တရုတ်က ပထမဆုံးအနေနဲ့အမေရိကန်အာလူး ဝယ်ယူ
International-news

တရုတ်က ပထမဆုံးအနေနဲ့အမေရိကန်အာလူး ဝယ်ယူ

တရုတ်က ပထမဆုံးအနေနဲ့အမေရိကန်အာလူး ဝယ်ယူ ၂နိုင်ငံ သဘောတူညီမှု အဆင့် ၁ အဖြစ် အမေရိကန် အာလူးထုတ်လုပ်သူတွေက အာလူးချောင်းကြော်ပြုလုပ်ရန်အတွက် တရုတ်နိုင်ငံသို့ အာလူးများကို ပထမဆုံးအနေနဲ့ စတင် တင်ပို့ ကြပါတယ်။ ကျွမ်းကျင်သူတွေရဲ့ လွန်ခဲ့တဲ့ အပတ်က သုံးသပ်ချက်အရ အမေရိကန် အာလူးထုတ်လုပ်သူတွေက တရုတ်ဈေးကွက်ထဲကို အလုံးလိုက် အရင်းလိုက် တင်သွင်းနိုင်တယ်လို့ ခန့်မှန်းကြတယ်။ ဝါရှင်တန်ဒီစီအခြေစိုက် အမျိုးသားအာလူးကောင်စီမှ စီအီးအို ကင်မ်ကာလီ က “တကယ့်ကို စိတ်လှုတ်ရှားစရာကောင်း တယ်ဗျာ။ တရုတ်တွေဖက်က တံခါးဖွင့်လိုက်တယ်။ ဈေးကွက်က အကြီးကြီးဖြစ်သွားတယ်။ အမေရိကန်တွေရဲ့ လတ်ဆတ်တဲ့ အာလူးတွေကို တရုတ်တွေ လက်ခံရရှိတော့မှာပါ။ ဒါက တကယ့်ကို ပထမဆုံးအကြိမ်ဖြစ်နေတယ်ဗျာ”လို့ အံ့အားတကြီးဆိုတယ်။ တရုတ်က …

ရေအောက်သွား ဒရုန်းထွင်ဖို့ ကုဋေ ၁၂ကျော် သုံးစွဲ
International-news

ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ အဆင့်မြင့် သုတေသနစီမံကိန်း အေဂျင်စီ (DARPA)က ရေအောက်သွား ဒရုန်းထွင်ဖို့ ကုဋေ ၁၂ကျော် သုံးစွဲ

ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ အဆင့်မြင့် သုတေသနစီမံကိန်း အေဂျင်စီ (DARPA)က ရေအောက်သွား ဒရုန်းထွင်ဖို့ ကုဋေ ၁၂ကျော် သုံးစွဲ ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ အဆင့်မြင့် သုတေသနစီမံကိန်း အေဂျင်စီ (DARPA)က ရေအောက်သွား ဒရုန်းတွေ လုပ်ဖို့အတွက် လောခ်ဟိမာတင် ကို ကန်ဒေါ်လာ ကုဋေ၁၂၀၀ကျော်တန်ဖိုးရှိတဲ့ ကန်ထရိုက်တစ်ခုကို အပ်ကာ မန်တာရေး စီမံကိန်း စတင် စေခဲ့ပါတယ်။ သာမန်ထက်ပိုပြီး ကြီးတဲ့ အပြင် အဆင့်မြင့်နည်းပညာတွေ အသုံပြုနိုင်တဲ့ ဒရုန်းယာဉ်တွေကို ဖန်တီးဖို့အတွက် ကန်ထရိုက်အပ် လိုက်တာပါ။ DARPAရဲ့ အဆိုအရဆိုရင် မန်တာရေး စီမံကိန်းမှာ ရေအောက်သွား ဒရုန်းတွေက ကာလရှည် နဲ့ ခရီးမိုင်ဝေးဝေး သွားနိုင်ဖို့ကို အခြေခံထားပါတယ်။ …

မွေးရပ်မြေကို ကယ်တင်ဖို့ သန်း၁၀၀ လှူတဲ့ BTS အဆိုတော် ဆူဂါ
International-news

မွေးရပ်မြေကို ကယ်တင်ဖို့ သန်း၁၀၀ လှူတဲ့ BTS အဆိုတော် ဆူဂါ

မွေးရပ်မြေကို ကယ်တင်ဖို့ သန်း၁၀၀ လှူတဲ့ BTS အဆိုတော် ဆူဂါ တောင်ကိုရီးယားမှာ ကိုဗစ်-၁၉ ဗိုင်းရက်ပြန့်နှံ့ လာမှုက တိုးလာပါတယ်။ အထူးသဖြင့် BTS ဝိုင်းက ရပ်ပါ ဆူဂါ ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဒေဂူးမြို့ မှာ ရောဂါပြန့် နှံ့မှု အဆိုးဆုံး ဖြစ်နေပါတယ်။ ဒီကနေ့ ကေပေါ့ ဝိုင်း တွေထဲမှာ ကမ္ဘာ့အဆင့်ထိ ထိုးဖောက်လာနိုင်ပြီ ဖြစ်တဲ့ BTS က ရပ်ပါဆူဂါက သူ့မွေးရပ်မြေမှာ ရောဂါပြန့်နှံ့နေတာကို စိတ်မကောင်း ဖြစ်လို့ အဲ့ဒိက ဆေးဝန်ထမ်းတွေ လိုရာ သုံးနိုင် အောင် ဆိုပြီး ကိုရီးယားငွေ သန်း၁၀၀ ကိုပရဟိတ စိတ်ဓာတ်နဲ့ လှူဒါန်းဖြစ်ခဲ့ပါတယ်။ …

အိန္ဒိနိုင်ငံ နယူးဒေလီမှာ ဆူပူအကြမ်းဖက်မှုများတိုးလာနေ
International-news

အိန္ဒိနိုင်ငံ နယူးဒေလီမှာ ဆူပူအကြမ်းဖက်မှုများတိုးလာနေ

အိန္ဒိနိုင်ငံ နယူးဒေလီမှာ ဆူပူအကြမ်းဖက်မှုများတိုးလာနေ အိန္ဒိယနိုင်ငံ နယူးဒေလီမှာဖြစ်နေတဲ့ ဆူပူသောင်းကျန်းမှုကို ကမ္ဘာနိုင်ငံအသီးသီးက စောင့်ကြည့်နေကြရပြီး ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ရစ်ဂါမှာ မူဆလင်တွေကို တရုတ်အစိုးရက ဖိနှိပ် ချုပ်ချယ်မှုတွေ ပြုလုပ်တယ်ဆိုပြီး စွတ်စွဲပြစ်တင်မှုတွေရှိနေတဲ့ အချိန်မှာပဲ အိန္ဒိယပါလီမန်က နိုင်ငံသားဖြစ်ခွင့် လွတ်ငြိမ်းချမ်းသာမှု ဥပဒေကို ပြဌန်းလိုက်တဲ့အတွက် နယူးဒေလီမှာ ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ အိန္ဒိယရဲတွေရဲ့ အကြမ်းဖက်နှိမ်နှင်းမှုကြောင့် အခုဆိုရင် နယူးဒေလီမှာ ဆူပူသောင်းကျန်မှုကြီး ဖြစ်ပေါ် ပြီး ဘယ်သူမှလမ်းပေါ် မထွက်ရဲ ကြတော့ပါဘူး။ လမ်းတွေက ခြောက်ကပ်တိတ်ဆိတ်နေပြီး ဘယ်အချိန် ဆူပူသောင်းကျန်းမှုတွေ ရောက်လာမလဲဆိုတာကို စိုးရွံ့ နေရပါတယ်။ အိန္ဒိယ ပါလီမန်က ပြဌန်းလိုက်တဲ့ ဥပဒေကြောင့် အိန္ဒိယမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံနေတဲ့ မူဆလင် အသိုင်းအဝိုင်းက …

ဝူဟန်က ဆေးဝန်ထမ်းတွေ အကူအညီလိုနေပြီ
International-news

ဝူဟန်က ဆေးဝန်ထမ်းတွေ အကူအညီလိုနေပြီ

ဝူဟန်က ဆေးဝန်ထမ်းတွေ အကူအညီလိုနေပြီ ဝူဟန်မှာ ရှိတဲ့ ဆေးပညာရှင် အဖွဲ့တွေက ရုပ်ပိုင်း ဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ပါ အားအင်ချိနဲ့ နေပါသဖြင့် ကမ္ဘာ့ အကူအညီကို တောင်း ခံနေရ တယ်လို့ သိရတယ် ။ ကိုဗစ်-၁၉က ကမ္ဘာပေါ်မှာ ဆက်လက် ပြန့်နှံ့ နေတဲ့အပြင် တရုတ် မှာလည်း ကူးစက်မှု ရှိနေပါသေးတယ် ။ ဝူဟန်က လာတဲ့ သတင်းတွေ မှာက သေဆုံးသူ လျော့ကျလာတယ်လို့ သိရပေမဲ့ လူနာတွေက အများကြီး ကျန်နေသေးတဲ့အတွက် ဆေးဝါးကုသမှုကို ဆက်လုပ် နေရတုန်းပဲဖြစ်ပါတယ် ။ တရုတ် တစ်နိုင်ငံလုံးမှာ ရှိတဲ့ ဆေးဝန်ထမ်းတွေ အားလုံးက တောက်လျှောက် …

ပျားစစ်တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ရတဲ့ ရဲတွေ
International-news

ပျားစစ်တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ရတဲ့ ရဲတွေ

ပျားစစ်တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ရတဲ့ ရဲတွေ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ပဆာဒီနားမြို့က ရဲစခန်းကို ဖုန်းတွေ တဂွမ်ဂွမ် ဆက်နေကြပါတယ်။ ဖုန်ဆက်တဲ့သူ တွေကလည်း အော်ဟစ်ပြီးတော့ ဗလုံးဗထွေးတွေ ဖြစ်နေတယ်။ သူတို့ကို တစ်စုံတစ်ဦးက လိုက်လံတိုက်ခိုက် နေတဲ့အတွက် အသက်လု ရှောင်ရှားရင် ပြောနေတဲ့ပုံစံမျိုးဖြစ်နေလို့ သဲသဲကွဲကွဲ ကြားရအောင် ရဲစခန်းတစ်ခုလုံးက နားထောင်နေပါတယ် ။နောက်ဆုံး သူတို့ကြားလိုက်ရတာက ပဆာဒီနား ဆေးရုံဆိုတာကိုပါပဲ။ အဲ့ဒါနဲ့ အားလုံး လက်နက်အပြည့်အစုံနဲ့ ကင်းလှည့် ကားတွေပေါ် တက်ကာ ဥသြဆွဲပြီး ဆေးရုံဆီကို အပြင်း ချီတက်လာခဲ့ကြပါတယ်။ ကင်းလှည့် တာဝန်ကျ ရဲတွေကိုလည်း ဆေးရုံဆီကို မောင်းခိုင်းနေပါတယ်။ သူတို့တွေ ဆေးရုံနားကို ရောက်မှ သိလိုက်ရတာက ပျား …

ကိုဗစ်- ၁၉ က တရုတ်ပြီးရင် တောင်ကိုရီးယား၊ အီတလီနဲ့ အီရန်မှာအများဆုံး
International-news

ကိုဗစ်- ၁၉ က တရုတ်ပြီးရင် တောင်ကိုရီးယား၊ အီတလီနဲ့ အီရန်မှာအများဆုံး

ကိုဗစ်- ၁၉ က တရုတ်ပြီးရင် တောင်ကိုရီးယား၊ အီတလီနဲ့ အီရန်မှာအများဆုံး ဝူဟန်ထူးဆန်းတုတ်ကွေး (ကိုဗစ်- ၁၉) က တရုတ်နိုင်ငံပြီးရင် တောင်ကိုရီးယားရယ် အီတလီနဲ့ အီရန်မှာ သေကျေမှု အာများဆုံးလို့ ကမ္ဘာကျန်မာရေးအဖွဲ့က ဆိုလိုက်ပါတယ်။ (တနင်္လာနေ့ ) က တရုတ်နိုင်ငံ ကျန်းမာရေးဌာနက ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံမှာ ဝူဟန်ထူးဆန်းတုတ်ကွေး ရောဂါဝေဒနာ ခံစားနေရသူ ၇၇၁၅၀ ဦးရှိနေပြီး သေဆုံးသူ ၂၆၂၀ ရှိကြောင်း သိရပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ ရောဂါပိုး ကူးစပ်ခံရသူ ၈သောင်းနီးပါး ရှိနေပါပြီ။ ပြည်မကြီး ရဲ့ အပြင်ဘက်မှာ ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူ ၂၇ ဦးရှိနေပါတယ်။ …

မီဒီယာတွေ စားသာတဲ့နေ့
International-news

မီဒီယာတွေ စားသာတဲ့နေ့

မီဒီယာတွေ စားသာတဲ့နေ့ မလေးရှားနိုင်ငံမှာ ဝန်ကြီးချုပ် ဒေါက်တာ မဟာသီယာ မိုဟာမတ်က ဝန်ကြီးချုပ်ရာထူးကနေ အနားယူမယ်ဆိုပြီး မလေးရှား ဘုရင်ထံ ထွက်စာတင်ခဲ့ပါတယ်။ နဂိုကတည်းက နိုင်ငံရေး အရှုတ်တော်ပုံ ကြီး ဖြစ်တဲ့ မလေးရှားက မဟာသီယာ ထွက်တယ်လည်း ဆိုရော နေ့ချင်းကိုပဲ လှုတ်ရွလှုတ်ရွ ဖြစ်ကုန်ကြတယ်။ မဟာသီရဲ့ဘာဆာတူ ပါတီ လွှတ်တော်အမတ်တွေက ဟာရာပန်လို့ ခေါ်တဲ့ ညွှန့်ပေါင်းအစိုးရ အဖွဲ့ကနေ နှုတ်ထွက်ကုန်ကြပါတယ်။ အခုတော့ နိုင်ငံရေးသမားတွေက နိုင်ငံရေးမျက်နှာ ရချင်လို့ အစ်တာနာ နီဂါရာ နန်းတော်ကို ဝင်ထွက်လာကုန်ကျပါတယ်။ မလေးရှား ဘုရင်နဲ့ မိဘုရား မျက်နှာသာပေးတာကို ခံချင်လို့ နေ့ချင်းညချင်းကို နန်းတော်ကို ဝင်ထွက်လာပြီး ဂါရဝပြုကြပါတယ်။ ဒါကို …

မလေးရှားနိုင်ငံရေးက အရှုတ်ထုတ်ကြီး ဖြစ်နေလို့ ထွက်ရတာလို့ မဟာသီဆို
International-news

မလေးရှားနိုင်ငံရေးက အရှုတ်ထုတ်ကြီး ဖြစ်နေလို့ ထွက်ရတာလို့ မဟာသီဆို

မလေးရှားနိုင်ငံရေးက အရှုတ်ထုတ်ကြီး ဖြစ်နေလို့ ထွက်ရတာလို့ မဟာသီဆို ဒီအပတ် တနလာင်္နေ့ (ဖေဖော်ဝါရီလ ၂၄ရက်နေ့)က ကမ္ဘာ့ အသက်ကြီးဆုံး ဝန်ကြီးချုပ်ဖြစ်တဲ့ မလေးရှား ဝန်ကြီးချုပ် တွန် ဒေါက်တာမဟာသီရာ မိုဟာမတ်က ရာထူးက နှုတ်ထွက် ခဲ့ပါတယ်။ ဒီနေ့မနက်တော့ သူက သူ့ရဲ့ ဖေ့စ်ဘုတ်ကနေ ဘာကြောင့် ရာထူးက နှုတ်ထွက်ရတဲ့ အကြောင်းကို ရှင်းပြပါတယ်။ သူက မလေးရှား နိုင်ငံရေးက မလိုအပ်တာတွေ နဲ့ အပိုအလုပ်ရှုတ် နေလို့ ထွက်ရတာလို့ဆိုတယ်။ သူထွက်ရတဲ့ အကြောင်းက အများကြီးပါတဲ့။ သူကို ဝန်ကြီးချုပ်ရာထူး ဆက်ခံဖို့ အများကြီး ထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်ပါတီကို ရွေးချယ်ရမှန်း သူမသိခဲ့ပါဘူးလို့ ပြောပါတယ်။ …

ကိုဗစ်- ၁၉ ကိစ္စကိုင်တွယ်ဖို့ ထရမ့်က ဒုတိယသမ္မတကို တိုက်ရိုက်အမိန့်ပေး
International-news

ကိုဗစ်- ၁၉ ကိစ္စကိုင်တွယ်ဖို့ ထရမ့်က ဒုတိယသမ္မတကို တိုက်ရိုက်အမိန့်ပေး

ကိုဗစ်- ၁၉ ကိစ္စကိုင်တွယ်ဖို့ ထရမ့်က ဒုတိယသမ္မတကို တိုက်ရိုက်အမိန့်ပေး အမေရိကန်နိုင်ငံအတွင်းသို့ စတင်ဝင်ရောက် ပြန့်လာပြီဖြစ်တဲ့ ကိုဗစ်- ၁၉ ကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အတွက် ဒုတိယသမ္မတ မိုက်ပန့်ကို အလုံးစုံအာဏါ အပ်နှင်းပြီး သူ့ဆီကို တိုက်ရိုက် အစီရင်ခံရန်အတွက် အမိန့် ပေးလိုက်ပါတယ်။ မိုက်ပန့်က လိုအပ်ရင် လိုအပ်သလို ပြည်တွင်းပြည်ပ ပညာရှင်များ ဆရာဝန် သူနာပြု များ နဲ့ အခြားသက်ဆိုင်ရာ ဝန်ထမ်းအားလုံကို ကိုင်တွယ်ရမှာဖြစ်ပါတယ်။ လက်တလောမှာက အမေရိကန်နိုင်ငံတွင် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားနေသူ ၁၅ ဦးရှိပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ တိုက်ရိုက် ပြန်ရောက်လာသူ ၃ဦးနဲ့ ဂျပန်နိုင်ငံမှ ထွက်ခွာလာခဲ့တဲ့ …