မာရသွန် ထရိုင်ရသလွန် တို့က နလုံးကျန်းမာရေးအတွက် ထိရောက်မှု မရှိ အမေရိကန် နှလုံး ကျန်မာရေး စောင့်ရှောက်မှု အဖွဲ့ ရဲ့ အဆိုအရ မာရသွန်လို အားကစားနည်းတွေ ထရိုင်ရသလွန် လို ကစားနည်းတွေက နှလုံးကျန်းမာရေးအတွက် အထောက်အကူ မဖြစ်စေပါဘူးလို့ ဆိုလိုက်ပါတယ်။ အောက်စီဂျင်ကို အားရ ပါးရ ရှုသွင်းရ တဲ့ အားကစားနည်း တွေက နှလုံး ကျန်းမာရေး အတွက် ကောင်းစွာ အထောက်အကူ ပြုတာမှန်ပေမဲ့ မာရသွန် ထရိုင်ရသလွန် လို ကစားနည်းမျိုးကတော့ အချိန်အကြာကြီး ကစားရလို့ ကစားနေရင်း နဲ့ နှလုံးခုန် ရပ်သွား နိုင်ပါတယ်။ သွေးလွှတ်ကြောတွေ က လှုတ်ရှား ရတာများလွန်း …
နွားနို့ ၂ခွက် နေ့စဉ် သောက်ရင် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုဆိုလို့ ငြင်းကြ ခုန်ကြပြီ အမေရိကန် သုတေသီတွေက နွားနို့နဲ့ ပက်သက်ပြီး လေ့လာဆန်းစစ်မှု တစ်ခုလုပ်ခဲ့ပြီးနောက် နေ့စဉ် နွားနို့ မက်ခွက် ၂ခွက် သောက်ပါက ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုရှိတယ်လို့ ဆိုလာပါတယ်။ လိုမာလင်ဒါ ကျန်းမာရေးတက္ကသိုလ်က ပြုလုပ်တဲ့ သုတေသန စာတမ်းမှာ အသက် ၅၇ နှစ်ဝန်းကျင် အမျိုးသမီး ၅၂၀၀၀ ကို သူတို့ စားသောက်တဲ့ အလေ့အထကို ထိန်းချုပ်ပြီး နွားနို့ပါဝင်မှုကို တွက်ချက်ကာ သုတေသန လုပ်ခဲ့ ပါတယ် လို့ ပါရှိပါတယ်။ သူတို့ကို မေးခွန်းတွေနဲ့ အပြန်အလှန် မေးမြန်းမှုတွေ …
အတ္တလန်တစ်က ရေနေ မွန်းစတားတစ်ကောင် ဖမ်းဆီးရမိ လိုင်းပေါ်ကို နာတာလီယာ ဗိုရိုဗောက် ဆိုတဲ့ အမျိုးသမီးတစ်ယောက်က တစ်တော့ ကစားရင်း ပို့စ်တစ်ခုကို တင်လိုက်ပါတယ်။ အဲ့ဒါကတော့ အတ္တလန်တစ် သမုဒ္ဒရာထဲက ဖမ်းမိတဲ့ မွန်းစတားတစ်ကောင် အကြောင်းပါပဲ။ ဘယ်လို ငါး အမျိုးအစားလဲတော့ မသိပါဘူး။ ခြေထောက် ၃ ချောင်းပါပြီး ခေါင်းကြီးကြီးနဲ့ အကောင်ပါ။ အဲ့ဒိကောင်က ငါးဖမ်းသမားတစ်ယောက်ရဲ့ ငါးမျှားကြိုးမှာ မိလာတာပါ။ ငါးဖမ်းသမားက ငါးမိပြီ ဆိုပြီး ကုန်းပတ်ပေါ်ကို ဆွဲတင်လိုက်တဲ့ အခါမှာ ဘာကောင်မှန်း မသိလို့ လန့်အော်ပြီး ထွက်ပြေး သွားပါတယ်။ သူ့ရဲ့ အဖော်က ဖုန်းထုတ်ပြီး ဗီဒီယို ရိုက်ထားပါတယ်။ အဲ့ ဒိမွန်းစတားလေးက …
ရှားစောင်းပင်က လယ်သာ ထုတ်နိုင်လို့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နည်းလာ လယ်သာအိတ်တွေ လယ်သာဂျက်ကပ်တွေဆိုရင် လူတွေက သိပ်ကြိုက်ကြတာ ။ ဒါပေမဲ့ အဲ့ဒီ လယ်သာတွေကို ထုတ်လုပ်ဖို့အတွက် နောက်ကွယ်မှာက တစ်နှစ် တစ်နှစ်ကို တိရစ္ဆာန်တွေ သန်းကို ထောင်နဲ့ချီ ပြီး အသတ်ခံနေရတဲ့အပြင် လယ်သာလုပ်ငန်းသုံး ဓာတုဆေးရည်တွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက် ပျက်စီးစေပါတယ်။ အဲ့ဒိဓာတုဆေးရည် တန်သန်းနဲ့ချီပြီး ထိတွေ့မိတဲ့ မြေကြီးတွေက ဘာပင်မှ စိုက်ပျိုးလို့မရအောင်ကို ပျက်စီးသွားတော့တာပါပဲ။ ကမ္ဘာက သဘာဝပါတ်ဝန်းကျင်ကိုထိန်သိမ်းရာလည်းရောက် လူတွေရဲ့ အာသီသကိုလည်း ပြေစေမဲ့ နည်းလမ်းတွေကို ရှာနေကြပါတယ်။ အပင်ထွက် ပစ္စည်းနဲ့ လုပ်တဲ့ ဖက်ရှင် လုပ်ငန်းတွေမှာ ကျတော့ ပလက်စတစ်ကို အားပြုထားတာကို တွေ့ …
ဖုန်းမသုံး၊ စကားမပြောဘူးဆိုရင် တစ်နေ့ကို(၅)နာရီပဲ အလုပ်လုပ်ဖို့ ဝန်ထမ်းတွေကို စိန်ခေါ်ထားတဲ့ကုမ္ပဏီ ကုမ္ပဏီ တော်တော်များများမှာ အလုပ်လုပ် နေတဲ့ ဝန်ထမ်းတွေ အတွက် အလုပ်ချိန်က တစ်နေ့ကို ( ၈ ) နာရီသတ်မှတ် ထားပါတယ် ။ များသောအားဖြင့် စနေနဲ့ တနင်္ဂနွေ ပိတ်တာများပြီး မြန်မာနိုင်ငံ မှာတော့ တနင်္ဂနွေ တစ်ရက်တည်း အပိတ်များတာလည်း ရှိပါတယ် ။ တွက်ကြည့်ရင် တစ်ပတ်ကို အလုပ်ချိန် ( ၅၆ ) နာရီလုပ်ရတဲ့ သဘောပါ ။ တစ်လဆိုရင်တော့ နာရီ ( ၂ ) ရာကျော် အလုပ်လုပ်မှ လစာ အပြည့်ရမှာပါ ။ …
ဗိုက်ဆာလို့ ရဲစခန်းကို ဖုန်းလှမ်းဆက်တဲ့ ကလေးလေးကို ကိုယ်တိုင် မုန့်လာပို့ပေးခဲ့တဲ့ ရဲအရာရှိရဲ့ လေးစားဖွယ်လုပ်ရပ် အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်မှာ နေတဲ့ အသက် (၅)နှစ်သားအရွယ် ကလေးတစ်ယောက်ဟာ ဗိုက်ဆာတဲ့အတွက် မက်ဒေါနယ်ဆိုင်ကနေ မုန့်စားချင်တဲ့အကြောင်းကို ကိုယ်တိုင်ကိုယ်ကျ ရဲစခန်းကို ဖုန်းဆက်ခဲ့ပါတယ်။ ရဲအရာရှိက အသေအချာမေးခဲ့ပြီးတဲ့ ကလေးဆီကို မုန့်လာပို့တဲ့အဖြစ် ဖြစ်ပွားခဲ့ပါတယ်။ ချာလီလို့ခေါ်တဲ့ အသက် (၅)နှစ်သားအရွယ် ကောင်လေးဟာ ဒေသရဲစခန်း မီဆာပူးလစ်ရဲဌာနကို ဖုန်းဆက်ခဲ့ပါတယ်။ သူဟာ မက်ဒေါနယ်စားချင်နေကြောင်းနဲ့ အခုအချိန်မှာ ဗိုက်ဆာနေကြောင်းကို လှမ်းပြောခဲ့ပါတယ်။ အရာရှိအန်တိုနီက ဖုန်းကိုင်ခဲ့ပြီး သားလေး အလျင်လိုနေလားလို့ ပြန်မေးခဲ့ပါတယ်။ ကလေးက ဟုတ်တယ်လို့ ပြောခဲ့ချိန်မှာ လိပ်စာကို လိုက်မှတ်ထားခဲ့ပါတယ်။ နောက်တော့ စခန်းကအရာရှိ စကော့ဗဲလ်ဒက်စ်က …
ဖုန်းမှာနာရီကြည့်လို့ရနေတဲ့အတွက် ရိုးရိုးလက်တံနာရီကို ကျောင်းသားငယ်လေးတွေ မကြည့်တတ်တော့ဟုဆို တိုင်ကပ်နာရီ အဖြစ် ကျောင်းတွေမှာ ကပ်ထားတဲ့ နာရီတွေ အစား နံပါတ်တွေနဲ့ အချိန်ကို တိုက်ရိုက် ဖော်ပြတဲ့ ဒစ်ဂျစ်တယ် နာရီတွေကို ကလေးငယ်တွေ ကြည့်ဖို့ ယူကေက ကျောင်းတွေမှာ ပြောင်းလဲ တပ်ဆင်နေပြီ ဖြစ်တယ်လို့ ကျောင်းတွင်းဆရာမတွေရဲ့ ပြောကြားချက် အရ သိရပါတယ် ။ လက်တံအတို ၊ အရှည်နှစ်ခုနဲ့ အချိန်ကို ကြည့်ရတဲ့ နာရီကို မူလတန်းနဲ့ မူကြိုကလေးငယ်တွေဟာ ကြည့်ဖို့ သင်ကြားပေးရ တာဟာ အလုပ်တစ်ခုလို ဖြစ်နေ ပါတယ်။ ကလေးတွေ အနေနဲ့ နာရီ ကြည့်ရာမှာ အခက်အခဲ ရှိနေပြီး အချိန်ကို အတိအကျ …
နေရောင်ခံလိမ်းဆေးတွေ နေ့တိုင်းလိမ်းခဲ့တဲ့အတွက် နံရိုးကျိုးတဲ့အထိ ဖြစ်ခဲ့ရတဲ့ အသက် (၂၀)အရွယ် ကောင်မလေး အသက် (၂၀)အရွယ် လူငယ် မိန်းကလေးတစ်ယောက်ဟာ နေရောင်ခြည်ဓာတ်ကို ကာကွယ်နိုင်တဲ့ လိမ်းဆေးတွေကို နေ့တိုင်းသုံးစွဲပြီး နေရောင်ခြည်ကို ကာကွယ်ခဲ့တဲ့အပေါ် ဗီတာမင်ဒီဓာတ်ချို့တဲ့ပြီး နံရိုးကျိုးသွားခဲ့တဲ့ ဖြစ်ရပ်တစ်ခု တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တယ်လို့ China Press သတင်းစာက ဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံ၊ ဇီချန်ပြည်နယ်မှာ နေထိုင်တဲ့ အသက် (၂၀)အရွယ် အမျိုးသမီးတစ်ဦးဟာ ပန်းနာရင်ကြပ်ရောဂါကြောင့် ဆေးရုံကို လာပြခဲ့ပါတယ်။ သူမဟာ ချောင်းအဆက်မပြတ် ဆိုးနေပြီး၊ သုံးရက်ဆက်တိုက် ဆိုးအပြီးမှာ ဘယ်ဖက် ရင်ခေါင်းနားတစ်ဝိုက်က တော်တော်လေးအောင့်နေတဲ့ ဒဏ်ရာကြောင့် နေလို့မရ ဖြစ်နေတဲ့အဆုံး ဆေးရုံကို လာပြခဲ့တာလို့ ဆိုပါတယ်။ ဆရာဝန်က …
မျိုးဆက် သုံးဆက်စာ အန္တရာယ် သင်ဟာ အဆင်သင့် အစားအသောက်များနဲ့ အဆီ အဆိမ့် များကို စားသုံးတဲ့ အကျင့် ရှိခဲ့ ပါရင် သင့်ရဲ့ မျိုးဆက် သုံးဆက်တိုင် အန္တရာယ်ဖြစ်နိုင်တယ် ဆိုတာ သင် သိပါရဲ့လား ။ အဆင်သင့် အစားအစာ အဆီ အဆိမ့် များကို စားသုံးလေ့ ရှိတဲ့ အမျိုးသမီးများမှာ သူတို့ မိသားစုရဲ့နောက်မျိုးဆက် သုံးဆက်တိုင် အထိ ကျန်းမာရေး ထိခိုက် နိုင်ပါတယ်လို့ ပညာရှင်တွေက ဆိုထားပါတယ် ။ အမျိုးသမီးတွေရဲ့ အဆင်သင့် အစာတွေ စားသုံးတဲ့ အကျင့်ဟာ သူတို့ ကလေး မြေးနဲ့ မြစ်တွေ အထိ အဝလွန်ခြင်း …
ကြွက်သားသန်မာအံအားသင့်စရာကောင်းကျိုးများတဲ့အားကစားအချို့ အားကစား လိုက်စားမှုဟာ လူကို ကောင်းကျိုးပေးတာ အမှန်ပါ ။ ဒီလို အားကစားနည်းတွေများစွာထဲကမှ အသက်အရွယ် ကြီးရင့်လာတဲ့အခါမှာ သင့်ရဲ့ ကြွက်သားများနဲ့ အရိုး အကြောများကို ခိုင်မာစေမဲ့ လျော့ရဲမသွားစေမဲ့ အားကစားနည်း အချို့ကို ဖော်ပြ ပေးချင်ပါတယ် ။ သင့်ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အလိုက် အခုဖော်ပြပေးမဲ့ အားကစားနည်းများကို ပြုလုပ်မယ်ဆိုရင် သင့်ကို ကျန်းမာရေးဆိုင်ရာ ခန္ဓာဗေဒဆိုင်ရာ အကျိုးထူးများကို ပေးစေမှာဖြစ်ပါတယ် ။ တင်းနစ်ကစားခြင်း တင်းနစ်ကစားခြင်းဟာ သင့်ကို အံ့အားသင့်လောက်အောင် အကျိုးထူးတွေ ပေးနိုင်ပါတယ် ။တင်းနစ်ကစားခြင်းအားဖြင့် သင့်ဝမ်းဗိုက် ကြွက်သားများကို အထူး ကြံခိုင်သန်စွမ်းစေမှာ ဖြစ်ပါတယ် ။ သင့်ရဲ့ ဝမ်းဗိုက်ကြွက်သားတွေ ကြံ့ခိုင်သန်စွမ်းစေပြီမို့ ကျောရိုးနဲ့ …
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | 5 | 6 | 7 |
8 | 9 | 10 | 11 | 12 | 13 | 14 |
15 | 16 | 17 | 18 | 19 | 20 | 21 |
22 | 23 | 24 | 25 | 26 | 27 | 28 |
29 | 30 | 31 |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |