ကိုဗစ်- ၁၉ကြောင့် လေကြောင်လိုင်းတွေ ကုဋေ ၃၀၀၀လောက်အရှုံးပေါ် နိုင်ငံတကာ လေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့ (IATA) ရဲ့ တွက်ချက်မှုအရ ကိုဗစ်- ၁၉ ဗိုင်းရပ် ပျံ့နှံ့မှုကြောင့် လေကြောင်း ခရီးသွား လုပ်ငန်းများ အရှုံးပေါ်ကာ ခန့်မှန်း တွက်ချက်မှု အရ ကန်ဒေါ်လာ ကုဋေ ၃၀၀၀ နီးပါးလောက် ရှိမယ်လို့ သိရပါတယ် ။ ပြီးခဲ့တဲ့ ၁၀ စုနှစ် အတွင်း အကြီး အကျယ် ဆုံးရှုံးမှု ဖြစ်တယ်လို့လည်း ဆိုပါတယ် ။ ၂၀၂၀ ခုနှစ် အဝင်မှာတင် ၄.၇ %နှုန်း ကျဆင်းခဲ့ပါတယ် ။ ၂၀၀၈-၂၀၀၉ ကမ္ဘာ့ စီးပွားရေး …
အမေရိကန် – တာလီဘန် သဘောတူညီမှု စရပြီ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုက ဝါရှင်တန် အစိုးရ အနေနဲ့ တာလီဘန် တွေနဲ့ သဘောတူ လက်မှတ် တစ်ခုကို ရေးထိုး နိုင်ခဲ့ပြီလို့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ကြောညာလိုက်ပါတယ် ။ ပြီးခဲ့တဲ့ စနေနေ့ က ပြုလုပ်ခဲ့တဲ့ တစ်ပတ်ကြာ အကြမ်းဖက်မှု လျှော့ချရေး သဘောတူညီမှု ကို အတည်ပြု နိုင်ခဲ့တာပါ ။ အမေရိကန်-တာလီဘန် သဘောတူညီမှုကို ရှေ့ဆက်တိုး နိုင်ဖို့အတွက် ပထမခြေလှမ်း တစ်ရပ်အဖြစ် မြင်ပါတယ်လို့ ပွန်ပီယိုက ဆိုတယ် ။ တစ်ပတ်တာ အကြမ်းဖက်မှု လျှော့ချရေးအစီအစဉ်က စမ်းသက်ချက် …
ဦးခေါင်း ခွဲစိတ်နေစဉ် အတွင်း တယောထိုးနေတဲ့ အမျိုးသမီး ဦးနှောက်ထဲမှာ အကြိတ်တည်နေလို့ ခွဲစိတ်မှု လုပ်နေစဉ် အတွင်း ၅၃နှစ် အရွယ် ဝေဒနာရှင်က သူမရဲ့ တယောကို အထိုးမပျက်ခဲ့ပါဘူးလို့ CNN သတင်းတစ်ရပ်မှာ ပါလာခဲ့ ပါတယ် ။ ဒရက်မာတာနာ ဆိုတဲ့ တယောပညာရှင် အမျိုးသမီးက သူမဦးနှောက်ရဲ့ အရှေ့ညာဘက်ခြမ်းမှာ အကြိတ် တည်နေပါတယ် ။ အဲ့ဒီ အကြိတ်ကို ခွဲစိတ်တဲ့အခါမှာ ဘယ်ဘက်လက်ရဲ့ နှုးညံ့တဲ့အထိအတွေ့ကို ထိတွေ့မှု အာရုံခံစွမ်းအား ဆုံးရှုံးသွားနိုင်တတ်လို့ ခွဲစိတ်နေစဉ် ကာလအတွင်း ထိခိုက်မှု ရှိမရှိ ဂီတသံကို ထုတ်လွှတ် ခိုင်းထားတာပါ ။ ခွဲစိတ်ရမဲ့ အကြိတ်နဲ့ အာရုံခံစားနိုင်မှု …
