တောရိုင်းကောင်တွေကို စားသုံးခြင်းဆန့်ကျင်ကြတဲ့ တရုတ်ဆယ်လီတွေ ဟွမ်ရှောင်မင်း ၊ အိန်ဂျလာဘေဘီ ၊ ယန်းမီ တိုလို့ အာရှဆယ်လီတွေက တောရိုင်းကောင်တွေစားခြင်းကို ဆန့်ကျင်ကြဖို့အတွက် လှုံ့ဆော်မှု တစ်ခု လုပ်ခဲ့ပါတယ်။ ဝူဟန်က တောရိုင်ကောင်ဈေးကွက်က ကော်ရိုနာ တုတ်ကွေးပြန့်ပွားဖို့ အတွက် ပင်ရင်း နေရာဖြစ်တယ်လို့ ထင်ကြတဲ့ အတွက်ကြောင့် တောရိုင်းကောင်တွေ စားသုံးခြင်းကို လူတိုင်းလူတိုင်း နှာခေါင်းရှုံ့ လာကြပါပြီ။ ကမ္ဘာ့နေရာ အချို့မှာလည်း တောရိုင်းကောင် စားသုံးတဲ့ အ လေ အ ထ ရှိ နေ ဆဲ ပါ ။ ။ ဒါ့အပြင် တရုတ်နိုင်ငံ ကိုယ်တိုင်မှာတောင် အချို့ ပြည်နယ်တွေ မြို့ကြီးတွေမှာ တောရိုင်းကောင်တွေ …
တောမီးလောင် ပြီးတော့ ရေတွေကြီးတဲ့ သြစတေးလျှ မနှစ်က တောမီးတွေ လောင်လို့ ရုန်းကန်နေရတဲ့ သြစတေးလျှ နယူဆောက်ဝေးပြည်နယ်က အခုမိုးတွေကြီးပြီး ရေလွှမ်းလို့ တောကောင် ကပ်သင့်နေရပြန်ပြီ။ အခု သူတို့က ရေလွတ်ရာ ကုန်းမြေမြင့်တွေဆီကို ရွေ့ပြောင်း နေရပါတယ်။ နယူဆောက်ဝေးက ကွန်ဂျိုလာကန် အနီးတစ်ဝိုက်က တောမီးတွေရဲ့ လောင်ကျွမ်းမှုကို ခံ ရ ပြီး နောက် မှာ တော့ အခု ရေပြင် ကြီးအောက် ကို ရောက် သွား ပြန် ပြီ။ တောရိုင်းတိရစ္ဆာန်တွေကတော့ ရေနှစ်မြုပ်မယ့် ဘေးကနေကင်းဝေးအောင်လို့ ရုန်းကန်နေရပါတယ်။ ပြင်းတန်တဲ့မိုးတွေ ရွာချတဲ့အတွက် ကန်ကြီးလည်းရေပြည့်လျှံတဲ့အပြင် ကန်ကြီးအနီးတစ်ဝိုက် နယ်ပယ်ဒေသတွေမှာ ရေကြီးရေလျှံဖြစ်နေပါတယ်။ အများပြည်သူတွေကတော့ …
သမိုင်းသင်ရိုးညွှန်းတမ်းထဲရောက်သွားတဲ့ ကီနူးရိဗ် အမေရိကန်သမိုင်းမှာ မိုးမျှော်တိုက်ပေါ်က နေ့လည်စာ ဆိုတဲ့ဓာတ်ပုံ အထင်ကရရှိခဲ့ပါတယ်။ ၁၉၃၂ ခုနှစ်တုန်းက နယူးယောက်ခ်မြို့ ကို ခောတ်သစ်ပုံစံပြုပြင်ပြောင်းလဲဖို့အတွက် မိုးမျှော်တိုက်တွေ ဆောက်ခဲ့ကြတယ်။ ရော်ကီဖဲလား အဆောက်အအုံ ကြီးကိုဆောက် တော့ အဆောက်အဦး မပြီးခင်မှာ မြေပြင်ကနေ ပေ၈၅၀ မြင့်တဲ့ သံယက်မ တန်းကြီးပေါ်မှာ ရွှေ့ပြောင်း အလုပ်သမားတွေ နေ့လယ် စာ စားနေကြတာကို ဓာတ်ပုံဆရာက မှတ်တမ်းတင်ပြီး မဂ္ဂဇင်း တစ် ခု မှာ ဖော် ပြ ခဲ့ ပါ တယ် ။ ။ အဲ့ဒိသမိုင်းကို ယူကရိန်းက အလယ်တန်း သမိုင်းသင်ရိုးညွှန်းတမ်းထဲမှာ ထည့်သွင်းတော့ နေ့လယ်စားစားနေတဲ့ပုံရယ် ပုံအောက်မှာ …
ခွေးလေးကယ်လိုက်လို့ အသက်ရှင်ရတဲ့မိသားစု မီချီဂန်မိသားစုက သူတို့အသက်ကိုကယ်လိုက်တဲ့ ခွေးကလေးကို ကျေးဇူတင်မဆုံး ဖြစ်နေပါတယ်။ ခွေးလေးက အိမ်နောက်ဖေးက မီးဖိုချောင်ကနေ အသက်အန္တရာယ်ဖြစ်စေတဲ့ ကာဗွန်မိုနောက်ဆိုက်တွေ ထွက်နေတာကို သိလို့ သူတို့ကို ဟောင်ပြီးသတိပေးတဲ့ အတွက်ကြောင့်ပါ။ ဒန်နီနဲ့ ဂယ်ရီစမစ်တို့ စုံတွဲမှာ ၁၃နှစ်အရွယ် တယ်ရီယာ ခွေးလေး ရက်စကယ် ရှိပါတယ်။ သူတို့က ခွေကလေးက သူတို့ ကိုကြည့်ကြည့်ပြီး ဟောင်နေတယ်လို့ ပြောပါတယ်။ “ပြီးခဲ့တဲ့အဂါင်္နေ့ကပေါ့ ။ ရက်စကယ်ကို အရင်လိုပဲ လှမ်း ခေါ် တယ်။ ဒါပေမဲ့သူက မ လာ ဘူး။ သူက မီးဖိုချောင်ဖက်ကို ကြည့်ပြီးထိုးဟောင်နေတယ်။ ကျမတို့က တစ်ခုခု ထူးခြားလို့လားဆိုပြီး မီးဖိုချောင်ထဲကို သွားကြည့်ကြတယ်။ …
ကေတီပယ်ရီ ကို ဗြိတိန်အာရှယုံကြည်မှုသံတမန်အဖြစ် ခန့်အပ်လို့ အကြီးအကျယ်ဝေဖန်ခံနေရ ကေတီပယ်ရီကို ဗြိတိန်အာရှယုံကြည်မှု သံတမန်အဖြစ်ခံအပ်လိုက်တဲ့အတွက် ဆိုရှယ်မီဒီယာမှာ အကြီးအကျယ်ဝေဖန်မှု အသံတွေညံစီ နေပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က အင်္ဂလန်ဘက်ကင်ဟမ်နန်းတော်က မင်းသားကြီးချားလ်က Dark Horse အဆိုတော်ကေတီပယ်ရီကို အာရှတိုက် ကလေးမှောင်ခိုတိုက်ဖျက်ရေးအတွက် အလှူငွေနဲ့ ပတ်သက်တဲ့ကိစ္စများ လုပ်ကိုင်ဖို့အတွက် သံ တ မန် ခန့် အပ် လိုက် ပါ တယ်။ ။ ကေတီပယ်ရီကို လန်ဒန်မြို့က ဘန်ကတ်တင်းအဆောက်အအုံ မှာပြုလုပ်တဲ့ ညစာစားပွဲကို ကြွရောက်ဖို့အတွက် ဝေးလ်မြို့စားနဲ့ ကွန်းဝဲလ်မြို့စားကတော်တို့က ဖိတ်ကြားခဲ့ပြီး အဲ့ဒိ ညစာစားပွဲမှာပဲ သူမကို သံတမန်အဖြစ် ခန့် အပ် လိုက် တာ …
ပိုင်းလော့ ဆုံးဖြတ်ချက်မှန်လို့ မုန်တိုင်းရှာရာ တရားခံမဖြစ်တာ ဥရောပ မြောက်ပိုင်းမှာ မုန်တိုင်းရှာရာက ဝင်ရောက် မွေနှောက်နေပါတယ်။ အတ္တလန်တစ်သမုဒ္ဒရာထဲမှာ အရှိန်ယူပြီး ဥရောပမြောက်ပိုင်း ကို ဝင်ရောက် တိုက်ခတ်နေတာပါ။ မနေ့က ခရီးသည် ၃၀၀ တင်ဆောင်လာတဲ့ လေယာဉ်တစ်စင်းက အမ်စတာဒမ်မြို့က ရှီးပေါ လေဆိပ်ကို ဆင်းဖို့ ကြိုးစားခဲ့ပါတယ်။ မုန်တိုင်းကြောင့် လေယာဉ်က ကွင်းထဲကို ဆင်းမရဖြစ်ခဲ့ပါတယ်။ ၅ ကြိမ်တိုင်တိုင် ကြိုးစားချိန်မှာ ခရိးသည်တွေရဲ့ ဆူညံစွာ အော်ဟစ်သံတွေကြောင့် သူက နောက်ထပ် ဆင်းသက်ခြင်း မလုပ်တော့ ဘဲ သူ့ရဲ့ ခရီးစဉ် အစဖြစ်တဲ့ စပိန်က မက်ဒရစ်မြို့ဆီကို ပြန်လာခဲ့ရပါတယ်။ ။ လေယာဉ်ပေါ်မှာ ပါလာတဲ့ အဲယားယူရိုပါမှ …
ဘေးမကင်းတဲ့ ကွန်ဒုံ ၉၀၀၀၀ကျော်ဖမ်းဆီးရမိ ယူကေ ကျန်းမာရေး အာဏါပိုင်တွေက စားသုံးသူတွေကို ဝယ်သုံးတဲ့ ပစ္စည်းတွေကို ရက်လွန် မလွန် သေသေချာချာကြည့်ပြီးမှ သုံးစွဲကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ သူတို့က စတိုးဆိုင်တွေကို ဝင်ရောက်စစ်ဆေးပြီး အရည်အသွေးညံ့ဖျင်းတဲ့ ထုတ်ကုန်တွေကို သိမ်းဆည်းယူပြီးနောက် အထက်ပါအတိုင်း တိုက်တွန်းလိုက်တာပါ။ ။ သူတို့က ၂၀၁၈ ၊၂၀၁၉ ၂ နှစ်အတွင်း တရားမဝင် ဘေးမကင်းတဲ့ ကွန်ဒုံ ၉သောင်းကျော် ဖမ်းဆီ ရမိတယ်လို့လည်း ကြေညာပါတယ်။ ယူကေ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကုန်ပစ္စည်းထိန်းချုပ် မှု အေဂျင်စီက စတိုးဆိုင်တွေ ကုန်တိုက်တွေကို ဝင်ရောက်ပြီး ရက်လွန်ပစ္စည်းများ အီးယူဈေးကွက်မှလာတဲ့ စစ်ဆေးမှုမပြုလုပ်ရသေးတဲ့ ကုန်ပစ္စည်းများ ဥပဒေနဲ့ မကိုက်ညီတဲ့ …
မိဘရဲ့ဆိုးမွေတွေကြောင့်ပါလို့ ဆိုလာတဲ့ ဂျင်မ်ကာရေး The Mask ကားနဲ့ တကမ္ဘာလုံး ကိုထိုးဖောက်ခဲ့တဲ့ မင်းသားဂျင်မ်ကာရေးက လက်ရှိ သူခံစားနေရတဲ့ ကျန်းမာရေး ပြဿနာတော်တော် များများက မိဘရဲ့ဆိုးမွေတွေကြောင့်လို့ဆိုပါတယ်။ နောက်ပြီး ဘဝကို ဆိုးဆိုးဝါးဝါး ဖြတ်သန်းခဲ့ရ အကြောင်းလည်း ဟောလီးဝုဒ် ရီပိုတာ ရုပ်သံ အင်တာဗျူးမှာ ရှင်းပြခဲ့ပါတယ်။ သူရဲ့မိဘတွေက ဆေးလိပ် အသောက်ကြမ်းသူတွေဖြစ်တဲ့ အတွက်ကြောင့် သူမှာ မွေးရာပါ အကျိပ် တည်တဲ့ရောဂါရှိ ခဲ့ရပါတယ်လို့ဆိုတယ်။ သူ့မိဘတွေ က ဘယ်လောက်တောင် ဆေးလိပ်အသောက်ကြမ်းလဲ ဆိုတော့ မနက်ဖြန်သေတော့မှာမို့လို့ ဒီကနေ့ အားရအောင် သောက်သလိုမျိုးကို သောက်တာတဲ့။ သူတို့က သူတို့ဘဝကို ရှင်သန်ဖို့ ထက် သေသွားရင်ကောင်မယ်ဆိုတဲ့အတွေးနဲ့မိဘတွေနဲ့ နေရတဲ့ …
နီမိုဖိုဘီးယားလို့ခေါ်တဲ့ ဖုန်းစွဲရောဂါ ( သို့ ) ဒစ်ဂျစ်တယ် အဆိပ်သင့်မှု ဖေဖော်ဝါရီလ ၆ ရက် နေ့ကို စမတ်ဖုန်း အသုံး မပြုရေး သီတင်းပတ် အဖြစ် ကမ္ဘာ့အထိမ်းအမှတ် နေ့ လုပ်ခဲ့တာက ၂၀၀၁ ခုနှစ် ကတည်း ကပါ ။ နီမိုဖိုဘီးယားလို့ ခေါ်တဲ့ စမတ်ဖုန်းမရှိမှာကို ကြောက်တဲ့ ရောဂါက တစ်ကမ္ဘာလုံးကို ပြန့်ပွား နေပါပြီ ။ အဲ့ဒါကြောင့် ပြင်သစ် စာရေး ဆရာ ဖီလ်မာဆိုက ဒစ်ဂျစ်တယ် အဆိပ်သင့်မှု ပြေလျော့ဖို့ အတွက် တစ်ကမ္ဘာလုံး ဆိုင်ရာ မိုဘိုင်းဖုန်း အသုံးမပြုရေးနေ့ အဖြစ် သက်မှတ်နိုင်ရေး အတွက် လှုံ့ဆော်ရေးသား …
ဂျက်ကီချန်း ဦးဆောင်တဲ့ တရုတ် အနုပညာရှင် အုပ်စု တရုတ် ညီညွတ်ရေးအတွက် သီချင်းဆိုကြ ဂျက်ကီချန်း ဦးဆောင်တဲ့ ပြည်မကြီး နဲ့ ဟောင်ကောင် အနုပညာရှင်တွေ စုပေါင်းပြီး ကွဲပြားနေတဲ့ တရုတ်နိုင်ငံသားများ ပြန်လည် သင့်မြတ်ရေးအတွက် သီချင်းတွေ သီဆိုခဲ့ကြပြီး ဝူဟန်အတွက် ဆုတောင်း မေတ္တာ ပို့သ ကြပါတယ်။ ။ ဟောင်ကောင်းမင်းသား ဂျက်ကီချန်းက ပြည်မကြီး အနုပညာရှင်များ နှင့် အတူတွဲကာ “မေတ္တာသည်သာလျှင် တကယ့် အောင်မြင်မှု ဖြစ်တယ်ဆိုတာ ယုံလိုက်ပါ” ဆိုတဲ့ သီချင်းကို သီဆိုခဲ့ ပါတယ်။ ။ တစ်မိနစ် နဲ့ ၃၄ စက္ကန့်ကြာ သီချင်းအတွက် မန်ဒိုပေါ့ပ် အဆိုတော် …
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | 5 | ||
6 | 7 | 8 | 9 | 10 | 11 | 12 |
13 | 14 | 15 | 16 | 17 | 18 | 19 |
20 | 21 | 22 | 23 | 24 | 25 | 26 |
27 | 28 | 29 | 30 | 31 |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |