
Entertainment







Unicode

Backstreet Boys ဝိုင်းကို ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူးလို့ ရိုင်ယန်ဂေါ့စလင်က ပြောဖူး

၁၉၉၀ လောက်က နာမည်ကျော်ခဲ့တဲ့ လူငယ်ဝိုင်းတစ်ဝိုင်းဖြစ်တဲ့ Backstreet Boys ကို DRIVE ရုပ်ရှင်ထဲက မင်းသား ရိုင်ယန်ဂေါ့စလင် က မင်းတို့ဝိုင်းက ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူးလို့ ပြောခဲ့ဖူးကြောင်း ဘက်စထရိဘွိုင်း အဆိုတော် မက်ခ်လင်း က ပြောပါတယ်။ အဲ့ဒိတုန်းက သူတို့အဖွဲ့ က အခန်းလေးတစ်ခန်းငှားပြီး အတူတူနေကာ တီးဝိုင်းတစ်ခုထောင်ဖို့ကြိုးစား နေချိန်ပါ။ သူတို့က ညနေဆိုရင် လမ်းပေါ်မှာ ဘတ်စကတ် ဘောကစားရင်း အချိန်ဖြုန်းလေ့ရှိပါတယ်။ အဲ့ဒိတုန်းက ဂေါ့စလင်က ဒစ္စနေရဲ့ မစ်ကီးမောက် ဖန်ဟောက်စ်မှာ အသံသရုပ်ဆောင်နေပါတယ်။

သူရယ် ဂျက်စတင် တင်ဘာလိတ်ရယ် ခရစ်ရှားနား အာဂူလီယာရယ် ဘရစ်နီစပီယားရယ် တို့တွဲပြီး လုပ်နေကြတာပါ။ သူတို့က အလုပ်နဲ့ အကိုင်နဲ့ ဆိုတော့ ကျနော်တို့လို လပ်ယား လပ်ယားသမားတွေကို ကြည့်မရဘူးနဲ့ တူပါတယ်။ မင်းတို့တွေ အဲ့လိုလုပ်နေ ဘယ်တော့မှ မအောင်မြင်ဘူးလို့ပြောပါတယ်။ ကျနော်ကတော့ မင်းကို ငါတို့ ဂရုမစိုက်ဘူး။ မင်းဘယ်ကလာလာ မင်းဘာပဲလုပ်လုပ် backstreet boys ဆိုတာ တစ်နေ့ လူတွေမြင် ခွင့်ရမှာပါလို့ ပြန်ပြောခဲ့ပါတယ်။ ကနေဒါမင်းသား ရိုင်ယန်ဂေါ့စလင်းက ကလေးဘဝထဲက ဟောလီးဝုဒ်မှာကျင်လည် နေသူပါ။ ဂီတပညာရှင် ရုပ်ရှင်မင်းသား နဲ့ တီဗီအစီအစဉ် တင်ဆက်သူတစ်ဦး အနေနဲ့ အောင်မြင်နေသူပါ။

အဲ့ဒိအတိပ်တူးဆွတဲ့အကြောင်းကို ဂျင်မီဖဲလွန် တင်ဆက်တဲ့ Tonight Show အစီအစဉ်မှာ backstreet boys ဝိုင်းနဲ့ တွေ့ဆုံ အင်တာဗျူးမှာ ပြောကြတာပါ။ ၉၀ခုနှစ်ဝန်းကျင်က အောင်မြင်ခဲ့တဲ့ လူငယ်ဝိုင်းကို ဝိုင်းမဖြစ်ခင်က တည်းက ဝေဖန်မှုတွေနဲ့ အနှိမ်ခံနေရတယ် လို့ ပြောချင်တာပါ။ သူတို့နဲ့ ဂေါ့စလင်ကြားမှာ ဇာတ်လမ်းတွေ ရှိခဲ့တယ်ဆိုတာကို ပြောပြတာပါ။ ကျနော်တို့က ပေါ့ပေါ့ပါးပါးနေရတာကိုကြိုက်တယ်။ သီချင်းတွေဆိုမယ် ၊ဂစ်တာတီးမယ်။ လမ်းပေါ်မှာ ဘတ်စကတ်ဘော ကစားမယ်။အဲ့တုန်းက အချိန်တွေက ကျနော်တို့အတွက် ကြီးကျယ်ခမ်းနားခဲ့ပါတယ်။

သူက လေးလေးနက်နက်ပုံစံတွေနဲ့ လာပြောလို့ မင်းထင်တာလွဲ သွားစေရမယ်ဆိုပြီး ပြန်တောင်ပြောခဲ့ပါသေးတယ်လို့ ဘက်စထရိဘွိုင်းကဆိုတယ်။ backstreet boys မှာ မက်လင်း ၊ဟောင်ဝီဒ ရောက် ၊ နစ်ကာတာ ၊ ကီဗင်ရစ်ချက်ဆင်နဲ့ ဘရိုင်ယန်လစ်ထရယ် တို့ပါဝင်ပါတယ်။ အမေရိကန် နံပါတ်တစ် အယ်လ်ဘမ် ၃ချပ် ထုတ်ဖူးပြီး ဓာတ်ပြား အချပ်ရေ သန်း ၁၀၀ကျော် ရောင်းချခဲ့ရပါတယ်။

မောင်ယဿ REF:msn .com photo :redfern

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

Entertainment
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ်

ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ် ၁၉၈၄ ဆိုတာ ကမ္ဘာပေါ်မှာ စစ်အေးစစ်ပွဲ အရှိန်အမြင့်ဆုံး အချိန်ပါ။ အမေရိကန်နဲ့ ရုရှားတို့ ရဲ့ တစ်ဖက်နဲ့ တစ်ဖက် နျူကလိယလက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ လက်နက် အင်အားကြီးမှုကို ပြပြီး ကမ္ဘာ့နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ကာလ ဖြစ်တဲ့အပြင် ကမ္ဘာ့ တတိယလှိုင်း ဖြစ်တဲ့ ကွန်မြူဝါဒ ကြီးစိုးလာမှုကို အရင်းရှင် နိုင်ငံတွေက အသေအလဲ ကာကွယ်နေချိန်လည်း ဖြစ်ပါတယ်။ သိပ္ပံပညာကို အခြေခံပြီးတော့ စစ်ပွဲတွေမှာ သုံးဖို့အတွက် လူသားကို ကြောက်စရာ အကောင်တွေအဖြစ် အသွင်းပြောင်း နိုင်မဲ့ စမ်းသပ်မှုတွေကို တစ်ခုပြီး …

Entertainment
ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ်

ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ် အီရတ်နိုင်ငံက ဆေရုံတစ်ရုံမှာ အိန္ဒိယနဲ့ ပါကစ္စတန် သူနာပြုတွေကို အဘူ အူစမန်ခေါင်းဆောင်တဲ့ စစ်သွေးကြွ အုပ်စုတစ်စုက ဓားစာခံအဖြစ် ဖမ်းထားပါတယ်။ အိန္ဒိယထောက်လှမ်းရေးတပ်ဖွဲ့ က အေးဂျင့် တိုက်ဂါးကို ပါကစ္စတန်အေးဂျင့် ဇိုယာနဲ့ တွဲပြီး အဖွဲ့တစ်ဖွဲ့ကာ ဓားစာခံတွေကို ကယ်ထုတ်ဖို့အတွက် အစီအစဉ်တွေ ဆွဲခဲ့ပါတယ်။ အဲ့ဒိအချိန်မှာ အမေရိကန်စစ်တပ်က အဲ့ဒိဆေးရုံက အကြမ်းဖက်သမားတွေကို အပြတ်ရှင်းဖို့ အတွက် လေကြောင်းတိုက်ခိုက်မှု တွေ လုပ်ဖို့ လေယာဉ်တွေ လွှတ်လိုက်ပါပြီ။ အိန္ဒိယ ပါကစ္စတန် ထောက်လှမ်းရေး ပူးပေါင်းစစ်ဆင်ရေး က သူနာပြုတွေကို ရအောင်ကယ်ထုတ်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ …

Entertainment
ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။

Unicode ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။ အွန်လိုင်းပေါ်မှာ ထူးထူးခြားးခြား ဖြစ်စဉ်တွေ ရီစရာကောင်းတဲ့ ဖြစ်စဉ်တွေက မကြာခဏဆိုသလိုပဲ ပေါ်လာလေ့ရှိပါတယ် ။ အခုလည်း တူရကီနိုင်ငံက လူတစ်ယောက်က အဖော်နဲ့ အတူ ဂလိုက်ဒါစီးရင်းက လေထဲမှာ ဒရမ်တီးပြခဲ့တဲ့ အကြောင်းက လိုင်းပေါ်မှာ ပြန့်နှံ့နေပါတယ် ။ တူရကီ ဂီတပညာရှင် အာမတ်စလစ်ဟာ တူရကီနိုင်ငံ တီကာဒက်ရှ် ပြည်နယ်က တောင်တန်းတွေပေါ်ကနေ မြေပြင်မီတာ၆၀၀ အမြင့်မှ သူ့ရဲ့ ဒရမ်ကို လွယ်ကာ အဖော်တစ်ယောက် နဲ့ အတူ ဂလိုက်ဒါ စီးပြခဲ့တာပါ ။ အခုလိုင်းပေါ်ကို သူတင်လိုက်တဲ့ ဗီဒီယိုဖိုင်က ပလူပျံ …