ဝူဟန် တုတ်ကွေး ရောဂါသည် ၁၄၃၇၆ ဦး ဆေးရုံစဆင်းပြီ တရုတ် အမျိုးသား ကျန်းမာရေး ကော်မရှင်က ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ ကိုဗစ်-၁၉ ရောဂါသည် ၁၄၃၇၆ ဦး နေပြန်ကောင်း သွားပါသဖြင့် ဆေးရုံက ဆင်းခွင့် ပေးလိုက်တယ်လို့ သိရပါတယ် ။ တရုတ်နိုင်ငံထုတ် the star သတင်းစာမှာ ရောဂါ ပျောက်ကင်းမှုက တဖြည်းဖြည်းချင်း တိုးတက် နေပါတယ် ။ ဆေးရုံက ဆင်းနေရသူတွေ ကလည်း တဖြည်းဖြည်းချင်း များလာပါပြီ လို့ ဆိုတယ် ။ ၂၀၂၀ ဖေဖော်ဝါရီလ ၁၈ရက်နေ့ တစ်ရက်တည်း ပါပဲ ၁၈၂၄ ယောက် ဆေးရုံ …
သေနတ်ပြပြီး ပိုက်ဆံတောင်းတဲ့ ကလေး အဖမ်းခံရ ဒီဖက် ခေတ်သစ်ကမ္ဘာရဲ့ ပြဿနာ တစ်ရပ်ပါ ။ ဒီလို ပြဿနာမျိုးက အရင်ကဆိုရင် ရပ်ထဲရွာထဲက လူကြီးတွေက နောက်မလုပ်အောင် ဆုံးမလိုက်ရုံနဲ့ ပြီးသွားပါတယ် ။ ဒီဖက်ခေတ်မှာ ကျတော့ အကဲဆတ်တဲ့ မိဘတွေကြောင့် မလိုလားအပ်တဲ့ ရှုတ်ထွေးတဲ့ ကိစ္စတွေ ပေါ်ပေါက် လာပါတယ် ။ အဲ့ဒါကတော့ ကလေးတစ်ယောက်က ရာဇဝတ်မှု ဆိုင်ရာ ကိစ္စရပ် တစ်ခုကို ကျူးလွန်ရင် နောင်ကျဉ်အောင် ရိုက်နှက်ပြီး အပြစ်ပေးလိုက်မလား ။ ဥပဒေအရ ထောင်ချမလားဆိုတဲ့ ကိစ္စပါပဲ ။ ကျနော်တို့ ငယ်စဉ်အခါက လမ်းမီးလုံး တွေကို လေးခွနဲ့ ပစ်ခွဲဖူးတယ် …
ကြောင်တောင်တောင် အနိုင်ဆုံး မှောင်ခိုပစ္စည်းများ အမေရိကန် နယ်စပ်ကုန်စည်စစ်ဆေးရေးစခန်းတွေမှာ မူးယစ်ဆေးဝါတွေ မှတ်ပုံတင်အတုတွေ ကုန်ပစ္စည်းအတုတွေနဲ့ တရားမ၀င် ကုန်ပစ္စည်းတွေကို ဖမ်းဆီး အရေယူနေတဲ့ကြားက ငိုအားထက် ရီအားသန်ဖို့ကောင်းတဲ့ ကြောင်တောင်တောင် မှောင်ခိုပစ္စည်းတွေကို ဖမ်းဆီးရမိပါတယ်။ဖောက်စ်သတင်းဌာနက အဲ့ဒိအကြောင်းကို တင်ဆက်သွားပါတယ်။ ၁။ခို အရှင်များ ။။အသက်၂၃နှစ်အရွယ် သြစတေးလျှ သားတစ်ယောက်ကို လေယာဉ်ကွင်းမှာ မသင်ကာလို့ စစ်ကြည့်တာ သူ့ရဲ့အိတ်ထဲက အစားအစာထည့်တဲ့ဗူးထဲမှာ ခိုဥ၂လုံးတွေ့ရပါတယ်။ အဲ့ဒါနဲ့ သူ့ရဲ့ အ၀တ်အစားတွေ ချွတ်ကြည့်တော့ ခြေသလုံးမှာ စာအိတ်နဲ့ထုတ်ထားတဲ့ခိုအရှင် ၂ကောင်ကို တိပ်နဲ့ ပတ်ထားတာကိုတွေ့လိုက်ရတယ်။ ဒါအပြင် သူ့ခါးပတ်မှာ ခုတုခုတုဖြစ်နေလို့ ခွဲကြည့်တာ ခရမ်းမျိုးစေ့တွေကိုဖမ်းဆီးရမိလိုက်တယ်တဲ့။ ၂။ အီဂျစ် မမ်မီ အ၀တ်စ။။မစ်ချီဂန်က အရာရှိတွေကတော့ ဆိပ်ကမ်းမှာ …
ကင်ဂျုံအန်က မြင်းသရဲဆိုတာ ရုရှား အကောက်ခွန် အချက်အလက်တွေမှာပါ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က မြင်းဆိုရင် သရဲမရဲ ဖြစ်တတ်ကြောင်း နဲ့ နှင်းပြင်ကြီးပေါ်မှာ မြင်းစီးရတာကို အလွန် နှစ်ခြိုက်ကြောင်း ရုရှား အကောက်ခွန် ဌာနကအချက်အလက်တွေအရ သိရပါတယ်။သူ့ကို စီးပွားရေးပိတ်ဆို့ထားတဲ့အခါတုန်းက တောင် မြင်းကောင်းတယ်ဆိုရင် ပွဲစားတွေက တစ်ဆင့် ကြိုက်ဈေးပေးဝယ်ပါတယ်။ ရုရှားပွဲစားအများစုက လွန်ခဲ့တဲ့ ၁၀စုနှစ် အတွင်းက နိုင်ငံတကာမှာ မြင်းကောင်း တွေ လိုက်ဝယ်ဖူးပါတယ်။ အဲ့တုန်းက ဘာအကြောင်းမှန် မသိခဲ့ကြပေမဲ့ ရုရှားက မြင်းမျိုး သန့်သန့်တွေကို မြောက်ကိုရီးယားကို တင်သွင်းခဲ့တာပါ။ အဲ့ဒိတုန်းက စာရင်းအချို့အရ မြောက်ကိုရီးယားက မြင်းဖိုးချည်းပဲ သက် သက် ဒေါ်လာ၅သိန်းဖိုး လောက်သုံးခဲ့ပါတယ်။ အဲ့ဒါ …
ကမ္ဘာ့ရာသီဥတုပြုပြင်ဖို့အတွက် ဂျက်ဖ် ဘီဇော့က၁၀ဘီလီယံလှူမယ် အွန်လိုင်းမာကတ် ဆရာကြီး အမေဇုံရဲ့ စီအီးအို ဂျက်ဖ်ဘီးဇော့က ကမ္ဘာ့ရာသီစည်းချက်ပျက်ပြားနေမှုကို ပြုပြင်ရန်အတွက် ကန်ဒေါ်လာ ၁၀ ဘီလီယံ (ကုဋေ ၁၀၀၀) လှူဒါန်းမယ်လို့ကြေညာလိုက်ပါတယ်။ ဘီးဇော့က သူ့ရဲ့ အင်စတာဂရမ်မှာ ဘီးဇော့ ကမ္ဘာ့ရန်ပုံငွေအဖွဲ့ တည်ထောင်ပြီး ကမ္ဘာ့ရာသီပြောင်းလဲမှုကိုတိုက်ဖို့အတွက် လက်ရှိလုပ်နေတဲ့ လုပ်ငန်းစဉ်တွေကို တိုးမြှင့်ဖို့နဲ့ နည်းလမ်းသစ်ရှာဖွေဖို့အတွက် သူ့ရဲ့ ပိုက်ဆံတွေကို အသုံးပြုတော့မယ်လို့ ကြေညာပါတယ်။ “ဒီတစ်ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းအတွက် သိပ္ပံပညာရှင်တွေ လှုံ့ဆော်သူတွေ NGOတွေ အတွက် ရန်ပုံငွေ တည် ထောင် ပေး ပါ မယ်။ ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး တွေ ထိန်းသိမ်းမှုတွေ ကိုလုပ်တဲ့ ဘယ်လို ကြိုးပမ်းအားထုတ်မှုတွေအတွက်မဆို …
သမုဒ္ဒရာကို ပလက်စတစ်နဲ့ ညစ်ညမ်းစေမှုက မလေးက တရုတ်တို့ ထိုင်းတို့ထက်သာ သမုဒ္ဒရာရေကိုညစ်ညမ်းစေတဲ့ အရာတွေထဲမှာ ပလက်စတစ်က နံပါတ်၁နေရာမှာရှိပါတယ်။ WWFလို့ခေါ်တဲ့ ကမ္ဘာ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရံပုံငွေအဖွဲ့ရဲ့ အဆိုအရ မလေးရှားနိုင်ငံက ကမ္ဘာ့ အကြီးဆုံး သမုဒ္ဒရာရေ ညစ်ညမ်းစေတဲ့ နိုင်ငံဖြစ် တယ်လို့ သိရတယ်။ မလေးရှားနိုင်ငံက ပလက်စတစ် သုံး တဲ့ နေရာမှာလည်း ထိပ် တန်း နိုင်ငံတစ်ခု ဖြစ် ပါ တယ်။ WWFက မလေးရှားအစိုးရနဲ့ ပလက်စတစ်လျှော့သုံးဖို့ရယ် ပြန်သုံးပစ္စည်းတွေကို ထုတ်လုပ်နိုင်ဖို့ ကုမ္ပဏီတွေကို အားပေးဖို့အတွက် လိုအပ်တဲ့ရံပုံငွေကိစ္စ တွေကိုဆွေးနွေနေပါတယ်။ မလေးရှားနဲ့ယှဉ်ရင် တရုတ် ထိုင်း အင်ဒိုနီးရှား ဗီယက်နမ် …
ဆုရသွားတဲ့ Mask singer (မျက်နှာဖုံးစွတ် အဆိုတော်) က အခွေပြန်ထုတ်မယ်တဲ့ ပြီးခဲ့တဲ့ စနေနေ့က လန်ဒန်မှာ လုပ်ခဲ့တဲ့ မျက်နှာဖုံးစွတ် အဆိုတော်ပြိုင်ပွဲမှာ ဆုရသွားတဲ့ နီကိုလာရောဘတ်က ၁၀နှစ်နီးပါး နားထား တဲ့သူမရဲ့ ဂီတလုပ်ငန်းကိုပြန်စပြီး အယ်လ်ဘမ် တစ်ချပ်ထုတ်မယ်လို့ စီစဉ်နေပါတယ်။ ဂဲအလောက်ဝိုင်းနဲ့ ပေါက်ဖူးတဲ့ အဆိုတော် နီကိုလာရောဘတ်က မျက်နှာဖုံးစွတ်အဆိုတော်ပြိုင်ပွဲမှာ ပျား ဘုရင်မလေး ဝတ်စုံဝတ်ပြီးတော့ ဆုရတဲ့ အခါမှာ မျက် နှာ ဖုံး ချွတ် ပြ ခဲ့ ရ ပါ တယ်။ သူမက မျက်နှာဖုံးစွတ်အဆိုတော် သရဖူကို ဆွတ်ခူးနိုင် ခဲ့ပါတယ်။ သူမမျက်နှာဖုံးချွတ်ပြချိန်မှာတော့ သမာဓိလူကြီးတွေဖြစ်တဲ့ ရီတာအိုရာ ၊ …
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |