Parasite မွေတဲ့မီး တောင်ကိုရီးယား အွန်လိုင်းပေါ်မှာလောင်နေပြီ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့က ဟောလီးဝုဒ်မှာ အော်စကာဆု ၄ဆုကို သိမ်းယူခဲ့တဲ့ ဒါရိုက်တာ ဘွန်ဂျွန်ဟို ရိုက်တဲ့Parasite ရုပ်ရှင်ကားကြောင့် တောင်ကိုရီးယား အွန်လိုင်းပေါ်မှာ တိုက်ပွဲတွေပြင်းထန်နေခဲ့ပါတယ်။ ဗရွတ်ရွှတ်တ ပြက်လုံးတွေနဲ့ အဲ့ဒိ ရုပ်ရှင်ကားက ချမ်းသာတဲ့ပတ်ခ် မိသားစုနဲ့ ဆင်းရဲတဲ့ ကင်မ်မိသားစု ၂စုကို အခြေခံပြီးရိုက်ထားတာပါ။ အာရှတိုက်ရဲ့ စတုတ္ထမြောက် စီပွားရေးအင်အား အကြီးဆုံးနိုင်ငံက လူတန်းစားမညီမျှမှုကို ရောင်ပြန်ဟတ်စေတဲ့ရုပ်ရှင်ပါ။ အင်္ဂလိပ်စကားပြောမဟုတ်တဲ့ ရုပ်ရှင်ကားတစ်ကားက အကောင်းဆုံးဇာတ်ကားအဖြစ် အော်စကာဆုရလိုက်တော့ သမိုင်းဝင်သွားတဲ့အပြင် ကိုရီးယားမီဒီယာ တွေမှာလည်း အကြီးအကျယ် အောင်ပွဲခံလိုက်ရတဲ့ ရုပ် ရှင် ဖြစ် သွား ပါ တယ်။ ဇာတ်ကားကပေးတဲ့ …
ဘဝက သံပုရာသီးပေးရင် သံပုရာဖျော်ရည်လုပ်သောက်လိုက်ပါ လို့ဆိုလာတဲ့ အီရာဖန်ခန် လူတစ်ယောက်အတွက် အဆင်ပြေချောမွေ့တယ်ဆိုတာအမြဲ အစဉ်မရှိပါဘူး။ အောင်မြင်ခြင်းတွေ ရှိသလို ရှုံးနိမ့်ခြင်းတွေလည်း ရှိပါတယ်။ ဘဝက ကျနော်တို့ကို အမျိုးမျိုးဆက်ဆံကြပါတယ်။ တစ်ခါတစ်လေ အချိုတွေနဲ့ ဖျားယောင်ပြီးနောက် အခါးကို ရက်ရက် စက်စက် ထည့်ပေးတတ်ကြတယ်။ ဘဝရဲ့မာယာအောက်မှာ ကျနော်တို့တွေ စမ်းတဝါးဝါးနဲ့ လျှောက်နေရတာပါ။ သူပြတဲ့ လမ်းပြ မြေပုံကို နားလည်သလိုဖတ်ပြီး ကိုယ်ထင်တဲ့လမ်းကို ရမ်းလျှောက်နေရတာပါ။ အီရာဖန်ခန်ကတော့ ဘဝကို ခါးစောင်း တင်နေ ကြည့်တာပါ။ ကင်ဆာရောဂါကြောင့်ဘဝကို အရှုံးပေးရတော့မယ့် အခြေအနေမျိုးမှာတောင် သူက Angrezi Medium ရုပ်ရှင်ကားကို ရအောင်ရိုက်ဖြစ်ခဲ့ပါတယ်။ အဲ့ဒိကား အစမ်းကားမပြခင်မှာ သူက သူ့ရဲ့စိတ်ခံစားမှုဆိုင်ရာကိစ္စ ကိုဗီဒီယိုဖိုင်နဲ့ …
ဇာတ်လမ်းတွဲရိုက်ဖို့ ကမ်းလှမ်းခံရတဲ့ ဇာဇာထက် Sexy မော်ဒယ်အနေနဲ့ ပရိသတ်တွေ သိကြတဲ့ မော်ဒယ် ဇာဇာထက်ကို ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ အတွက် ကမ်းလှမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ မော်ဒယ်ဇာဇာထက်ကို ဇာတ်လမ်းတွဲရိုက်ကူးရန် xxxxx ထုတ်လုပ်ရေးက ကမ်းလှမ်းခဲ့တာဖြစ်ပြီး သူမအနေနဲ့ ရိုက်ကူးရန် ဆုံးဖြတ်ချက် မပြုလုပ်ရသေးကြောင်း ပြောပါတယ်။ ” ဇာတ်လမ်းတွဲရိုက်ဖို့က အစ်မကိုလာကမ်းလှမ်းတာပါ။ဆယ်လီ အများကြီးပါတယ်ပြောတယ်။အစ်မကို ဇာတ်လမ်းတွဲမှာ ထည့်ရိုက်ဖို့ကို meeting လုပ်ပြီးဆုံးဖြတ်ပြီးရင် ပြန်ပြောမယ် ပြောထားတာ။ မနေ့က အကြောင်းပြန်တယ်။ ခေါ်ရိုက်မယ်ပေါ့ ။အစ်မဘက်ကတော့ ရိုက်ဖို့ကို ဇာတ်ညွှန်းတစ်ချက် ကြည့်ရဦးမယ်။အစ်မက ဇာတ်ကားမှာ လုပ်ကွက်ရလား။ဗီလိန်လား၊ ဘယ်လိုဇာတ်ရုပ်ကျမလဲ။ မသိသေးဘူး။ အဲဒီတော့ အဲဒါတစ်ချက်ကြည့်ရဦးမယ်။အစ်မ တစ်ခုပဲစိုးရိမ်တာ။ရှေ့မှာ နမူနာ ယူစရာ …
သင့်ဆီမှာ ရက်လွန် ပစ္စည်းတွေ ရှိနေလား’ ကျွန်မ တို့ လူမျိုး အများ စု ရဲ့ အမူ အကျင့် တစ်ခု ကတော့ ပစ္စည်း တစ်ခုခု ကို မပျက် ယွင်းမ ချင်း သုံးနေ တတ်တာ ပါပဲ ရက်လွန်တာ မလွန်တာ မသိ မပျက် စီးသ၍ မလဲလှယ် တတ်ကြပါ။ ဒါဟား မှားယွင်းတဲ့ အယူ အဆ တစ်ခုပါ။ ။ အချို့ ပစ္စည်းတွေက မပျက်စီး သော်လည်း မကြာ ခဏ လဲလှယ် သင့်တာမျိုး ပါ။ မလဲပဲ ပေတေ အသုံး ပြုမိရင် မလိုလား …
ခွေးလေးကယ်လိုက်လို့ အသက်ရှင်ရတဲ့မိသားစု မီချီဂန်မိသားစုက သူတို့အသက်ကိုကယ်လိုက်တဲ့ ခွေးကလေးကို ကျေးဇူတင်မဆုံး ဖြစ်နေပါတယ်။ ခွေးလေးက အိမ်နောက်ဖေးက မီးဖိုချောင်ကနေ အသက်အန္တရာယ်ဖြစ်စေတဲ့ ကာဗွန်မိုနောက်ဆိုက်တွေ ထွက်နေတာကို သိလို့ သူတို့ကို ဟောင်ပြီးသတိပေးတဲ့ အတွက်ကြောင့်ပါ။ ဒန်နီနဲ့ ဂယ်ရီစမစ်တို့ စုံတွဲမှာ ၁၃နှစ်အရွယ် တယ်ရီယာ ခွေးလေး ရက်စကယ် ရှိပါတယ်။ သူတို့က ခွေကလေးက သူတို့ ကိုကြည့်ကြည့်ပြီး ဟောင်နေတယ်လို့ ပြောပါတယ်။ “ပြီးခဲ့တဲ့အဂါင်္နေ့ကပေါ့ ။ ရက်စကယ်ကို အရင်လိုပဲ လှမ်း ခေါ် တယ်။ ဒါပေမဲ့သူက မ လာ ဘူး။ သူက မီးဖိုချောင်ဖက်ကို ကြည့်ပြီးထိုးဟောင်နေတယ်။ ကျမတို့က တစ်ခုခု ထူးခြားလို့လားဆိုပြီး မီးဖိုချောင်ထဲကို သွားကြည့်ကြတယ်။ …
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ဆိုတာ ၁၈၈၉ခုနှစ် ဖေဖော်ဝါလ ၁၁ရက်နေ့ က ဘီစီ၆၆၀က ဂျပန်နိုင်ငံတည်ထောင်ခြင်း နှစ်ပတ်လည်နေဖြစ်တဲ့အပြင် ဂျပန်အခြေခံဥပဒေကို ပြဌန်းပြီး ဂျပန်ဒိုင်ယက်လွှတ်တော်ကို ဖြစ်တည်စေခဲ့တဲ့နေ့ပါ။ အာရှမှာ ဉာဏ်ပညာအပြည့်စုံဆုံးဆိုတဲ့ မင်းဆက်ကိုပြောပါဆိုရင် ဂျပန်မေဂျီမင်းဆက်လို့ပဲပြောရမှာပါ။ တိုင်းပြည်ကိုပြုပြင်ပြောင်းလဲတဲ့အခါမှာ သွေးမြေမကျစေဘဲ။ အညင်းသာဆုံး ပြောင်း လဲ နိုင် ခဲ့ ပါ တယ်။ ။ ဒီကနေ့အထိလည်း မင်းဆက်ရဲ့ သြဇာက မကျဆင်းသေးပါဘူး။ မေဂျီအခြေခံဥပဒေအရ ၁၈၉၀ နိုဝင်ဘာ၂၉မှာသက်ဝင်ခဲ့ပြီး ၁၉၄၇ မေလ၂ရက်နေ့မှာအသစ်ပြန်လည်ရေးဆွဲခဲ့ပါတယ်။ မေဂျီဘုရင်က အခြေံဥပဒေကိုရေးဆွဲဖို့အတွက် နှစ်၂၀ ကျော်ကြိုးစားခဲ့ပါ တယ်။ သက်ဦးဆံပိုင် ဘုရင်စနစ်နဲ့ ပရက်ရှား အခြေခံ ဥပဒေရယ် ဗြိတိန် အခြေခံ ဥပဒေတို့ကို …
ဘောလီးဝုဒ် ဖက်ရှင်လောကမှာ ထိပ်ဆုံးကိုရောက်လာတဲ့ လက်ပွားမင်းသား ဟရိသက်ခ် ဘောလီးဝုဒ်မှာ လက်ပွားမင်းသားလို့ လူသိများတဲ့ ဟရိသက်ခ် ရိုရှန်က အိန္ဒိယမှာ ဖက်ရှင် အိုင်ကွန်တစ်ယောက် ဖြစ်လာပါပြီ။ သူ့ကို အဝတ်အစားတွေ ဆင်ပေးတဲ့ ဂိမ်းထွက်လာပြီးနောက်မှာတော့ သူ့ရဲ့စတိုင်တွေက လူမှုကွန်ရက်မှာ ပြန့်နှံ့ကာ လူကြည့်အများဆုံး ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ စတိုင်ကို ပရိသက်ကြိုက်ကြရတဲ့ အကြောင်းကတော့ သူ့ဖက်ရှင်တွေက ရိုးရှင်းတဲ့အတွက်ဖြစ်ပါတယ်။ သူဝတ်တဲ့ အဝတ်အစားတွေက ဆင်းရဲတဲ့သူတွေတောင် တုပ ဝတ်စားလို့ရတဲ့ပုံစံတွေ ဖြစ်တဲ့အတွက် သူ့စတိုင် ဖန်တွေ များလာတာပါ။ သူအများဆုံးဝတ်တဲ့ အပေါ်ဝတ်ကတော့ လည်ထောင်တီရှပ်လက်ရှည်ပါ။ အဲ့ဒိ ဒီဇိုင်းကို သူက မကြာခဏ ဝတ်ပြလေ့ရှိပါတယ်။ ရာသီဥတုနဲ့ လိုက်ဖက်ပြီး ယုံကြည်မှုမြင့်တဲ့ ပုံစံပါ။ …
အိပ်ငိုက်လွန်သွားတဲ့ မော်ရင်ဟို ဂတုံးဖြစ်သွား ပြီးခဲ့တဲ့ စနေနေ့က ချန်ပီယံလိဂ်မှာ စပါးနဲ့ ယှဉ်ပြိုင်ကစားမယ့် RB Leipzig အသင်းကို လေ့လာဖို့အတွက် စပါးမန်နေဂျာ မော်ရင်ဟို တစ်ယောက် ဂျာမဏီကို သွားခဲ့ပါတယ်။ ဂျာမဏီ ရောက်တော့ လစ်ပ်ဇစ်မြို့က ဆံပင်ညပ်ဆိုင် တစ်ဆိုင်သွားပြီး ဆံပင်ညပ်တာ မောမော နဲ့ အိပ်ပျော်သွားလို့ အိပ်ရာက နိုးတော့ ဆံပင်က ကုန်သလောက် ဖြစ်နေတယ် ။ ။ ဒါကြောင့်မထူး ဘူးဆိုပြီး နံပါတ် ၁ ဂတုံး ဆံပင်ပေါက် ပုံပဲ ညပ်ခိုင်းလိုက် ရပါတယ်။ အခုတော့ မော်ရင်ဟိုက ဂတုံးကေနဲ့ မော်ရင်ဟို ဖြစ်သွားပါပြီ။ စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ သူက …
စိတ်ကလေးရယ်တဲ့ပျိုစေလို””’ သင်တို့ ကျွန်ုပ်တို့ နေ့တစ်ဓူဝ ဖြတ်သန်း လျှောက်လှမ်းနေကြရတဲ့ လောကလမ်းတွေဟာ အစဉ်အမြဲ မချောမွေ့နိုင်ပါဘူး။ ရေစီးတစ်ခါ ရေသာတစ်လှည့် ဆိုသလိုပဲ ဆိုးတစ်လှည့် ကောင်းတစ်ခါ လည်ပတ်နေကြရတာမို့ စိတ်ညစ်ညူးတာတွေ စိတ်မပျော်ပိုက်တာတွေ များလာတဲ့အခါ သင့်ရုပ်ဟာ နုပျိုခြင်းကင်းပြီး အရွယ်မတိုင်ခင် ရုပ် ရင့် လာ မှာ ဖြစ် ပါ တယ်။ဘယ်သို့ပင် ဖြစ်စေ ရုပ်ရော စိတ်ကိုပါ နုပျို လန်းဆန်းမှူ ရဖို့တော့ မိမိတို့ ကိုယ်တိုင် အားထုတ်ရမှာပဲ ဖြစ်ပါတယ်။ဘာတွေနဲ့ ဘယ်လို စိတ်ကို ပျော်ရွှင် နုပျိုရမှာလည်းလို့ သိပ်မတွေးပါနဲ့ သင်နဲ့ လက်တစ်ကမ်းမှာ ရှိနေတဲ့ စိတ်ပျိုဆေးတွေကို မေ့ မ နေ …
၂၀၂၀ အော်စကာဆုပေးပွဲ ဆုရစာရင်း မနေ့က (တနင်္ဂနွေနေ့ ) ညနေမှာ ဟောလီးဝုဒ်က ဒိုဘီ သီရေတာမှာ ၂၀၁၉ခုနှစ်အတွက် ၉၂ကြိမ်မြှောက်အော်စကာဆုပေးပွဲ ချီးမြှင့်ခဲ့ပါတယ်။ ပကာသနတွေ ထုံမွှမ်းနေတဲ့ ပွဲကြီးမှာ အရှေ့ အာရှက ရုပ်ရှင်ကား တစ်ကားက ထိုးဖောက်နေရာယူလာတော့ အားလုံးအတွက် အံ့အားသင့်စရာတွေရော ချီးကျူးထောပနာပြုစရာတွေပါပါလာပါတယ်။ အများထင်ထားသလို Joker ရုပ်ရှင်ကားက ဆုတော်တော်များများကိုသိမ်းပိုက်သွားမယ်လို့ ထင်ခဲ့တာတွေက နည်းနည်းလွဲသွားခဲ့ပါတယ်။ ရသင့်ရထိုက်တဲ့ကားတွေဖြစ် လို့ကျေနပ်စရာကောင်းပါတယ်။ Parasite – နိုင်ငံတကာ အကောင်းဆုံး ရုပ်ရှင်ဆု ၊ မူရင်းဇာတ်ညွှန်းဆု (Bong Joon-ho) ၊ ဒါရိုက်တာ ဆု 1917 – အမြင်အထူးပြုလုပ်ချက်ဆု၊ ကင်မရာဆု (Roger Deakins) …
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | 5 | 6 | 7 |
8 | 9 | 10 | 11 | 12 | 13 | 14 |
15 | 16 | 17 | 18 | 19 | 20 | 21 |
22 | 23 | 24 | 25 | 26 | 27 | 28 |
29 | 30 | 31 |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |