
International-news






မောင်ယဿ


Unicode

FaceApp ကြောင့် လိင်ပိုင်းဆိုင်ရာ အစော်ကား ခံလိုက်ရတဲ့ အမျိုးသား

ဒီကနေ့ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ Face App က အမျိုးသားတွေကို အမျိုးသမီး ပုံစံအမျိုးသမီးတွေကို အမျိုးသားပုံစံ ပြောင်းတဲ့ အပလီ ကေးရှင်း တစ်ခုပါ ။ ဘာပဲပြောပြော အဲ့ဒိအပလီကေးရှင်းကို သုံးပြီး ကိုယ့်ကိုယ်ကို အမျိုးသမီးပုံစံ ပြောင်းပြီး လိုင်းပေါ် တင်လိုက်တော့ ဟာသလည်းဖြစ် ၊ နောက်ပြီး ဝိုင်းပြီး မှတ်ချက် ပေးတာတွေက ရီစရာလည်း ကောင်းတော့ ပျော်စရာ အပလီကေးရှင်းတစ်ခု ဖြစ်ခဲ့ပါတယ် ။ ဒါပေမဲ့ မလေးရှား အမျိုးသား တစ်ယောက်အတွက်ကတော့ Face App ကြောင့် လိင်ပိုင်း ဆိုင်ရာ အစော်ကား ခံလိုက်ရ တဲ့အတွက် အတော်ကို ခံရခက်ခက် ဖြစ်ခဲ့ပါတယ် ။

မိန်းကလေး တစ်ယောက် ဖြစ်ရတာမလွယ်လှပါဘူး ။ မိန်ကလေးလို ပုံစံမျိုး နဲ့ လိုင်းပေါ်ကို တင်လိုက်ချိန်မှာ လူတွေက သားပြော မယားပြော ပြောတာ ခံလိုက်ရတော့ မခံစားနိုင်တော့ဘူး ဖြစ်ခဲ့ရပါတယ် ။ Hyekai ဆိုတဲ့ အကောင့် တစ်ခုက သူ့ကိုယ်သူ မိန်းကလေးပုံစံဖြစ်အောင် FaceApp သုံးပြီး သူ့ရဲ့ တွစ်တာပေါ်ကို တင်လိုက်တော့ လိင်ကိစ္စ အရူးကောင် တွေက နှမချင်း မစာနာအောင် မယားပြောသားပြော ပြောတာကို ခံလိုက်ရပါတယ် ။ သူက သူရဲ့တွစ်တာပေါ်မှာ “ကျနော် နောက်တစ်ခါ မိန်းကလေးပုံစံမျိုးနဲ့မတင်ရဲ လောက်အောင်ကို အပြောခံလိုက်ရတယ်ဗျ”လို့ ရေးတင်ခဲ့ရတယ် ။

သူက တွစ်တာပေါ် အမျိုးသမီးပုံ တင်လိုက်တဲ့အခါမှာ လူ ၄၊၅ ယောက်က သူ့ကို(သူမကို) နေ့စဉ်လိင်ကိစ္စ စကား တွေကို လာလာပြောနေပါတယ် ။ သူ့ဆီက ဖုန်းနံပါတ်နဲ့ လိပ်စာတွေလည်း အတင်းတောင်းတော့တာပဲ လို့ သူကဆိုတ ယ်။ နောက်ပြီးတော့ ဖုန်း ပေါ်ကနေ လိင်ကိစ္စအကြောင်း ပြောချင်လို့ပါဆိုပြီး သူ့ရဲ့ ဖုန်းနံပါတ်ကို တောင်းနေပါတယ် ။ သူက အဲ့ဒိ သူတွေကို ဘာမှ မတုံ့ ပြန်တော့ ပိုက်ဆံ စကားတွေ ပြောလာပါတယ် ။ သူတို့က ပိုက်ဆံပေးပါမယ် သူတို့ကို ဆက်သွယ်ပါ ဆိုပြီး တောင်းဆို လာတယ် ။

သိတဲ့ အတိုင်းဘဲ အမျိုးသားတွေ ဆိုတာ အဲ့လို အပြောခံရရင် သိပ်ပြီး စိတ်ဆိုးတတ်တာကြောင့် အဲ့ဒိအကောင့် တွေကို ဘလော့ချလိုက်ရပါတ ယ်။ ဒါတောင် သူတို့ထဲက တစ်ယောက်က အကောင့်အသစ် တစ်ခု နဲ့ သူကို သွေးတိုးလာစမ်း နေပါသေးတယ် ။ အခုတော့ သူက “ ကျနော်တို့လို အမျိုးသားတွေ မိန်းကလေးလို မျိုး ပြောင်းပြီးတင်တာတောင် အဲ့လို အပြောခံရရင် တကယ် မိန်းကလေး အစစ်တွေဆိုရင် ဘယ်လောက်တောင် သွေးတိုး အစမ်းခံနေရမလဲ ၊ သားပြော မယားပြော အပြောခံနေရမလဲဆိုတာ မတွေးရဲလောက်အောင်ကိုပဲ ဖြစ်နေပါတယ်”လို့ သူ့တွစ်တာမှာရေးတင်ခဲ့ပါတယ် ။

မောင်ယဿ

REF: world of buzz / Photo; Mstar

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …