အချစ်က အသေးအမွှားလေးတွေ ကိုတောင် အမှတ်တရ ဖြစ်စေတယ်ဆိုတဲ့ ဒေးဗစ်ဘက်ခမ်း လွန်ခဲ့တဲ့ ၂၃ နှစ်ကာလက ဗစ်တိုးရီးယားနဲ့ စတွေ့ချိန်မှာ ဖုန်းနံပါတ် ရေးပေးခဲ့တဲ့ မီးရထား လက်မှတ်ဖြတ်ပိုင်းလေးကို အခုထိ အမှတ်တရ သိမ်းထားဆဲ ပါလို့ ဒေးဗစ်ဘက်ခမ်း က တီဗီရှိုး တစ်ခုမှာ ပြောခဲ့ပါတယ်။ အမှန်တကယ် ချစ်တတ်တဲ့ သူတွေအတွက် ချစ်သူနဲ့ ပတ်သက်လာရင် အရာရာက အမှတ်တရတွေ ဖြစ်တတ်ပါတယ် ။ ချစ်သူနဲ့ ပတ်သတ်တဲ့ အရာတွေမှာ သေးသေးမွှားမွှား ဆိုတာ မရှိပါဘူး ။ အားလုံးက အမှတ်ရစရာတွေချည်းပါပဲ ။ ဂျင်မီဖော်လွန်ရဲ့ တူနိုက်ရှိုး အစီးအစဉ်မှာ ဂျင်မီက ဒေးဗစ်ဘက်ခမ်း နဲ့ တွေ့ဆုံပြီး …
အရက်သမားထက် အရက်သမ က ပိုများပြီး ပိုသေကြတယ် ၂၀၀၀ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း နှစ်စဉ် အရက်ကြောင့် သေဆုံးသူ အမျိုးသမီး ရာခိုင်နှုန်း တိုးတက်လာကာ အမျိုးသားများကတော့ ပုံမှန်သေဆုံးမှု အတိုင်းပဲ ရှိနေတယ်လို့ လေ့လာမှုစစ်တမ်းတစ်ခုအရ သိရပါတယ်။ နယူးယောက်ခ်စီတီး က မောင့်ဆိုင်နိုင်းစိန့်လုခ် ဆေးရုံနဲ့ မောင့်ဆဆိုင်နိုင်းဝက်စ် ဆေးရုံ ၂ခုက အရက်ဖြတ်ဌာန အကြီးအကဲ ဒေါက်တာ တင်မိုသီ ဘရန်နန်း နဲ့ အဖွဲ့က ပြုလုပ်တဲ့ သုတေသန စစ်တမ်း အရ မြောက်အမေရိက မှာ အမျိုးသမီးတွေက နှစ်စဉ် အရက်ကြောင့် သေဆုံးသူ တိုးတက်နေပြီး အမျိုးသားတွေကတော့ ထူးထူးခြားခြား တိုးတက်တာ မရှိဘူးလို့ သိရပါတယ်။ …
အအိပ်အနေနည်းတဲ့ အမျိုးသမီးများ နလုံးရောဂါဖြစ်နိုင်ချေ ပိုများ လေ့လာမှု အသစ်တစ်ခုရဲ့အဆိုအရ အအိပ်အနေ နည်းတဲ့ အမျိုးသမီးတွေက အစားကို ပိုစားဖြစ်တဲ့အတွက် အဝလွန်တာရယ် ဆီးချိုရယ် နလုံးရောဂါ ဖြစ်နိုင်ချေ ပိုများတယ်လို့ သိရတယ်။ ကိုလံဘီယာ တက္ကသိုလ်က သမားတော် ခွဲစိတ်ဆရာဝန် တစ်ဦးဖြစ်သူ ဘရုတ်ကီး ဘဂါဝယ်က အမျိုးသမီးတွေက မိသားစုအတွက်နဲ့ ရင်သွေးငယ်တွေအတွက် တာဝန် ထမ်းနေရတဲ့ အတွက်ကြောင့် လုံလောက်တဲ့ အိပ်ချိန် မရဘဲ မီနီပူဆယ်ဟော်မုန်းတွေ ထွက်ကာ နလုံးရောဂါ ဖြစ်နိုင်ချေနဲ့ နီးစပ်လာပါတယ်လို့ ဆိုပါတယ်။ သုတေသန စမ်းသက်ချက်ကို သာမန်မိသားစု ၅၀၀ က အသက် ၂၄နှစ်နဲ့ ၇၅ နှစ်ကြား အိမ်ထောင်ရှင် အမျိုးသမီးများကို …
ပျော်ရွှင်စရာဘဝကို ပိုင်ဆိုင်လိုသလား၊ အောက်က အချက် (၁၀) ကို လိုက်နာကြည့်ပါ။ သင်ဟာ တစ်နေ့တစ်နေ့ အလုပ်များထဲမှာ အာရုံနှစ်ပြီး အလုပ်တွေပိနေလို့ လုပ်ငန်းခွင်ကို မပျော်ရွှင် ဘူးလို့တွေးနေမိပါသလား။ သင့်ကို ပျော်ရွှင်တဲ့ဘဝ ပိုင်ဆိုင်ဖို့ သင့်လုပ်ငန်းစဉ်အတွင်း စည်းမျဉ်းအချို့ကို ချမှတ် ထားလိုက်မယ်ဆိုရင် သင်ပျော်ရွှင်မှာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)က ပျော်ရွှင်တဲ့ဘဝ ပိုင်ဆိုင်စေဖို့ လုပ်ငန်းခွင်စည်းမျဉ်း ဆယ်ချက်ကို မျှဝေထားပါတယ်။ ၁… သင့်အနေနဲ့ ဘယ်သူ့ကိုမှ အလွယ်တကူ မယုံကြည်ပါနဲ့… ဒါပေမဲ့ လူတိုင်းကိုတော့ တန်ဘိုးထား လေးစားပါ။ ၂…. သင်ဟာ အလုပ်မှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အလုပ်မှာပဲ ချန်ထားခဲ့ပါ။ အလုပ်ထဲက အတင်းအဖျင်းများနဲ့ အရေးမပါတဲ့ ကိစ္စတွေကို အိမ်ကိုဘယ်တော့မှ …
အွန်လိုင်း ရှော့ပင်းစွဲလမ်းမှုပြဿနာဟာ စိတ်ကျန်းမာရေးမကောင်းတဲ့ လက္ခဏာကို ပြသနေကြောင်း စိတ်ပညာရှင်ဆို ဂျာမနီ နိုင်ငံ ၊ ဟန်နိုဗာ ဆေးပညာ တက္ကသိုလ်ရဲ့ စိတ်ရောဂါ အထူးကု ဆရာဝန် ဒေါက်တာ မူလာဟာ တက္ကသိုလ် တက်နေပြီး အွန်လိုင်းရှော့ပင်း စွဲလန်းနေတဲ့ ကျောင်းသား ( ၁၂၂ ) ယောက်ကို ရွေးချယ် ခဲ့ကာ သုတေသန လုပ်ငန်း အတွက် လေ့လာ ခဲ့ပါတယ် ။ အွန်လိုင်း ကနေ ပစ္စည်းတွေကို မှာရတာကို ဘာအကြောင်း ပြချက်မှ မရှိဘဲ အလွန်အကဲ သဘောကျ နေတဲ့ အဆိုပါ ကျောင်းသား ( ၁၂၂ ) ယောက်ကို …
ဆစ်ပတ်ထက် ဗိုက်စူတာကို မိန်းကလေးတွေ ပိုစိတ်ဝင်စား ၂၀၁၉ ကတော့ ကုန်လွန်ခဲ့ပါပြီ ။ နှစ်သစ်က ဘာတွေ ဘယ်လို ပြောင်းလဲမယ် ဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ် ။ လောလောဆယ် မှာတော့ ဘောဒီဝိတ် ချတာကို ကောင်မလေးတွေရော ကောင်းလေးတွေပါ စိတ်ဝင်စား နေကြတယ် ။ အရင်ခောတ် တွေလို မဟုတ်ဘဲ ကောင်လေး တွေက ဂျင်သွား ကစားတာ ပိုလာတယ် ။ ဗိုက်သား ဘယ်လီ ဆစ်ပတ် ဖြစ်ဖို့ အရေးကို ပိုအားသန် လာကြတယ် ။ မိန်းကလေး တွေကို ဆွဲဆောင် နိုင်ဖို့ ကိုယ်ခန္တာ အချိုးအစား ကျအောင် ဂျင်ကစားတာရယ် …
ယောက်ဖတွေ လုပ်ချလိုက်ပုံကတော့ တစ်ဦးတည်းသော ညီမလေး လက်ထပ်တော မယ်လို့ ဆိုလိုက် ကတည်းက အကို ၄ ယောက်လုံး ကတုန်ကရင် ဖြစ်ခဲ့ကြတယ် ။ ရပ်ကွက် ထဲမှာလည်း ညီမ အပျို ဖြစ်ကတည်းက ပိုးလာတဲ့ ကောင်တွေကို ဆော်လွှတ် နေတာ များပြီ ၊ ဒီကြား ထဲက ညီမက ရီးစား ရသွားပြီး လက်ထပ် တော့မယ်ဆိုတော့ အကို ၄ ယောက်လုံး ဆတ်ဆတ်လူး နေတော့ တာပေါ့ ။ သာမန် ရက်တွေက ဘာမှ မထူးခြား ပေမဲ့ မင်္ဂလာ ဆောင်တဲ့ နေ့ကတော့ ဧည့် ပရိသက်ကို ဧည့်ခံ …
ထူးပေ့ဆန်းပေ့ သတင်းများ ၁။သန်လှချည်လားဗျာ ဂျာမဏီက အမျိုးသမီး တစ်ဦးက ဒယ်အိုးတွေကို လက်နဲ့ လိမ်ပြီး လိပ်တာ ၁မိနစ်အတွင်းမှာ ၇ အိုးတောင် လိပ်နိုင်တယ် ဆိုပြီး ဂင်းနစ်စံချိန် တင်သွားတယ် ။ ကတ်လန်ခရူစီဆိုတဲ့ အမျိုးသမီးက တရုတ်နိုင်ငံမှာ အလူမီနီယံ ဒယ်အိုး ၇လုံး ကို လက်ဗလာနဲ့ လိပ်ပြတာပါဗျာ ။ သူမက ၂၀၁၄ တုန်းက ၆လုံး လိပ်ပြပြီး ကမ္ဘာစံချိန် တင်ခဲ့တာ ။ အခု ကိုယ်စံချိန်ကို ကိုယ်ပြန်ချိုးတာပါပဲ ။ ၂။စွမ်းလှချည်လားဗျာ အိန္ဒိယ ကာရာလာပြည်နယ်က ဆရက်အာလာဗီ ဆိုတဲ့ သူက လူ ၇၅ ယောက်ကို ခေါင်းပေါ် …
အခက်အခဲတွေဖြစ်လာရင် မေတ္တာတရားက သာ ကျော်ဖြတ်နိုင်မှာတဲ့ Line walker ဇာတ်လမ်းတွဲထဲက ဟောင်ကောင် ရုပ်ရှင်မင်းသမီး ပရစ်ဆယ်လာဝေါင်း က ဝူဟန်ထူးဆန်းတုတ်ကွေးကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ လူမှုရေးဆိုင်ရာ ပြဿနာတွေကို တစ်ဦးနဲ့တစ်ဦး မေတ္တာထားပြီး စောင့်ရှောက်မှသာ ကျော်ဖြတ်သွားနိုင်မှာပါလို့ ဆိုလိုက်ပါတယ်။ ဝူဟန်ထူးဆန်းတုတ်ကွေးရဲ့ လျှင်မြန်စွာ ပြန့်နှံ့လာမှုကြောင့် ဟောင်ကောင်က စတိုးဆိုင်တွေမှာ ပိုးသတ်ဆေး လက်သန့်ဆေးတွေလို့ အရက်ပျံ တွေ ပြတ်လပ်သွားပါတယ်။ ဒါ့အပြင် တစ်ရှုးစက္ကူတွေ စည်သွပ်ဗူးတွေ ကုန်ခြောက်တွေပါ ဝယ်မရ ဖြစ်လာပါတယ်။ တရုတ်နှစ်ကူး ၄ရက်နေ့ကစပြီး ပရစ်ဆယ်လာ က သူမကိုယ်တိုင် မိသားစုအတွက် လုပ်တဲ့ ပိုးသတ်ဆေးရည်ကို ဘယ်လို လုပ်ရတယ်ဆိုတာကို အွန်လိုင်းပေါ်မှာ ဓာတ်ပုံတွေ ဗီဒီယိုဖိုင်လေးတွေ တင်ပြီး …
မပျံနိုင်တဲ့ငှက်နဲ့ မသွားနိုင်တဲ့ခွေး မိတ်ဆွေဖွဲ့ ကြပြီ နယူးယောက်ခ် တိရစ္ဆာန် ကယ်ဆယ်စောင့်ရှောက်ရေးအဖွဲ့ တစ်ဖွဲ့က ကယ်တင်ထားတဲ့ လမ်းမလျှောက်နိုင်တဲ့ ခွေးလေးတစ်ကောင်နဲ့ မပျံသန်းနိုင်တဲ့ ခိုတစ်ကောင်က မိတ်ဆွေဖွဲ့နေကြတဲ့ အဖြစ်ကို အဲ့ဒိအဖွဲ့က လိုင်းပေါ်တင်ထားပါတယ်။ နယူးယောက်ခ် မီယာ တိရိစ္ဆာန်ကယ်ဆယ်ရေး ဖောင်ဒေးရှင်က ဒုက္ခိတအကောင်ငယ်လေးတွေကို အသက်ရှင်ခွင့်ရအောင် ကူညီ စောင့်ရှောက်ပေးနေတဲ့ အဖွဲ့ပါ။ သူတို့က မွေးရာပါ ဒုက္ခိတ အကောင်တွေနဲ့ အကြောင်းတစ်စုံတစ်ရာကြောင့် ဒုက္ခိတဖြစ်သွားတဲ့ အကောင် ငယ်လေးတွေ ကို ဂေဟာဖွင့်ပြီးကျွေးမွေး စောင့်ရှောက်နေတာပါ။ မြောက်ကယ်ရိုလိုင်းနားက မိသားစုတစ်ခုက ခြေမသန်တဲ့ ချီဟွားဟွား ၂လသားအရွယ် ခွေးပေါက်ကလေးကို လမ်းဘေးမှာ စွန့်ပစ်ခဲ့ပါတယ်။ မီယာအဖွဲ့က လမ်းဘေးမှာ အစာငတ်နေတဲ့ ခွေးလေး ကို …
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | 5 | 6 | 7 |
8 | 9 | 10 | 11 | 12 | 13 | 14 |
15 | 16 | 17 | 18 | 19 | 20 | 21 |
22 | 23 | 24 | 25 | 26 | 27 | 28 |
29 | 30 | 31 |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |