FA ဖလားကို ချယ်ဆီးရမယ်လို့ မှန်းခဲ့တဲ့ အဘီရှက်ဘချန်း

Cele News

FA ဖလားကို ချယ်ဆီးရမယ်လို့ မှန်းခဲ့တဲ့ အဘီရှက်ဘချန်း

မွန်ဘိုင်းမြို့ နာနာဗာတီဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလို့ ကုသမှု ခံယူနေရတဲ့ အမီတာဘချန်း နဲ့ သားဖြစ်သူ အဘီရှက်ဘချန်း တို့က မနေ့ညက ကန်ခဲ့တဲ့ FAဖလား ဖိုင်နယ် ချယ်ဆီး- အာဆင်နယ်ပွဲ မှာ သူတို့ အားပေးတဲ့ ချယ်ဆီးအသင်း ဖလားရရှိမယ်လို့ မှန့်ပြီး ချယ်ဆီးအသင်းဘက်က အားပေးခဲ့ပါတယ်။

FA ဖလားကို ချယ်ဆီးရမယ်လို့ မှန်းခဲ့တဲ့  အဘီရှက်ဘချန်း1

ဒါပေမဲ့ပွဲအပြီးမှာ အာဆင်နယ်အသင်းက ချယ်ဆီးအသင်း ကို ၂ဂိုး ၁ဂိုးနဲ့ အနိုင်ယူပြီး FA ဖလားကို သိမ်းပိုက် သွားလို့ အဘီရှက်ဘချန်း တော်တော်စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ပွဲမတိုင်မီက ချယ်ဆီး အသင်း ခေါင်းဆောင် ဆီးဇာအစ်ဇ် ပီလီကူတာက အဘီရှက်ဘချန်း ဆီကို စာတစ်စောင်ရေးပို့ ခဲ့ပါတယ်။

ဒီအပတ်က ချယ်ဆီးရဲ့ သီတင်းပတ် ဖြစ်ရပါစေမယ်ဆိုတဲ့ စာပါပဲ။ အဘီရှက်က သူ့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ချယ်ဆီးအသင်းက သေချာပေါက် နိုင်မှာလို့ ရေးတင်ခဲ့ပါတယ်။ အဘီရှက် က ချယ်ဆီးဖန်စစ်စစ်ဖြစ်ပါတယ်။

သူက ချယ်ဆီးအသင်းခေါင်းဆောင် ပေးပို့ခဲ့တဲ့ စာကို သူ့ရဲ့ စာမျက်နှာပေါ်မှာတင်ခဲ့ပြီး ချယ်ဆီးအသင်းကို အားပေးရတာ တန်ပါတယ်။ ဒီသီတင်းပတ်ကတော့ ကျနော့်စိတ်ကြိုက် ဖြစ်မှာပါ။ ချယ်ဆီးအသင်းကို ကျေးဇူးတင်ပါတယ်လို့ ပုံစာမှာ ရေးတင်ခဲ့ပါတယ်။

ပြီးတော့ လန်ဒန်က ဝင်ဘာလေကွင်းမှာ ကန်မယ့် ချယ်ဆီး အသင်းရဲ့ နိုင်ပွဲကိုစောင့်ကြည့်ရအောင်လားဗျာလို့လည်း ရေးတင်ခဲ့ပါတယ်။

FA ဖလားကို ချယ်ဆီးရမယ်လို့ မှန်းခဲ့တဲ့  အဘီရှက်ဘချန်း2

ချယ်ဆီးအသင်းခေါင်းဆောင်က အဘီရှက်ကို “ ခင်ဗျားနေမကောင်းတာကို ကြားရလို့ စိတ်မကောင်းဖြစ်ရပါတယ်။ အမြန်နေပြန်ကောင်းအောင်လို့လည်း ချယ်ဆီး အသင်းကိုယ်စား ကျနော်က ဆုတောင်းပေးပါတယ်။

ခင်ဗျားနဲ့ ခင်ဗျားမိသားစု ခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ်နေရတာကို ကျနော်တို့ သိပါတယ်။ အသင်းရဲ့ ကိုယ်စားနဲ့ ချယ်ဆီးဖန်တွေရဲ့ ကိုယ်စား ကျတော်က ဆန္ဒမွန် ပြုလိုက်ပါတယ်”လို့ ရေးပို့ခဲ့ပါတယ်။

အဲ့ဒိပို့စ် မတိုင်ခင်က အဘီရှက်က ဆေးရုံပေါ်မှာ ညဖက်ကြီး လမ်းလျှောက်ပြီး ဥမင်တစ်ဖတ်စွန်းက အလင်းရောင်ဆိုပြီး ဆေးရုံ ကော်ရစ်ဒါ လမ်းကို ဓာတ်ပုံရိုက်ပြီး တင်ခဲ့ပါတယ်။ အမိတာဘချန်းတို့ မိသားစုမှာ သူတို့ သား.အဖ ၂ယောက်ပဲ ကိုဗစ်-၁၉ ရောဂါပိုးကို တွေ့ရှိခဲ့ပြီး ကျန်တဲ့ မိသားစုအားလုံး ပိုးမတွေ့လို့ ဆေးရုံ ကပေးဆင်းခဲ့ပါတယ်။

မောင်ယဿ, REF: ndtv.com, Photo; indulge express

Zawgyi



FA ဖလားကို ချယ်ဆီးရမယ်လို့ မှန်းခဲ့တဲ့  အဘီရှက်ဘချန်3း









 

No Comments

Leave a Reply

Your email address will not be published.

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်
Cele News
အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ် အမျိုးသမီးတစ်ယောက်လို့ ပရိသတ်အချို့ သိထားကြတဲ့ မော်ဒယ် စစ်ပိုးအိမ်က သူမက လိင်ခွဲစိတ်ထားသူ Transexual တစ်ဦး ဖြစ်ကြောင်း သူမဘဝ ဖြစ်တည်မှု ကို အားလုံးရှေ့မှာ ဖွင့်ချလိုက်ပါတယ်။ သူမ ရင်သား ခွဲစိတ်နေတဲ့ ပုံအပါအဝင် ငယ်စဉ်ကလေးဘဝ ပုံများပါ မကျန် သူမ ရဲ့ ဖြစ်တည်မှုကို သူမရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်စ် စာမျက်နှာကနေ ပရိသတ်ကို အသိပေးခဲ့တာပါ။ စစ်ပိုးအိမ် တစ်ယောက် အမျိုးသမီး အစစ်တစ်ယောက် မဟုတ်မှန်း အချို့ပရိသတ်‌တွေ သိကြပေမဲ့ သူမဖွင့်ချတဲ့ ဓါတ်ပုံတွေ‌ကြောင့် ပရိသတ် အချို့က‌တော့ ယခုအချိန်မှ ခွဲစိတ်ထားသူ ဖြစ်မှန်း သိကြတာ …

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့
Cele News
မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့ တောင်ကိုရီးယား မိန်းကလေး အဆိုတော်အဖွဲ့ဖြစ်တဲ့ ဘလက်ပင့်ခ်နဲ့ အမေရိကန် နာမည်ကြီး ဆယ်လီနာဂိုမက်ဇ် တို့ ပူးပေါင်းပြီး ICE CREAM ဆိုတဲ့ မြူဇစ်ဗီဒီယို တစ်ခုကို မနေ့က သြဂုတ်လ ၂၈ရက်နေ့မှာ ထုတ်လွှင့်လိုက် ပါတယ်။ သဘောင်္သား ဦးထုတ်ဆောင်းထားပြီး ဘီကီနီ ဝတ်ထားတဲ့ ဂိုးမက်ဇ်က ရေခဲမုန့်ရောင်းတဲ့ ကားနဲ့ သီချင်းဆို ပြနေတာ တော်တော် လှနေပါတယ်။ သီချင်းတစ်ပုဒ်လုံးက အရောင်တွေ စုံလင်စွာနဲ့ ကြည့်လို့ အရမ်းကောင်းပါတယ်။ ဘလက်ပင့်ခ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဂျီဆိုး ၊ဂျန်နီ ၊ရိုစီနဲ့ လီဆာတို့ကလည်း …

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား
Cele News
ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား ဒီတနင်္လာနေ့က ဟောလီးဝုဒ် ဆယ်လီအဆိုတော် ဘရစ်တနေစပီးယားက သူမရဲ့ ဘော်ဒီဝိတ်ကို ချနိုင်ဖို့ အတွက် ပြင်းထန်တဲ့ အကလေ့ကျင်းခန်းတွေ လုပ်နေတယ် ဆိုတာကို ပြဖို့အတွက် သူမရဲ့ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာမှာ တင်လိုက်ပါတယ်။ “ကျမ ဘော်ဒီနဲ့ ပတ်သက်ပြီး စိတ်ညစ်လွန်းလို့ ဒီကာလအတွင်းမှာ ဝိတ်ချနိုင်ဖို့ အက လေ့ကျင့်ခန်းတွေကို ပြင်းပြင်း ထန်ထန် လုပ်နေပါတယ်။ ဒီကပ်ရောဂါ ကာလကြီးကတော့ ကျမအတွက် သိပ်ခက်ခဲတဲ့ အချိန်ပါပဲ။ သွားစရာ နေရာတွေလည်း မရှိဘူး။ အားလုံးကလည်း ပိတ်ထားတယ်။ ကျမကတော့ ဘုရားဆီမှာ ဆုတောင်း နေတာက အရသာသိပ်ရှိတဲ့ အစားအစာတွေ မစားရပါစေနဲ့ ဆိုပြီး တောင်းနေရတယ်။ …