မနေသာလို့ ကိုယ်ထင် ပြရပါတဲ့ ကင်ဂျုံအန်
International-news

မနေသာလို့ ကိုယ်ထင် ပြရပါတဲ့ ကင်ဂျုံအန်

ပြီးခဲ့တဲ့ သတင်းပတ် ကတည်းက တစ်ကမ္ဘာလုံးက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံ အန်တစ်ယောက် ကွယ်လွန် သွားပြီ ဆိုတဲ့သတင်းကို စောင့်မျှော် နားစွင့် နေခဲ့ ကြပါတယ် ။ ဘာဖြစ်လို့လည်း ဆိုတော့ လူမြင်ကွင်း ကို ရက်၂၀ တိတိ ပေါ်မလာလို့ သူရဲ့ နလုံး ခွဲစိတ်မှု မအောင်မြင်လို့ သေဆုံးသွားပြီ လို့ အောင့်မေ့ နေကြပါ တယ် ။ မြောက်ကိုရီးယားမှာ နှစ်စဉ် ကျင်းပပြီး ကင်ဂျုံအန် နှစ်စဉ် မပျက်မကွက် တက်ရောက် ခဲ့တဲ့ ၈၈ ကြိမ်မြှောက် ကိုရီးယားပြည်သူ့ တော်လှန်ရေး စစ်တပ် အခမ်းအနားကိုတောင် မတက်ရောက် နိုင်တာကို တွေ့ရပါတယ် …

မေ ၃ မှာ ထိုင်းမှာ လော့ခ်ဒေါင်း ဖြုတ်မယ်
International-news

မေ ၃ မှာ ထိုင်းမှာ လော့ခ်ဒေါင်း ဖြုတ်မယ်

မေလ၃ ရက်နေ့က စပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ကိုဗစ်-၁၉ကို ထိန်းချုပ် လာနိုင်ပြီဖြစ်လို့ လော့ခ်ဒေါင်း လုပ်ထားတာကို ဖြေလျှော့ဖို့ စတင် ပြင်ဆင် နေတယ်လို့ ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ထိန်းချုပ်ရေး ဗဟို ဌာနခေါင်းဆောင်က ဧပြီ ၃၀ နေ့ကလုပ်တဲ့အင်တာဗျူးမှာ ဆိုပါတယ် ။ ကိုဗစ်-၁၉ ရောဂါပြန့်နှံ့မှု ဒုတိယလှိုင်းကို ကာကွယ်ဖို့ အတွက် လော့ခ်ဒေါင်း ဖြေလျှော့ကို တစ်ပိုင်း တစ်စသာ လုပ်မည် ဖြစ်သော်လည်း လှုပ်ရှားမှုနဲ့ စီးပွားရေးလုပ်ငန်း ၆မျိုး အပေါ်အကျိုး သက်ရောက်မှု ရှိမှာဖြစ်ပါတယ် ။ စားသောက်ဆိုင် ကဖေးဆိုင်နဲ့ ဈေးတွေကို ပြန်ဖွင့်ဖို့ရာကိုလည်းစီစဉ်နေပါတယ် ။ “လော့ခ်ဒေါင်း ဖြေဖို့အတွက် …

အိန္ဒိယမှာ လွှတ်တော်အမတ်က ပြည်နယ်ဝန်ကြီးချုပ်ကို အရက်ဆိုင်တွေ ပြန်ဖွင့်ခွင့်တောင်း
International-news

အိန္ဒိယမှာ လွှတ်တော်အမတ်က ပြည်နယ်ဝန်ကြီးချုပ်ကို အရက်ဆိုင်တွေ ပြန်ဖွင့်ခွင့်တောင်း

“အရက်နဲ့ လက်ကိုဆေးခြင်းဖြင့် ကော်ရိုနာ ဗိုင်းရက်ကို သတ်နိုင်တယ် ဆိုရင် အရက်သောက်တာက လည်ချောင်းထဲမှာ ရှိတဲ့ ဗိုင်းရက် တွေကို သေချာပေါက် သတ်နိုင်မှာပါ ” လို့ MLA လွှတ်တော် အမတ်က ရာဂျာစသန် ပြည်နယ် အုပ်ချုပ်ရေးမှူး အာဆွတ်ဂါလော့ထံကို စာရေးပေးပို့ ခဲ့ပါတယ် ။ စာထဲမှာ လွှတ်တော်အမတ်က ပြည်နယ် အုပ်ချုပ်ရေးမှူးကို ပြည်နယ်ထဲမှာ အရက်ဆိုင်တွေ ပြန်ဖွင့် ပေးဖို့ အတွက် စဉ်းစားပေးပါရန် ဆိုပြီး ခေါင်းစဉ်တပ် ရေးသားခဲ့ပါတယ် ။ “ကော်ရိုနာ ဗိုင်းရက် ပြန့်ပွား နေလို့ဆိုပြီး တစ်နိုင်ငံလုံးမှာ ရှိတဲ့ အရက်ဆိုင်တွေကို ပိတ်ထား ပါတယ် ။ ဗဟိုကလည်း …

အိန္ဒိယ ရာမယဏ က ကမ္ဘာ့ လူအကြည့်အများဆုံးတီဗီဇာတ်လမ်းတွဲဖြစ်
International-news

အိန္ဒိယ ရာမယဏ က ကမ္ဘာ့ လူအကြည့်အများဆုံးတီဗီဇာတ်လမ်းတွဲဖြစ်

မတ်လ ၂၈ ရက်နေ့ ကတည်းက ဒိုဒါရှန်တီဗီချန်နယ် လိုင်းကို အများပြည်သူက ရာမန်နန်ဆာဂါရဲ့ ရာမယဏ ဇာတ်လမ်းတွဲကို ပြန်လည် ထုတ်လွှင့် ပေးဖို့အတွက် တောင်းဆိုမှု ရှိခဲ့ပါတယ် ။ အဲ့ဒါနဲ့ တီဗီလိုင်းက ပြန်လွှင့်တာ ဧပြီလ ၁၆ ရက်နေ့မှာ အဲ့ဒိ ဇာတ်လမ်းတွဲကို ကြည့်သူ ၇၇သန်းကျော် ရှိခဲ့လို့ ကမ္ဘာ့ လူ အများဆုံး ကြည့်ရှု့တဲ့ တီဗီ ဇာတ်လမ်းတွဲ အဖြစ် စာရင်းဝင် သွားပါတယ်လို့ ဒိုဒါရှန်ချန်နယ် က ၎င်းရဲ့ တွစ်တာမှာ ရေးတင် ခဲ့ပါတယ် ။ ဒိုဒါရှန်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာကတော့ “ ရာမယဏကို ဒိုဒါရှန်ဝက်ဆိုက် ကနေ ပြန်လွှင့်ပြီးတော့ …

တစ်ရက်တည်း ၈၀၀၀ နီးပါး ပိုးတွေ့တဲ့ ရုရှား၊ ဝန်ကြီးချုပ် ကိုယ်တိုင် ကူးစက်လို့ ရာထူးက နား
International-news

တစ်ရက်တည်း ၈၀၀၀ နီးပါး ပိုးတွေ့တဲ့ ရုရှား၊ ဝန်ကြီးချုပ် ကိုယ်တိုင် ကူးစက်လို့ ရာထူးက နား

မနေ့က ( သောကြာနေ့ )က ရုရှားမှာ ကော်ရိုနာ ဗိုင်းရက် ရောဂါပိုး တွေ့ရှိသူ ၇၉၃၃ တွေ့ရှိလို့ စံချိန်တင် တွေ့ရှိခဲ့ တဲ့ ရက် ဖြစ်ခဲ့ပါတယ် ။ အဲ့ဒါအပြင် ရောဂါပိုး ရှိမရှိ စစ်ဆေးရာမှာ ဝန်ကြီးချုပ် မစ်ခေးမီရှုစတင် ကိုယ်တိုင် ရောဂါပိုး တွေ့ရှိလို့ ဆေးဝါးကုသရန်အတွက် လက်ရှိတာဝန်တွေကနေ အနားယူ ထားတယ်လို့ သိရပါတယ် ။ ရုရှား ကိုဗစ်ရောဂါ တိုက်ဖျက်ရေးစင်တာရဲ့ အဆိုအရ သောကြာနေ့က ပိုးတွေ့ သူ ၈၀၀၀ နီးပါးနဲ့ ပေါင်းလိုက် ရင် ရောဂါပိုး တွေ့ရှိသူ ၁၁၄၄၃၁ ဦးဖြစ်နေပြီး သောကြာ နေ့က ကိုဗစ်-၁၉ကြောင့် …

ကမ္ဘာ့နံပါတ် ၁ ကစားသမားက ၂၀၁၀ တုန်းက စိတ်ဓာတ်ကျပြီး တင်းနစ်လောကကို ကျောခိုင်းဖို့ ကြိုးစား ဖူးတယ်တဲ့
International-news

ကမ္ဘာ့နံပါတ် ၁ ကစားသမားက ၂၀၁၀ တုန်းက စိတ်ဓာတ်ကျပြီး တင်းနစ်လောကကို ကျောခိုင်းဖို့ ကြိုးစား ဖူးတယ်တဲ့

ဒီကနေ့ တင်းနစ်လောကမှာ ကမ္ဘာ့နံပါတ် ၁ ကစားသမားဖြစ်တဲ့ ဆာဗီးယားသား နိုဗက်ဂျူ ကိုဗစ်က ၂၀၁၀ ပြင်သစ် အိုပင်း ဆီးမီးဖိုင်နယ် မှာ ရှုံးသွားတော့ တင်းနစ်လောကကို ကျောခိုင်းလိုက်ဖို့ ဆုံးဖြတ်ချက် ချခဲ့ဖူး တယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က SKY SPORT နဲ့ လုပ်တဲ့ အင်တာဗျူးမှာ ဆိုခဲ့ ပါတယ် ။ အဲ့ဒိ အချိန်တုန်းက သူက အသက်ကလည်းငယ် တစ်ကြောင်း အောင်မြင်မှု တွေကို ဆာလောင်နေတာက တစ်ကြောင်း အရှုံးကို လက်မခံနိုင်သေးတာက တစ်ကြောင်း ပြိုင်ဖက် ဂျာဂန်မယ်ဇာက ရှုံးသင့်တဲ့ ပြိုင်ဖက် မဟုတ်တာကို ရှုံးခဲ့ရတာက တစ်ကြောင်း ပြိုင်ပွဲ မှာတတိယပဲ …

လိင်ပိုင်း ဆိုင်ရာ စော်ကားမှု ရှိခဲ့တယ်လို့ စွပ်စွဲ ခံနေရတဲ့ အမေရိကန် သမ္မတလောင်း
International-news

လိင်ပိုင်း ဆိုင်ရာ စော်ကားမှု ရှိခဲ့တယ်လို့ စွပ်စွဲ ခံနေရတဲ့ အမေရိကန် သမ္မတလောင်း

လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် ပါတီကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် သမ္မတလောင်း ဂျိုး ဘိုင်ဒန်က လိင်ပိုင်း ဆိုင်ရာ စော်ကားမှုတွေ ပြုခဲ့ ဖူးတယ်ဆိုတဲ့ စွပ်စွဲမှုတွေ အပေါ် ငြင်းဆန်လိုက် ပါတယ် ။ ဒီမိုကရက်တစ် ပါတီကနေ သမ္မတလောင်း အဖြစ် အမည်စာရင်း တင်သွင်း ခံထားရတဲ့ ဂျိုးဘိုင်ဒန်က ၁၉၉၃ ဆီနိတ်တာ ဘဝမှာ ဝန်ထမ်း အမျိုးသမီး တစ်ဦးကို လိင်ပိုင်း ဆိုင်ရာ စော်ကားမှု ပြုခဲ့ တယ်လို့ ကောလာဟလ သတင်းတစ်ရပ် ထွက်ပေါ်လာရာ လက်ရှိ မဲဆွယ် ကာလအတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာပါပြီ …

ကံကောင်းလို့ မသေတဲ့ ဟယ်ရီဆင်ဖို့ဒ်
International-news

ကံကောင်းလို့ မသေတဲ့ ဟယ်ရီဆင်ဖို့ဒ်

အင်္ဂလိပ်စာ hold short ဆိုတဲ့ စကားလုံးက လေယာဉ်ကွင်းမှာ သုံးတဲ့ စကားလုံးပါ ။ ကွင်းထဲကို လေယာဉ်တွေ ဆင်းဖို့ အတွက် တန်းစီတဲ့ အခါမှာ ကိုယ့်အလှည့် မရောက်သေးရင် တာဝါကနေပြီးတော့ လေယာဉ်မှူးကို hold short ခဏစောင့်လို့ ပြောပြီး လေယာဉ်ဆင်းဖို့ စောင်းခိုင်းတာပါ ။ ပြီးခဲ့တဲ့ ဧပြီလ ၂၄ရက်နေ့ က ဟောလီးဝုဒ် စတား မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်က သူ့ကိုယ်ပိုင် လေယာဉ်နဲ့ ကယ်လီဖိုးနီးယား က ဟောသရုန်း လေယာဉ်ကွင်းကို ရောက်လာပါတယ် ။   သူက လေယာဉ်ဆင်းဖို့ အတွက် ကွပ်ကဲရေး မျှော်စင် ( တာဝါ …

ချစ်သူ သက်တမ်း ၃နှစ် ပြည့်သွားတဲ့ တေလာဆွစ်နဲ့ ဂျိုးအယ်လ်ဝင်
International-news

ချစ်သူ သက်တမ်း ၃နှစ် ပြည့်သွားတဲ့ တေလာဆွစ်နဲ့ ဂျိုးအယ်လ်ဝင်

အမေရိကန် တေးပြု အဆိုတော် တေလာဆွစ် နဲ့ဗြိတိန် ရုပ်ရှင်မင်းသား ဂျိုးအာဝင် တို့ရဲ့ ချစ်သူသက်တမ်းက ဒီမေလ အစမှာ ချစ်သူ သက်တမ်း ၃ နှစ် ပြည့်ခဲ့ ပါပြီ ။ မြန်မာ့ ဆိုရိုးစကား “ ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာ မိန်းမ ကြိုက်တော့ မျှော်လိုက်တာ”ဆိုတာက တေလာဆွစ် အတွက် မှားများ မှားနေလာမသိ ။ ၂၀၁၇ မေလ၁ရက် နေ့ မနက်ပိုင်းမှာ တွေလာဆွစ်က အာဝင်ကို ဒီည သူမနဲ့ ညစာ အတူတူ စားဖို့ စိတ်ဝင်စားလား ဆိုပြီး ဖုန်းဆက် ချိန်းပါတယ် ။ အာဝင်က သူ့ အနေနဲ့ …

အင်္ဂလန်မှာ လာမယ့် အပတ် လော့ခ်ဒေါင်း ဖြုတ်ဖို့ အစီအစဉ် ရေးဆွဲမယ်
International-news

အင်္ဂလန်မှာ လာမယ့် အပတ် လော့ခ်ဒေါင်း ဖြုတ်ဖို့ အစီအစဉ် ရေးဆွဲမယ်

အင်္ဂလန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က လာမယ့် အပတ်မှာ အင်္ဂလန်မှာ လောခ့်ဒေါင်း ဖြုတ်မယ့် အစီအစဉ်ကို မဟာဗျူဟာကျ ရေးဆွဲပြီး အကောင်အထည် စဖော်မယ်လို့ ဆိုပါတယ် ။ တိုင်းပြည် စီးပွားရေးကို ဖြိုချ ဖျက်ဆီးခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါ ပြန့်နှံ့ မှုကို ထိထိ ရောက်ရောက် ပြန်လည် တုံ့ပြန်သွားမယ်လို့လည်း ဆိုပါတယ် ။ လွန်ခဲ့တဲ့ သီတင်း ၅ ပတ်က ကိုယ်တိုင် ရောဂါ ကူးစက် ခံလိုက်ရတဲ့ ဝန်ကြီးချုပ် က အင်္ဂလန်က ရောဂါ ကူးစက်မှု အမြင့်ဆုံး အနေအထားကို ကျော်လွန် နိုင်ခဲ့ပြီး လက်ရှိမှာ ကူးစက်မှုတဖြည်းဖြည်း ကျဆင်း နေပြီ …