FA ပဥၥမအဆင့္ပြဲေတြ အေၾကာင္း ႀကည့္ရေအာင္

FA ပဥၥမအဆင့္ပြဲေတြ အေၾကာင္း ႀကည့္ရေအာင္
Entertainment

FA ပဥၥမအဆင့္ပြဲေတြ အေၾကာင္း ႀကည့္ရေအာင္

FA ပဥၥမအဆင့္ပြဲေတြကို တနလာၤည အဂါၤည နဲ႕ ဗုဒၶဟူး ညေတြမွာ ဆက္တိုက္ကန္သြားမွာပါ။ တနလာၤညကေတာ့ အာႀကီးပြဲ တစ္ပြဲပဲ ရွိၿပီး အဂါၤညမွာ ၃ပြဲနဲ႕ ဗုဒၶဟူး ညမွာ ၄ပြဲရွိပါတယ္။ သေရက်ရင္ အေ၀းကြင္းမွာျပန္ကန္ရမွာပါ။ ႏိုင္သြားရင္ေတာ့ တစ္ပြဲတည္းနဲ႔ ျပတ္သြား မွာမို႔လို႔ အားထည့္ကစားႀကေလ့ရွိပါတယ္။ ပြဲေကာင္းေတြပါ။

ပို႔စ္ေမာင့္နဲ႕ အာဆင္နယ္ (၂-၂)။။ အိမ္ရွင္ ပို႔စ္ေမာင့္က ၂၀၁၉-၂၀၂၀ FA ကစားပြဲတစ္ေလွ်ာက္မွာ အိမ္ကြင္းရလဒ္ ေကာင္းပါတယ္။ ခံစစ္ေႀကာင္း ေတာင့္တင္းလို႕ အာဆင္နယ္ရဲ႕ သိပ္မေကာင္းလွတဲ့တိုက္စစ္က ထိုးေဖာက္ႏိုင္ဖို႔ခက္ခဲသလို ပိုစ္ေမာင့္ကလည္း တန္ျပန္တိုက္စစ္ကိုအားျပဳၿပီး ဂိုးသြင္းမွာပါ။ သေရရလဒ္ထက္မပိုပါဘူး။

ခ်ယ္ဆီးနဲ႕လီဗာပူး (၀-၁)။။ လူနာေတြမ်ားေနတဲ့ ခ်ယ္ဆီးအသင္းအေနနဲ႔ လီဗာပူးအသင္းကို အိမ္ကြင္းအားသာခ်က္နဲ႕ အႏိုင္ကစားဖို႔ ဆိုတာ မျဖစ္ႏိုင္ေလာက္ပါဘူး။ လီဗာပူးကေတာ့ ႏိုင္ပြဲေတြ ဆာေလာင္ေနလို႕ ခ်ယ္ဆီး နဲ႕ ျပန္ကန္ဖို႔ ေစာင့္မွာမဟုတ္ဘဲ တစ္ပြဲတည္းနဲ႕ အျပတ္ကန္မယ္ထင္ပါတယ္။ လီဗာပူးအနိုင္လို႕ပဲ သက္မွတ္ရမွာပါ။

လက္စတာနဲ႕ ဘာမင္ဂမ္ (၂-၀) ။။ တိုက္စစ္မွဴး ဘာဒီ မပါေပမဲ့ လက္စတာတိုက္စစ္မွာ ထုတ္သံုးဖို႔အတြက္ တိုက္စစ္မွဴးေကာင္းေတြရွိ ေနပါေသးတယ္။ လက္စတာအသင္းအတြက္က FA ဖလားက သူတို႔ အဓိကထားတဲ့ ရည္မွန္းခ်က္ပါပဲ။ ဘာမင္ကေတာ့ ဒီပြဲမွာငါးႀကီးႀကီး ဖမ္းတာပါပဲ။ သူတို႕က လက္စတာကိုႏိုင္လိုက္ရင္ဆိုတဲ့ အေတြးနဲ႕ တိုက္မွာပါ။ နိုက္ဂ်ီးရီးယားတိုက္စစ္မွဴး ေျချမဴးရင္ေတာ့ ေပ်ာ္ရမွာပါ။ ဒါေပမဲ့ ျဖစ္မလာဖို႔က မ်ားပါတယ္။

ရွက္ဖီး၀န္းနက္စေဒး နဲ႕ မန္စီတီး (၁-၃)။။ မန္စီတီး မန္ေနဂ်ာ ဂြာဒီယိုလာအတြက္ ေမွ်ာ္လင့္ခ်က္က FAဖလားနဲ႕ ခ်ိန္ပီယံလိဂ္ဖလား ၂လံုးပဲက်န္ပါေတာ့တယ္။ ခ်န္ပီယံလိဂ္ ဖလားထက္ FA ဖလားရ ႏိုင္ဖို႔က ပို ေသခ်ာတာေၾကာင့္ အမွားမခံဘဲရုန္းမွာပါ။ ရွက္ဖီး အသင္းကလည္း ေအာက္တန္းမွာ တက္လိုက္ဆင္းလိုက္ျဖစ္ၿပီး ေျခမျငိမ္တဲ့ အသင္းျဖစ္လို႕ မန္စီတီးအတြက္ အႏိုင္ကေသခ်ာပါတယ္။

စပါးနဲ႕ ေနာ့၀ခ်္(၂-၁)။။ ရံႈးပြဲဆက္ေနတဲ့စပါးမွာ တိုက္စစ္မွဴးေတြ ဒဏ္ရာ ျပႆနာနဲ႕ ရင္ဆိုင္ေနရပါတယ္။ လက္က်န္ တိုက္စစ္မွဴး ဒီလီအလီကိုပဲ အာရံုစိုက္ ေနရပါတယ္။ ေနာ့၀ခ်္အသင္းကေတာ့ အေ၀းကြင္းမွာကစားရမယ္ဆိုေတာ့ နဂိုရ္ကတည္းက ရလဒ္မေကာင္းတဲ့ အသင္းအဖို႔ အနိုင္မျဖစ္ႏိုင္ေလာက္ပါဘူး။ သေရကိုေတာင္ ကစားဖို႕ မလြယ္ေလာက္ပါဘူး။ ဒါေပမဲ့ လီဗာပူးလို အမွတ္ေပးဇယား ထိပ္ဆံုးက အသင္းကို ၁-၀ နဲ႕ပဲ ရံႈးတယ္ဆိုေတာ့ ေလ်ာ့တြက္လို႕မရ ပါဘူး။

ဒါဘီနဲ႕မန္ယူ (၂-၀)။။ ဒါဘီေကာင္တီက မန္ယူကိုအိမ္ကြင္းမွာ ဧည့္ခံရမွာပါ။ ဒီ ၂ သင္း ကFA ဖလားျပိဳင္ပြဲ ေတြမွာ မႀကာခဏေတြ႕ ၾကတဲ့အသင္းေတြပါ။ ေနာက္ဆံုးပြဲမွာ မန္ယူက ဒါဘီကို ၂-၀ နဲ႕ ႏိုင္ထားပါတယ္။ မန္ယူအတြက္ကံေကာင္းတာက မာရွယ္ ဒဏ္ရာက ျပန္ေကာင္းလာတာပါပဲ။ မန္ယူကလည္း ခ်ိန္စရာ ဖလားက ဒီတစ္လံုးတည္းရွိေတာ့တာမို႕ အားစိုက္ၿပီး ကစားမွာပါ။ မန္ယူအႏိုင္ ေသခ်ာပါတယ္။

ေမာင္ယႆ REF: predition
Photo; a different league

Unicode

FA ပဉ္စမအဆင့်ပွဲတွေ အကြောင်း ကြည့်ရအောင်

FA ပဉ္စမအဆင့်ပွဲတွေကို တနလာၤည အဂါၤည နဲ့ ဗုဒ္ဓဟူး ညတွေမှာ ဆက်တိုက်ကန်သွားမှာပါ။ တနလာၤညကတော့ အာကြီးပွဲ တစ်ပွဲပဲ ရှိပြီး အဂါၤညမှာ ၃ပွဲနဲ့ ဗုဒ္ဓဟူး ညမှာ ၄ပွဲရှိပါတယ်။ သရေကျရင် အဝေးကွင်းမှာပြန်ကန်ရမှာပါ။ နိုင်သွားရင်တော့ တစ်ပွဲတည်းနဲ့ ပြတ်သွား မှာမို့လို့ အားထည့်ကစားကြလေ့ရှိပါတယ်။ ပွဲကောင်းတွေပါ။

ပို့စ်မောင့်နဲ့ အာဆင်နယ် (၂-၂)။။ အိမ်ရှင် ပို့စ်မောင့်က ၂၀၁၉-၂၀၂၀ FA ကစားပွဲတစ်လျှောက်မှာ အိမ်ကွင်းရလဒ် ကောင်းပါတယ်။ ခံစစ်ကြောင်း တောင့်တင်းလို့ အာဆင်နယ်ရဲ့ သိပ်မကောင်းလှတဲ့တိုက်စစ်က ထိုးဖောက်နိုင်ဖို့ခက်ခဲသလို ပိုစ်မောင့်ကလည်း တန်ပြန်တိုက်စစ်ကိုအားပြုပြီး ဂိုးသွင်းမှာပါ။ သရေရလဒ်ထက်မပိုပါဘူး။

ချယ်ဆီးနဲ့လီဗာပူး (ဝ-၁)။။ လူနာတွေများနေတဲ့ ချယ်ဆီးအသင်းအနေနဲ့ လီဗာပူးအသင်းကို အိမ်ကွင်းအားသာချက်နဲ့ အနိုင်ကစားဖို့ ဆိုတာ မဖြစ်နိုင်လောက်ပါဘူး။ လီဗာပူးကတော့ နိုင်ပွဲတွေ ဆာလောင်နေလို့ ချယ်ဆီး နဲ့ ပြန်ကန်ဖို့ စောင့်မှာမဟုတ်ဘဲ တစ်ပွဲတည်းနဲ့ အပြတ်ကန်မယ်ထင်ပါတယ်။ လီဗာပူးအနိုင်လို့ပဲ သက်မှတ်ရမှာပါ။

လက်စတာနဲ့ ဘာမင်ဂမ် (၂-ဝ) ။။ တိုက်စစ်မှူး ဘာဒီ မပါပေမဲ့ လက်စတာတိုက်စစ်မှာ ထုတ်သုံးဖို့အတွက် တိုက်စစ်မှူးကောင်းတွေရှိ နေပါသေးတယ်။ လက်စတာအသင်းအတွက်က FA ဖလားက သူတို့ အဓိကထားတဲ့ ရည်မှန်းချက်ပါပဲ။ ဘာမင်ကတော့ ဒီပွဲမှာငါးကြီးကြီး ဖမ်းတာပါပဲ။ သူတို့က လက်စတာကိုနိုင်လိုက်ရင်ဆိုတဲ့ အတွေးနဲ့ တိုက်မှာပါ။ နိုက်ဂျီးရီးယားတိုက်စစ်မှူး ခြေမြူးရင်တော့ ပျော်ရမှာပါ။ ဒါပေမဲ့ ဖြစ်မလာဖို့က များပါတယ်။

ရှက်ဖီးဝန်းနက်စဒေး နဲ့ မန်စီတီး (၁-၃)။။ မန်စီတီး မန်နေဂျာ ဂွာဒီယိုလာအတွက် မျှော်လင့်ချက်က FAဖလားနဲ့ ချိန်ပီယံလိဂ်ဖလား ၂လုံးပဲကျန်ပါတော့တယ်။ ချန်ပီယံလိဂ် ဖလားထက် FA ဖလားရ နိုင်ဖို့က ပို သေချာတာကြောင့် အမှားမခံဘဲရုန်းမှာပါ။ ရှက်ဖီး အသင်းကလည်း အောက်တန်းမှာ တက်လိုက်ဆင်းလိုက်ဖြစ်ပြီး ခြေမငြိမ်တဲ့ အသင်းဖြစ်လို့ မန်စီတီးအတွက် အနိုင်ကသေချာပါတယ်။

စပါးနဲ့ နော့ဝချ်(၂-၁)။။ ရှုံးပွဲဆက်နေတဲ့စပါးမှာ တိုက်စစ်မှူးတွေ ဒဏ်ရာ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ လက်ကျန် တိုက်စစ်မှူး ဒီလီအလီကိုပဲ အာရုံစိုက် နေရပါတယ်။ နော့ဝချ်အသင်းကတော့ အဝေးကွင်းမှာကစားရမယ်ဆိုတော့ နဂိုရ်ကတည်းက ရလဒ်မကောင်းတဲ့ အသင်းအဖို့ အနိုင်မဖြစ်နိုင်လောက်ပါဘူး။ သရေကိုတောင် ကစားဖို့ မလွယ်လောက်ပါဘူး။ ဒါပေမဲ့ လီဗာပူးလို အမှတ်ပေးဇယား ထိပ်ဆုံးက အသင်းကို ၁-၀ နဲ့ပဲ ရှုံးတယ်ဆိုတော့ လျော့တွက်လို့မရ ပါဘူး။

ဒါဘီနဲ့မန်ယူ (၂-ဝ)။။ ဒါဘီကောင်တီက မန်ယူကိုအိမ်ကွင်းမှာ ဧည့်ခံရမှာပါ။ ဒီ ၂ သင်း ကFA ဖလားပြိုင်ပွဲ တွေမှာ မကြာခဏတွေ့ ကြတဲ့အသင်းတွေပါ။ နောက်ဆုံးပွဲမှာ မန်ယူက ဒါဘီကို ၂-၀ နဲ့ နိုင်ထားပါတယ်။ မန်ယူအတွက်ကံကောင်းတာက မာရှယ် ဒဏ်ရာက ပြန်ကောင်းလာတာပါပဲ။ မန်ယူကလည်း ချိန်စရာ ဖလားက ဒီတစ်လုံးတည်းရှိတော့တာမို့ အားစိုက်ပြီး ကစားမှာပါ။ မန်ယူအနိုင် သေချာပါတယ်။

မောင်ယဿ REF: predition
Photo; a different league

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်
Sport
အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ် ကမ္ဘာကျော်ဂေါက်သီးရိုက် ကစားသမား တိုက်ဂါးဝုဖ်ရဲ့သား ချာလီ (၁၁နှစ်)က အမေရိကန် ကလေး ဂေါက်ရိုက်ပြိုင်ပွဲမှာ အနိုင်ရခဲ့ ပြီး အဖေ့ခြေရာ ကိုနင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ဖလော်ရီဒါ ပြည်နယ် ပမ်းမြို့ က ဟမ်းမလော့ ခရိ ဂေါက်ကွင်းမှာကျင်းပတဲ့ အမေရိကန် ကလေးများ ဂေါက်ပြိုင်ပွဲမှာ ချာလီက အသာစီး နဲ့ အနိုင်ရခဲ့ပါတယ်။ ၁၁နှစ်အရွယ် ချာလီက ပြိုင်ပွဲဝင်တွေ အားလုံးထက် တာထွက်ကတည်းက ထိပ်ဆုံးမှာ နေခဲ့ပါတယ်။ ပထမ ၉ကျွင်း ရိုက်ချက် ၃၃ ချက်ကို ၃ ချက်လျော့ ပြီး ရိုက်နိုင်ခဲ့ပါတယ်။ ၁၈ကျွင်းရိုက်ပြီးမှာတော့ သူက …

ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ
Sport
ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ

ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီး ဖိုင်နယ်ပွဲမှာ မန်ယူက စပိန်အသင်း ဆီဗီးလားကို ၂ဂိုး ၁ဂိုးနဲ့ ရှုံး နိမ့်ခဲ့ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ မန်နေဂျာ ဆိုးရှားရဲ့ မန်ယူအသင်းအတွက် ၂၀၂၀ က ဆိုးဝါးတဲ့ နှစ် တစ်နှစ်လို့ ပြောရမလို ဖြစ်ခဲ့ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြိုင်ပွဲ ၃ရပ်မှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်း လာပြီးပါမှ ဖလားနဲ့ ကပ်ပြီး လွဲခဲ့ရလို့ပဲ ဖြစ်ပါတယ်။ ELF ပြိုင်ပွဲလို့ ကာရာဘောင် ဖလားတုန်းကလည်း မန်စီတီးအသင်းကို ၂ပွဲ ပေါင်း ၃ဂိုး …

ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်
Sport
ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်

ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဥရောပ ချန်ပီလိဂ် ဖလားပြိုင်ပွဲ က နတ်ကြီး ပါတယ်။ ထင်ထားသလို ဖြစ်ဖို့က ခက်ခဲတယ် ဆိုပေမဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲတွေကို ကြီးစိုးနေတာကတော့ စပိန်နဲ့ အင်္ဂလန်အသင်းတွေ ပါပဲ။ ၂၄နှစ်ကြာ ကြီးစိုးထားတဲ့ စပိန်နဲ့ အင်္ဂလန်အသင်းတွေရဲ့ အုပ်စီးထားမှုကိုတော့ ဒီနှစ်မှာ ရပ်တန့် ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလိပ် နဲ့ စပိန်တွေ မပါပဲ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်က ၁၉၉၆ ခုနှစ် မှာပါ။ မနေ့ညက မန်စီတီးအသင်းကို ပြင်သစ်အသင်း လိုင်းယွန်းက ၃ဂိုး ၁ဂိုးနဲ့ …