အလှအပကို ဖျက်တဲ့အရာတွေကို ဘယ်လိုတွန်းလှန်မလည်း”””” မိန်းမသားများအတွက် အလှအပကို ဖျက်ဆီးမဲ့ အရာတွေဟာ အမှူမဲ့အမှတ်မဲ့ ဝင်ရောက်လာနိုင်ပါတယ်။ ဒီလိုဝင်ရောက်လာတဲ့အခါ ဘယ်လိုမောင်းထုတ်မလည်း ဘယ်လို ကာကွယ်မလည်း လူတိုင်းလိုလို ကြုံတွေ့နိုင်တဲ့ အလှအပနဲ့ သက်ဆိုင်ရာ ပြဿနာတစ်ချို့ကို အလွယ်တကူ ဖြေရှင်းနိုင်မဲ့ နည်းလမ်းလေးတွေကို သိထားသင့်ပါတယ်။ ခြေထောက်အလှကိုဖျက်နေတဲ့ကိစ္စ”’ သင့်ရဲ့ ခြေဖနောင့်မှာ အက်ကွဲပြီး ကြည့်ရဆိုးဆိုး နေထိုင်ရ ခက်ခက်တွေ ဖြစ်နေမယ်ဆိုရင် အခမ်းအနားတွေ တက်တဲ့ အခါပဲ ဖြစ်စေ လူအများနဲ့ တွေ့ဆုံ ဆက်ဆံရတာပဲဖြစ်ဖြစ် သင့်မှာ အရှက်ရစေမှာ ဖြစ်တယ်။ ဒါကို ဘယ်လို ကာကွယ်ဖြေရှင်းမလည်း သင့်မျက်နှာပြင်မှာ လိမ်းနေတဲ့အစိုဓာတ်ထိန်း ခရင်မ်ကို ပဲ သင့်ခြေထောက်မှာ အသုံးပြုပေးရမှာ ဖြစ်ပါတယ်။ …
ငယ်ရွယ်သူများသတိမူမှ””” မိန်းမသားများဆိုတာ ပန်းပွင့်လေးတွေနဲ့ သဏ္ဍာန်တူပါတယ်။ နုညံတယ် လှပတယ် မွှေးရနံတို့နဲ့ စွဲမက်ဖွယ်ရာဖြစ်တဲ့ ပန်းပွင့်ကလေးတွေမှာ အပြစ်အနာဆာမရှိလေ လှလေမို့ မိန်းကလေးများသည်လည်း မိမိကိုယ်ကိုယ်မိမိ အပြစ်အနာ ကင်းအောင်နေထိုင် ကျင့်ကြံနိုင်မယ်ဆိုရင် လှသော မွှေးသော ပန်းလေးတစ်ပွင့် ဖြစ်လာနိုင်မှာ မလွဲပါ။ ဆယ်ကျော်သက်တို့သိဘို့…. ဆယ်ကျော်သက်အရွယ်ဆိုတာ ခန္ဓာကိုယ် ဖွံဖြိုးမှူ အလွန်ပင် မြန်လှပါတယ်။ အဲ့သည်လိုဖွံဖြိုးမှူအား များတာကြောင့် ဖွံဖြိုးမှူကို ကျော်လွန်ပြီး အလွန်အမင်း အရေပြား ကျုံးခြင်း ဆန့်ခြင်း များဖြစ်လာပြီး striae လို့ခေါ်တဲ့ အကြောပြတ်ရာတွေ ဖြစ်ပေါ်လာ တတ်ပါတယ်။ ကိုယ်လက်လှူပ်ရှား အားကစား အပြင်းအထန် လုပ်သူတွေ အလေးတုံးများနဲ့ ကစားသူတွေ ဟာဆိုရင် အကြောပြတ်ရန် ရာခိုင်နှူန်း …
ကျန်းမာလှပချင်သလား””’ ပျိုမေတို့ အတွက် ကျန်းမာပြီး လှပမှုကို ပေးစွမ်းမဲ့ အစားအစာထဲမှာ ပဲပင်ပေါက်လည်း ပါတယ်ဆို တာ သိစေချင်ပါတယ် ။ ပဲပင်ပေါက်ဟာ မီးဖိုဆောင်ထဲက ရတနာ တစ်ပါးပါ ။ ပဲပင်ပေါက်မှာဗီတာမင်တွေ သတ္ထုဓာတ်တွေ အမြောက်အများ ပါဝင်တဲ့ အပြင် ခန္ဓာကိုယ်ကို အကျိုးပြုမဲ့ဓာတ်တွေလည်း များစွာ ပါဝင်ပါတယ်။ သွေးအားနည်းရောဂါ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ အသည်းရောင်ရောဂါ တို့ကို ကာကွယ်နိုင်ပါတယ် ။ ပဲအမျိုးမျိုးဟာ ခန္ဓာကိုယ် အတွက် လိုအပ်နေတဲ့ ဓာတ်တွေကို များစွာ ပေးနိုင်တာကိုတော့ သိပြီးဖြစ်ပါ လိမ့်မယ် ။ ဒါကြောင့် ပဲကနေ အညှောင့် ပေါက်သွားတဲ့ အခါ အဲ့သည့် အကျိုးပြုဓာတ်များဟာ ပိုမိုမြင့်မားသွားတာပဲဖြစ်ပါတယ်။ …
သဘာဝ Toner ””’ ပျိုပျိုမေတို့ အတွက် ငွေကုန် ကြေးကျလည်း သက်သာ အလွယ်တကူ အနီး အနားမှာလည်း ရရှိနေတဲ့ သဘာဝက ပေးထားတဲ့ သစ်သီးဝလံများ ထဲက ဖရဲသီးဟာ အကောင်းဆုံးသော မျက်နှာပြင် အရေပြား အားဆေးတစ်မျိုး ဖြစ်ပါတယ် ။ ဓာတုပစ္စည်းများ နဲ့ ဖော်စပ်ထားတဲ့ Toner များစွာ ရှိပေမဲ့ သဘာဝက ပေးတဲ့ သစ်သီးများရဲ့အစွမ်းဟာ အန္တရာယ် ပိုကင်း စေနိုင်တာမို့ လုပ်ဆောင်ကြည့်ပါလို့ တိုက်တွန်း ချင်ပါတယ် ။ ။ ပြုလုပ်ရမှာ ကတော့…… ဖရဲသီး အရည်ကို ဂွမ်း ဒါမှမဟုတ် စွပ်ကျယ်စ သန့်သန့် တစ်စနဲ့ စုပ်ယူပြီး …
ဖရဲသီးနဲ့ ကျန်းမာလှပမှူ အရေးပါခြင်း ( ကျန်းမာပျော်ရွှင် ဝိတ်ကျချင်ရင် ဖရဲသီးကို စားပါ….) ဖရဲသီးဟာ ရာသီစာသီးနှံ တစ်မျိုးဖြစ်ပြီး အခုဆိုရင် အချိန်မရွေး စားသုံးနိုင်နေပြီ… သူ့ရဲ့အကျိုးကို သိထားဖို့ လိုပါလိမ့်မယ်။ ဖရဲသီးဟာ အသားအရေကို လှပမှူ ပေးရုံသာမက ကိုယ်တွင်း ကလီစာများရဲ့ ကျန်မာမှူကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဖရဲသီဆိုတာနဲ့ အခွံအသား အစေ့ပါမကျန် ကျန်းမာရေးအတွက် အသုံးဝင်လှပါတယ်။ ဘီတာမင် စီ ၊ အေ ၊ ဘီ နဲ့ ဇင့်ဓာတ် သံဓာတ်တွေ ပါဝင်ပြီး ရေဓာတ် ၉၂ ရာခိုင်နှူန်း ပါဝင်တဲ့အတွက် ကိုယ်တွင်းရှိ အဆိပ် အတောက်များကို ရှင်းလင်း သုတ်သင် ပေးနိုင်ပါတယ်။ …
အမျိုးသမီးများအတွက် ပြုလုပ်သင့်တဲ့ အဆီကျ လှပဖို့ ကြိုးခုန်စို့ မိန်းမသားများအနေနဲ့ ခန္ဓာကိုယ်ကို အကျိုးထူးရှိစေဖို့ မိမိအိမ်မှာပင် ကြိုးခုန်ခြင်းသည်လည်း အကျိုးများစွာ ထူးလှတာမို့ ဒီလို ပြောပြချင်ပါတယ်။ ကြိုးခုန်ခြင်းဟာ ခန္ဓာကိုယ်မှာ ရှိနေတဲ့ အဆီပိုတွေကို ကျဆင်းစေတဲ့အပြင် နှလုံးရောဂါ ဖြစ်ပွားမှူကိုပါ ကာကွယ်ပေးပါတယ်။ ကြွက်သားတွေကို ကျစ်လစ် သန်မာစေတဲ့အတွက် ကြိုးခုန်ခြင်းကို နေ့စဉ် အချိန်တစ်ချိန် ပေးပြီးပြုလုပ်သင့်ပါတယ်။ ကြိုးခုန်ခြင်းဟာ အချိန်အနည်းငယ် အတွင်းမှာပင် ခန္ဓာကိုယ် ပြေပြစ်ခြင်း၊ အရိုးသန်မာခြင်း၊ နှလုံးကျန်းမာခြင်း၊ လန်းဆန်း တက်ကြွခြင်းစတဲ့ အကျိုးတွေကို ရရှိမှာဖြစ်ပါတယ်။ နှလုံး အားကောင်းခြင်း ကြိုးကို နေ့စဉ်ပုံမှန် ခုန်ခြင်းကြောင့် နှလုံးကြွက်သားများ သန်မာလာစေပြီး ပင်ပန်းတဲ့ အလုပ်များကိုပင် လုပ်ကိုင်နိုင်လာကာ …
စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာချင်လား နာနတ်သီးကို စား နာနတ်သီးဟာ အင်မတန် ဝယ်ယူရ လွယ်ကူတဲ့ သီးနှံဖြစ်ပြီး ကျန်းမာရေးကို များစွာ ထောက်ကူပေးတဲ့ သစ်သီးဆိုရင် မမှားပါ။ နာနတ်သီးဟာ ကျန်းမာကြံ့ခိုင်မှူကို ပေးရုံမက အသားအရေ တင်းရင်း လှပစေဖို့လည်း များစွာ ထောက်ကူပေး ပါတယ်။ နာနတ်သီးမှာ ဗီတာမင်ဓာတ်တွေ များစွာ ပါဝင်ပြီး ကယ်လဆီယမ်၊ ပိုတက်ဆီယမ်၊ ဗီတာမင်စီနဲ့ သတ္ထုဓာတ်တွေ များစွာ ပါဝင်ပါတယ်။ အမျှင်ဓာတ် မြောက်မျာစွာကိုလည်း ရရှိနိုင်ပါတယ်။ ခန္ဓာကိုယ် အလေးချိန်ချဖို့လည်း သုံးစွဲနိုင်ပါတယ်။ အရိုးအဆစ်နဲ့ နာနတ် နာနတ်သီးမှာ မက်ဂနီစီယမ်ဓာတ်တွေ ပေါကြွယ်ဝတဲ့အတွက် အရိုးသန်မာမှူကို အကျိုးပြုပါတယ်။ အကြောအမျှင်တွေ ခိုင်မာတောင့်တင်းမှူကိုလည်း ပေးပါတယ်။ လူငယ်ရော …
လူကို အကျိုးပြုစေတဲ့ သဘာဝဓာတ်များစွာ ပါဝင်တဲ့ သစ်ကြားသီး စားပါ အခွံမာသီး တစ်မျိုးဖြစ်တဲ့ သစ်ကြားသီးမှာ လူကို အကျိုးပြုစေတဲ့ သဘာဝဓာတ်များစွာ ပါဝင်တာမို့ သစ်ကြားသီး စားသုံးခြင်းက ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။ သစ်ကြားသီးဟာ ဆီးကျိန်ကင်ဆာ ကို ကာကွယ် ပေးနိုင်တာမို့ အမျိုးသားများအတွက် ကောင်းမွန်သော သဘာဝ ဆေးတစ်လက် ဖြစ်ပါတယ်။ သစ်ကြားသီးမှာ အင်တီအောက်ဆီဒင့် များစွာ ပါဝင်တဲ့အတွက် ဆီးကျိတ်ကင်ဆာ ဖြစ်ပေါ်မှူကို ဟန့်တားနိုင်တယ်လို့ ဆိုပါတယ်။ နေ့လည်ပိုင်း ထမင်းစားပြီးချိန်မှာ သစ်ကြားသီး လက်တစ်ဆုပ်စာလောက် စားသုံးခြင်းအားဖြင့် သည်းခြေအိတ်ဆိုင်ရာ ရောဂါများကို ကာကွယ်ပေးပါတယ်။ သစ်ကြားသီးကို စားသုံးခြင်းအားဖြင့် သွေးတွင်းမကောင်းတဲံ့ ကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက် အဆင့်ကို …
