အီဂျစ်သမ္မတဟောင်းမူဘာရက် (၉၁နှစ်) ကွယ်လွန်
International-news

အီဂျစ်သမ္မတဟောင်းမူဘာရက် (၉၁နှစ်) ကွယ်လွန်

အီဂျစ်သမ္မတဟောင်းမူဘာရက် (၉၁နှစ်) ကွယ်လွန် ၂၀၁၁ ဇန်နဝါရီလ ၂၅ ရက်နေ့ အာဏါစွန့်ပြီးနောက်ပိုင်း တစ်စတစ်စ ကျန်းမာရေး ဆိုးရွားတဲ့ အီဂျစ်နိုင်ငံ စတုတ္ထမြောက် သမ္မတဟောင်းမူဘာရက် က စစ်ဆေးရုံမှာ ၆ နှစ်ကျော် တက်ရောက် ကုသပြီး နောက်ပိုင်းမှာ ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ဆယ်စုနှစ် ၃စုကျော် အီဂျစ်နိုင်ငံကို အုပ်ချုပ်လာသူကြီးက ဆန္ဒပြသူတွေကို သတ်ဖြတ်ခဲ့သူ တစ်ဦးဖြစ်သူ ဖြစ်ပါတယ်။ သူက အီဂျစ်နိုင်ငံကို အုပ်ချုပ်နိုင်ဖို့အတွက် နည်းမျိုးစုံနဲ့ ဖိနှိပ် ချုပ်ချယ်ခဲ့ပါတယ်။ သူ့ကို ဖြုတ်ချနိုင်ဖို့အတွက် ကြိုးစားခဲ့သူတွေက နောက်ဆုံးတော့ အနိုင်ရခဲ့ပြီး ရွေးကောက်ပွဲ တစ်ရပ် ပေါ်ပေါက်ခဲ့ပါတယ်။ …

မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက် ရာထူးမှ နှုတ်ထွက်
International-news

မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက် ရာထူးမှ နှုတ်ထွက်

မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက် ရာထူးမှ နှုတ်ထွက် တနင်္လာနေ့ မနက်ပိုင်းက မလေးရှားဘုရင့်ထံ ရာထူးမှ နှုတ်ထွက်ကြောင်း စာတင်ခဲ့တယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီရာ မိုဟာမက်က သူ့ရုံခန်းကနေ ကြေညာခဲ့ပါတယ်။ နိုင်ငံရေးပဋိက္ခ ဖြစ်နေတဲ့ မလေးရှားမှာ သူ့ရဲ့ နှုတ်ထွက်မှုက ရှော့ အကြီးကြီး တစ်ခုဖြစ်ပါတယ်။ အသက် ၉၄နှစ်အရွယ် ရောက်နေပြီ ဖြစ်တဲ့ မဟာသီယာက နိုင်ငံရေး ပြန်လည်သင့်မြတ်မှု ရရန်အတွက် ရွေးကောက်ပွဲကို ပြန်ဝင်ပြီး ဝန်ကြီးချုပ် ပြန်လုပ်နေတာပါ။ သူက သူ့နေရာကို ဆက်ခံဖို့အတွက် အန်နဝါ အီဘရာဟင်ကို ရာထူး လွှဲပေးဖို့အတွက် ညွှန်ကြားခဲ့ပါ။ မဟာသီရာရဲ့ ပါတီဖြစ်တဲ့ ဘာဆာတူကတော့ သူ့ရဲ့ နှုတ်ထွက်ကြောင်း ကြေညာပြီးလိုက်တာနဲ့ ထုတ်ပြန်ချက်တစ်ခုကို …

အိန္ဒိယနိုင်ငံရောက် ထရမ့်ခရီးစဉ်
International-news

အိန္ဒိယနိုင်ငံရောက် ထရမ့်ခရီးစဉ်က သတင်းတိုများ

အိန္ဒိယနိုင်ငံရောက် ထရမ့်ခရီးစဉ်က သတင်းတိုများ ၁။ နိုင်ငံရေးဝမ်းစာမရှိတဲ့ ထရမ့် အိန္ဒိယနိုင်ငံကို ၇ယောက်မြောက် အလည်အပတ်ရောက်တဲ့ အမေရိကန်သမ္မတ တစ်ယောက်အနေနဲ့ မဟတ္တမ ဂန္ဒီ ဆိုတာဘယ်သူလဲ ဆိုတာကိုတော့ ကောင်းကောင်း သိသင့်ပါတယ်။ ဂန္ဒိရဲ့ ဂူဗိမ္မာန်က ဧည့်သည်မှတ်တမ်းမှာ လက်မှတ်ရေးထိုးတော့ “သူငယ်ချင်းကြီး မိုဒီသို့၊ ကျေးဇူးတင်ပါတယ်။ အံ့အားသင့်စရာ ခရီးပါ”ဆိုပြီး လက်မှတ် ရေးထိုးခဲ့တယ်။ ဂန္ဒီရဲ့ မြစ်ဖြစ်သူ တူရှားဂန္ဒီက အိုဘားမာ လာလည် တုန်းက ဧည့်စာအုပ်မှာ “အိန္ဒိယနိုင်ငံ ဖခင်ကြီးသို့” ဆိုပြီး ဂန္ဒီကို ချီးကျူးရေးသားခဲ့တာနဲ့ နှိုင်းယှဉ်ပြီးတော့ ထရမ့်ကို နိုင်ငံရေးဝမ်းစာ မရှိဘူးလို့ ဝေဖန်လိုက်တယ်။ ၂။ တက်ဂ်ျမဟာအုတ်ဂူအစစ်ကို မတွေ့လိုက်ရတဲ့ ထရမ့် အိန္ဒိယနိုင်ငံရဲ့ …

လယ်ယာထွက် ပစ္စည်းတွေအပေါ် အခွန်တိုးကောက်တာကို လုံးဝ ဆန့်ကျင်တယ်လို့ သမ္မတဆို
International-news

လယ်ယာထွက် ပစ္စည်းတွေအပေါ် အခွန်တိုးကောက်တာကို လုံးဝ ဆန့်ကျင်တယ်လို့ သမ္မတဆို

လယ်ယာထွက် ပစ္စည်းတွေအပေါ် အခွန်တိုးကောက်တာကို လုံးဝ ဆန့်ကျင်တယ်လို့ သမ္မတဆို ဘရီးဇစ်ဖြစ်သွားပြီးတဲ့နောက်မှာ အင်္ဂလန်က အီးယူက ထွက်သွားလို့ အီးယူဘတ်ဂျက်မှာ လိုငွေ ဟာကွက်ကြီး တစ်ခု ဖြစ်လာပါတယ်။ အင်္ဂလန်က နှစ်စဉ် အီးယူအတွက် ယူရိုကုဋေ ၇၅၀၀ လောက် သုံးတဲ့အတွက် အဲ့ဒိလိုငွေအတွက် အီးယူရဲ့ အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ ပြင်သစ်နဲ့ ဂျာမဏီတို့လို နိုင်ငံတွေမှာ ဝန်ပိလာပါတယ်။ နိုင်ငံငယ်တွေရဲ့ လိုအပ်ချက်တွေကိုလည်း ဖြည့်ပေးရင်း ကိုယ့်နိုင်ငံ တိုးတက်အောင်လည်း လုပ်ရဦးမယ်ဆိုတော့ အီးယူက နိုင်ငံကြီးတွေမှာ တာဝန်ကြီးလာပါတယ်။ ပြင်သစ်က အီးယူမှာ လယ်ယာ ထွက်ကုန်တွေကို အဓိက ဖြန့်ဖြူးတဲ့ နိုင်ငံဖြစ်လို့ လယ်ယာထွက် ပစ္စည်းတွေအပေါ် အခွန်စည်းကျပ်မှု တိုးမြှင့်မယ်လို့ …

တရုတ်တွေ့တာနဲ့ အချက်ပေးသံပေးတဲ့ မော်စကိုသားများ
International-news

တရုတ်တွေ့တာနဲ့ အချက်ပေးသံပေးတဲ့ မော်စကိုသားများ

တရုတ်တွေ့တာနဲ့ အချက်ပေးသံပေးတဲ့ မော်စကိုသားများ မော်စကိုက လိုင်းကားမောင်းတဲ့ ဒရိုင်ဘာတွေနဲ့ အဝေးပြေး ကားမောင်းတဲ့ ဒရိုင်ဘာတွေက ကားပေါ်မှာ တရုတ်လူမျိုး တွေ ပါလာတယ် ဆိုတာနဲ့ ကားကို အချက်ပေးသံ ပေးကြမယ် ဆိုပြီး တိုင်ပင်ထားကြတယ်လို့ ပြည်တွင်း ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်သားများ အစည်အရုံးခေါင်းဆောင် ယူရီဒက်ရှ်ကော့ က ဆိုပါတယ် ။ သူတို့က သူတို့ကားပေါ်ကို တရုတ်လူမျိုး တက်လာတာနဲ့ ကျန်တဲ့ ခရီးသွားတွေကို သတိထားပြီးနေဖို့ အတွက် ဟွန်းသံနဲ့ အချက်ပေးမယ်လို့ လိုင်းကားသမဂ္ဂက ထုတ်ပြန်ထားတယ်လို့လည်း ယူရို သတင်းဌာနကလည်း ဖော်ပြထားပါတယ် ။ ကိုဗစ်-၁၉ ဗိုင်းရက် ပြန့်နံ့မှုကြောင့် ပြီးခဲ့တဲ့ သီတင်းပတ် ကတည်းက …

ရင်နာစရာခွေးကလေးရဲ့ ပျော်စရာဇာတ်သိမ်း
International-news

ရင်နာစရာခွေးကလေးရဲ့ ပျော်စရာဇာတ်သိမ်း

ရင်နာစရာခွေးကလေးရဲ့ ပျော်စရာဇာတ်သိမ်း “ကျနော့်နာမည် အန်ဒရေးပါ။ ကျနော်က ၁၂ နှစ်ရှိပါပြီ။ ကျနော့်အမေနဲ့ ကျနော်က သူ့ကို ခင်ဗျားတို့ဆီကို ပို့ဖို့အတွက် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရပါတယ်။ အခုလည်း အဖေ အလုပ်သွားတုန်း အိမ်ပြန်မရောက်ခင်မှာ ကျနော်တို့ခိုး ထွက်လာပြီး ခင်ဗျားတို့ ဂေဟာရှေ့မှာ လာထားရတာပါ။ အဲ့လိုမှ မလုပ်ရင် အဖေက ကောင်လေးကို ရောင်းစားပစ်မယ်လို့ ဆိုနေလို့ပါခင်ဗျာ။ ကျနော့်အဖေက ကောင်လေးကို အမြဲလို ညှင်းပန်းနှိပ်စက် နေပါတယ်ခင်ဗျာ။ တွေ့တာနဲ့ အော်ငေါက်ဆဲဆိုပြီး ကန်ကျောက်ရိုက်နှက် တော့တာပါပဲခင်ဗျာ။ တစ်ခါဆိုရင် အဖေက ကောင်လေးကို ကန်လိုက်တာ အဝေးကိုလွင့်ပြီး နံရံနဲ့ တိုက်မိကာ အမြီးလေးကောက်သွားပါတယ်။   ခင်ဗျားတို့ သူ့ကို ဂရုစိုက်ပြီး …

သူဌေးတွေက ဆင်းရဲသားတွေကို လက်ထပ်ပြီး ပြည်တွင်း ဆင်းရဲမွဲတေမှုလျှော့ချသင့်
International-news

သူဌေးတွေက ဆင်းရဲသားတွေကို လက်ထပ်ပြီး ပြည်တွင်း ဆင်းရဲမွဲတေမှုလျှော့ချသင့်

သူဌေးတွေက ဆင်းရဲသားတွေကို လက်ထပ်ပြီး ပြည်တွင်း ဆင်းရဲမွဲတေမှုလျှော့ချသင့် အင်ဒိုနီးရှားနိုင်ငံ လူသားဖွံ့ဖြိုးမှုနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး မဟတ်ဂျာအက်ဖန်ဒီက တိုင်းပြည်တွင်းက သူဌေးတွေက ဆင်းရဲသား တွေကို လက်ထပ်ပြီး တိုင်းပြည်တွင်း ဆင်းရဲမွဲတေမှုကို လျှော့ချသင့်တယ်လို့ ယူဆရပါကြောင်း ဆိုလာပါတယ်။ ဖေဖော်ဝါရီလ ၁၉ရက် နေ့မှာ သူက သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး လက်ရှိတိုင်းပြည် အခြေအနေကို ရှင်းပြခဲ့ပါတယ်။ “ဆင်းရဲသားတွေက ဆင်းရဲသားတွေ နဲ့ လက်ထပ်ကြပြီးတော့ ဆင်းရဲတဲ့ မိသားစုတွေကို ဖန်တီးနေတယ်။ ဆင်းရဲတဲ့ ဝဲသြဃကြီးထဲမှာ တစ်ဝဲလည် လည်ဖြစ်နေကြတယ်။ အဲ့ဒါက အင်ဒိုနီးရှားမှာ ဖြစ်နေတဲ့ တကယ့်ပြဿနာ တစ်ရပ်ပါပဲ”လို့ သူက သတင်းထောက်တွေကို ဆိုပါတယ်။ အင်ဒိုနီးရှားက မိသားစု …

အသုံးပြုပြီးသော မက်စ်တွေကို အင်ဒိုနီးရှားက စက်ရုံတစ်ရုံမှ ပြန်ထုပ်ပိုး
International-news

အသုံးပြုပြီးသော မက်စ်တွေကို အင်ဒိုနီးရှားက စက်ရုံတစ်ရုံမှ ပြန်ထုပ်ပိုးပြီး ရောင်းတာ သတိထားဖို့လို

အသုံးပြုပြီးသော မက်စ်တွေကို အင်ဒိုနီးရှားက စက်ရုံတစ်ရုံမှ ပြန်ထုပ်ပိုးပြီး ရောင်းတာ သတိထားဖို့လို အွန်လိုင်းပေါ်မှာ အင်ဒိုနီးရှားက စက်ရုံတစ်ရုံမှာ သုံးပြီးသား မက်စ်တွေကို ပြန်ထုပ်ပိုး နေတဲ့ ဗီဒီယိုဖိုင်တစ်ခု တက်လာတာကို တွေ့ လိုက်ရပါတယ်။ ဆေးခန်းသုံး မက်စ်ဆိုတာ ဒီအချိန်မှာ နိုင်ငံတိုင်းက အသည်းအသန် လိုအပ်နေတဲ့အချိန်ပါ။ ဘယ်လို တံဆိပ်ပဲဖြစ်ဖြစ် ဘယ်နိုင်ငံထုတ်ပဲ ဖြစ်ဖြစ် ဈေးကွက်မှာ ဝယ်လိုအားတွေ မြင့်တက်နေတော့ တွေ့တာနဲ့ ကြိုက်ဈေးပေး ဝယ်နေတဲ့အချိန်ပါ။ အဲ့လိုအချိန်မှာ ဈေးကွက်မှာ လိုအပ်ချက်မြင့်နေချိန်မှာ သုံးပြီးသား မက်စ်တွေကို ဆေးရုံတွေ လမ်းတွေမှာ လိုက်ကောက်ပြီး ပြန်ထုတ် ပိုးတာကို လိုင်းသုံးတဲ့သူ တစ်ယောက်က ပြန်ထုတ်တဲ့ စက်ရုံ ကိုသွားပြီး ဗီဒီယိုရိုက်ပြီး …

မသမာသူတစ်ယောက်လက်ချက်ကြောင့် ဦးနှောက်တစ်ခြမ်းပွင့်ထွက်ကာ ဘဝကိုအခက်ခဲဆုံး ရှင်သန်နေရတဲ့အမျိုးသား
International-news

မသမာသူတစ်ယောက်လက်ချက်ကြောင့် ဦးနှောက်တစ်ခြမ်းပွင့်ထွက်ကာ ဘဝကိုအခက်ခဲဆုံး ရှင်သန်နေရတဲ့အမျိုးသား

မသမာသူတစ်ယောက်လက်ချက်ကြောင့် ဦးနှောက်တစ်ခြမ်းပွင့်ထွက်ကာ ဘဝကိုအခက်ခဲဆုံး ရှင်သန်နေရတဲ့အမျိုးသား ရာဇဝတ်မှုတွေ ပေါများတဲ့ အမေရိကန် နိုင်ငံမှာတော့ ကိုယ့်ရဲ့ အန္တရာယ်ကို ဘယ်အချိန် ကျရောက်မလဲ သတိထား နေမှ တော်ကာ ကျမှာပါ ။ မဟုတ်ရင်တော့ ဘဝပျက်သွား နိုင်ပြီး အခန့် မသင့်ရင် အသက် ဆုံးရှုံးရဖို့ များပါတယ် ။ ဒါပေမဲ့ အသက်လည်း မသေ ၊ သေတာထက် ဆိုးတဲ့ ဒုက္ခကို ခံစား နေရတဲ့ စတီဗင်လို လူမျိုးတွေလည်း အမေရိကန်မှာ ရှိပါ သေးတယ် ။ နယူးယောခ့် မှာနေတဲ့ ကလေး နှစ်ယောက် အဖေ ၊ ( ၃၂ ) …

သားမက်နဲ့ သမီးကို လုပ်စားလို့ ရအောင် အစွံထုတ်နေတဲ့ ဒေါ်နယ်ထရမ့်
International-news

သားမက်နဲ့ သမီးကို လုပ်စားလို့ ရအောင် အစွံထုတ်နေတဲ့ ဒေါ်နယ်ထရမ့်

သားမက်နဲ့ သမီးကို လုပ်စားလို့ ရအောင် အစွံထုတ်နေတဲ့ ဒေါ်နယ်ထရမ့် ဖော်ဝါရီလ ၂၄ နဲ့ ၂၅ ရက်မှာ အိန္ဒိယကို အလည်လာမယ့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူ့ ခရီးစဉ်မှာ ဇနီးသည်အပြင် သူ့ရဲ့ အကြီးတန်း အကြံပေး အဖြစ် ခန့် အပ်ထားတဲ့ သမီး ဖြစ်သူ အိုင်ဗန်ကာနဲ့ သားမတ် ဖြစ်သူ ဂျာရက်ခရက်ရှ်နား တို့ကိုလည်း ခေါ်သွားဖို့ စီစဉ်ထားပါတယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့က ထုတ်ပြန် ကြေညာ ခဲ့ပါတယ် ။ ထရမ့်ရဲ့ ဇနီးဖြစ်သူ မယ်လာနီယာက ဘဏ္ဍာရေး အတွင်းဝန် စတီဗင်မူချင်နဲ့ ကုန်သွယ်ရေး အတွင်းဝန် ဝီဘာရောစ် …