ဖေဖော်ဝါရီလ ၁၁ ရက်နေ့ဆိုတာ
Entertainment

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ဆိုတာ

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ဆိုတာ ၁၈၈၉ခုနှစ် ဖေဖော်ဝါလ ၁၁ရက်နေ့ က ဘီစီ၆၆၀က ဂျပန်နိုင်ငံတည်ထောင်ခြင်း နှစ်ပတ်လည်နေဖြစ်တဲ့အပြင် ဂျပန်အခြေခံဥပဒေကို ပြဌန်းပြီး ဂျပန်ဒိုင်ယက်လွှတ်တော်ကို ဖြစ်တည်စေခဲ့တဲ့နေ့ပါ။ အာရှမှာ ဉာဏ်ပညာအပြည့်စုံဆုံးဆိုတဲ့ မင်းဆက်ကိုပြောပါဆိုရင် ဂျပန်မေဂျီမင်းဆက်လို့ပဲပြောရမှာပါ။ တိုင်းပြည်ကိုပြုပြင်ပြောင်းလဲတဲ့အခါမှာ သွေးမြေမကျစေဘဲ။ အညင်းသာဆုံး ပြောင်း လဲ နိုင် ခဲ့ ပါ တယ်။ ။ ဒီကနေ့အထိလည်း မင်းဆက်ရဲ့ သြဇာက မကျဆင်းသေးပါဘူး။ မေဂျီအခြေခံဥပဒေအရ ၁၈၉၀ နိုဝင်ဘာ၂၉မှာသက်ဝင်ခဲ့ပြီး ၁၉၄၇ မေလ၂ရက်နေ့မှာအသစ်ပြန်လည်ရေးဆွဲခဲ့ပါတယ်။ မေဂျီဘုရင်က အခြေံဥပဒေကိုရေးဆွဲဖို့အတွက် နှစ်၂၀ ကျော်ကြိုးစားခဲ့ပါ တယ်။ သက်ဦးဆံပိုင် ဘုရင်စနစ်နဲ့ ပရက်ရှား အခြေခံ ဥပဒေရယ် ဗြိတိန် အခြေခံ ဥပဒေတို့ကို …

ဘောလီးဝုဒ် ဖက်ရှင်လောကမှာ ထိပ်ဆုံးကိုရောက်လာတဲ့ လက်ပွားမင်းသား ဟရိသက်ခ်
Entertainment

ဘောလီးဝုဒ် ဖက်ရှင်လောကမှာ ထိပ်ဆုံးကိုရောက်လာတဲ့ လက်ပွားမင်းသား ဟရိသက်ခ်

ဘောလီးဝုဒ် ဖက်ရှင်လောကမှာ ထိပ်ဆုံးကိုရောက်လာတဲ့ လက်ပွားမင်းသား ဟရိသက်ခ် ဘောလီးဝုဒ်မှာ လက်ပွားမင်းသားလို့ လူသိများတဲ့ ဟရိသက်ခ် ရိုရှန်က အိန္ဒိယမှာ ဖက်ရှင် အိုင်ကွန်တစ်ယောက် ဖြစ်လာပါပြီ။ သူ့ကို အဝတ်အစားတွေ ဆင်ပေးတဲ့ ဂိမ်းထွက်လာပြီးနောက်မှာတော့ သူ့ရဲ့စတိုင်တွေက လူမှုကွန်ရက်မှာ ပြန့်နှံ့ကာ လူကြည့်အများဆုံး ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ စတိုင်ကို ပရိသက်ကြိုက်ကြရတဲ့ အကြောင်းကတော့ သူ့ဖက်ရှင်တွေက ရိုးရှင်းတဲ့အတွက်ဖြစ်ပါတယ်။ သူဝတ်တဲ့ အဝတ်အစားတွေက ဆင်းရဲတဲ့သူတွေတောင် တုပ ဝတ်စားလို့ရတဲ့ပုံစံတွေ ဖြစ်တဲ့အတွက် သူ့စတိုင် ဖန်တွေ များလာတာပါ။ သူအများဆုံးဝတ်တဲ့ အပေါ်ဝတ်ကတော့ လည်ထောင်တီရှပ်လက်ရှည်ပါ။ အဲ့ဒိ ဒီဇိုင်းကို သူက မကြာခဏ ဝတ်ပြလေ့ရှိပါတယ်။ ရာသီဥတုနဲ့ လိုက်ဖက်ပြီး ယုံကြည်မှုမြင့်တဲ့ ပုံစံပါ။ …

စပိန်မှာ ရီးရဲလ် ဘာကာ ကြီးစိုးနေတာကို ရပ်တန့်လိုက်တာပါ လို့ဆို
Entertainment

စပိန်မှာ ရီးရဲလ် ဘာကာ ကြီးစိုးနေတာကို ရပ်တန့်လိုက်တာပါ လို့ဆို

စပိန်မှာ ရီးရဲလ် ဘာကာ ကြီးစိုးနေတာကို ရပ်တန့်လိုက်တာပါ လို့ဆို စပိန်လာလီဂါ ဘီဘာအို အသင်းက တိုက်စစ်မှူး အဒူရာဇစ်ကစပိန် ဘောလုံးလောကကို ရီးရဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာတို့ပဲ ကြီးစိုးနေတာတွေက ညီးငွေ့ဖို့ကောင်းနေပြီ ရပ်တန့်ဖို့ အချိန်တန်ပြီလို့ ဆိုတယ်။ သူက အဲ့ဒိစကားကို ပြီးခဲ့တဲ့အပတ် စပိန် ဘုရင့်ဖလားမှာ ဘာစီလိုနာ အသင်းကို ၁-ဝ ဂိုး နဲ့ နိုင်ပြီးနောက်မှာ ပြော လိုက် တာ ပါ။ ။ အဲ့ဒိပွဲမှာ ဘာကာနောက်တန်းလူ ဆာဂျီယို ဘက်စ်ကတ်က ကိုယ်ဂိုးကိုယ်သွင်းမိလို့ ဘာကာအသင်းက ပြိုင်ပွဲက ထွက်ခွာပေးလိုက်ရပါတယ်။ သူက လာလီဂါ အမှတ်ပေးပြိုင်ပွဲတွေနဲ့ စပိန်ဘုရင့်ဖလားလို အဓိကပြိုင်ပွဲတွေမှာ ရီးရဲလ်နဲ့ …

အိပ်ငိုက်လွန်သွားတဲ့ မော်ရင်ဟို ဂတုံးဖြစ်သွား
Entertainment

အိပ်ငိုက်လွန်သွားတဲ့ မော်ရင်ဟို ဂတုံးဖြစ်သွား

အိပ်ငိုက်လွန်သွားတဲ့ မော်ရင်ဟို ဂတုံးဖြစ်သွား ပြီးခဲ့တဲ့ စနေနေ့က ချန်ပီယံလိဂ်မှာ စပါးနဲ့ ယှဉ်ပြိုင်ကစားမယ့် RB Leipzig အသင်းကို လေ့လာဖို့အတွက် စပါးမန်နေဂျာ မော်ရင်ဟို တစ်ယောက် ဂျာမဏီကို သွားခဲ့ပါတယ်။ ဂျာမဏီ ရောက်တော့ လစ်ပ်ဇစ်မြို့က ဆံပင်ညပ်ဆိုင် တစ်ဆိုင်သွားပြီး ဆံပင်ညပ်တာ မောမော နဲ့ အိပ်ပျော်သွားလို့ အိပ်ရာက နိုးတော့ ဆံပင်က ကုန်သလောက် ဖြစ်နေတယ် ။ ။ ဒါကြောင့်မထူး ဘူးဆိုပြီး နံပါတ် ၁ ဂတုံး ဆံပင်ပေါက် ပုံပဲ ညပ်ခိုင်းလိုက် ရပါတယ်။ အခုတော့ မော်ရင်ဟိုက ဂတုံးကေနဲ့ မော်ရင်ဟို ဖြစ်သွားပါပြီ။ စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ သူက …

စိတ်ကလေးရယ်တဲ့ပျိုစေလို'''''
Entertainment

စိတ်ကလေးရယ်တဲ့ပျိုစေလို””’

စိတ်ကလေးရယ်တဲ့ပျိုစေလို””’ သင်တို့ ကျွန်ုပ်တို့ နေ့တစ်ဓူဝ ဖြတ်သန်း လျှောက်လှမ်းနေကြရတဲ့ လောကလမ်းတွေဟာ အစဉ်အမြဲ မချောမွေ့နိုင်ပါဘူး။ ရေစီးတစ်ခါ ရေသာတစ်လှည့် ဆိုသလိုပဲ ဆိုးတစ်လှည့် ကောင်းတစ်ခါ လည်ပတ်နေကြရတာမို့ စိတ်ညစ်ညူးတာတွေ စိတ်မပျော်ပိုက်တာတွေ များလာတဲ့အခါ သင့်ရုပ်ဟာ နုပျိုခြင်းကင်းပြီး အရွယ်မတိုင်ခင် ရုပ် ရင့် လာ မှာ ဖြစ် ပါ တယ်။ဘယ်သို့ပင် ဖြစ်စေ ရုပ်ရော စိတ်ကိုပါ နုပျို လန်းဆန်းမှူ ရဖို့တော့ မိမိတို့ ကိုယ်တိုင် အားထုတ်ရမှာပဲ ဖြစ်ပါတယ်။ဘာတွေနဲ့ ဘယ်လို စိတ်ကို ပျော်ရွှင် နုပျိုရမှာလည်းလို့ သိပ်မတွေးပါနဲ့ သင်နဲ့ လက်တစ်ကမ်းမှာ ရှိနေတဲ့ စိတ်ပျိုဆေးတွေကို မေ့ မ နေ …

ဂန္ထဝင်ဘောလုံးသမားကြီး စိတ်ကျရောဂါဖြစ်နေ
Entertainment

ဂန္ထဝင်ဘောလုံးသမားကြီး စိတ်ကျရောဂါဖြစ်နေ

ဂန္ထဝင်ဘောလုံးသမားကြီး စိတ်ကျရောဂါဖြစ်နေ ဂန္ထဝင်ဘောလုံးသမားကြီးပီလီ (၇၉ နှစ်) က တင်ပါးဆုံး ခွဲစိတ်ပြီးနောက်မှာ နာလန် ပြန်ထဖို့ ရုန်းကန်နေရာမှ အများပြည်သူနဲ့ အထိအတွေ့ မ ရှိ ဖြစ် နေ ပါ တယ်။သူ့သား အီဒင်ဟိုက ဘရာဇီးသားကြီး ပီလီက ကျန်းမာရေး မကောင်းလို့ စိတ်ဓာတ်ကျပြီး အိမ်ပြင်ထွက်ရမှာကို ရှက် နေ တယ် လို့ ဆို တယ်။ အခုလာမယ့် အောက်တိုဘာလဆိုရင် ဘရာဇီးတိုက်စစ်မှူးဟောင်းကြီးက အသက် ၈၀ ပြည့် ပါ ပြီ။ ။ တင်ပါးဆုံရိုး ကျိုးပြီးနောက် လမ်းမလျှောက်နိုင်လို့ အထောက်အကူ ယူနေရတာ နှစ် အ တော် ကြာ …

၂၀၂၀ အော်စကာဆုပေးပွဲ ဆုရစာရင်း
Entertainment

၂၀၂၀ အော်စကာဆုပေးပွဲ ဆုရစာရင်း

၂၀၂၀ အော်စကာဆုပေးပွဲ ဆုရစာရင်း မနေ့က (တနင်္ဂနွေနေ့ ) ညနေမှာ ဟောလီးဝုဒ်က ဒိုဘီ သီရေတာမှာ ၂၀၁၉ခုနှစ်အတွက် ၉၂ကြိမ်မြှောက်အော်စကာဆုပေးပွဲ ချီးမြှင့်ခဲ့ပါတယ်။ ပကာသနတွေ ထုံမွှမ်းနေတဲ့ ပွဲကြီးမှာ အရှေ့ အာရှက ရုပ်ရှင်ကား တစ်ကားက ထိုးဖောက်နေရာယူလာတော့ အားလုံးအတွက် အံ့အားသင့်စရာတွေရော ချီးကျူးထောပနာပြုစရာတွေပါပါလာပါတယ်။ အများထင်ထားသလို Joker ရုပ်ရှင်ကားက ဆုတော်တော်များများကိုသိမ်းပိုက်သွားမယ်လို့ ထင်ခဲ့တာတွေက နည်းနည်းလွဲသွားခဲ့ပါတယ်။ ရသင့်ရထိုက်တဲ့ကားတွေဖြစ် လို့ကျေနပ်စရာကောင်းပါတယ်။ Parasite – နိုင်ငံတကာ အကောင်းဆုံး ရုပ်ရှင်ဆု ၊ မူရင်းဇာတ်ညွှန်းဆု (Bong Joon-ho) ၊ ဒါရိုက်တာ ဆု 1917 – အမြင်အထူးပြုလုပ်ချက်ဆု၊ ကင်မရာဆု (Roger Deakins) …

ဖေဖော်ဝါရီလ၁၀ရက်နေ့ဆိုတာ
Entertainment

ဖေဖော်ဝါရီလ၁၀ရက်နေ့ဆိုတာ

ဖေဖော်ဝါရီလ၁၀ရက်နေ့ဆိုတာ ၁၉၄၀ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အမေရိကန် ကာတွန်း ဟာသ ရုပ်ရှင် ဇာတ်လမ်းတိုလေးကို စပြခဲ့ပါတယ်။ ရုပ်ရုင်ရုံပေါင်း ၁၆၁ ရုံမှာ အစမ်းကားအနေနဲ့ ပြတာပါ။ ဇာတ်လမ်းတိုလေးအပြီမှာ ပရိသက်က ကြိုက်လွန်းလို့ လက်ခုပ် လက်ဝါးတီးပြီး အားပေးခဲ့ကြတယ်။ အဲ့ဒိဇာတ်လမ်းတိုလေးကို ဖန်တီးသူ ဝီလျှံဟာနာနဲ့ ဂျိုးဇတ်ဘာဘရာတို့က TOM AND JERRYကိုမွေးဖွားဖို့ဖြစ်လာတာပါပဲ။ အချစ်နဲ့အ မုန်း ပတ်သက်မှုတွေကို အခြေခံထားတဲ့ တွမ်နဲ့ဂျယ်ရီ ဇာတ်လမ်းတွဲ ကိုလူတွေနှစ်ခြိုက်စွဲလမ်းခဲ့ကြပါတယ်။ တွမ်နဲ့ဂျယ်ရီ ဇာတ်လမ်းတွဲ မဖြစ်ခင်ရုံတင်ခဲ့တဲ့ ဇာတ်လမ်းတို puss and boot ဖြစ်ပြီး အစေခံ မိန်မကြီးရဲ့ ဖိနပ် ၂ဖက်နဲ့ ကြောင်လေးတစ်ကောင်ရဲ့ …

ပေါ့ဘာကို မန်စီတီးနဲ့ လီဗာပူးတို့ ဒီနွေမှာ အပြိုင်ဝယ်လိမ့်မယ်
Entertainment

ပေါ့ဘာကို မန်စီတီးနဲ့ လီဗာပူးတို့ ဒီနွေမှာ အပြိုင်ဝယ်လိမ့်မယ်

ပေါ့ဘာကို မန်စီတီးနဲ့ လီဗာပူးတို့ ဒီနွေမှာ အပြိုင်ဝယ်လိမ့်မယ် မန်ယူ လူငယ်အသင်းနဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း ဒါရင့်ဘန့် က ဒီနှစ်နွေရာသီ ကစားသမား အပြောင်းအရွေ့ ဈေးကွက်မှာ မန်စီတီးနဲ့ လီဗာပူးတို့က မန်ယူအသင်းမှာ နေရာပျောက်နေတဲ့ ပေါ့ဘာကို ဈေးပြိုင်ခေါ် ပြီးဝယ်ယူလိမ့်မယ်လို့ ခန့်မှန်းပြောလိုက် ပါတယ်။ ပေါ့ဘာက ၂၀၁၆ နွေရာသီတုန်းက အိုးထရက်ဖို့်ကို စံချိန်တင် ဈေးနှုန်း ပေါင် ၈၉ သန်း နဲ့ ရောက် လာ ခဲ့ တာ ပါ။ ။ အခုတော့ သူ့ဘဝက လူတကာ အပြစ်ပြောစရာအဖြစ်နဲ့ မန်ယူမှာနေ နေရပါတယ်။ မနှစ်က ဇန်နဝါရီလကနေစပြီး ခြေကျင်းဝတ်ဒဏ်ရာ ကြောင့် …

ရီးစားစကား အပြောမခံခဲ့ရဘူးလို့ ပြောလာတဲ့ ဒီရှပတ်တာနီ
Entertainment

ရီးစားစကား အပြောမခံခဲ့ရဘူးလို့ ပြောလာတဲ့ ဒီရှပတ်တာနီ

ရီးစားစကား အပြောမခံခဲ့ရဘူးလို့ ပြောလာတဲ့ ဒီရှပတ်တာနီ လက်ရှိ ဘောလီးဝုဒ်မှာ ရုံတင်နေတဲ့ Malang ကားထဲက မင်းသမီး ဒီရှပတ်တာနီက သူမဘဝမှာ ရီးစားစကားပြောတာ မခံခဲ့ရဖူးဘူးလို့ ဆိုလာတယ်။ တစ်ယောက်ယောက်ကများ သူမကို ရီးစားစကား ပြောကြည့်ပါလားလို့ သူမက လိုင်းပေါ်မှာ ရေးတင်ခဲ့ပါသေးတယ်။ ရီးစားစကားအပြောမခံခဲ့ရဖူး ဆိုလို့ ဒီရှပတ်တာနီက ဘောလီးဝုဒ်မှာ ခန္တာကိုယ်ကောက်ကြောင်း အလှဆုံးထဲမှာ ပါဝင်ပါတယ်။ သူ့ခန္တာ ကိုယ်က သူ့ရဲ့စီးပွားရေးပါပဲ။ သူမကို လိုင်းပေါ်က ရုပ်ရေကိုကြည့်ပြီး အပြင်မှာမြင်တွေ့လိုက်ရင် အမျိုးသားတွေ ဒူတောင်ခွေ သွားနိုင် လောက်အောင်ကို လှတာပါ။ ဒီဖက်ခောတ် လူပျိုစကားနဲ့ပြောရရင် တောက်ခေါက်ရလွန်းလို့ မေးရိုးတောင်ကျိုး သွားနိုင်ပါ တယ်။ သရုပ်ဆောင်ပိုင်းအရလည်း ဒီရှက သန်းပါင်းများစွာသော …