မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက် ရာထူးမှ နှုတ်ထွက် တနင်္လာနေ့ မနက်ပိုင်းက မလေးရှားဘုရင့်ထံ ရာထူးမှ နှုတ်ထွက်ကြောင်း စာတင်ခဲ့တယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီရာ မိုဟာမက်က သူ့ရုံခန်းကနေ ကြေညာခဲ့ပါတယ်။ နိုင်ငံရေးပဋိက္ခ ဖြစ်နေတဲ့ မလေးရှားမှာ သူ့ရဲ့ နှုတ်ထွက်မှုက ရှော့ အကြီးကြီး တစ်ခုဖြစ်ပါတယ်။ အသက် ၉၄နှစ်အရွယ် ရောက်နေပြီ ဖြစ်တဲ့ မဟာသီယာက နိုင်ငံရေး ပြန်လည်သင့်မြတ်မှု ရရန်အတွက် ရွေးကောက်ပွဲကို ပြန်ဝင်ပြီး ဝန်ကြီးချုပ် ပြန်လုပ်နေတာပါ။ သူက သူ့နေရာကို ဆက်ခံဖို့အတွက် အန်နဝါ အီဘရာဟင်ကို ရာထူး လွှဲပေးဖို့အတွက် ညွှန်ကြားခဲ့ပါ။ မဟာသီရာရဲ့ ပါတီဖြစ်တဲ့ ဘာဆာတူကတော့ သူ့ရဲ့ နှုတ်ထွက်ကြောင်း ကြေညာပြီးလိုက်တာနဲ့ ထုတ်ပြန်ချက်တစ်ခုကို …
အိန္ဒိယနိုင်ငံရောက် ထရမ့်ခရီးစဉ်က သတင်းတိုများ ၁။ နိုင်ငံရေးဝမ်းစာမရှိတဲ့ ထရမ့် အိန္ဒိယနိုင်ငံကို ၇ယောက်မြောက် အလည်အပတ်ရောက်တဲ့ အမေရိကန်သမ္မတ တစ်ယောက်အနေနဲ့ မဟတ္တမ ဂန္ဒီ ဆိုတာဘယ်သူလဲ ဆိုတာကိုတော့ ကောင်းကောင်း သိသင့်ပါတယ်။ ဂန္ဒိရဲ့ ဂူဗိမ္မာန်က ဧည့်သည်မှတ်တမ်းမှာ လက်မှတ်ရေးထိုးတော့ “သူငယ်ချင်းကြီး မိုဒီသို့၊ ကျေးဇူးတင်ပါတယ်။ အံ့အားသင့်စရာ ခရီးပါ”ဆိုပြီး လက်မှတ် ရေးထိုးခဲ့တယ်။ ဂန္ဒီရဲ့ မြစ်ဖြစ်သူ တူရှားဂန္ဒီက အိုဘားမာ လာလည် တုန်းက ဧည့်စာအုပ်မှာ “အိန္ဒိယနိုင်ငံ ဖခင်ကြီးသို့” ဆိုပြီး ဂန္ဒီကို ချီးကျူးရေးသားခဲ့တာနဲ့ နှိုင်းယှဉ်ပြီးတော့ ထရမ့်ကို နိုင်ငံရေးဝမ်းစာ မရှိဘူးလို့ ဝေဖန်လိုက်တယ်။ ၂။ တက်ဂ်ျမဟာအုတ်ဂူအစစ်ကို မတွေ့လိုက်ရတဲ့ ထရမ့် အိန္ဒိယနိုင်ငံရဲ့ …
လယ်ယာထွက် ပစ္စည်းတွေအပေါ် အခွန်တိုးကောက်တာကို လုံးဝ ဆန့်ကျင်တယ်လို့ သမ္မတဆို ဘရီးဇစ်ဖြစ်သွားပြီးတဲ့နောက်မှာ အင်္ဂလန်က အီးယူက ထွက်သွားလို့ အီးယူဘတ်ဂျက်မှာ လိုငွေ ဟာကွက်ကြီး တစ်ခု ဖြစ်လာပါတယ်။ အင်္ဂလန်က နှစ်စဉ် အီးယူအတွက် ယူရိုကုဋေ ၇၅၀၀ လောက် သုံးတဲ့အတွက် အဲ့ဒိလိုငွေအတွက် အီးယူရဲ့ အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ ပြင်သစ်နဲ့ ဂျာမဏီတို့လို နိုင်ငံတွေမှာ ဝန်ပိလာပါတယ်။ နိုင်ငံငယ်တွေရဲ့ လိုအပ်ချက်တွေကိုလည်း ဖြည့်ပေးရင်း ကိုယ့်နိုင်ငံ တိုးတက်အောင်လည်း လုပ်ရဦးမယ်ဆိုတော့ အီးယူက နိုင်ငံကြီးတွေမှာ တာဝန်ကြီးလာပါတယ်။ ပြင်သစ်က အီးယူမှာ လယ်ယာ ထွက်ကုန်တွေကို အဓိက ဖြန့်ဖြူးတဲ့ နိုင်ငံဖြစ်လို့ လယ်ယာထွက် ပစ္စည်းတွေအပေါ် အခွန်စည်းကျပ်မှု တိုးမြှင့်မယ်လို့ …
တရုတ်တွေ့တာနဲ့ အချက်ပေးသံပေးတဲ့ မော်စကိုသားများ မော်စကိုက လိုင်းကားမောင်းတဲ့ ဒရိုင်ဘာတွေနဲ့ အဝေးပြေး ကားမောင်းတဲ့ ဒရိုင်ဘာတွေက ကားပေါ်မှာ တရုတ်လူမျိုး တွေ ပါလာတယ် ဆိုတာနဲ့ ကားကို အချက်ပေးသံ ပေးကြမယ် ဆိုပြီး တိုင်ပင်ထားကြတယ်လို့ ပြည်တွင်း ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်သားများ အစည်အရုံးခေါင်းဆောင် ယူရီဒက်ရှ်ကော့ က ဆိုပါတယ် ။ သူတို့က သူတို့ကားပေါ်ကို တရုတ်လူမျိုး တက်လာတာနဲ့ ကျန်တဲ့ ခရီးသွားတွေကို သတိထားပြီးနေဖို့ အတွက် ဟွန်းသံနဲ့ အချက်ပေးမယ်လို့ လိုင်းကားသမဂ္ဂက ထုတ်ပြန်ထားတယ်လို့လည်း ယူရို သတင်းဌာနကလည်း ဖော်ပြထားပါတယ် ။ ကိုဗစ်-၁၉ ဗိုင်းရက် ပြန့်နံ့မှုကြောင့် ပြီးခဲ့တဲ့ သီတင်းပတ် ကတည်းက …
ရင်နာစရာခွေးကလေးရဲ့ ပျော်စရာဇာတ်သိမ်း “ကျနော့်နာမည် အန်ဒရေးပါ။ ကျနော်က ၁၂ နှစ်ရှိပါပြီ။ ကျနော့်အမေနဲ့ ကျနော်က သူ့ကို ခင်ဗျားတို့ဆီကို ပို့ဖို့အတွက် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရပါတယ်။ အခုလည်း အဖေ အလုပ်သွားတုန်း အိမ်ပြန်မရောက်ခင်မှာ ကျနော်တို့ခိုး ထွက်လာပြီး ခင်ဗျားတို့ ဂေဟာရှေ့မှာ လာထားရတာပါ။ အဲ့လိုမှ မလုပ်ရင် အဖေက ကောင်လေးကို ရောင်းစားပစ်မယ်လို့ ဆိုနေလို့ပါခင်ဗျာ။ ကျနော့်အဖေက ကောင်လေးကို အမြဲလို ညှင်းပန်းနှိပ်စက် နေပါတယ်ခင်ဗျာ။ တွေ့တာနဲ့ အော်ငေါက်ဆဲဆိုပြီး ကန်ကျောက်ရိုက်နှက် တော့တာပါပဲခင်ဗျာ။ တစ်ခါဆိုရင် အဖေက ကောင်လေးကို ကန်လိုက်တာ အဝေးကိုလွင့်ပြီး နံရံနဲ့ တိုက်မိကာ အမြီးလေးကောက်သွားပါတယ်။ ခင်ဗျားတို့ သူ့ကို ဂရုစိုက်ပြီး …
သူဌေးတွေက ဆင်းရဲသားတွေကို လက်ထပ်ပြီး ပြည်တွင်း ဆင်းရဲမွဲတေမှုလျှော့ချသင့် အင်ဒိုနီးရှားနိုင်ငံ လူသားဖွံ့ဖြိုးမှုနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး မဟတ်ဂျာအက်ဖန်ဒီက တိုင်းပြည်တွင်းက သူဌေးတွေက ဆင်းရဲသား တွေကို လက်ထပ်ပြီး တိုင်းပြည်တွင်း ဆင်းရဲမွဲတေမှုကို လျှော့ချသင့်တယ်လို့ ယူဆရပါကြောင်း ဆိုလာပါတယ်။ ဖေဖော်ဝါရီလ ၁၉ရက် နေ့မှာ သူက သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး လက်ရှိတိုင်းပြည် အခြေအနေကို ရှင်းပြခဲ့ပါတယ်။ “ဆင်းရဲသားတွေက ဆင်းရဲသားတွေ နဲ့ လက်ထပ်ကြပြီးတော့ ဆင်းရဲတဲ့ မိသားစုတွေကို ဖန်တီးနေတယ်။ ဆင်းရဲတဲ့ ဝဲသြဃကြီးထဲမှာ တစ်ဝဲလည် လည်ဖြစ်နေကြတယ်။ အဲ့ဒါက အင်ဒိုနီးရှားမှာ ဖြစ်နေတဲ့ တကယ့်ပြဿနာ တစ်ရပ်ပါပဲ”လို့ သူက သတင်းထောက်တွေကို ဆိုပါတယ်။ အင်ဒိုနီးရှားက မိသားစု …
မသမာသူတစ်ယောက်လက်ချက်ကြောင့် ဦးနှောက်တစ်ခြမ်းပွင့်ထွက်ကာ ဘဝကိုအခက်ခဲဆုံး ရှင်သန်နေရတဲ့အမျိုးသား ရာဇဝတ်မှုတွေ ပေါများတဲ့ အမေရိကန် နိုင်ငံမှာတော့ ကိုယ့်ရဲ့ အန္တရာယ်ကို ဘယ်အချိန် ကျရောက်မလဲ သတိထား နေမှ တော်ကာ ကျမှာပါ ။ မဟုတ်ရင်တော့ ဘဝပျက်သွား နိုင်ပြီး အခန့် မသင့်ရင် အသက် ဆုံးရှုံးရဖို့ များပါတယ် ။ ဒါပေမဲ့ အသက်လည်း မသေ ၊ သေတာထက် ဆိုးတဲ့ ဒုက္ခကို ခံစား နေရတဲ့ စတီဗင်လို လူမျိုးတွေလည်း အမေရိကန်မှာ ရှိပါ သေးတယ် ။ နယူးယောခ့် မှာနေတဲ့ ကလေး နှစ်ယောက် အဖေ ၊ ( ၃၂ ) …
ဦးခေါင်း ခွဲစိတ်နေစဉ် အတွင်း တယောထိုးနေတဲ့ အမျိုးသမီး ဦးနှောက်ထဲမှာ အကြိတ်တည်နေလို့ ခွဲစိတ်မှု လုပ်နေစဉ် အတွင်း ၅၃နှစ် အရွယ် ဝေဒနာရှင်က သူမရဲ့ တယောကို အထိုးမပျက်ခဲ့ပါဘူးလို့ CNN သတင်းတစ်ရပ်မှာ ပါလာခဲ့ ပါတယ် ။ ဒရက်မာတာနာ ဆိုတဲ့ တယောပညာရှင် အမျိုးသမီးက သူမဦးနှောက်ရဲ့ အရှေ့ညာဘက်ခြမ်းမှာ အကြိတ် တည်နေပါတယ် ။ အဲ့ဒီ အကြိတ်ကို ခွဲစိတ်တဲ့အခါမှာ ဘယ်ဘက်လက်ရဲ့ နှုးညံ့တဲ့အထိအတွေ့ကို ထိတွေ့မှု အာရုံခံစွမ်းအား ဆုံးရှုံးသွားနိုင်တတ်လို့ ခွဲစိတ်နေစဉ် ကာလအတွင်း ထိခိုက်မှု ရှိမရှိ ဂီတသံကို ထုတ်လွှတ် ခိုင်းထားတာပါ ။ ခွဲစိတ်ရမဲ့ အကြိတ်နဲ့ အာရုံခံစားနိုင်မှု …
သေနတ်ပြပြီး ပိုက်ဆံတောင်းတဲ့ ကလေး အဖမ်းခံရ ဒီဖက် ခေတ်သစ်ကမ္ဘာရဲ့ ပြဿနာ တစ်ရပ်ပါ ။ ဒီလို ပြဿနာမျိုးက အရင်ကဆိုရင် ရပ်ထဲရွာထဲက လူကြီးတွေက နောက်မလုပ်အောင် ဆုံးမလိုက်ရုံနဲ့ ပြီးသွားပါတယ် ။ ဒီဖက်ခေတ်မှာ ကျတော့ အကဲဆတ်တဲ့ မိဘတွေကြောင့် မလိုလားအပ်တဲ့ ရှုတ်ထွေးတဲ့ ကိစ္စတွေ ပေါ်ပေါက် လာပါတယ် ။ အဲ့ဒါကတော့ ကလေးတစ်ယောက်က ရာဇဝတ်မှု ဆိုင်ရာ ကိစ္စရပ် တစ်ခုကို ကျူးလွန်ရင် နောင်ကျဉ်အောင် ရိုက်နှက်ပြီး အပြစ်ပေးလိုက်မလား ။ ဥပဒေအရ ထောင်ချမလားဆိုတဲ့ ကိစ္စပါပဲ ။ ကျနော်တို့ ငယ်စဉ်အခါက လမ်းမီးလုံး တွေကို လေးခွနဲ့ ပစ်ခွဲဖူးတယ် …
ကြောင်တောင်တောင် အနိုင်ဆုံး မှောင်ခိုပစ္စည်းများ အမေရိကန် နယ်စပ်ကုန်စည်စစ်ဆေးရေးစခန်းတွေမှာ မူးယစ်ဆေးဝါတွေ မှတ်ပုံတင်အတုတွေ ကုန်ပစ္စည်းအတုတွေနဲ့ တရားမ၀င် ကုန်ပစ္စည်းတွေကို ဖမ်းဆီး အရေယူနေတဲ့ကြားက ငိုအားထက် ရီအားသန်ဖို့ကောင်းတဲ့ ကြောင်တောင်တောင် မှောင်ခိုပစ္စည်းတွေကို ဖမ်းဆီးရမိပါတယ်။ဖောက်စ်သတင်းဌာနက အဲ့ဒိအကြောင်းကို တင်ဆက်သွားပါတယ်။ ၁။ခို အရှင်များ ။။အသက်၂၃နှစ်အရွယ် သြစတေးလျှ သားတစ်ယောက်ကို လေယာဉ်ကွင်းမှာ မသင်ကာလို့ စစ်ကြည့်တာ သူ့ရဲ့အိတ်ထဲက အစားအစာထည့်တဲ့ဗူးထဲမှာ ခိုဥ၂လုံးတွေ့ရပါတယ်။ အဲ့ဒါနဲ့ သူ့ရဲ့ အ၀တ်အစားတွေ ချွတ်ကြည့်တော့ ခြေသလုံးမှာ စာအိတ်နဲ့ထုတ်ထားတဲ့ခိုအရှင် ၂ကောင်ကို တိပ်နဲ့ ပတ်ထားတာကိုတွေ့လိုက်ရတယ်။ ဒါအပြင် သူ့ခါးပတ်မှာ ခုတုခုတုဖြစ်နေလို့ ခွဲကြည့်တာ ခရမ်းမျိုးစေ့တွေကိုဖမ်းဆီးရမိလိုက်တယ်တဲ့။ ၂။ အီဂျစ် မမ်မီ အ၀တ်စ။။မစ်ချီဂန်က အရာရှိတွေကတော့ ဆိပ်ကမ်းမှာ …
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | 5 | 6 | 7 |
8 | 9 | 10 | 11 | 12 | 13 | 14 |
15 | 16 | 17 | 18 | 19 | 20 | 21 |
22 | 23 | 24 | 25 | 26 | 27 | 28 |
29 | 30 | 31 |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |