
International-news







Unicode

Delivery ( ဒလီဗာရီ ) နဲ့ လှူလို့ရတယ် Video call နဲ့ ဆုပေးမယ်ဆိုတဲ့ ဘုန်းကြီး

ဒလီဗရီ ဆွမ်းနဲ့ ဗီဒီယိုကော ဆု

ထိုင်းနိုင်ငံတောင်ဖက် ပိုင်းက ထောင်နီကွန်းပရာတိ ဘုန်းကြီးကျောင်းက ကျောင်းထိုင် ဘုန်းကြီး ထရောင် က ပြီးခဲ့တဲ့ စနေနေ့က သူ့ရဲ့ အလှူ့ရှင် တွေကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ ပေါ်ကနေ စကားအချို့ကို မိန့်ခဲ့ ပါတယ် ။ ဒါယကာတွေ အနေနဲ့ ကျောင်းကို လာပြီး အလှူလုပ်ဖို့ရာ မအားမလပ် ဖြစ်နေရင် ဒလီဗရီနဲ့ ပို့ပြီး လှူလို့ရတဲ့အကြောင်း တင်လိုက်ပါတယ်။ အကယ်၍ လှူတဲ့သူက အလှူပစ္စည်းမှာကိုယ့်အကောင့် ရေးပေးလိုက်ရင် ဘုန်းကြီးက အလှူ့ရှင်ကို ဗီဒီယိုကော ပြန်ခေါ်ပြီး ဆုတောင်း မေတ္တာပို့ သပေးပါမယ်လို့ ရေးတင် လိုက်ပါတယ် ။

ဘုန်းကြီးက အလှူ့ ဒါယကာ တွေကို ပျင်းအောင် လုပ်နေတာပဲလို့ ဝေဖန်မှု တွေကို ဘုန်းတော်ကြီးထရောင်က “ ဘုန်းကြီးတို့ က ခေတ်ထဲမှာ နေနေ တာလေ ။ နည်းပညာ ခေတ်ထဲမှာ လိုက်လျော ညီထွေရှိ အောင်လို့ စီစဉ် ပေးတာပါ ။ ကိုးကွယ် ယုံကြည်မှု အတွက် အလှူ လုပ်ချင်တယ် ။ လူတွေက စား ဝတ်နေရေး အတွက် အလုပ်ရှုပ် နေတယ် ။ ဘုန်ကြီးကျောင်းကို လာပြီး ၂ နာရီ ၃ နာရီလောက် ဘယ်သူ့မှ အချိန် အကုန် မခံနိုင်ဘူး ဆိုရင် ဒီနည်းက လွယ်ကူ ချောမွေ့ စေတာပဲ”လို့မိန့်တယ် ။

ဘုန်းကြီးက အလှူ အတွက် သာဓုနုမောဒနာ တရားကို ဗီဒီယို ကောကနေ ပို့ထား လိုက်ပါတယ် ။ အလှူရှင်က သူအဆင်ပြေ တဲ့အချိန်မှာ တရားနာလို့ ရပါတယ် ။ အခုတော့ မြို့ထဲက ဒါယကာ တွေက ဆရာတော်ထံကို နေ့စဉ် ဒလီဗရီနဲ့ ဆွမ်းပို့ နေပြီး ညဆိုရင် ဆရာတော် ဗီဒီယိုကောထဲကို ပို့ထာတဲ့ တရားတွေ နားနေ ကြပါတယ် ။

မောင်ယဿ REF: world of buzz

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …