၊ အခ်ိဳ႕အားလည္း အေစခံမ်ားျဖင့္လည္းေကာင္း ထားရစ္ကာ ျမန္မာျပည္အသင္းခြဲကို အၿပီးအပိုင္ဖ်က္သိမ္းခဲ့ေတာ့သည္။

ထိုကာလမွ စတင္ၿပီး အသင္းႀကီး အေၾကာင္းသည္ ဒဏာရီပုံျပင္သဖြယ္ျဖစ္လာၿပီး ပသွ်ဴးေခါင္းျပတ္အသင္း၊ ေမွာ္ပညာရွင္ႀကီးမ်ားအသင္း အျဖစ္သာ ျမန္မာျပည္သူမ်ား ၾကားဖူးနားဝအဆင့္သာျဖစ္လာေတာ့သည္။

အသင္းပိုင္အိမ္အခ်ိဳ႕လည္း ျပည္သူပိုင္သိမ္းခံရျခင္း၊ လက္လႊဲေရာင္းခ်ခံရျခင္း ခံခဲ့ရၿပီး အခ်ိဳ႕ၿမိဳ႕မ်ားရွိ အိမ္ႀကီးမ်ားမွာမူ သရဲေျခာက္သည္ဟူေသာ သတင္းစကားမ်ားအရ ေရာင္းခ်ႏိုင္ျခင္းမရွိပဲ ပိုင္ရွင္မဲ့ အိမ္ေဟာင္းႀကီးမ်ားအျဖစ္ က်န္ရစ္ေတာ့သည္။

ကံေကာင္းသည္တစ္ခုက အဆိုပါ ပိုင္ရွင္မဲ့ အိမ္ႀကီးမ်ားသည္ လူသူမေနသည္မွာ ႏွစ္ၾကာသျဖင့္ ဖရီးေမဆင္ဂိုဏ္း၏ အေငြ႕အသက္အဆင္တန္ဆာမ်ား ေပ်ာက္ပ်က္သြားျခင္းမရွိပဲ တည္ၿမဲေနျခင္းပင္ျဖစ္သည္။

( ကြၽန္ေတာ္ႏွင့္ ဖရီးေမဆင္အိမ္မ်ား အေၾကာင္း ဆက္လက္ေဖာ္ျပေပးပါမည္။)

The Real Lives Real Stories
ခက္ေဇာ္ @ ၿဗိတိသွ်ကိုကိုေမာင္ ခြင့္ျပဳခ်က္ျဖင့္ ေဖာ္ျပပါသည္။

Unicode

Free Mason ရှာပုံတော်

Free Mason နှင့် ပတ်သက်သမျှ

ဖရီးမေဆင်ဂိုဏ်း (သို့မဟုတ်) တစ်ချို့က ပသျှူးခေါင်းပြတ်ဂိုဏ်း ဟု သိကြသည်။ အထူးသဖြင့် ကွယ်လွန်သူ စာရေးဆရာကြီး မင်းသိင်္ခ ၏ စနေမောင်မောင်ဇာတ်လမ်းများတွင် ထိုအသင်းကြီး နှင့် ပတ်သက်ပြီး အတော်များများသတိထားမိခဲ့ကြသည်။

ဆရာကြီး၏ ဇာတ်လမ်းများက စိတ်ကူးတန်ဆာဆင်ရေးဖွဲ့ခြင်းဆိုသော်လည်း ထို ဖရီးမေဆင်ဂိုဏ်းကတော့ အမှန်တကယ်ပင် ရှိခဲ့သော အသင်းကြီးဖြစ်လေသည်။ လွတ်လပ်သောပိသုကာဆရာ အသင်း ဟု အဓိပါယ်ရသော ထိုအသင်းသည် ၁၃ ရာစုနှင်တွင် စတင်ပေါ်ပေါက်သည်ဟု အကြမ်းအားဖြင့် မှတ်ယူကြသည်။

အဖွဲ့တည်ရှိကြောင်း အစောဆုံးအထောက်အထားမှာ ၁၇၁၇ ခုနှစ်၊ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင်ကျင်းပသော အသင်း၏ အစည်းအဝေး မှတ်တမ်းများအရ သိရသည်။ အသင်း၏ အဓိက ပင်မကျောရိုးများထဲမှ ပထမတစ်ခုမှာ ဘီစီ ၃၀၀ တွင် ပေါ်ပေါက်ခဲ့သော သင်္ချာပညာရှင် ယူကလစ်နှင့် ဘီစီ ၂၈၇ တွင် ပေါ်ပေါက်ခဲ့သည့် သင်္ချာပညာရှင် အာခိမိဒိ တို့၏ ကပ်ကုလပ်နှင့် ဂျီသြမေတြီ သင်္ချာပညာရပ်အပေါ် အခြေခံထားခြင်းဖြစ်သည်။

ဂမီရဆန်ဆန်၊ မှော်ဆန်ဆန် ဖွဲ့စည်းထားသည့် လျှို့ဝှက်အဖွဲ့အစည်းဟု အများက မြင်ကြသော်လည်း သိပံပညာနှင့် ဝိဇာပညာရပ်များကို အခြေခံထားသည့် လူသားအဖွဲ့အစည်းဆိုင်ရာပညာရပ် အရင်းအမြစ်များကို ဆင့်ကဲထိန်းသိမ်းထားသည့် အဖွဲ့တစ်ခုသာဖြစ်သည်။

ရီနေဆန်းခေတ်ခေါ် ဉာဏ်အလင်းခေတ်တွင် အသင်းသည် လျင်မြန်စွာ ကြီးထွားလာပြီး ဗြိတိသျှအင်ပါယာ၏ နယ်ချဲ့စနစ်အအောင်မြင်ဆုံးကာလများနှင့်အတူ အသင်းသည် ကမာအနှံ့သို့ ဖြန့်ကျက်လာနိုင်ခဲ့သည်။ အသင်းခွဲများကို ကမာအရပ်ရပ်ဖြန့်ကျက်လာနိုင်ပြီးနောက်တွင်တော့ အခြားကမာဒေသများမှ အတွေးအခေါ်၊ ပညာရပ်များစွာ ထပ်မံပေါင်းစည်းပါဝင်လာခဲ့သည်။

ဖရီးမေဆင်ဂိုဏ်းသည် တော်ဝင်ပိသုကာပညာရှင်များ စတင်ဖွဲ့စည်းခဲ့ပြီး အခြား ပညာရှင်အများအပြားလည်း ပါဝင်ပြီး လျှို့ဝှက်သည်းဖို့ဆန်သော အစည်းအဝေးများ၊ တွေ့ဆုံပွဲများ၊ ပါတီပွဲများ ကျင်းပခဲ့ကြသည်။ ထိုဂိုဏ်းတွင် ပါဝင်သူအများစုမှာ နယ်ပယ်အသီးသီးမှ ပညာရှင်များ၊ ပညာတတ်များ ဖြစ်ပြီး မင်းစိုးရာဇာများ အထိ ပါဝင်သည်။

အဖွဲ့၏ ရည်ရွယ်ချက်မှာ ခေတ်အဆက်ဆက်ထိန်းသိမ်းလာခဲ့သော ရှေးရိုးပညာရပ်များကို မပျောက်ပျက်အောင် ထိန်းသိမ်းဖလှယ်ကြပြီး အဖွဲ့ဝင်အချင်းချင်း ၏ လူမှုရေးရာ၊ စီးပွားရေးရာ၊ နိုင်ငံရေးရာကိစများတွင် ကိုယ်တတ်ကျွမ်းသော ဘာသာရပ်အသီးသီးမှ နေပြီး ကူညီပေးကြရန်ဖြစ်သည်။

ထို့ကြောင့် ၁၈ ရာစုနှောင်းပိုင်းတွင် ကမာပေါ်ရှိ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီး မှ အသင်းဝင်များမှာ ထိပ်တန်းခေါင်းဆောင်များဖြစ်လာကြပြီး ကမာကြီး၏ သော့ချက်များကို ကြိုးကိုင်သူတွေ ဖြစ်လာကြ၏။ ပန်းပုပညာရှင် မိုက်ကယ်အယ်ဂျလို နှင့် ပန်းချီဆရာ၊ သိပံပညာရှင် လီယိုနာဒိုဒါဗင်ချီ တို့သည် ဖရီမေဆင် အသင်းသားများဖြစ်ကြသည်။

အမေရိကန်၏ ပထမဆုံး သမတဖြစ်သည့် ဂျော့ဝါရှင်တန်၏ ဖရီးမေဆင်အသင်းဝတ်ရုံဖြင့် ရိုက်ကူးထားသော ဓာတ်ပုံအရ ဂျော့ဝါရှင်တန်သည် အသင်းသားတစ်ဦးဖြစ်ကြောင်း သိရသည်။

ဖရီးမေဆင်၏ အမှန်တံဆိပ်များထဲမှ တစ်ခုဖြစ်သော တြိဂံထဲမှ မျက်လုံးတစ်လုံး၏ ပုံကို အမေရိကန်ဒေါ်လာတွင် ထူးထူးခြားခြားတွေ့ရသည်မှာလည်း စဉ်းစားဖွယ်ရာအချက်တစ်ခုဖြစ်သည်။

အမေရိကန်သမတများထဲမှ အချို့သည် ထိုဂိုဏ်းနှင့် ပတ်သက်လျက်ရှိသည်ဟူသော အထောက်အထားများကိုလည်း အချိုု့စာအုပ်များတွင်တွေ့ရသည်။ အထူးသဖြင့် ဂျော့ဝါရှင်တန်သည် သမတအဖြစ် ကျမ်းသစာကျိန်ဆိုသည့်အခါ ဖရီးမေဆင်ဂိုဏ်းသားများ အသုံးပြုသည့် ကျမ်းစာကို အသုံးပြုခဲ့သည်။

ထိုကျမ်းစာအုပ်ကို Georg Washington Inaugural Bible ဟု လူသိများ၏။ ယင်းကျမ်းစာအုပ်ကို ဂျော့ဝါရှင်တန်၏ နောက်ပိုင်း အမေရိကန်သမတများဖြစ်သော ဝါရင်ဂျီဟာဒင်း၊ ဒွက်ဒီအိုက်ဆင်ဟောင်ဝါ၊ ဂျင်မီကာတာ နှင့် ဂျော့ရှ်ဘုရှ် တို့ကလည်း ကျမ်းသစာကျိန်ပွဲများတွင် အသုံးပြုခဲ့သည်ကို တွေ့ရသည်။

မြန်မာပြည်နှင့် ဖရီးမေဆင်

၁၈၅၃ ခုနှစ် အင်္ဂလိပ်များ ရန်ကုန်ကို မသိမ်းမီကာလကပင် ဗြိတိသျှဖရီးမေဆင်ဂိုဏ်းသားများသည် ရန်ကုန်မြို့တွင် Star of Burma စံအိမ်တွင် ယာယီအသင်းရုံးကို ဖွင့်လှစ်ခဲ့သည်။
မြန်မာနိုင်ငံဂိုဏ်းခွဲ၏ လျှို့ဝှက်အမည်မှာ Star of Burma ဖြစ်သည်။ မော်လမြိုင်မြို့ရှိ ဂိုဏ်းခွဲသည် အသင်းချုပ်၏ ပထမဆုံး အသိအမှတ်ပြု Mason Lodge ကို ရရှိခဲ့ပြီး နံပါတ်မှာ EC 542 ဖြစ်သည်။

ရန်ကုန်မြို့ရှိ ဖရီးမေဆင်ဂိုဏ်းသားများ၏ ထိုအစည်းအဝေးများအပေါ် မြန်မာရှင်ဘုရင်အစိုးရမှ စောင့်ကြည့်မှုများကြောင့် ငှားရမ်းထားသည့် ထိုအဆောက်အဦတွင် အသင်း၏ အစည်းအဝေးများကို ကျင်းပခြင်းမပြုတော့ပဲ ရန်ကုန်မြို့ နေရာအနှံတွင် လျှို့ဝှက်စွာ ပြုလုပ်ခဲ့ကြ၏။

အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲပြီးဆုံးပြီးသည့်နောက် မောင့်ဂိုမာရီလမ်းမှ အဆောက်အဦတစ်ခုကို ရူပီ တစ်သောင်းဖြင့် ဝယ်ယူပြီး အသင်းရုံးခန်းကို တရားဝင်ဖွင့်လှစ်ခဲ့ကြသည်။

အဆိုပါအဆောက်အဦသည် မီးရထားကုမဏီနှင့် နီးကပ်လျက်ရှိသောကြောင့် ဆူညံသံများပြီး အသင်း၏ တွေ့ဆုံပွဲများကို အနှောက်အယှက်ဖြစ်စေသဖြင့် အခြားနေရာသို့ ပြောင်းရန် ရှာဖွေကြပြန်သည်။

၁၉၀၈ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၊ သွမ်မဆင်လမ်း(ယခု ဗိုလ်တစ်ထောင်ဘုရားလမ်း) ၌ Bro,H.W Walts ဦးဆောင်ကာ ဖရီးမေဆင် မြန်မာဂိုဏ်းခွဲအား စတင်အုတ်မြစ်ချဖွင့်လှစ်ခဲ့သည်။

ကမာအရပ်ရပ်မှ ဖရီးမေဆင်ဂိုဏ်းများသည် အသင်းတည်ရှိရာ အဆောက်အဦ၏ တည်နေပုံကိုလိုက်ပြီး ဖရီးမေဆင်၏ စည်းကမ်းချက်များနှင့်အတူ တည်ဆောက်ကြရသည်။

အသင်းပိုင်အဆောက်အဦတိုင်းတွင် ယာဉ်ရထားရပ်ရန် ပေါ်တီကိုများပါရှိကြပြီး ပေါ်တီကို တိုင်လုံးများသည် ဂရိသင်္ချာပညာကို ကိုယ်စားပြုသည့် ခေါမကနုတ်ဒီဇိုင်းပါ တိုင်လုံး နှင့် ရောမသင်္ချာပညာရပ်ကို ကိုယ်စားပြုသည့် ရောမဒီဇိုင်း တိုင်လုံးများကို ပိသုကာအတတ်ပညာဖြင့် ထွင်းထားတတ်ကြသည်။

မြေညီထပ်တွင် ပါတီပြုလုပ်ရန် ခန်းမကြီးတစ်ခုရှိပြီး အကောင်းဆုံးကြမ်းခင်းများခင်းထားကြသည်။ အလင်းရောင်ရရှိစေရန် စက်ဝိုင်းခြမ်းပုံ မှန်ပြတင်းများလည်း တပ်ထားသည်။

ခန်းမနောက်တွင် ဘား၊ စားသောက်ခန်းစသည်တို့ရှိပြီး ထိုဘားစားသောက်ခန်းမတစ်နေရာတွင် အနောက်ဘက်စားဖိုဆောင်သို့ ဆက်သွယ်ထားသည့် လျှို့ဝှက်တံခါးတစ်ချပ်ရှိသည်။ ထိုတံခါးသည် အပေါ်ထပ်ရှိ ပင်မအစည်းအဝေးခန်းမကြီးနှင့်လည်း ဆက်သွယ်ထား၏။

စားဖိုဆောင်နှင့် ဘားခန်းအကြားတွင် အခြားလူမမြင်နိုင်စေရန် အမိုးရှည်များမိုးထားလေ့ရှိပြီး အရေးပေါ်အခြေအနေကြုံလာလျှင် ဘား၏ လျှို့ဝှက်တံခါးကို ဖွင့်ကာ ပင်မအဆောက်အဦကို စွန့်ခွာပြီး စာဖိုဆောင်မှတဆင့် တိမ်းရှောင်ရန် ဖန်တီးထားသည်။

အပေါ်ထပ်တွင် အဓိကအစည်းအဝေးခန်းမကြီးရှိပြီး တြိဂံပုံစံ သို့မဟုတ် စတုရန်းပုံစံ ကျားကွက်ပုံဆေးချယ်ထားသည့် ကြမ်းခင်းများ ခင်းထားကြသည်။ ခန်းမကြီး၏ အဝင်တံခါးတွင်တော့ ဖရီးမေဆင်ဂိုဏ်း၏ အမှတ်အသားဖြစ်သော ကျင်တွယ်နှင့် ပေတံ တြိဂံပုံစံ ကြေးတံဆိပ်ကြီးကို တပ်ဆင်ထားလေ့ရှိသည်။

ပြင်ပမှာ မည်သူ မည်ဝါလာသည်ကို ချောင်းကြည့်ရသော အပေါက်ငယ်တစ်ပေါက်လည်း ပါဝင်သေးသည်။

ပင်မအစည်းအဝေးကျင်းပရာတွင် အသင်းသားတို့၏ အရည်အချင်းအလိုက် အရောင်စုံခွဲထားသော ဝတ်ရုံရှည်ကြီးများကို ဝတ်ဆင်ကြရသည်။ အသင်း၏ ခေါင်းဆောင်ဖြစ်သော Lodge က အစည်းအဝေးခန်းမ၏ ထိပ်ဆုံးတွင် ကုလားထိုင်ရှည်ကြီးဖြင့် ထိုက်လေ့ရှိသည်။

သူ့ရှေ့စားပွဲတွင် ဖရီးမေဆင်ဂိုဏ်းမှ သမိုင်းဝင်ဂိုဏ်းခေါင်းဆောင်တစ်ဦးဦး၏ ဦးခေါင်းခွံရိုးရှိနေပြီး အစည်းအဝေးဆုံးဖြတ်မှုများတွင် ထိုဦးခေါင်းခွံကို တိုင်တည်ကာ ဆုံးဖြတ်လေ့ရှိကြသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်မြို့အပြင် ပဲခူး၊ မနလေး၊ ပုသိမ်၊ မော်လမြိုင် ၊ တောင်ကြီး၊ ပြင်ဦးလွင်၊ လားရှိုး၊ စစ်တွေ၊ ရေနံချောင်း စသော မြို့ကြီးများတွင် အသင်းရုံးခွဲများဖွင့်လှစ်နိုင်ခဲ့သည်။

အဆိုပါရုံးခွဲများသည်လည်း ဖရီးမေဆင်၏ ဒီဇိုင်းအတိုင်း ဆောက်လုပ်ထားသည့် အိမ်ကြီးများဖြစ်ကြ၏။ နိုင်ငံခြားသားများအပြင် ဆာမြဘူး၊ ဦးစိန်ထွန်းအောင် စသော ထင်ရှားသူများလည်း ဖရီးမေဆင်အသင်းတွင် ပါဝင်ခဲ့ကြသည်။

ဖရီးမေဆင်ဂိုဏ်းသည် မြန်မာ့မြေပေါ်တွင် နှစ်ပေါင်းရာချီ လျှို့ဝှက်စွာရှင်သန်ခဲ့ပြီးနောက် ၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရ၏ အာဏာသိမ်းမှုအပြီးတွင် စောင့်ကြည့်မှု၊ ထိန်းချုပ်မှုများစွာတို့ဖြင့် ရပ်တည်ခဲ့ကြသည်။

၁၉၇၅ ခုနှစ်တွင် နိုင်ငံရေးအခြေအနေအရ အသင်းအနေဖြင့် မည်သို့ မျှ ရပ်တည်ရန် မဖြစ်နိုင်တော့သဖြင့် မြန်မာနိုင်ငံအရပ်ရပ်မှ အသင်းပိုင် အိမ်ကြီးများအနက် အချို့အား ပိုင်ရှင်မဲ့အဖြစ်လည်းကောင်း၊ အချို့အားလည်း အစေခံများဖြင့်လည်းကောင်း ထားရစ်ကာ မြန်မာပြည်အသင်းခွဲကို အပြီးအပိုင်ဖျက်သိမ်းခဲ့တော့သည်။

ထိုကာလမှ စတင်ပြီး အသင်းကြီး အကြောင်းသည် ဒဏာရီပုံပြင်သဖွယ်ဖြစ်လာပြီး ပသျှူးခေါင်းပြတ်အသင်း၊ မှော်ပညာရှင်ကြီးများအသင်း အဖြစ်သာ မြန်မာပြည်သူများ ကြားဖူးနားဝအဆင့်သာဖြစ်လာတော့သည်။

အသင်းပိုင်အိမ်အချို့လည်း ပြည်သူပိုင်သိမ်းခံရခြင်း၊ လက်လွှဲရောင်းချခံရခြင်း ခံခဲ့ရပြီး အချို့မြို့များရှိ အိမ်ကြီးများမှာမူ သရဲခြောက်သည်ဟူသော သတင်းစကားများအရ ရောင်းချနိုင်ခြင်းမရှိပဲ ပိုင်ရှင်မဲ့ အိမ်ဟောင်းကြီးများအဖြစ် ကျန်ရစ်တော့သည်။

ကံကောင်းသည်တစ်ခုက အဆိုပါ ပိုင်ရှင်မဲ့ အိမ်ကြီးများသည် လူသူမနေသည်မှာ နှစ်ကြာသဖြင့် ဖရီးမေဆင်ဂိုဏ်း၏ အငွေ့အသက်အဆင်တန်ဆာများ ပျောက်ပျက်သွားခြင်းမရှိပဲ တည်မြဲနေခြင်းပင်ဖြစ်သည်။

( ကျွန်တော်နှင့် ဖရီးမေဆင်အိမ်များ အကြောင်း ဆက်လက်ဖော်ပြပေးပါမည်။)

The Real Lives Real Stories
ခက်ဇော် @ ဗြိတိသျှကိုကိုမောင် ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်။

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

နာဇီ ၁၂၀၀၀ ရဲ႕ဆြစ္ဘဏ္ အေကာင့္ကို အာဂ်င္တီးနားမွာေတြ႕
Article
နာဇီ ၁၂၀၀၀ ရဲ႕ဆြစ္ဘဏ္ အေကာင့္ကို အာဂ်င္တီးနားမွာေတြ႕

နာဇီ ၁၂၀၀၀ ရဲ႕ဆြစ္ဘဏ္ အေကာင့္ကို အာဂ်င္တီးနားမွာေတြ႕ ဒုတိယ ကမာၻ စစ္အတြင္းမွာ နာဇီပါတီက ပါတီဝင္ေတြက ဂ်ာမဏီစစ္တပ္ တိုက္လို႔ ႏိုင္ခဲ့တဲ့ ၿမိဳ႕ေတြတိုင္းကို အေနာက္က လိုက္လာၿပီး ၿမိဳ႕ထဲက ခ်မ္းသာသူေတြရဲ႕ ပိုင္ဆိုင္မႈေတြကို လုယက္ယူငင္ခဲ့ပါတယ္။ ဘာလင္ၿမိဳ႕ က်ရႈံးသြားတဲ့အခ်ိန္မွာ ႐ုရွား တပ္နီေတာ္က ဘာလင္ၿမိဳ႕ထဲက အိမ္ေတြမွာ ပိုင္ဆိုင္မႈေတြကို ျပန္လည္ လုယက္ယူ ႏိုင္ေပမဲ့ ဥေရာပတစ္လႊားက အဖိုးတန္ပစၥည္း ေတာ္ေတာ္မ်ားမ်ား ျပန္မရခဲ့ပါဘူး။ ေပ်ာက္ျခင္းမလွ ေပ်ာက္သြားခဲ့ပါတယ္။ အဲ့ဒိကိစၥကို စိတ္ဝင္စားေနတဲ့ အေမရိကန္ အေျခစိုက္ ဝိုက္ဆန္သည္ စင္တာက ႏွစ္ေပါင္းမ်ားစြာ ေျခရာခံၿပီး ေနာက္မွာေတာ့ အာဂ်င္တီးနားမွာ နာဇီပါတီဝင္ ၁၂၀၀၀ရဲ႕ ဆြစ္ဘဏ္အေကာင့္ကို စတင္ …

ဒူးရင္းသီးကို ပါဝါဘန႔္ အျဖစ္ သုံးႏိုင္ေတာ့မယ္
Article
ဒူးရင္းသီးကို ပါဝါဘန႔္ အျဖစ္ သုံးႏိုင္ေတာ့မယ္

ဒူးရင္းသီးကို ပါဝါဘန႔္ အျဖစ္ သုံးႏိုင္ေတာ့မယ္ က်ေနာ္တို႔ စားေနတဲ့ ဒူးရင္းသီးနဲ႔ ပိႏၷဲသီးက စမတ္ဖုန္းေတြလို အားသြင္းသုံးရတဲ့ ပစၥည္းေတြအတြက္ အားျပန္ျဖည့္လို႔ရတဲ့ လွ်ပ္စစ္ သိုေလွာင္ႏိုင္တဲ့ အစြမ္းရွိတယ္ ဆိုတာကို သိရင္ အံ့အားသင့္ေနမလား။ ၾသစေတးလွ် ႏိုင္ငံက သိပၸံ ပညာရွင္ အုပ္စု တစ္စုကေတာ့ သူတို႔ရဲ႕ ေတြ႕ရွိမႈကို သက္ေသျပဖို႔အတြက္ ႀကိဳးစားေနပါတယ္။ ဒူးရင္းသီးနဲ႔ ပိႏၷဲသီး အူတိုင္ေတြမွာ အလြန္ အစြမ္းထက္တဲ့ လွ်ပ္သို စြမ္းအားေတြ ရွိတယ္ ဆိုတာကို ေတြ႕ ရွိေနပါတယ္။ ေနာက္ၿပီးေတာ့ တကယ္ အားျပန္ျဖည့္လြယ္တဲ့ ပါဝါဘန႔္ေတြ ျဖစ္ေနတယ္ ဆိုတာကိုလည္း ေတြ႕ရွိ ခဲ့ၾကပါတယ္။ ဒူရင္းသီးတို႔ ပိႏၷဲသီးတို႔ဆိုတာ ျမန္မာျပည္မွာေတာ့ …

ဒက္ဘိုးရက္နာနီ ျပကၡဒိန္က အိုင္ဒီယာ ခိုးခ်တယ္ဆိုၿပီး အျပစ္ေျပာခံရ
Article
ဒက္ဘိုးရက္နာနီ ျပကၡဒိန္က အိုင္ဒီယာ ခိုးခ်တယ္ဆိုၿပီး အျပစ္ေျပာခံရ

ဒက္ဘိုးရက္နာနီ ျပကၡဒိန္က အိုင္ဒီယာ ခိုးခ်တယ္ဆိုၿပီး အျပစ္ေျပာခံရ အိႏၵိယႏိုင္ငံက ဒက္ဘိုး ျပကၡဒိန္က နာမည္ႀကီး ျပကၡဒိန္ တစ္ခုပါ ။ အိုင္ဒီယာ လန္းလန္း ေတြနဲ႔ ေဘာလီးဝုဒ္ မင္းသား မင္းသမီး ပုံေတြကို ႐ိုက္ႏွိပ္ ထုတ္ ေဝတာပါ ။ ဒီႏွစ္ထုတ္ေဝ တဲ့ ျပကၡဒိန္မွာ မင္းသမီး ကီရာရာအက္ဗာနီ ရဲ႕ ဓာတ္ပုံက သူမ်ား ဓာတ္ပုံ အိုင္ဒီယာ ခိုးခ်ထား တယ္ လို႔ ေဝဖန္ခံ ေနရပါတယ္ ။ အြန္လိုင္း အသုံးျပဳသူေတြက ႏိုင္ငံတကာ ဓာတ္ပုံဆရာ မာရီဘာရွ္ ရဲ႕ ဓာတ္ပုံ အိုင္ဒီယာကို ခိုးခ်ထားတယ္ လို႔ ဝိုင္းဝန္း …