ခံတွင်း သန့်ရှင်း ချမ်းသာခြင်း''''
Health

ခံတွင်း သန့်ရှင်း ချမ်းသာခြင်း””

ခံတွင်း သန့်ရှင်း ချမ်းသာခြင်း”” သင့် အာခံတွင်းဟာ အနံ့အသက်တွေ ကောင်းမွန်ပြီး သန့်ရှင်းနေပါမှ အပြုံးတွေ လှပလို့ စိတ်ပျော်ရွှင်ရမှာ ဖြစ် ပါ တယ်။ သင့်သွားများ ဖြူစင်သန့်ရှင်းပြီး ခံတွင်းနံ့လည်း ကောင်းမွန်ဖို့အတွက် သွားနဲ့ ခံတွင်းကို ဘယ်လို ထိန်းသိမ်းသင့်သလည်း။ ဘယ်လို မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ စောင့်ရှောက်မှူ ပြုမလည်းဆိုတာ သိစေချင်လို့ ပြော ပြ လိုက် ပါ တယ်။ ။ သွားကြား ထိုးကြိုး””’ သင့်အနေနဲ့ နေ့စဉ် သွားကြား ထိုးကြိုးကို အသုံးပြုပြီး သန့်စင်ပါ။ သွားကြား ထိုးကြိုးသုံးတဲ့အခါ သွားကြားထဲနဲ့ သွားဖုံးလိုင်း တစ်လျှောက် စားကြွင်းစားကျန်များကို သန့်စင်စေတဲ့အတွက် သွားဖုံးရောဂါနဲ့ …

ဆံကေသာ လှဖို့အမှားတွေပြင်စို့'''''
Health

ဆံကေသာ လှဖို့အမှားတွေပြင်စို့””’

ဆံကေသာ လှဖို့အမှားတွေပြင်စို့””’ သင့်ရဲ့ ဆံကေသာမှာ အညစ်အကြေး ကြေးညှော်တွေ သန့်စင်ဖို့ ဆံကေသာ လှပနုညံဖို့ ၊ အနံအသက်ကောင်းပြီးစိတ်ချမ်းသာဖို့ ဆိုတာတွေအတွက် ခေါင်းလျှော်ခြင်းကို သင်ပြုလုပ်တဲ့အခါမှာ နည်းမှန် လမ်းမှန် ဖြစ်ဖို့တော့ လိုပါလိမ့်မယ်။ ဘာတွေ မှားယွင်းနေလည်း နည်းမှန် လမ်းမှန်က ဘာတွေလည်း ဆိုတာကိုသိစေဖို့ အခုလို လမ်းညွှန်လိုက်မယ်နော်။ ခေါင်းမလျှော်ခင် ကြိုတင်ပြင်ဆင်ပါ”’ သင့်အနေနဲ့ ခေါင်းမလျှော်ခင်မှာ ကြိုတင်ပြင်ဆင်မှူ လုပ်ဖို့မလိုဘူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ အမှန်တော့ခေါင်းမလျှော်ခင် ကြိုတင်ပြင်ဆင်မှူ လုပ်တာဟာ ထိရောက်တဲ့အကျိုးရှိတယ်ဆိုတာ သင်ကိုယ်တိုင် လက်တွေ့ လုပ်ကြည့်ပါ လက်တွေ့ အကျိုးရှိကြောင်း တွေ့မြင်လာပါလိမ့်မယ်။ ခေါင်းမလျှော်ခင်မှာ ကြိုတင်ပြင်ဆင်မှူအနေနဲ့ ဦးရေပြားနဲ့ ဆံချည်မျှင် အိတ်တွေကို အစိုဓာတ် ထိန်းပေးဖို့ …

တံတောင်မဲ ၊ ဒူးမဲ ပျောက်ဖို့'''''
Health

တံတောင်မဲ ၊ ဒူးမဲ ပျောက်ဖို့””’

တံတောင်မဲ ၊ ဒူးမဲ ပျောက်ဖို့””’ တံတောင်ဆစ်တွေ ဒူးတွေ မဲနေလို့ စိတ်ညစ်နေ ပါသလား။ သင့်ဒူးနဲ့ တံတောင်ဆစ်တွေ ဖြူဖွေးသွားဖို့ နည်းလမ်း ကောင်း လေး တွေ ရှိ ပါ တယ်။ ။ အခု ပြုလုပ်ရမဲ့ နည်းလမ်းလေးတွေကတော့ အိမ်တွင်းမှာတင် ပြုလုပ်လို့ ရနိုင်တာမို့ သင်တို့အတွက် အလွန် အဆင်ပြေပါတယ်လို့ ပြောချင်ပါတယ်။ တံတောင်ဆစ် မဲလို့ အင်္ကျီလက်တို မဝတ်ရဲသူတွေ ဒူးခေါင်းမဲလို့ စကဒ်တို ၊ ဘောင်းဘီတို ဝတ်ချင်ရဲ့နဲ့ မဝတ်ရသူတွေ အတွက် ကောင်း သ တင်း ပဲ ဖြစ် ပါ တယ်။ ။ ရှားစောင်းလက်ပတ်”” …

အရေပြားအတွက်လိုအပ်တဲ့ဗီတာမင်''''
Health

အရေပြားအတွက်လိုအပ်တဲ့ဗီတာမင်””

အရေပြားအတွက်လိုအပ်တဲ့ဗီတာမင်”” အမျိုးသမီးများ အတွက်သာမက အမျိုးသားများပါ မိမိတို့ရဲ့ မျက်နှာပြင် အရေပြားကို ကောင်းမွန် သန့်စင်လိုကြတာက သဘာဝပါပဲ။ အရေပြားအတွက် ဆိုရင် ဗီတာမင်အချို့ဟာ မရှိမဖြစ် လိုအပ်ပါတယ်။အဓိက အရေပြားအတွက် လိုအပ်နေတဲ့ ဗီတာမင်တွေကတော့ ဗီတာမင် အေဗီတာမင် စီ ၊ ဗီတာမင် အီး တို့ပဲ ဖြစ်ပါတယ်။ အရေပြားဆိုင်ရာ ကျွမ်းကျင်သူ အထူးကု အတော်များများရဲ့ အဆိုကတော့ အင်ဒီအောက်ဆီးဒင့် (Antioxidants) တွေဟာ ဖရီးရယ်ဒီကယ် တွေကိုထုတ်ပေးနိုင်ပြီး အရေပြားမှာ အရေးအကြောင်းဖြစ်တာ ရောင်ရမ်းတာတွေကို မဖြစ်အောင် ထိထိရောက်ရောက် ကာကွယ်နိုင်တယ်လို့ ဆိုတာပါပဲ။ အင်ဒီအောက်ဆီးဒင့်တွေဖြစ်တဲ့ ဗီတာမင် အေ၊ စီ ၊ အီး တို့ကို …

ဆံသားကောင်းခြင်းနဲ့မိန်းမသားအလှ””
Health

ဆံသားကောင်းခြင်းနဲ့မိန်းမသားအလှ””

ဆံသားကောင်းခြင်းနဲ့မိန်းမသားအလှ”” မိန်းမမှန်ရင် လှချင်ကြတာ မထူးဆန်းပါ။ လှချင်လို့ အလှပြင်ကြတာလည်း သဘာဝ ပါပဲ။ ဆံဖျားကစ ခြေဖျားတစ်ဆုံး အလှအပကို ဂရုပြုကြတဲ့ ပျိုပျိုမေတို့ အနေနဲ့ ဆံပင်ကို အမျိုးစုံ ပြုလုပ်ချင်ကြတာကလည်း မိန်းကလေးများရဲ့ ဝါသနာပါပဲ။ ဆံပင်ကိုကောက်လိုက် ဖြောင့်လိုက် အရောင်အမျိုးမျိုး ဆိုးလိုက်နဲ့ အလှပြင် တတ်ကြတဲ့ အခါမှာ ဆံပင်သား ဓာတုဆေးဝါးတို့ ဓာတ်ကို ခံရတဲ့အတွက် ပျက်စီးလာကြတာလည်း တွေ့နေရပါတယ်။ အချို့ဆံသားတွေကတော့ ဆံပင်ကောက်ခြင်း ဖြောင့်ခြင်းဆေးဆိုးခြင်းများ မရှိပါပဲ မွဲခြောက် ပျက်စီးကာ ဆံ နှစ်ခွ ဖြစ်ခြင်းမျိုးလည်း ရှိတတ်ပါတယ်။ ဤသည်မှာကတော့ နေရောင်ခြည်ထဲ နေပူပူထဲကို အကာအကွယ် မပါပဲ သွားခြင်း၊ မိမိဆံသားနဲ့ အဆင်မပြေတဲ့ …

မိန်းမသားနဲ့မိတ်ကပ်''''''
Health

မိန်းမသားနဲ့မိတ်ကပ်”””

မိန်းမသားနဲ့မိတ်ကပ်””” မိန်းမသား အများစုဟာ မိတ်ကပ် လိမ်းလေ့ ရှိကြပါတယ်။ ဒါကလည်း သဘာဝအရ မိန်းမသားမှန်ရင် လှချင်ကြ သူတွေပဲ မဟုတ်ပါလား။ မိန်းမသားများသာမဆိုပါနှင့် အချို့သော ယောက်ျားလေးများလည်း မိတ်ကပ် လိမ်းလာကြတာကို တွေ့ရပါတယ်။ မင်းသားများ သရုပ်ဆောင်များတင်မက သာမာန်ယောက်ျားလေးများပါ မိတ်ကပ်ကို အနည်းအပါး လိမ်းလာတာ တွေ့ရပါတယ်။ အခုဆိုရင် အမျိုးသားများအတွက် သီးသန့် ထုတ်ထားတဲ့ skincare တွေလည်း ရှိလာပါတယ်။ အမျိုးသမီးတွေ အတွက်ကတော့ အရင်ကထက် ရွေးချယ်စရာ မိတ်ကပ်တွေ skincare တွေ ဆိုတာ များပြားလွန်း နေပါပြီ။ မိတ်ကပ်ဟာ မိန်းမသားတို့ရဲ့ နေ့စဉ် ဘဝအတွက် မပါမဖြစ် အလှအပဆိုင်ရာ ပစ္စည်း ဖြစ်နေတာမို့ …

အမျိုးသမီးတို့ သိဘို့''''
beauty-tip

အမျိုးသမီးတို့ သိဘို့””

အမျိုးသမီးတို့ သိဘို့”” ဒီနေ့ခေတ် အမျိုးသမီး အများစုဟာ မိတ်ကပ်လိမ်းခြင်းကို နှစ်သက်ကြတယ် ဆိုတာ အထူးပြောစရာ မလိုပါ။ မိတ်ကပ်လိမ်းပြီးမှ အစဉ်ပြေတဲ့ မျက်နှာပြင်အလှကို ရနိုင်ကြတယ်လို့ မိန်းမသား တော်တော်များများဟာ ယုံကြည်ကြပါတယ်။ မိတ်ကပ်ရဲ့ အစွမ်းကလည်း အံမခန်းပဲ မဟုတ်ပါလား။ မိတ်ကပ်လိမ်းခြင်းက မိန်းမသားတို့ရဲ့ စိတ်ကို ကျေနပ်စေပါတယ်။ သို့သော် အရမ်းကာရော လိမ်းခြင်းကတော့ဖြင့် မကောင်းလှပါ။ ဘယ်အရာမဆို အတိုင်းအတာ Limit ရှိဘို့တော့ လိုပါတယ်။မိတ်ကပ်လိမ်းတဲ့အခါ သတိထားရမဲ့ အချက်တွေရှိပါတယ်။ မိမိနဲ့ သင့်မသင့်…. မိမိရဲ့ မျက်နှာပြင် အရေပြားနဲ့ မိမိသုံးမဲ့ မိတ်ကပ်အမျိုးအစားဟာ ဓာတ်တည့်နေဖို့လည်း လိုပါတယ်။ အချို့မိတ်ကပ်တွေရဲ့ ပါဝင် ဒြပ်ပေါင်းတွေဟာ သင့်အရေပြားနဲ့ ဓာတ်မတည့်ခြင်းမျိုး …

အစားအစာမှသည် သွေးကြောများ သန့်စင်ခြင်းဆီသို့ '''''
Health

အစားအစာမှသည် သွေးကြောများ သန့်စင်ခြင်းဆီသို့ ””’

အစားအစာမှသည် သွေးကြောများ သန့်စင်ခြင်းဆီသို့ ””’ လူသားတို့ရဲ့ သွေးကြောတွေ ဆိုသည်မှာ မိမိတို့ရဲ့ နှလုံးထဲက အောက်ဆီဂျင် ပြည့်ဝနေတဲ့ သွေးတွေကို ခန္ဓာကိုယ်အနှံ့က တစ်သျှူးတွေဆီ အရောက် ပို့ပေးတဲ့ လေပြွန်တွေပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း သွေးကြောများဟာ ကျန်းမာ သန်စွမ်းမှူရှိမှ ချောမွေ့ ကောင်းမွန်စွာ လှည့်ပတ်စီးဆင်းနိုင်မှာ ဖြစ်ပါတယ်။ သွေးထဲမှာ မကောင်းတဲ့ အဆီပမာဏ များနေသော သူများနဲ့ ကောင်းတဲ့အဆီ ပမာဏ နည်းနေသူများမှာ သွေးကြော ပိတ်ဆို့နိုင်ချေ အလွန်ပင် မြင့်မားပါတယ်။ သွေးကြော ပိတ်ဆို့ပြီဆိုရင် နှလုံးနဲ့ သက်ဆိုင်တဲ့ ရောဂါများ သွေးကြောဆိုင်ရာ ဝေဒနာများ ရရှိ လာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လူ့ခန္ဓာကိုယ်မှာ …

ရုပ်ဇီဝ ဖြစ်ပျက်နှေးခြင်းနဲ့ ဝိတ်တက်ခြင်း''
Health

ရုပ်ဇီဝ ဖြစ်ပျက်နှေးခြင်းနဲ့ ဝိတ်တက်ခြင်း”

ရုပ်ဇီဝ ဖြစ်ပျက်နှေးခြင်းနဲ့ ဝိတ်တက်ခြင်း” သင့်ရဲ့ ဝိတ်တက်နေမှူ တရားခံဟာ ဇီဝရုပ် ဖြစ်ပျက်မှူ နှေးခြင်းနဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။ ဝိတ်ကျလိုတယ် ဆိုရင် ဇီဝရုပ် ဖြစ်ပျက်မှူ မြန်ဖို့ လိုပါတယ်။ ဇီဝရုပ် ဖြစ်မှူ မြန်လေ ခန္ဓာကိုယ် သွယ်လျ လှပလေပါပဲ။ ။ အချို့ အစားအစာတွေက ဇီဝရုပ် မြင့်တက်မှူကို မြန်စေပြီး အချို့ အစားအစာတွေက ဇီဝရုပ်မြင့်တက်မှူကို နှေးစေပါတယ်။ သင့်ခန္ဓာကိုယ်လေး သွယ်လျ လှပပြီး ဝိတ်တက်မလာချင်ဘူး ဆိုရင် ဇီဝရုပ် ဖြစ်ပျက်မှူ နှေးစေတဲ့ အစာတွေကို ရှောင်ပေးပါ။ ။ အရောင်ချွတ် အစားအစာများ”’ ဆွတ်ဆွတ်ဖြူအောင် ပြုလုပ်ထားတဲ့ ဆန်၊ အဆင့်ဆင့် …

Health

ကင်ဆာကုသမှု ဘေးထွက်ဆိုးကျိုးကို အပ်စိုက်ကုသခြင်းဖြင့် သက်သာ

ကင်ဆာကုသမှု ဘေးထွက်ဆိုးကျိုးကို အပ်စိုက်ကုသခြင်းဖြင့် သက်သာ တက္ကဆတ် ပြည်နယ် ဟူစတန် မြို့ အန်ဒါဆန်ဆေးတက္ကသိုလ် ကင်ဆာဌာန ပါမောက္ခ လောရင်ဇိုကိုဟန် ဦးဆောင် သော အဖွဲ့က ကင်ဆာရောဂါ ကုသရန် အမေရိကန်နှင့် တရုတ် နိုင်ငံမှ လူနာ ၃၃၈ ယောက်ကို ဓာတ်ရောင်ခြည်ပေး ကုသပြီးနောက် ၂စု ခွဲကာ အပ်စိုက် ကုသမှု စမ်းသက်ခဲ့ပါတယ် ။ ဦးခေါင်းနှင့် လည်ပင်း ဆိုင်ရာ ကင်ဆာ ရောဂါသည် များကို ဓာတ်ရောင်ခြည်ပေး ကုသရာမှာ ဘေးထွက် ဆိုကျိုးဖြစ်တဲ့ ခံတွင်း ခြောက်ခြင်းကို ကုသဖို့ အပ်စိုက် ပညာနဲ့ စမ်းသက် ကြည့်တာပါ ။ ဓာတ်ရောင်ခြည် …