ဝိညာဉ်များ၏မျက်ရည် အချိန်က ၁၉၆၉-၇၀ ပါတ်ဝန်းကျင်။ ကူမင်တန် တရုတ်ဖြူများ မြန်မာပြည်သို့ဝင်ရောက်ကျူးကျော်ချိန်။ မင်္ဂလာဒုံတပ်ရင်း ၁၀၆၊ တပ်ရင်းမှူး ဗိုလ်မှူးကြီးစိန်ရ။ အထက်အမိန့်ကျလာ၍ ကူမင်တန်တရုတ်များအား နှိမ်နင်းရန် ဗိုလ်ကြီးမောင်ချို၊ ဗိုလ်ကြီးအုန်းကျော်၊ ဗိုလ်ကြီးကိုကိုကြီး တို့ကို ကွပ်ကဲခိုင်း၍ တပ်ရင်း၁၀၆ တပ်ဖွဲ့ဝင်များအားစေလွှတ်လိုက်သည်။ ဗိုလ်ကြီး၃ ယောက်ကွပ်ကဲလာသောတပ် ကူမင်တန်တရုတ်ဖြူများရှိရာသို့ တက်ကြွစွာချီတက်လာကြ၏။ စစ်သားများ နားနေချိန်တွင် သီချင်းဆိုသူကဆို၊ ဘာဂျာလေးအိတ်ထဲကထုတ် မှုတ်သူကမှုတ်၊ မယ်ဒလင်တီးသူကတီး နှင့် ကျန်ရစ်ခဲ့သောမိသားစုများအား ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အလွမ်းဖြေနေကြပါသည်။ ဗိုလ်ကြီး၃ ယောက်မှလည်း၊ တစ်ခြားတပ်သားများနှင့်ရွာထဲဝင်ကာ ရွာသားများအလုပ်များကို ကူညီလုပ်ကိုင်ပေးရင်း ရင်းနှီးခင်မင်သွားကာ ရွာသူရွာသားများကလည်း စစ်သားများအတွက်ထမင်းဟင်းများချက်ပြုတ်ကာ စားသောက်ပျော်ရွှင်နေကြသည်မှာ တွေးကြည့်ရုံနှင့်မျက်ရည်လည်လောက်ပါသည်။ မနက်အာရုံတက်ချိန် ရွာသားများအိပ်မောကျနေချိန်တွင် တပ်ရင်း၁၀၆ တိတ်ဆိတ်စွာ ထွက်ခွာခဲ့ကြသည်။ …
၂၀၂၀ အော်စကာဆုပေးပွဲ ဆုရစာရင်း မနေ့က (တနင်္ဂနွေနေ့ ) ညနေမှာ ဟောလီးဝုဒ်က ဒိုဘီ သီရေတာမှာ ၂၀၁၉ခုနှစ်အတွက် ၉၂ကြိမ်မြှောက်အော်စကာဆုပေးပွဲ ချီးမြှင့်ခဲ့ပါတယ်။ ပကာသနတွေ ထုံမွှမ်းနေတဲ့ ပွဲကြီးမှာ အရှေ့ အာရှက ရုပ်ရှင်ကား တစ်ကားက ထိုးဖောက်နေရာယူလာတော့ အားလုံးအတွက် အံ့အားသင့်စရာတွေရော ချီးကျူးထောပနာပြုစရာတွေပါပါလာပါတယ်။ အများထင်ထားသလို Joker ရုပ်ရှင်ကားက ဆုတော်တော်များများကိုသိမ်းပိုက်သွားမယ်လို့ ထင်ခဲ့တာတွေက နည်းနည်းလွဲသွားခဲ့ပါတယ်။ ရသင့်ရထိုက်တဲ့ကားတွေဖြစ် လို့ကျေနပ်စရာကောင်းပါတယ်။ Parasite – နိုင်ငံတကာ အကောင်းဆုံး ရုပ်ရှင်ဆု ၊ မူရင်းဇာတ်ညွှန်းဆု (Bong Joon-ho) ၊ ဒါရိုက်တာ ဆု 1917 – အမြင်အထူးပြုလုပ်ချက်ဆု၊ ကင်မရာဆု (Roger Deakins) …
ဖေဖော်ဝါရီလ၁၀ရက်နေ့ဆိုတာ ၁၉၄၀ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အမေရိကန် ကာတွန်း ဟာသ ရုပ်ရှင် ဇာတ်လမ်းတိုလေးကို စပြခဲ့ပါတယ်။ ရုပ်ရုင်ရုံပေါင်း ၁၆၁ ရုံမှာ အစမ်းကားအနေနဲ့ ပြတာပါ။ ဇာတ်လမ်းတိုလေးအပြီမှာ ပရိသက်က ကြိုက်လွန်းလို့ လက်ခုပ် လက်ဝါးတီးပြီး အားပေးခဲ့ကြတယ်။ အဲ့ဒိဇာတ်လမ်းတိုလေးကို ဖန်တီးသူ ဝီလျှံဟာနာနဲ့ ဂျိုးဇတ်ဘာဘရာတို့က TOM AND JERRYကိုမွေးဖွားဖို့ဖြစ်လာတာပါပဲ။ အချစ်နဲ့အ မုန်း ပတ်သက်မှုတွေကို အခြေခံထားတဲ့ တွမ်နဲ့ဂျယ်ရီ ဇာတ်လမ်းတွဲ ကိုလူတွေနှစ်ခြိုက်စွဲလမ်းခဲ့ကြပါတယ်။ တွမ်နဲ့ဂျယ်ရီ ဇာတ်လမ်းတွဲ မဖြစ်ခင်ရုံတင်ခဲ့တဲ့ ဇာတ်လမ်းတို puss and boot ဖြစ်ပြီး အစေခံ မိန်မကြီးရဲ့ ဖိနပ် ၂ဖက်နဲ့ ကြောင်လေးတစ်ကောင်ရဲ့ …
ရီးစားစကား အပြောမခံခဲ့ရဘူးလို့ ပြောလာတဲ့ ဒီရှပတ်တာနီ လက်ရှိ ဘောလီးဝုဒ်မှာ ရုံတင်နေတဲ့ Malang ကားထဲက မင်းသမီး ဒီရှပတ်တာနီက သူမဘဝမှာ ရီးစားစကားပြောတာ မခံခဲ့ရဖူးဘူးလို့ ဆိုလာတယ်။ တစ်ယောက်ယောက်ကများ သူမကို ရီးစားစကား ပြောကြည့်ပါလားလို့ သူမက လိုင်းပေါ်မှာ ရေးတင်ခဲ့ပါသေးတယ်။ ရီးစားစကားအပြောမခံခဲ့ရဖူး ဆိုလို့ ဒီရှပတ်တာနီက ဘောလီးဝုဒ်မှာ ခန္တာကိုယ်ကောက်ကြောင်း အလှဆုံးထဲမှာ ပါဝင်ပါတယ်။ သူ့ခန္တာ ကိုယ်က သူ့ရဲ့စီးပွားရေးပါပဲ။ သူမကို လိုင်းပေါ်က ရုပ်ရေကိုကြည့်ပြီး အပြင်မှာမြင်တွေ့လိုက်ရင် အမျိုးသားတွေ ဒူတောင်ခွေ သွားနိုင် လောက်အောင်ကို လှတာပါ။ ဒီဖက်ခောတ် လူပျိုစကားနဲ့ပြောရရင် တောက်ခေါက်ရလွန်းလို့ မေးရိုးတောင်ကျိုး သွားနိုင်ပါ တယ်။ သရုပ်ဆောင်ပိုင်းအရလည်း ဒီရှက သန်းပါင်းများစွာသော …
တံတောင်မဲ ၊ ဒူးမဲ ပျောက်ဖို့””’ တံတောင်ဆစ်တွေ ဒူးတွေ မဲနေလို့ စိတ်ညစ်နေ ပါသလား။ သင့်ဒူးနဲ့ တံတောင်ဆစ်တွေ ဖြူဖွေးသွားဖို့ နည်းလမ်း ကောင်း လေး တွေ ရှိ ပါ တယ်။ ။ အခု ပြုလုပ်ရမဲ့ နည်းလမ်းလေးတွေကတော့ အိမ်တွင်းမှာတင် ပြုလုပ်လို့ ရနိုင်တာမို့ သင်တို့အတွက် အလွန် အဆင်ပြေပါတယ်လို့ ပြောချင်ပါတယ်။ တံတောင်ဆစ် မဲလို့ အင်္ကျီလက်တို မဝတ်ရဲသူတွေ ဒူးခေါင်းမဲလို့ စကဒ်တို ၊ ဘောင်းဘီတို ဝတ်ချင်ရဲ့နဲ့ မဝတ်ရသူတွေ အတွက် ကောင်း သ တင်း ပဲ ဖြစ် ပါ တယ်။ ။ ရှားစောင်းလက်ပတ်”” …
ဂျက်ကီချန်း ဦးဆောင်တဲ့ တရုတ် အနုပညာရှင် အုပ်စု တရုတ် ညီညွတ်ရေးအတွက် သီချင်းဆိုကြ ဂျက်ကီချန်း ဦးဆောင်တဲ့ ပြည်မကြီး နဲ့ ဟောင်ကောင် အနုပညာရှင်တွေ စုပေါင်းပြီး ကွဲပြားနေတဲ့ တရုတ်နိုင်ငံသားများ ပြန်လည် သင့်မြတ်ရေးအတွက် သီချင်းတွေ သီဆိုခဲ့ကြပြီး ဝူဟန်အတွက် ဆုတောင်း မေတ္တာ ပို့သ ကြပါတယ်။ ။ ဟောင်ကောင်းမင်းသား ဂျက်ကီချန်းက ပြည်မကြီး အနုပညာရှင်များ နှင့် အတူတွဲကာ “မေတ္တာသည်သာလျှင် တကယ့် အောင်မြင်မှု ဖြစ်တယ်ဆိုတာ ယုံလိုက်ပါ” ဆိုတဲ့ သီချင်းကို သီဆိုခဲ့ ပါတယ်။ ။ တစ်မိနစ် နဲ့ ၃၄ စက္ကန့်ကြာ သီချင်းအတွက် မန်ဒိုပေါ့ပ် အဆိုတော် …
အော်စကာဆု ဆန်ခါတင် Parasite က ရုပ်ရှင် ဆုပေးပွဲ ၅၇ ခုမှာ ၅၅ ဆုရရှိထား ဒါရိုက်တာ ဘွန်ဂျွန်ဟိုရဲ့ Parasite ရုပ်ရှင်ကို ကမ္ဘာအနှံ့မှာ ရှိတဲ့ ရုပ်ရှင် ပွဲတော်တွေမှာ လိုက်လံပြသရာ ပွဲတော် ၅၇ ခုမှာ ခေါင်းစဉ် ၆ ခု အတွက် စုစုပေါင်း ဆု ၅၅ ဆု ရရှိထားတယ်လို့ ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီ CJEMN က သောကြာနေ့က ပြောကြားလိုက်ပါတယ်။ ။ ၂၀၁၉ မေလကစပြီး အစွန်းရောက်မိသားစု၂ ခုရဲ့ လူတန်းစားပြဿနာကို တင်ပြထားတဲ့ အဲ့ဒိကားက ကိန်းရုပ်ရှင်ပွဲတော်မှာလည်း အမြင့်ဆုံးဆုဖြစ်တဲ့ ရွှေအုန်းပင်ဆုကို ရရှိခဲ့ပါတယ်။ …
ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မယူဘဲနဲ့ သရုပ်ဆောင်ပေးမယ့် အေဂျေ ဘာဟူဘာလီကားကို ရိုက်ပြီး ဘောလီးဝုဒ်မှာ သမိုင်းမှတ်တိုင် တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ ရာဂျာမူလီ သူ့ရဲ့ နောက်ထပ်မှတ်တိုင် တစ်ခုဖြစ် တဲ့ RRR ကိုရိုက်ဖို့အတွက် ပြင်ဆင်နေပါတယ်။ ဒါရိုက်တာက တောင်ပိုင်း စူပါစတား ၂ ယောက် ဖြစ်တဲ့ ဂျူနီယာ NTR နဲ့ ရမ်ချာရမ် တို့ နဲ့ရိုက်ဖို့ စီစဉ် ထားပေမဲ့ အခုတော့ မဟုတ်တော့ပါဘူး။ ။ ရာဂျာမူလီက စူပါစတား အေဂျေဒေ့ဗ်ဂ်ျ နဲ့ အလီယာဘတ် တို့ နဲ့ ပဲ ရိုက်တော့ မယ်လို့ စီစဉ်လိုက်ပါတယ်။ ဘောလီးဝုဒ်က လာတဲ့ သတင်း …
အရေပြားအတွက်လိုအပ်တဲ့ဗီတာမင်”” အမျိုးသမီးများ အတွက်သာမက အမျိုးသားများပါ မိမိတို့ရဲ့ မျက်နှာပြင် အရေပြားကို ကောင်းမွန် သန့်စင်လိုကြတာက သဘာဝပါပဲ။ အရေပြားအတွက် ဆိုရင် ဗီတာမင်အချို့ဟာ မရှိမဖြစ် လိုအပ်ပါတယ်။အဓိက အရေပြားအတွက် လိုအပ်နေတဲ့ ဗီတာမင်တွေကတော့ ဗီတာမင် အေဗီတာမင် စီ ၊ ဗီတာမင် အီး တို့ပဲ ဖြစ်ပါတယ်။ အရေပြားဆိုင်ရာ ကျွမ်းကျင်သူ အထူးကု အတော်များများရဲ့ အဆိုကတော့ အင်ဒီအောက်ဆီးဒင့် (Antioxidants) တွေဟာ ဖရီးရယ်ဒီကယ် တွေကိုထုတ်ပေးနိုင်ပြီး အရေပြားမှာ အရေးအကြောင်းဖြစ်တာ ရောင်ရမ်းတာတွေကို မဖြစ်အောင် ထိထိရောက်ရောက် ကာကွယ်နိုင်တယ်လို့ ဆိုတာပါပဲ။ အင်ဒီအောက်ဆီးဒင့်တွေဖြစ်တဲ့ ဗီတာမင် အေ၊ စီ ၊ အီး တို့ကို …
ဖေဖော်ဝါရီလ ၈ရက်နေ့ဆိုတာ ၁၉၅၀ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ အရှေ့ဂျာမဏီဂျာမန်တွေရဲ့ အမျိုးသားလုံခြုံရေးဝန်ကြီးဌာန က Stasi (စတာစီ) လို့ခေါ်တဲ့ လှို့ဝှက် ထောက်လှမ်းရေး အဖွဲ့တစ်ဖွဲ့ ကိုစတင်တည် ထောင်ခဲ့ ပါတယ်။ သူတို့ရဲ့ဆောင်ပုဒ်က “လူတိုင်းနဲ့ ပတ်သက်လာရင် အရာတိုင်းသိအောင်လုပ်ရမယ်” ဆိုတာပါပဲ။ အဲ့ဒီခောတ်တုန်းက စတာစီကို အရှေ့ဂျာမဏီ ကွန်မြူနစ် အစိုးရရော အနောက် ဂျာမဏီ အရင်းရှင် အစိုးရကပါ ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတယ် ၊မုန်းတီးခဲ့ရပါတယ်။ သူတို့က လူတိုင်းရဲ့ နောက်ကြောင်း ရာဇဝင်ကို လိုက်ပြီး အမှုတွဲဖိုင်တွဲထားပါတယ်။ နိုင်ငံသားအချင်းချင်း ဆက်သွယ်ရေး ကွန်ရက်တွေကိုလည်း ပြောင်ပြောင် တင်းတင်းရော လှို့လှို့ဝှက်ဝှက်ရော စုံစမ်းပြီး အချက်အလက်တွေကို ရယူကာ …
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | 5 | ||
6 | 7 | 8 | 9 | 10 | 11 | 12 |
13 | 14 | 15 | 16 | 17 | 18 | 19 |
20 | 21 | 22 | 23 | 24 | 25 | 26 |
27 | 28 | 29 | 30 | 31 |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |