အမျိုးသမီးတွေ ရေကူးကန်သွားရင်သတိထား ကိုယ်ဝန်ရတတ်တယ် အင်ဒိုနီးရှားက ဆစ်တီဟစ်ခ်မဝတီ ဆိုတဲ့ ကျန်းမာရေဝန်ကြီးဌာန အကြံပေး ပါမောက္ခ က အမျိုးသမီးတွေ ရေကူးကန်မှာ ရေသွားကူးတဲ့ အခါ အမျိုးသားတွေနဲ့ တစ်ကန်တည်း ကူးမိတယ်ဆိုရင် သတိထားပါတဲ့ ။ အချို့အမျိုးသားတွေရဲ့ သုတ်ကောင်တွေက အံမခန်း အစွမ်းရှိ လို့ နေရင်းထိုင်ရင်း ကိုယ်ဝန် ရသွားနိုင်ပါတယ်လို့ ဆိုလာပါတယ်။ သူမက ဇီဝဗေဒ ဆိုင်ရာသုတေသနစာတမ်းနဲ့ ပါမောက္ခဘွဲ့ကိုယူထား တာပါ။ သန္ဓေအောင်ဖြစ်စဉ်ဆိုင်ရာအချက်အလက်တွေကို ကောင်းစွာသိကြွမ်းပြီး ကလေးတစ်ယောက်ရလာနိုင်တဲ့ ကိစ္စကိုလည်း စာတမ်းပေါင်းများစွာ ရေးထားခဲ့သူပါ။သူမကို ထရိုင်ဘန်းဂျာကာတာ သတင်းဌာနက အင်ဗျူးလုပ်တော့ အထက်ပါ အဆိုကိုပြောခဲ့တာပါ။ အင်တာဗျူးမှာသူမက အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေနဲ့တွဲပြီ ရေကူးတဲ့အခါ အကာအကွယ်ကို လုံခြုံစွာ …
သွေးတိုးကိုထိန်းထားနိုင်လေ နလုံးရောဂါ မစိုးရိမ်ရလေပါပဲ လေ့လာမှုအသစ်တစ်ရပ်က သင့်မှာ နလုံးရောဂါပြင်းပြင်းထန်ထန် ရှိနေရင် သွေးတိုးကိုသာရအောင် ထိန်းထားပါက သင် အသက်ရှည် ရှည် နေနိုင်လိမ့်မယ်လို့ ဆိုတယ်။ ပုံမှန်အားဖြင့် သွေးတိုးက အောက်သွေး ၈၀၊ အပေါ်သွေး ၁၂၀ရှိ ရမှာဖြစ်ပါတယ်။ အသက်အရွယ်ကို လိုက်ပြီး အောက်သွေး ၁၀၀ အပေါ်သွေး ၁၄၀ လောက်အထိရှိ နေနိုင်ပါတယ်။ အဲ့ဒိအနေအထားကို ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်မယ် ဆိုရင် နလုံးရောဂါရှိပေမဲ့လည်း ကိုယ့်အသက်ကို ကြာကြာမွေးနိုင်ပါတယ်။ ဘောစတွန်မြို့ အမျိုးသမီးဆေးရုံနဲ့ ဘာမင်ဂမ် နလုံးအထူးကုဌာန မှာ ဒေါက်တာမူသီယက် ဦးဆောင်တဲ့ သုတေသန အဖွဲ့က နလုံး ဆောင်မှာ လူနာတွေကို သုတေသနလုပ်ရင်း မှတ်တမ်းတင်ထားခဲ့ပြီး …
အသားအရေ ခြောက်သွေ့မှူကို ကာကွယ်ရန် သင့်ရဲ့ မျက်နှာပြင် အသားအရည်ဟာ ခြောက်သွေ့နေပြီး စိုပြေမှူ ကင်းမဲ့နေခဲ့မယ် ဆိုရင် သင့်ရဲ့လှပမှူကို မှေးမှိန် သွားစေမှာ ဖြစ်တယ်ဆိုတာ သင်သိပါရဲ့လား ။ အသားအရေ ခြောက်သွေ့နေတာကြောင့် မျက်နှာပြင် ပေါ်ကို မိတ်ကပ်လိမ်းတဲ့ အခါ အလွန်ကြည့်ရဆိုးပါလိမ့်မယ် ။ ဒါ့အပြင် ယားယံတာ နေထိုင် မကောင်းတာမျိုးလည်း ဖြစ်တတ်ပါတယ် ။ မျက်နှာ သန့်စင်မှူကို ဂရုတစ်စိုက် လုပ်မယ်ဆိုရင် အသားခြောက်ခြင်းမဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ် ။ အားပြင်းဆပ်ပြာရှောင်’ ကြေးချွတ်အားပြင်းတဲ့ ဆပ်ပြာတွေကိုမသုံးပါနဲ့ မျက်နှာသန့်စင်တဲ့ အခါမှာ ကြေးချွတ်အားပြင်းတဲ့ ဆပ်ပြာတွေကို သုံးမိခဲ့ရင် မျက်နှာပြင်မှာရှိတဲ့ သဘာဝ အဆီတွေကို ဖယ်ရှားပစ် နိုင်တာမို့ …
ကောင်းသော အဆီနဲ့ နှလုံးကျန်းမာရေး အဆီ အဆိမ့်စာတွေ စားသုံးခြင်းဟာ နှလုံးကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာ သင်သိပြီး ဖြစ်ပါလိမ့်မယ်။ သင့်နှလုံးအတွက် ကောင်းသော အဆီပါ အစားအစာများ ကို ရွေးချယ်ခြင်း အားဖြင့် ကာကွယ် စောင့်ရှောက်ပါ။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့ အဆီပါ အစားအစာတွေ ကတော့…. ငါး ငါးတွေမှာ အိုမီဂါ၃ ဖက်တီးအက်ဆစ် ဆိုတဲ့ အကျိုးပြုအဆီ ပါဝင်ပါတယ်။ ဆယ်လ်မွန် ၊ မက်ကရာယ် ၊ ဟာအင်း ၊ ဆာဒင်းနဲ့ တူနာ အစရှိတဲ့ငါးတွေဆိုရင် ပိုမို ကောင်းမွန်စွာ ပါဝင်ပါတယ်။ ဒါကြောင့်မို့ ငါးအဆီဟာ နှလုံးကျန်းမာပြီး ဉာဏ်ရည် ထက်မြက်စေနိုင်ပါတယ်။ တစ်ပတ်မှာ နှစ်ကြိမ် …
ဆီးကြိတ်ကင်ဆာကို နိုင်နိုင်နင်းနင်း ကုသလို့ရနေပါပြီ ၂၁ရာစုမှာ လူသားတွေအတွက် အအောင်မြင်ဆုံး အရာကို ပြောပါဆိုရင် ဆေးဝါး နဲ့ ဆေးကုသခြင်း အတတ်ပညာပါပဲ။ လွန်ခဲ့တဲ့ နှစ် ၅၀လောက်က ကု မရဘူးဆိုတဲ့ ရောဂါ တော်တော်များများကို ဒီဖက်ခေတ်မှာ ကုသနိုင်နေပါပြီ။ ဒါပေမဲ့ ဒီနေ့ခေတ်ထိ ဆေးပညာ ရှင်တွေ ကုသဖို့ရော ရောဂါရင်းမြစ် ရှာဖွေဖို့ အတွက်ရော ရုန်းကန်နေရတဲ့ ရောဂါကတော့ ကင်ဆာပါပဲ။ နောက်ဆုံးပေါ် သုတေသနတွေက ကင်ဆာကို စောစီးစွာ ရောဂါသရုပ် ခွဲနိုင်ရင် လူ့အသက်ပေါင်း များစွာကို ကယ်ဆယ်နိုင်တော့မှာ ဖြစ်ပါတယ်။ ဆီးကြိတ်ကင်ဆာက အမျိုးသားတွေမှာ လေးခုမြောက် အဖြစ်များဆုံး ရောဂါတစ်ခုပါ။ ဒါပေမဲ့ ဆီးကြိတ်ကင်ဆာရဲ့၅၀% က …
လေ့ကျင့်ခန်း လုပ်ခြင်း အကျိုး ကိုယ်လက် လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ သင့်အား သွေးကျဆေး ကဲ့သို့ အကျိုး သက်ရောက် စေတယ်ဆိုတာ သင် သိပါရဲ့လား ။ သုတေသီ တွေရဲ့လေ့လာမှု အဆို ပြုချက် အရ သွေးတိုး ရောဂါ ရှိသူပဲ ဖြစ်စေ သွေးတိုး ရောဂါကို ဖြစ်မလာ စေရန် ကာကွယ် ချင်လို့ပဲဖြစ်စေ သင်ဟာ ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်း တစ်ခုခုကို ပြုလုပ် ပေးရမယ်လို့ ဆိုပါတယ် ။ ဗြိတိန် သုတေသီ တို့ရဲ့ လေ့လာမှု ၁၉၄ ခုရဲ့ အကျိုး သက်ရောက်ပုံ ကို လေ့လာမှုပေါင်း …
ညဥ့်နက်မှ အစာစားတတ်တဲ့ကလေးတွေ ကျန်းမာရေးထိခိုက်နိုင် မြို့နေ လူတန်းစာတွေက ညဆိုရင် တော်ရုံနဲ့မအိပ်တတ်ကြတော့ ညလယ်စာကို ညစာလိုပဲ တဝစားတတ်လာတတ်ကြပါတယ်။ လွန်ခဲ့တဲ့ အနှစ်၂၀ လောက်ကဆိုရင် ည ၉ နာရီဆိုတာ ရေဒီယိုက ဇာတ်လမ်းပမာနားဆင်စရာပြီးလို့ ကလေးတွေ အိပ်စက်ကြဖို့ ပြင်ကြပါတယ် ။ ည ၉ နာရီဆိုတာ တော်တော် နောက်ကျနေပါပြီ။ ဒါပေမဲ့အခုခေတ်မှာတော့ ည၁၁ နာရီဆိုတာ နောက်ကျတယ်လို့ မထင်သေးပါဘူး ။ အနည်းဆုံး ည၁၂ နာရီလောက်ကျမှ အိပ်ကြတာဆိုတော့ ညလယ်စာ ကမဖြစ်မနေစားဖြစ်သွားပါတယ် ။ ညနေ ၆နာရီ ၇ နာရီလောက်မှာ စားထားတဲ့ညစာကလည်း ကျေနေလောက်ပါပြီ ။ ညလယ်စာဆိုတာကလည်း စွဲလမ်းစေတတ်တဲ့ အရာဖြစ်ပါတယ် …
ကျန်းမာကြံခိုင်ဘို့ သင့် ခန္ဓာကိုယ် ကျန်းမာ ကြံခိုင်ဖို့ သင်နဲ့ သင့်တော်မဲ့ လေ့ကျင့်ခန်းများကိုသာ ရွေးချယ်ပါ ။ သင်ဟာ သီးခြား နေထိုင်တတ်သူ ဖြစ်ရင် အများနဲ့ မရောယှက် စေမဲ့ လေ့ကျင့်ခန်း များကို ရွေးချယ်ပါ ။ ဥပမာ … ရေကူးခြင်း ၊ စက်ဘီး စီးခြင်း ၊ လမ်းလျှောက်ခြင်း ၊ ပြေးခြင်း စတဲ့ လေ့ကျင့်ခန်း များကို ပြုလုပ်ပါ ။ ဒါမှမဟုတ် အားကစား ခန်းမမှာ နည်းပြ ဆရာနဲ့ လေ့ကျင့်ခြင်း မျိုးကလည်း သင့်ကို အစဉ်ပြေ စေနိုင် ပါတယ် ။ သင်က အပေါင်း …
လေဖြတ်နေသူတွေအတွက် သတင်းကောင်းတစ်ရပ် ဟူဆန်မြို့က မက်သဒစ် ဆေးရုံ လေဖြတ်လေငန်း ရောဂါဌာနက လေဖြတ်လေငန်း ရောဂါသည်တွေကို ဦးနှောက်ကနေ သံလိုက်လှိုင်းနဲ့ လှုံ့ဆော်ပေးတာက ရောဂါသက်သာ စေတာကို တွေ့ရှိခဲ့တယ်လို့ ဆိုတယ် ။ သူတို့က သံလိုက်လှိုင်း လှုံ့ဆော်ကရိယာကို တီထွင်ပြီး နောက်မှာ အကြိုစမ်းသက် ကုသမှုတွေကို လုပ်နေပါတယ် ။ တိုးတက်မှုတွေ ရနေပေမဲ့ ဘေးထွက်ဆိုးကျိုး ကို လေ့လာနေတုန်း ဖြစ် ပါတယ် ။ အဲ့ဒိ ကရိယာကို တစ်ရက်လျှင် တစ်နာရီမျှ ဝတ်ဆင်ထားပါက ဦးနှောက်အတွင်း ကြွက်သားလှုတ်ရှားမှု ထိန်းချုပ်ခန်းက ဆဲလ်တွေကို သန်စွမ်းလာအောင် လုပ်ပေးနိုင်လို့ လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့လည်း ဆိုပါတယ် ။ ခေါင်စွတ်ပုံစံ …
အာရှ ရှက်သွေးလို့ ခေါ်တဲ့ အရက်သောက်လို့ မျက်နှာ နီလေ့ရှိတယ်ဆိုရင် သတိထား အရက်ဖြစ်ဖြစ် ဘီယာ ဖြစ်ဖြစ် သောက်ပြီးတဲ့ အခါမှာ မျက်နှာတွေ အရေပြားတွေ နီလာတယ် ဆိုရင်တော့ ကျနော်တို့ အတွက် ကျန်းမာရေး ဆိုင်ရာ စိတ်မကောင်းစရာ သတင်း တစ်ခုကို ကြားခဲ့ ရတယ် ။ စတန်းဖို့ တက္ကသိုလ် ဆေးပညာ ဌာနရဲ့ လေ့လာမှု တစ်ခုအရ အသားအရေ နီရခြင်း အကြောင်းက ALDH2 လို့ခေါ်တဲ့ ဓာတ်ပေါင်း တစ်မျိုး ပေါ်လာလို့ပဲ ဖြစ်တယ်လို့ ဆိုတယ် ။ အဲ့ဒိ ဓာတ်ပေါင်းက အယ်လ်ဇိုင်းမား ရောဂါကို ဖြစ်စေနိုင်တဲ့ အခြေခံ ဓာတ်ပေါင်း …
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | 5 | 6 | 7 |
8 | 9 | 10 | 11 | 12 | 13 | 14 |
15 | 16 | 17 | 18 | 19 | 20 | 21 |
22 | 23 | 24 | 25 | 26 | 27 | 28 |
29 | 30 | 31 |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |