Black Pink ကို အေမရိကန္ ႐ုပ္ရွင္ ကုမၸဏီတစ္ခုက မွတ္တမ္း႐ုပ္ရွင္႐ိုက္မယ္လို႔ သတင္းထြက္ေန
- By : Phoe Linn
- Category : Entertainment
- Tags: cele news

Black Pink ကို အေမရိကန္ ႐ုပ္ရွင္ ကုမၸဏီတစ္ခုက မွတ္တမ္း႐ုပ္ရွင္႐ိုက္မယ္လို႔ သတင္းထြက္ေန
ေတာင္ကိုရီးယား က နာမည္ႀကီး အမ်ိဳးသမီး ေကေပါ့အဆိုေတာ္ အုပ္စုတစ္စုျဖစ္တဲ့ ဘလက္ပင့္ကို အေမရိကန္ ႐ုပ္ရွင္ ကုမၸဏီနဲ႔ မီဒီယာဝန္ေဆာင္မႈလုပ္ငန္းလုပ္ကိုင္ေနတဲ့ Netflix က ဒီႏွစ္ထဲမွာ မွတ္တမ္း႐ုပ္ရွင္ကား ႐ိုက္မယ္လို႔ ေကာလာဟလ သတင္းေတြေပၚေနရာ ဘလက္ပင့္ခ္ဖန္ေတြက ႏွစ္သက္သေဘာက်ၿပီး လိုင္းေပၚမွာ အတင္းအဖ်င္းေတြ တုတ္ေနၾကပါတယ္။
အဲ့ဒိသတင္းကို ေဖာက္ခ်လိုက္တာကေတာ့ ၿဗိတိသွ်သတင္းစာ ေဒးလီးေမးလ္အြန္လိုင္းက မေန႔က လိုင္းေပၚတင္လိုက္တာပါ။ သတင္းထဲမွာ ကအဲ့ဒိမွတ္တမ္းကားကို ဘယ္ေန႔ ဘယ္အခ်ိန္ ထုတ္လႊင့္မယ္ ဆိုတာေတာ့ ေဖာ္ျပထားျခင္းမရွိပါဘူး။
တကယ္လို႔သာ အဲ့ဒိသတင္းကား ႐ိုက္ျဖစ္တယ္ဆိုရင္ ဘလက္ပင့္ခ္ထဲက အဆိုေတာ္ေတြျဖစ္တဲ့ ဂ်ီဆို၊ ဂ်င္းနီ၊ ႐ိုစီ နဲ႔ လီဆာတို႔ရဲ႕ ေနာက္ပိုင္း ဇာတ္လမ္းေတြကို သိခြင့္ရမွာမို႔လို႔ အျပင္မွာျဖစ္ေနတဲ့ သူတို႔နဲ႔ ပတ္သက္တဲ့ ေကာလာဟလေတြက တကယ္ဟုတ္မဟုတ္ သိရေတာ့မွာပါ။
သူတို႔က ဒီလိုေနရာရဖို႔အတြက္ အရမ္း ႐ုန္းကန္ခဲ့ရတယ္လို႔ သိထားၾကတယ္။ ၂၀၁၆ ၾသဂုတ္လက သူတို႔ရဲ႕ ဆင္ဂဲလ္အယ္လ္ဘမ္ ထြက္လာတုန္းကလည္း လူေျပာ သူေျပာ မ်ားခဲ့တာေတြ ျဖစ္ခဲ့ပါတယ္။
သူတို႔ရဲ႕ YG အင္တာတိန္းမန႔္ က အတြင္းလႈိက္ၿပီး ျဖစ္ေနတဲ့ ျပႆနာေတြကို ပရိသက္က တစ္စြန္းတစ္စ သိထားလို႔ သူတို႔ရဲ႕မွတ္တမ္းကားထြက္လာမွာကို လူေတြက အရမ္းစိတ္ဝင္စားေနခဲ့ပါတယ္။
တြစ္တာသုံးသူေတြကလည္း Netflixကို လိုင္းေပၚကေန ေမးျမန္းမႈေတြ လုပ္ေနပါတယ္။ တကယ္လို႔ ႐ိုက္ျဖစ္တယ္ဆိုရင္ ဘယ္ေန႔ ထုတ္လႊင့္မလဲ ဆိုတာကိုပါ။ Netflix ကေတာ့ “အခုလို စိတ္ဝင္တစား ေမးျမန္းတာကို ေက်းဇူးတင္ပါတယ္။ က်ေနာ္တို႔အေနနဲ႔ ဘယ္ေတာ့ ထုတ္လႊင့္မယ္ဆိုတာကို မေျပာႏိုင္ပါေသးပါဘူး။
ထုတ္လႊင့္ျဖစ္တယ္ဆိုရင္ ပရိသတ္ကို အရင္ဆ့ုးအသိေပးမွာပါ”လို႔ လိုင္းေပၚမွာ ေျဖရွင္းမႈ လုပ္ထားပါတယ္။ ပရိသက္ေတြက အဆိုေတာ္ ၄ေယာက္ေနာက္ကို ကင္မရာသမားေတြ မႏွစ္က တစ္ႏွစ္လုံး လိုက္ေနတာကို သတိထားမိေနပါတယ္။ YGကေတာ့ “ အဲ့ဒါကို အတိအက် ေျပာဖို႔က ေျပာရခက္ပါတယ္။
ဘလက္ပင့္ခ္ရဲ႕ သီခ်င္းေတြကို စိတ္ရွည္လက္ရွည္ ေစာင့္ေပးခဲ့ရတာေတြရွိတာပဲ။ က်ေနာ္တို႔ကို နားလည္မႈ ရွိမယ္လို႔ ေမွ်ာ္လင့္ပါတယ္”လို႔ဆိုတယ္။ ဘလက္ပင့္ခ္က ေကေပါ့မွာ နာမည္ႀကီး အမ်ိဳးသမီးအုပ္စု တစ္စုျဖစ္ပါတယ္။ မႏွစ္က သူတို႔ရဲ႕သီခ်င္း Kill this love ဆိုရင္ ယူက်ဳ႕မွာ ၾကည့္တဲ့ ပရိသတ္ ၇၃၇ သန္း ရွိပါတယ္။
ေမာင္ယႆ ref:msn .com photo ; black pink fandon,teenvogue.com, kpopstarz.com
Unicode
Black Pink ကို အမေရိကန် ရုပ်ရှင် ကုမ္ပဏီတစ်ခုက မှတ်တမ်းရုပ်ရှင်ရိုက်မယ်လို့ သတင်းထွက်နေ
တောင်ကိုရီးယား က နာမည်ကြီး အမျိုးသမီး ကေပေါ့အဆိုတော် အုပ်စုတစ်စုဖြစ်တဲ့ ဘလက်ပင့်ကို အမေရိကန် ရုပ်ရှင် ကုမ္ပဏီနဲ့ မီဒီယာဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေတဲ့ Netflix က ဒီနှစ်ထဲမှာ မှတ်တမ်းရုပ်ရှင်ကား ရိုက်မယ်လို့ ကောလာဟလ သတင်းတွေပေါ်နေရာ ဘလက်ပင့်ခ်ဖန်တွေက နှစ်သက်သဘောကျပြီး လိုင်းပေါ်မှာ အတင်းအဖျင်းတွေ တုတ်နေကြပါတယ်။
အဲ့ဒိသတင်းကို ဖောက်ချလိုက်တာကတော့ ဗြိတိသျှသတင်းစာ ဒေးလီးမေးလ်အွန်လိုင်းက မနေ့က လိုင်းပေါ်တင်လိုက်တာပါ။ သတင်းထဲမှာ ကအဲ့ဒိမှတ်တမ်းကားကို ဘယ်နေ့ ဘယ်အချိန် ထုတ်လွှင့်မယ် ဆိုတာတော့ ဖော်ပြထားခြင်းမရှိပါဘူး။
တကယ်လို့သာ အဲ့ဒိသတင်းကား ရိုက်ဖြစ်တယ်ဆိုရင် ဘလက်ပင့်ခ်ထဲက အဆိုတော်တွေဖြစ်တဲ့ ဂျီဆို၊ ဂျင်းနီ၊ ရိုစီ နဲ့ လီဆာတို့ရဲ့ နောက်ပိုင်း ဇာတ်လမ်းတွေကို သိခွင့်ရမှာမို့လို့ အပြင်မှာဖြစ်နေတဲ့ သူတို့နဲ့ ပတ်သက်တဲ့ ကောလာဟလတွေက တကယ်ဟုတ်မဟုတ် သိရတော့မှာပါ။
သူတို့က ဒီလိုနေရာရဖို့အတွက် အရမ်း ရုန်းကန်ခဲ့ရတယ်လို့ သိထားကြတယ်။ ၂၀၁၆ သြဂုတ်လက သူတို့ရဲ့ ဆင်ဂဲလ်အယ်လ်ဘမ် ထွက်လာတုန်းကလည်း လူပြော သူပြော များခဲ့တာတွေ ဖြစ်ခဲ့ပါတယ်။
သူတို့ရဲ့ YG အင်တာတိန်းမန့် က အတွင်းလှိုက်ပြီး ဖြစ်နေတဲ့ ပြဿနာတွေကို ပရိသက်က တစ်စွန်းတစ်စ သိထားလို့ သူတို့ရဲ့မှတ်တမ်းကားထွက်လာမှာကို လူတွေက အရမ်းစိတ်ဝင်စားနေခဲ့ပါတယ်။
တွစ်တာသုံးသူတွေကလည်း Netflixကို လိုင်းပေါ်ကနေ မေးမြန်းမှုတွေ လုပ်နေပါတယ်။ တကယ်လို့ ရိုက်ဖြစ်တယ်ဆိုရင် ဘယ်နေ့ ထုတ်လွှင့်မလဲ ဆိုတာကိုပါ။ Netflix ကတော့ “အခုလို စိတ်ဝင်တစား မေးမြန်းတာကို ကျေးဇူးတင်ပါတယ်။ ကျနော်တို့အနေနဲ့ ဘယ်တော့ ထုတ်လွှင့်မယ်ဆိုတာကို မပြောနိုင်ပါသေးပါဘူး။
ထုတ်လွှင့်ဖြစ်တယ်ဆိုရင် ပရိသတ်ကို အရင်ဆ့ုးအသိပေးမှာပါ”လို့ လိုင်းပေါ်မှာ ဖြေရှင်းမှု လုပ်ထားပါတယ်။ ပရိသက်တွေက အဆိုတော် ၄ယောက်နောက်ကို ကင်မရာသမားတွေ မနှစ်က တစ်နှစ်လုံး လိုက်နေတာကို သတိထားမိနေပါတယ်။ YGကတော့ “ အဲ့ဒါကို အတိအကျ ပြောဖို့က ပြောရခက်ပါတယ်။
ဘလက်ပင့်ခ်ရဲ့ သီချင်းတွေကို စိတ်ရှည်လက်ရှည် စောင့်ပေးခဲ့ရတာတွေရှိတာပဲ။ ကျနော်တို့ကို နားလည်မှု ရှိမယ်လို့ မျှော်လင့်ပါတယ်”လို့ဆိုတယ်။ ဘလက်ပင့်ခ်က ကေပေါ့မှာ နာမည်ကြီး အမျိုးသမီးအုပ်စု တစ်စုဖြစ်ပါတယ်။ မနှစ်က သူတို့ရဲ့သီချင်း Kill this love ဆိုရင် ယူကျု့မှာ ကြည့်တဲ့ ပရိသတ် ၇၃၇ သန်း ရှိပါတယ်။
မောင်ယဿ ref:msn .com photo ; black pink fandon
No Comments