Yin Kyay
Unicode
December Born လေးတွေရဲ့ စိတ်နေစိတ်ထားနဲ့ ထူးခြားတဲ့ အမူအကျင့်လေးတွေ
December born လေးတွေဟာ ရာသီခွင်အရ S a g i t t a r i u s နဲ ့C a p r i c o r n ရဲ ့လွှမ်းမိုးမှု အောက်မှာရှိနေပီး အရာရာကို အကောင်းမြင်စိတ်ထားနိုင်ကြသူများပဲ ဖြစ်ပါတယ်။ ဆောင်းရာသီရဲ ့အအေးဆုံးအချိန်မှာ မွေးဖွားတဲ့သူများ ဖြစ်တာနဲ့ အညီ စိတ်နေသဘောထား အေးချမ်းတည်ငြိမ်ပြီး သူတစ်ပါးအပေါ် စိတ်ဒုက္ခမပေးတတ်သူများလည်းဖြစ်ပါတယ်တဲ့လေ. … ။
သူတို ့အပေါ် စိတ်ဒုက္ခပေးတဲ့သူတွေကိုလဲ ရန်နဲ ့တုန် ့ပြန်ခြင်း မပြုဘဲ သဘောထားစွာ ခွင့်လွှတ်သည်းခံပေးနိုင်ကြတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေလဲဖြစ်ကြပါတယ်။ သူတို ့ထက် သဘောထားကြီးတဲ့သူတွေ လိုက်ရှာနေရင် ထီးဖြူပြီးဖိနပ်သာပါးသွားမယ် တွေ့မှာတော့မဟုတ်ဘူး..
ဒါ့အပြင် December Born လေးတွေဟာ ရိုးသားပွင့်လင်းကြပီး သဒ္ဓါတရားထက်သန်သူများလည်း ဖြစ်တာကြောင့် နောက်ဘဝမှာ နတ်သားလေးတွေ နတ်သမီးလေးတွေ ဖြစ်နိုင်ချေပိုများသူတွေလို ့လဲ သတ်မှတ်ခံထားကြရပါတယ်တဲ့ … ။
သူတို ့လေးတွေရဲ ့ဘဝမှာ တန်ဖိုးအထားဆုံး အရာက သစ္စာတရား ဖြစ်ပီး မိမိအသက်ထက် သစ္စာတရားကို ပိုမိုတန်ဖိုးထားသူများလဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ ဒီဇင်ဘာလမွေးဖွားတဲ့ ချစ်သူလေး ပိုင်ဆိုင်ထားပီဆိုရင်တော့ ကံအကောင်းဆုံး လူသားတစ်ယောက်လို ့သာ ကိုယ့်ကိုကိုယ်သတ်မှတ်လိုက်ပါတော့နော် … ။
December Born လေးတွေဟာ သူတို ့ရဲ ့စိတ်ခံစားချက်တွေကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်သူများဖြစ်ကြပါတယ်တဲ့။ ကိစ္စရပ်တိုင်းမှာ စိတ်အလိုကိုလိုက်ပီး ဆုံးဖြတ်ခြင်းမလုပ်ကြဘဲ ဖြစ်သင့်ဖြစ်ထိုက် လုပ်သင့်လုပ်ထိုက်တာကို ခေါင်းအေးအေးထားပြီး ဆုံးဖြတ်နိုင်စွမ်းရှိကြပါတယ်။ ဒါကြောင့်မို ့December Born အများစုဟာ မွေးရာပါခေါင်းဆောင်ကောင်းများဖြစ်ပြီး နယ်ပယ်အသီးသီးမှာ လူအများရဲ ့လေးစားမှုကို ရရှိနေသူများလည်းဖြစ်ပါတယ် … ။
နောက်ထပ်ကောင်းတဲ့အချက်တစ်ချက်အနေနဲ ့ပြောရမယ်ဆိုရင် December Born လေးတွေဟာ စိတ်ကူးစိတ်သန်းကောင်းပြီး ဖန်တီးနိုင်စွမ်းမြင့်မားကြသူများဖြစ်ပါတယ် .. ။
December Born လေးတွေမှာ အပြစ်ပြောစရာဆိုလို ့လူတိုင်းအပေါ် မခွဲခြားဘဲ အရမ်းသဘောကောင်းလွန်းတာကြောင့် မကောင်းတဲ့သူအချို ့ရဲ ့အနိုင်ကျင့်မှုတွေကို ခံရတာရယ် အလွန်သစ္စာစောင့်သိတတ်သူများဖြစ်တာကြောင့် သစ္စာဖောက်ခံရတဲ့ အခါ ရူးမတတ် ခံစားသွားတတ်ကြတာလေးတွေ ပဲရှိပါတယ်တဲ့ .. ။
ဒါ့့အပြင်December Born လေးတွေက ကံနိမ့်တတ်သူတွေ ဖြစ်တာမို ့ဘာသာရေးကို တခြားသူတွေထက် ပိုလုပ်ဖို ့လိုအပ်ပါတယ်နော်။ တခါတလေကျ မလိုအပ်ဘဲ ခေါင်းမာတတ်တာတွေ ရှုပ်ရှုပ်ပွပွနေတတ်တာလေးတွေ စတဲ့ မကောင်းတဲ့အချက်လေးတွေသာ ပြင်နိုင်မယ်ဆိုရင်တော့ အဖက်ဖက် ပြီးပြည့်စုံတဲ့သူလေးတွေ ဖြစ်လာမှာ အမှန်ပါပဲနော် … ။
ကဲ .. အခုလအတွက် ရေပန်းစားရဲ့ ဒီဇင်ဘာလဖွား လေးတွေရဲ့ စိတ်နေစိတ်ထားအကြောင်းကတော့ ဒီလောက်ပါပဲနော်။ နောက်လတွေမှာလည်း လအလိုက် စိတ်နေစိတ်ထားလေးတွေကို တင်ဆက်ပေးဦးမှာဆိုတော့ အမြဲစောင့်ကြည့်နေဖို့မမေ့နဲ့နော်။ အခုပိုစ့်ကို လွတ်လပ်စွာ ဝေမျှ နိုင်ပြီး ကိုယ့်သူငယ်ချင်းဖြစ်ဖြစ် ကိုယ်ချစ်သူဖြစ်ဖြစ် December Born လေးဆိုရင်တော့ လက်တို့ပြီး အသိပေးလိုက်ဖို့ ပြောလိုက်ပါရစေ … ။
Yin Kyay