ဆောင်းရာသီနဲ့ သင့်မြတ်သောသစ်သီး အခုဆိုရင် သစ်သီးဝလံများဟာ အခှန် ရာသီမရွေး ရရှိနိုင်နေပြီ ဖြစ်ပါတယ်။ လူတို့ရဲ့ တီထွင်မှူ နည်းပညာ ထွန်းကားမှူတို့ကြောင့် သစ်သီးဝလံ အတော်များများကို အချိန် ရာသီမရွေး စားသုံးနိုင်ပေပြီ မဟုတ်ပါလား။ သစ်သီးဝလံများဟာဆိုရင် တစ်မျိုးစီတိုင်း တစ်မျိုးစီတိုင်းမှာ အကျိုးပြု အာနိသင်များ ပါဝင်နတာမို့ စားသုံးပေးရန် သင့်တော်ပါတယ်။ ရာသီပေါ်သီးနှံများနဲ့ အော်ဂဲနစ် သစ်သီးဝလံများကတော့ လူကို ပိုအကျိုးပြုစေပါတယ်။ ရာသီဥတု အပြောင်းအလဲကို လိုက်ပြီး လူတို့ရဲ့ ကျန်းမာရေးဟာလည်း ပြောင်းလဲနေ ဖောက်ပြန်နေတတ်ပါတယ်။ ဒါကြောင့် သူ့ရာသီဥတုနဲ့သူ လိုက်ဖက်ညီတဲ့ သီးနှံများကို စားသုံးပေးခြင်းဟာ ပိုမို အကျိုရဏှိစေပြီး ကျန်းမာရေးဆိုင်ရာ သက်ရောက်မှူအားကို ပိုမို ရရှိစေပါတယ်။ သစ်သီးဝလံ …
မလိုအပ်တဲ့ အဆီပိုတွေ ဘယ်လို ဖယ်ထုတ်မလဲ မိန်းမသားများအနေနဲ့ မိမိတို့ရဲ့ခန္ဓာကိုယ်မှာ မလိုလားအပ်တဲ့ အဆီပိုများကို လက်သင့် မခံချင်ကြတာ အမှန်ပင် မဟုတ်ပါလား။ အဆီပိုတွေ အရမ်းများနေတဲ့ မိမိရဲ့ ခန္ဓာကိုယ်ဟာ ကျစ်လစ်ပြီး အဆီပိုမရှိတဲ့ ခန္ဓာကိုယ်ကို ကြည့်ငေး အားကြနေရပြီဆိုရင် သင် အားထုတ်မှူ ရှိရမယ်လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်ပါ။ သင့်ရဲ့အဆီပိုတွေများနေတဲ့ ခန္ဓာကိုယ်က မလိုလားအပ်တဲ့ အဆီတွေကို ဘယ်ပုံဘယ်နည်းနဲ့ မောင်းထုတ်မလဲ။ ခေါင်းစားမနေပါနဲ့ အခုဖော်ပြမဲ့ နည်းလေးကတော့ သင့်အတွက် အသုံးဝင်နိုက်တာမို့ ဖတ်ကြည့်လိုက်ပါ။ သဘာဝက ပေးထားတဲ့ သစ်သီးသစ်နှံတွေဟာ လူသားများအတွက် အမြဲလိုလို အကျိုးပြုနေတတ်တယ် ဆိုတာကိုတော့ သင်မမေ့ပါနဲ့။ သင် လက်တစ်ကမ်းမှာပဲ ရှာဖွေရမှာမို့ သင့်အတွက် …
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | 5 | ||
6 | 7 | 8 | 9 | 10 | 11 | 12 |
13 | 14 | 15 | 16 | 17 | 18 | 19 |
20 | 21 | 22 | 23 | 24 | 25 | 26 |
27 | 28 | 29 | 30 | 31 |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |