
BTS ရဲ့ Dynamite အယ်လ်ဘမ် သြဂုတ် ၂၁ရက်နေ့ ထွက်မယ်
တောင်ကိုရီးယားက အကျော်ကြားဆုံး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTS ကသူတို့ရဲ့ နောက်ဆုံးထွက်ရှိမယ့် Dynamite အယ်လ်ဘမ် ကို သြဂုတ်လ ၂၁ရက်မှာ ထွက်ရှိမယ်လို့ သိရပါတယ်။
သူတို့က ပထမဆုံး ကိုရီးယား စကားနဲ့ အယ်လ်ဘမ်ကို အရင်ထုတ်ပြီး မှ အင်္ဂလိပ်စကားပြောနဲ့ သူတို့ရဲ့ သီချင်းတွေကို ဒီလထဲမှာ ဆက်ပြီး ထုတ်ဖို့ စီစဉ်ထားပါတယ်။ မူရင်း အယ်လ်ဘမ်ကို Dynamite လို့ အမည်ပေးထားပေမဲ့ အင်္ဂလိပ် အသံထွက်နဲ့ အယ်လ်ဘမ်ကိုတော့ ဒီတနင်္ဂနွေ အထိ အမည် မပေးရသေးပါဘူး။
Big Hit ဖျော်ဖြေရေး ကုမ္ပဏီက BTS ရဲ့ အယ်လ်ဘမ်နဲ့ ပတ်သက်ပြီး ထူးထူး ခြားခြား ပြောဆိုတာ မရှိပေမဲ့ အခုထွက်မယ့် အယ်လ်ဘမ်မှာ သီချင်းတွေ ရောင်စုံပါဖို့ရာ ရှိနေပါတယ်။ ထုံးစံအတိုင်း ရီထရို သီချင်း အမျိုးအစားတွေနဲ့ ထောင်စုသစ် ပုံစံ ဂီတပုံစံတွေနဲ့ ဖွဲ့ စည်းထားပါတယ်လို့ ဆိုတယ်။
ကိုဗစ်ကာလအတွင်း သီချင်းတွေကို လုပ်ထားကြပေမဲ့ စီပွားရေးအရ အောင်မြင်မှု ရဖို့အတွက် ချိန်တွယ်ရတဲ့ အတွက် ကေပေါ့လောကမှာ အယ်လ်ဘမ်တွေကို ထုတ်ဖို့အတွက် ချင့်ချိန်နေရလို့ ကမ္ဘာ့ ဂီတလောကကို ခြေလှမ်းကျဲကျဲ နဲ့ မဝင်ရဲဘူး ဖြစ်နေပါတယ်။
ဒီနှစ်အစမှာ BTS ရဲ့ အမေရိကန်နဲ့ ဥရောပ ဖျောဖြေရေး ခရီးစဉ်တွေ ပျက်သွားတာက ကုမ္ပဏီ အတွက် ဝင်ငွေ သန်းနဲ့ ချီပြီး နစ်နာ ခဲ့ရပါတယ်။ ဒါကြောင့် ကေပေါ့ ဝိုင်းတွေက ချင့်ချိန်ပြီး သီချင်း အယ်လ်ဘမ်တွေကို ထုတ်ဖို့ အတွက်နှောင့်နှေး နေပါတယ်။
Big Hit ကတော့ ဒီလို အယ်လ်ဘမ်တွေ ထွက်ဖို့ နှောင့်နှေး နေတာကို အခွင့်ကောင်းယူပြီး Dynamite ကိုစွန့် ပြီး ထုတ်လိုက်တာပါ။ လက်ရှိ ကေပေါ့ဈေးကွက် ပျက်နေတာကို ပြန်လည် ကောင်းလာဖို့အတွက် ဝိုင်းတွေက စွန့်ပြီးသီချင်းတွေ အယ်လ်ဘမ်တွေကို ထုတ်နိုင်မှ အာရှဈေးကွက်နဲ့ ကမ္ဘာ့ ဈေးကွက် ကို ပြန်ထိုးဖောက်နိုင်မှာ ဖြစ်ပါတယ်။
ဘာပဲပြောပြော နိုင်င့တကာ အဆင့် ထုတ်မယ့် BTSရဲ့ Dynamite က ကေပေါ့ရဲ့ တစ်နှစ်တာ အကောင်းဆုံး အယ်လ်ဘမ် အဖြစ် ဆုရနိုင်တယ်လို့တောင် ခန့်မှန်းလို့ ရနေပါတယ်။
မောင်ယဿ, REF: teen vogue, Photo; Upi
Zawgyi
BTS ရဲ႕ Dynamite အယ္လ္ဘမ္ ၾသဂုတ္ ၂၁ရက္ေန႔ ထြက္မယ္
ေတာင္ကိုရီးယားက အေက်ာ္ၾကားဆုံး လူငယ္ဝိုင္း တစ္ဝိုင္းျဖစ္တဲ့ BTS ကသူတို႔ရဲ႕ ေနာက္ဆုံးထြက္ရွိမယ့္ Dynamite အယ္လ္ဘမ္ ကို ၾသဂုတ္လ ၂၁ရက္မွာ ထြက္ရွိမယ္လို႔ သိရပါတယ္။
သူတို႔က ပထမဆုံး ကိုရီးယား စကားနဲ႔ အယ္လ္ဘမ္ကို အရင္ထုတ္ၿပီး မွ အဂၤလိပ္စကားေျပာနဲ႔ သူတို႔ရဲ႕ သီခ်င္းေတြကို ဒီလထဲမွာ ဆက္ၿပီး ထုတ္ဖို႔ စီစဥ္ထားပါတယ္။ မူရင္း အယ္လ္ဘမ္ကို Dynamite လို႔ အမည္ေပးထားေပမဲ့ အဂၤလိပ္ အသံထြက္နဲ႔ အယ္လ္ဘမ္ကိုေတာ့ ဒီတနဂၤေႏြ အထိ အမည္ မေပးရေသးပါဘူး။
Big Hit ေဖ်ာ္ေျဖေရး ကုမၸဏီက BTS ရဲ႕ အယ္လ္ဘမ္နဲ႔ ပတ္သက္ၿပီး ထူးထူး ျခားျခား ေျပာဆိုတာ မရွိေပမဲ့ အခုထြက္မယ့္ အယ္လ္ဘမ္မွာ သီခ်င္းေတြ ေရာင္စုံပါဖို႔ရာ ရွိေနပါတယ္။ ထုံးစံအတိုင္း ရီထ႐ို သီခ်င္း အမ်ိဳးအစားေတြနဲ႔ ေထာင္စုသစ္ ပုံစံ ဂီတပုံစံေတြနဲ႔ ဖြဲ႕ စည္းထားပါတယ္လို႔ ဆိုတယ္။
ကိုဗစ္ကာလအတြင္း သီခ်င္းေတြကို လုပ္ထားၾကေပမဲ့ စီပြားေရးအရ ေအာင္ျမင္မႈ ရဖို႔အတြက္ ခ်ိန္တြယ္ရတဲ့ အတြက္ ေကေပါ့ေလာကမွာ အယ္လ္ဘမ္ေတြကို ထုတ္ဖို႔အတြက္ ခ်င့္ခ်ိန္ေနရလို႔ ကမာၻ႔ ဂီတေလာကကို ေျခလွမ္းက်ဲက်ဲ နဲ႔ မဝင္ရဲဘူး ျဖစ္ေနပါတယ္။
ဒီႏွစ္အစမွာ BTS ရဲ႕ အေမရိကန္နဲ႔ ဥေရာပ ေဖ်ာေျဖေရး ခရီးစဥ္ေတြ ပ်က္သြားတာက ကုမၸဏီ အတြက္ ဝင္ေငြ သန္းနဲ႔ ခ်ီၿပီး နစ္နာ ခဲ့ရပါတယ္။ ဒါေၾကာင့္ ေကေပါ့ ဝိုင္းေတြက ခ်င့္ခ်ိန္ၿပီး သီခ်င္း အယ္လ္ဘမ္ေတြကို ထုတ္ဖို႔ အတြက္ေႏွာင့္ေႏွး ေနပါတယ္။
Big Hit ကေတာ့ ဒီလို အယ္လ္ဘမ္ေတြ ထြက္ဖို႔ ေႏွာင့္ေႏွး ေနတာကို အခြင့္ေကာင္းယူၿပီး Dynamite ကိုစြန႔္ ၿပီး ထုတ္လိုက္တာပါ။ လက္ရွိ ေကေပါ့ေဈးကြက္ ပ်က္ေနတာကို ျပန္လည္ ေကာင္းလာဖို႔အတြက္ ဝိုင္းေတြက စြန႔္ၿပီးသီခ်င္းေတြ အယ္လ္ဘမ္ေတြကို ထုတ္ႏိုင္မွ အာရွေဈးကြက္နဲ႔ ကမာၻ႔ ေဈးကြက္ ကို ျပန္ထိုးေဖာက္ႏိုင္မွာ ျဖစ္ပါတယ္။
ဘာပဲေျပာေျပာ ႏိုင္င့တကာ အဆင့္ ထုတ္မယ့္ BTSရဲ႕ Dynamite က ေကေပါ့ရဲ႕ တစ္ႏွစ္တာ အေကာင္းဆုံး အယ္လ္ဘမ္ အျဖစ္ ဆုရႏိုင္တယ္လို႔ေတာင္ ခန႔္မွန္းလို႔ ရေနပါတယ္။
ေမာင္ယႆ, REF: teen vogue, Photo; Upi
No Comments