အခ်ဳပ္ကားႏွင့္ ဆိုင္ကယ္ တိုက္မႈ ေနာက္ဆက္တြဲသတင္း

အခ်ဳပ္ကားႏွင့္ ဆိုင္ကယ္ တိုက္မႈ ေနာက္ဆက္တြဲသတင္း

မႏၲေလးက်ဳံးေထာင့္တြင္ အခ်ဳပ္ကားႏွင့္ ဆိုင္ကယ္တိုက္မိ၊ ၈ဦး ေဆး႐ုံေရာက္

သတင္း၊ ဓါတ္ပုံ – အမ္တီ

မႏၲေလး က်ဳံးအနီး ၆၅လမ္းႏွင့္၊ ၆၆လမ္းၾကား၊ ၂၆လမ္းေပၚတြင္ ယေန႔ ဒီဇင္ဘာ ၃ရက္ နံနက္ ၈နာရီခြဲဝန္းက်င္က အခ်ဳပ္ကားႏွင့္ ဆိုင္ကယ္ တိုက္မႈ ျဖစ္ပြားခဲ့သည္။

အခ်ဳပ္သားမ်ားကို အိုးဘို အက်ဥ္းေထာင္သို႔ ပို႔ေဆာင္ရန္ တင္ေဆာင္လာသည့္ ေက်ာင္ဆည္ၿမိဳ႕မွ အခ်ဳပ္ကားႏွင့္ မႏၲေလးၿမိဳ႕ေန ဘဏ္ဝန္ထမ္းအမ်ိဳးသမီးတစ္ဦး ေမာင္းႏွင္လာေသာ ဆိုင္ကယ္တို႔ တိုက္မိခဲ့ျခင္း ျဖစ္သည္ဟု ကနဦးသတင္း ရရွိသည္။

အဆိုပါ ေက်ာက္ဆည္ၿမိဳ႕မွ ေမာင္းႏွင္လာသည့္ အခ်ဳပ္ကားေပၚတြင္ အခ်ဳပ္သား (၁၈)ဦး တင္ေဆာင္လာၿပီး ယာဥ္တိုက္မႈေၾကာင့္ အခ်ဳပ္သား(၇)ဦးႏွင့္ ဆိုင္ကယ္ေမာင္းသူ အမ်ိဳးသမီးတို႔ ထိခိုက္ဒဏ္ရာ ရရွိကာ မႏၲေလးေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားရသည္ဟု အခင္းျဖစ္ရာတြင္ ေရာက္ရွိေနသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ေျပာသည္။

လက္ရွိတြင္ အခ်ဳပ္ကားေပၚပါသူမ်ားကို မႏၲေလးၿမိဳ႕ အမွတ္(၃)ရဲစခန္းတြင္ ထားရွိၿပီး ယာဥ္တိုက္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ စစ္ေဆးလွ်က္ရွိေၾကာင္း ကနဦးသတင္းရရွိသည္။

Mandalay_Indepth_News#Mandalay_News

က်ဳံးေဘး #အခ်ဳပ္ကားေမွာက္ #ယာဥ္တိုက္မႈ

Unicode

အချုပ်ကားနှင့် ဆိုင်ကယ်တိုက်မူ နောက်ဆက်တွဲသတင်း

မန္တလေးကျုံးထောင့်တွင် အချုပ်ကားနှင့် ဆိုင်ကယ်တိုက်မိ၊ ၈ဦး ဆေးရုံရောက်

သတင်း၊ ဓါတ်ပုံ – အမ်တီ

မန္တလေး ကျုံးအနီး ၆၅လမ်းနှင့်၊ ၆၆လမ်းကြား၊ ၂၆လမ်းပေါ်တွင် ယနေ့ ဒီဇင်ဘာ ၃ရက် နံနက် ၈နာရီခွဲဝန်းကျင်က အချုပ်ကားနှင့် ဆိုင်ကယ် တိုက်မှု ဖြစ်ပွားခဲ့သည်။

အချုပ်သားများကို အိုးဘို အကျဉ်းထောင်သို့ ပို့ဆောင်ရန် တင်ဆောင်လာသည့် ကျောင်ဆည်မြို့မှ အချုပ်ကားနှင့် မန္တလေးမြို့နေ ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်တို့ တိုက်မိခဲ့ခြင်း ဖြစ်သည်ဟု ကနဦးသတင်း ရရှိသည်။

အဆိုပါ ကျောက်ဆည်မြို့မှ မောင်းနှင်လာသည့် အချုပ်ကားပေါ်တွင် အချုပ်သား (၁၈)ဦး တင်ဆောင်လာပြီး ယာဉ်တိုက်မှုကြောင့် အချုပ်သား(၇)ဦးနှင့် ဆိုင်ကယ်မောင်းသူ အမျိုးသမီးတို့ ထိခိုက်ဒဏ်ရာ ရရှိကာ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားရသည်ဟု အခင်းဖြစ်ရာတွင် ရောက်ရှိနေသည့် ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

လက်ရှိတွင် အချုပ်ကားပေါ်ပါသူများကို မန္တလေးမြို့ အမှတ်(၃)ရဲစခန်းတွင် ထားရှိပြီး ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးလျှက်ရှိကြောင်း ကနဦးသတင်းရရှိသည်။

Mandalay_Indepth_News#Mandalay_News

ကျုံးဘေး #အချုပ်ကားမှောက် #ယာဉ်တိုက်မှု