ေျခဖေနာင့္ ကြဲတတ္သူမ်ား အတြက္ ေပ်ာက္ကင္းသည့္ နည္းလမ္းေလးမ်ား….

ေျခဖေနာင့္ ကြဲတတ္သူမ်ား အတြက္ ေပ်ာက္ကင္းသည့္ နည္းလမ္းေလးမ်ား….

ေျခဖေနာင့္ ကြဲအက္ျခင္းအတြက္ ႐ိုးရွင္း လြယ္ကူတဲ့ အိမ္တြင္း ကုထုံးေလးမ်ား

မၾကာခင္ တစ္မိုးကုန္လို႔တစ္ေဆာင္း ဝင္လာပါေတာ့မယ္။ ခႏၶာကိုယ္တြင္း အပူဓာတ္မ်ားသူေတြနဲ႔၊ ေန႔လယ္ဘက္ ေနပူပူထဲလမ္း ေလွ်ာက္အထြက္မ်ားသူေတြအဖို႔ ေဆာင္းရာသီေရာက္တဲ့အခါ အပူကန္ထြက္ေလ့ရွိၾကၿပီး ေျခဖေနာင့္ အေရျပားမ်ား ကြဲအက္လာ ပါေတာ့တယ္။အခ်ိဳ႕သူေတြမွာ သိပ္ဆိုး ဆိုး႐ြား႐ြားႀကီးမဟုတ္ အျမင္ဆိုး႐ုံေလာက္သာ ကြဲအက္ၾကေသာ္လည္း အခ်ိဳ႕ကေတာ့ ကြဲထြက္ေနေသာ အေရျပားအစအနေတြက တစ္ဆင့္ အဝတ္အထည္နဲ႔ ပြတ္တိုက္၍ အသားစလန္ေသြးထြက္ကာ ေမးခိုင္ပိုး အႏၲရာယ္ ျဖစ္ေစလာႏိုင္ပါတယ္ …။

အေသးအဖြဲ ေျခဖေနာင့္ကြဲအက္ျခင္းအတြက္ ေရခ်ိဳးတဲ့အခါ ဖေနာင့္ခ်င္းခ်င္း ခပ္ၾကမ္းၾကမ္းပြတ္တိုက္၍ေသာ္ လည္းေကာင္း၊ ေရခ်ိဳးခန္းသမံတလင္း သို႔မဟုတ္ ေရခ်ိဳးခန္းသုံး ေက်ာက္ခဲတုံးေလးျဖင့္ ပြတ္တိုက္၍ေသာ္လည္း ေကာင္း ဤသို႔ျပဳေပးျခင္းျဖင့္ အေရျပား ေခ်ာေမြ႕သြားေစပါတယ္။ အကယ္၍ ႀကီးႀကီးမားမား ကြဲအက္သူမ်ား အဖို႔ အေရျပားစေလးေတြကို လက္သည္းညႇပ္ေလးနဲ႔ ညႇပ္ထုတ္ေပးၿပီး ေအာက္ပါ႐ိုးရွင္းလြယ္ကူတဲ့ အိမ္တြင္းကုထုံး ရွစ္မ်ိဳးထဲမွ မိမိအတြက္ အဆင္ေျပရာကိုသုံး၍ ကုစားႏိုင္ပါတယ္ …။

(၁) သံပရာရည္-ဆား-အလွဆီ-ႏွင္းဆီရည္တို႔ျဖင့္ ေျခဖေနာင့္ေပါင္းတင္နည္း

(Glycerine (ေခၚ) သၾကားဆီ၊အလွဆီနဲ rose water (ေခၚ)ႏွင္းဆီရည္တို႔ကို အလွကုန္ပစၥည္းဆိုင္ေတြမွာ အလြယ္ တကူဝယ္ယူႏိုင္ပါတယ္) ညအိပ္ရာမဝင္ခင္ ဇလုံႀကီးႀကီးတစ္ခုထဲမွာ ေျခမ်က္ေစ့ျမဳပ္တဲ့အထိ ေရခပ္ေႏြးေႏြးေလာင္း ထည့္ၿပီး ဆားၾကမ္း၊ သံပရာရည္၊ အလွဆီနဲ႔ႏွင္းဆီရည္တို႔ သင့္႐ုံေရာထည့္၍ မိနစ္ ၂ဝ ေလာက္ ေျခေထာက္ ႏွစ္ ေခ်ာင္းလုံးႏွစ္စိမ္ထားပါ …။

ၿပီးရင္ေျခေထာက္တိုက္တဲ့ ေက်ာက္တုံးေလးနဲ႔ ေျခဖေနာင့္ေတြကို ခပ္ၾကမ္းၾကမ္း ပြတ္တိုက္ေပးပါ။ ထို႔ေနာက္ အလွဆီစားပြဲတင္ဇြန္းတစ္ဇြန္း၊ ႏွင္းဆီရည္စားပြဲတင္ဇြန္း တစ္ဇြန္း၊ သံပရာရည္စားပြဲတင္ဇြန္း တစ္ဇြန္းတို႔ေ ရာၿပီး ဖေနာင့္ကိုလိမ္းအိပ္ေပးပါ …။

(ကပ္ေစးေစးျဖစ္ေစတာေၾကာင့္ ေျခဖေနာင့္ကို အဝတ္စသန႔္သန႔္ျဖင့္ ထုပ္၍ေသာ္လည္းေကာင္း၊ ေျခအိတ္စြပ္၍ေသာ္လည္း ေကာင္းအိပ္ရာဝင္ပါ) မနက္မိုးလင္းတဲ့အခါ ေရေႏြးေႏြးေလးနဲ႔ ျပန္ေဆးေပးလိုက္ပါ …။

ဤနည္းအတိုင္း ရက္သတၱပတ္ေလာက္ ေျခဖေနာင့္အေရျပား ေခ်ာေမြ႕လာတဲ့အထိ ဆက္လုပ္ေပးပါ …။.

(၂) ငွက္ေပ်ာသီး-ေထာပတ္သီးတို႔ျဖင့္ ေပါင္းတင္နည္း

ငွွက္ေပ်ာသီးမွည့္တစ္လုံးကို အခြံႏႊာၿပီးေနာက္ ေထာပတ္သီးမွည့္ တစ္ဝက္တို႔ကိုယူ၍ ႀကိတ္စက္ထဲ ေရာထည့္ႀကိတ္ ေမႊပါ …။

ၿပီးေနာက္ ရလာတဲ့အႏွစ္ပ်စ္ပ်စ္ေတြျဖင့္ ေျခဖေနာင့္ကို ပြတ္လိမ္းေပးပါ။ (ေထာပတ္သီးအစား အုန္းသီးစိမ္း တစ္ဝက္ကို သုံးႏိုင္ပါတယ္ …။

ေထာပတ္သီးနဲ႔ အုန္းသီးစိမ္းတို႔ထဲမွာ အေရျပား ကြဲအက္ေျခာက္ေသြ႕ျခင္းအတြက္ မရွိမျဖစ္လိုအပ္တဲ့ ဗီတာမင္နဲ႔အဆီဓာတ္ေတြ အေျမာက္အျမားပါရွိလို႔အေရျပား အစိုဓာတ္ ထိန္းေပးကာ၊ ႏူးညံ့ေခ်ာေမြ႕ လာေစပါတယ္)အကယ္၍ ေထာပတ္သီးဝယ္ဖို႔အဆင္မေျပပါက ငွက္ေပ်ာသီး တစ္မ်ိဳးတည္းျဖင့္ ေပါင္းတင္လို႔ ရပါတယ္ …။

ငွွက္ေပ်ာ သီးမွည့္မွည့္ကို အခြံႏႊာ၍ အထဲကအႏွစ္ေတြျဖင့္ ေျခဖေနာင့္ကို ပြတ္လိမ္းေပးၿပီးေနာက္ ၁ဝ မိနစ္ အၾကာမွာ ေရေအးျဖင့္ ေဆးေၾကာေပးလိုက္ပါ …။

(၃) ဆန္မႈန႔္-ပ်ားရည္-ရွာလကာရည္တို႔ျဖင့္ ေပါင္းတင္နည္း

(ဤနည္းက အေရျပားဆဲလ္အေသမ်ားကို ဖယ္ရွားေပးပါတယ္) ဆန္မႈန႔္စားပြဲတင္ဇြန္း ႏွစ္ဇြန္းေမာက္ေမာက္ကို ပ်ားရည္စားပြဲတင္ဇြန္း သုံးဇြန္း၊ ရွာလကာရည္ စားပြဲတင္ဇြန္းသုံးဇြန္းတို႔နဲ႔ ေရာေမႊပါ …။

(သံလြင္ဆီရႏိုင္ပါက စားပြဲတင္ ဇြန္းတစ္ဇြန္း ေရာထည့္ေပးပါ) ေရေႏြးေႏြးေလးထဲမွာ ၁ဝ မိနစ္ေလာက္ ေျခေထာက္စိမ္ထားၿပီးေနာက္ ေစာေစာက ေရာေႏွာထားတဲ့ ဆန္မႈန႔္အႏွစ္မ်ားနဲ႔ေျခဖေနာင့္ကိုပြတ္လိမ္းေပးပါ …။

(၄) ဟင္း႐ြက္ဆီ

(အေရျပားေျခာက္ေသြ႕ျခင္းေၾကာင့္ ကြဲအက္လာတဲ့ေျခဖေနာင့္ေတြကို ဟင္း႐ြက္ဆီက ေကာင္းစြာကုသေပးႏိုင္ပါတယ္) ညအိပ္ ရာမဝင္ခင္ ဦးစြာေျခဖေနာင့္ကို ဆပ္ျပာနဲ႔သန႔္စင္ေအာင္ေဆး၊ ေရေျခာက္ေအာင္ သုတ္ၿပီးေတာ့ ဟင္း႐ြက္ဆီျဖင့္ အထဲထိစိမ့္ဝင္ေအာင္ စိတ္ရွည္ရွည္ျဖင့္ ဖိလိမ္းေပးပါ …။

(ေျခဖေနာင့္ကို အဝတ္စသန႔္သန႔္ျဖင့္ထုပ္၍ ေသာ္လည္းေကာင္း၊ ေျခအိတ္စြပ္၍ ေသာ္လည္းေကာင္း အိပ္ရာဝင္ပါ) မနက္မိုးလင္းတဲ့အခါ ပုံမွန္ေရခ်ိဳးေပးလိုက္ ႐ုံပါပဲ …။

ဤနည္းအတိုင္း ရက္သတၱပတ္ေလာက္ ေျခဖေနာင့္အေရျပား ေခ်ာေမြ႕လာတဲ့အထိ ဆက္လုပ္ေပးပါ …။

(၅) ပ်ားရည္

ပ်ားရည္က အစိုဓာတ္ထိန္းေပးတဲ့အျပင္ ပိုးေသေစတဲ့ အစြမ္းသတၱိရွိလို႔ ေျခဖေနာင့္ကြဲအက္ျခင္းအတြက္ အသုံးတည့္ လွပါတယ္ …။

ေရပုံးထဲ ေရခပ္ေႏြးေႏြး ထက္ဝက္ခန႔္ထည့္ၿပီး ပ်ားရည္ကို လက္ဖက္ရည္ခြက္တစ္ခြက္ စာပမာဏခန႔္ ထည့္ေရာေပးပါ …။

ထိုအေရာအေႏွာထဲကို ေျခေထာက္ႏွစ္၍ မိနစ္ ၂ဝ ေလာက္စိမ္ထားပါ …။

ၿပီးရင္ ေရခ်ိဳးခန္းသုံး ေက်ာက္တုံးေလးနဲ႔ ေျခဖေနာင့္ေခ်ာသြားေအာင္ ပြတ္တိုက္ေပးပါ …။

(၆) သံလြင္ဆီ

(သံလြင္ဆီက အေရျပား က်န္းမာေခ်ာေမြ႕ေစတဲ့ အေကာင္းဆုံး အိမ္တြင္း သမားေတာ္ေလးပါပဲ) ဒီနည္းက ေန႔ဘက္ မွာလည္း လိမ္းေပးလို႔ရပါတယ္ …။

ဝါဂြမ္းလုံးေလးေပၚ သံလြင္ဆီဆြတ္ လိမ္းေပးၿပီးေနာက္ အသားထဲ စိမ့္ဝင္ေအာင္ ေျခဖေနာင့္ေပၚကို ထိုဝါဂြမ္းေလးနဲ႔စက္ဝိုင္းပုံသဏၭာန္ ၁၅ မိနစ္ခန႔္လိမ္းေပးပါ …။

ေနာက္ တစ္နာရီခန႔္အၾကာမွာေတာ့ သုံးေနက်ဆပ္ျပာျဖင့္ ေရေဆးလိုက္႐ုံပါပဲ။ (ေနာက္တစ္နည္း) ပုလင္းသန႔္သန႔္ တစ္လုံးထဲမွာ သံလြင္ဆီ လက္ဖက္ရည္ဇြန္း တစ္ဇြန္းကို သံပရာရည္ အနည္းငယ္ညႇစ္ထည့္ၿပီး ေရေအးေအး လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္းထည့္၍ ပုလင္း ျပန္ဖုံး ကာနာနာ ခေလာက္ပါ။ ရလာတဲ့ ထိုကရင္မ္ကို ေျခဖေနာင့္ေပၚ ေန႔ေရာညပါ လိမ္းေပးႏိုင္ပါတယ္ …။

(၇) ႏွွမ္းဆီ

(ႏွမ္းဆီဟာ ေျခဖေနာင့္ကြဲအက္ျခင္းအတြက္ အေကာင္းဆုံး ေဆးရည္ျဖစ္တယ္လို႔ ေရွးျမန္မာလူႀကီးမ်ားက ဆိုထား ၾကပါတယ္) ႏွမ္းဆီနဲ႔ကြဲအက္ေနတဲ့ ေျခဖေနာင့္ကို ညအိပ္ရာမဝင္ခင္ လူးနယ္ႏွိပ္ေပး႐ုံပါပဲ …။

(၈) ကြမ္း႐ြက္စိမ္းႏွင့္ ဆားၾကမ္း

(ဒီနည္းကလည္း ေျခဖေနာင့္ကြဲအက္ျခင္းအတြက္ မိ႐ိုးဖလာကုသနည္းေလးပါပဲ) ေန႔စဥ္ေရမခ်ိဳးမီ သို႔မဟုတ္ ညအိပ္ရာမဝင္မီ ဒူးေခါင္းမွေျခဖဝါးအထိ စင္ၾကယ္စြာ ေရေဆးၿပီး ကြမ္း႐ြက္စိမ္း ရင့္ရင့္ကို လက္ျဖင့္ေခ်၍ ဆားၾကမ္းတို႔ကာ ေျခဖဝါးကိုပြတ္တိုက ေပးျခင္းျဖင့္ သက္သာေပ်ာက္ကင္း သြားပါ လိမ့္မယ္ေနာ္ …။ ။

MWD Health

Unicode

ခြေဖနောင့် ကွဲတတ်သူများ အတွက် ပျောက်ကင်းသည့် နည်းလမ်းလေးများ….

ခြေဖနောင့် ကွဲအက်ခြင်းအတွက် ရိုးရှင်း လွယ်ကူတဲ့ အိမ်တွင်း ကုထုံးလေးများ

မကြာခင် တစ်မိုးကုန်လို့တစ်ဆောင်း ဝင်လာပါတော့မယ်။ ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေနဲ့၊ နေ့လယ်ဘက် နေပူပူထဲလမ်း လျှောက်အထွက်များသူတွေအဖို့ ဆောင်းရာသီရောက်တဲ့အခါ အပူကန်ထွက်လေ့ရှိကြပြီး ခြေဖနောင့် အရေပြားများ ကွဲအက်လာ ပါတော့တယ်။အချို့သူတွေမှာ သိပ်ဆိုး ဆိုးရွားရွားကြီးမဟုတ် အမြင်ဆိုးရုံလောက်သာ ကွဲအက်ကြသော်လည်း အချို့ကတော့ ကွဲထွက်နေသော အရေပြားအစအနတွေက တစ်ဆင့် အဝတ်အထည်နဲ့ ပွတ်တိုက်၍ အသားစလန်သွေးထွက်ကာ မေးခိုင်ပိုး အန္တရာယ် ဖြစ်စေလာနိုင်ပါတယ် …။

အသေးအဖွဲ ခြေဖနောင့်ကွဲအက်ခြင်းအတွက် ရေချိုးတဲ့အခါ ဖနောင့်ချင်းချင်း ခပ်ကြမ်းကြမ်းပွတ်တိုက်၍သော် လည်းကောင်း၊ ရေချိုးခန်းသမံတလင်း သို့မဟုတ် ရေချိုးခန်းသုံး ကျောက်ခဲတုံးလေးဖြင့် ပွတ်တိုက်၍သော်လည်း ကောင်း ဤသို့ပြုပေးခြင်းဖြင့် အရေပြား ချောမွေ့သွားစေပါတယ်။ အကယ်၍ ကြီးကြီးမားမား ကွဲအက်သူများ အဖို့ အရေပြားစလေးတွေကို လက်သည်းညှပ်လေးနဲ့ ညှပ်ထုတ်ပေးပြီး အောက်ပါရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံး ရှစ်မျိုးထဲမှ မိမိအတွက် အဆင်ပြေရာကိုသုံး၍ ကုစားနိုင်ပါတယ် …။

(၁) သံပရာရည်-ဆား-အလှဆီ-နှင်းဆီရည်တို့ဖြင့် ခြေဖနောင့်ပေါင်းတင်နည်း

(Glycerine (ခေါ်) သကြားဆီ၊အလှဆီနဲ rose water (ခေါ်)နှင်းဆီရည်တို့ကို အလှကုန်ပစ္စည်းဆိုင်တွေမှာ အလွယ် တကူဝယ်ယူနိုင်ပါတယ်) ညအိပ်ရာမဝင်ခင် ဇလုံကြီးကြီးတစ်ခုထဲမှာ ခြေမျက်စေ့မြုပ်တဲ့အထိ ရေခပ်နွေးနွေးလောင်း ထည့်ပြီး ဆားကြမ်း၊ သံပရာရည်၊ အလှဆီနဲ့နှင်းဆီရည်တို့ သင့်ရုံရောထည့်၍ မိနစ် ၂ဝ လောက် ခြေထောက် နှစ် ချောင်းလုံးနှစ်စိမ်ထားပါ …။

ပြီးရင်ခြေထောက်တိုက်တဲ့ ကျောက်တုံးလေးနဲ့ ခြေဖနောင့်တွေကို ခပ်ကြမ်းကြမ်း ပွတ်တိုက်ပေးပါ။ ထို့နောက် အလှဆီစားပွဲတင်ဇွန်းတစ်ဇွန်း၊ နှင်းဆီရည်စားပွဲတင်ဇွန်း တစ်ဇွန်း၊ သံပရာရည်စားပွဲတင်ဇွန်း တစ်ဇွန်းတို့ေ ရာပြီး ဖနောင့်ကိုလိမ်းအိပ်ပေးပါ …။

(ကပ်စေးစေးဖြစ်စေတာကြောင့် ခြေဖနောင့်ကို အဝတ်စသန့်သန့်ဖြင့် ထုပ်၍သော်လည်းကောင်း၊ ခြေအိတ်စွပ်၍သော်လည်း ကောင်းအိပ်ရာဝင်ပါ) မနက်မိုးလင်းတဲ့အခါ ရေနွေးနွေးလေးနဲ့ ပြန်ဆေးပေးလိုက်ပါ …။

ဤနည်းအတိုင်း ရက်သတ္တပတ်လောက် ခြေဖနောင့်အရေပြား ချောမွေ့လာတဲ့အထိ ဆက်လုပ်ပေးပါ …။.

(၂) ငှက်ပျောသီး-ထောပတ်သီးတို့ဖြင့် ပေါင်းတင်နည်း

ငှှက်ပျောသီးမှည့်တစ်လုံးကို အခွံနွှာပြီးနောက် ထောပတ်သီးမှည့် တစ်ဝက်တို့ကိုယူ၍ ကြိတ်စက်ထဲ ရောထည့်ကြိတ် မွှေပါ …။

ပြီးနောက် ရလာတဲ့အနှစ်ပျစ်ပျစ်တွေဖြင့် ခြေဖနောင့်ကို ပွတ်လိမ်းပေးပါ။ (ထောပတ်သီးအစား အုန်းသီးစိမ်း တစ်ဝက်ကို သုံးနိုင်ပါတယ် …။

ထောပတ်သီးနဲ့ အုန်းသီးစိမ်းတို့ထဲမှာ အရေပြား ကွဲအက်ခြောက်သွေ့ခြင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့အဆီဓာတ်တွေ အမြောက်အမြားပါရှိလို့အရေပြား အစိုဓာတ် ထိန်းပေးကာ၊ နူးညံ့ချောမွေ့ လာစေပါတယ်)အကယ်၍ ထောပတ်သီးဝယ်ဖို့အဆင်မပြေပါက ငှက်ပျောသီး တစ်မျိုးတည်းဖြင့် ပေါင်းတင်လို့ ရပါတယ် …။

ငှှက်ပျော သီးမှည့်မှည့်ကို အခွံနွှာ၍ အထဲကအနှစ်တွေဖြင့် ခြေဖနောင့်ကို ပွတ်လိမ်းပေးပြီးနောက် ၁ဝ မိနစ် အကြာမှာ ရေအေးဖြင့် ဆေးကြောပေးလိုက်ပါ …။

(၃) ဆန်မှုန့်-ပျားရည်-ရှာလကာရည်တို့ဖြင့် ပေါင်းတင်နည်း

(ဤနည်းက အရေပြားဆဲလ်အသေများကို ဖယ်ရှားပေးပါတယ်) ဆန်မှုန့်စားပွဲတင်ဇွန်း နှစ်ဇွန်းမောက်မောက်ကို ပျားရည်စားပွဲတင်ဇွန်း သုံးဇွန်း၊ ရှာလကာရည် စားပွဲတင်ဇွန်းသုံးဇွန်းတို့နဲ့ ရောမွှေပါ …။

(သံလွင်ဆီရနိုင်ပါက စားပွဲတင် ဇွန်းတစ်ဇွန်း ရောထည့်ပေးပါ) ရေနွေးနွေးလေးထဲမှာ ၁ဝ မိနစ်လောက် ခြေထောက်စိမ်ထားပြီးနောက် စောစောက ရောနှောထားတဲ့ ဆန်မှုန့်အနှစ်များနဲ့ခြေဖနောင့်ကိုပွတ်လိမ်းပေးပါ …။

(၄) ဟင်းရွက်ဆီ

(အရေပြားခြောက်သွေ့ခြင်းကြောင့် ကွဲအက်လာတဲ့ခြေဖနောင့်တွေကို ဟင်းရွက်ဆီက ကောင်းစွာကုသပေးနိုင်ပါတယ်) ညအိပ် ရာမဝင်ခင် ဦးစွာခြေဖနောင့်ကို ဆပ်ပြာနဲ့သန့်စင်အောင်ဆေး၊ ရေခြောက်အောင် သုတ်ပြီးတော့ ဟင်းရွက်ဆီဖြင့် အထဲထိစိမ့်ဝင်အောင် စိတ်ရှည်ရှည်ဖြင့် ဖိလိမ်းပေးပါ …။

(ခြေဖနောင့်ကို အဝတ်စသန့်သန့်ဖြင့်ထုပ်၍ သော်လည်းကောင်း၊ ခြေအိတ်စွပ်၍ သော်လည်းကောင်း အိပ်ရာဝင်ပါ) မနက်မိုးလင်းတဲ့အခါ ပုံမှန်ရေချိုးပေးလိုက် ရုံပါပဲ …။

ဤနည်းအတိုင်း ရက်သတ္တပတ်လောက် ခြေဖနောင့်အရေပြား ချောမွေ့လာတဲ့အထိ ဆက်လုပ်ပေးပါ …။

(၅) ပျားရည်

ပျားရည်က အစိုဓာတ်ထိန်းပေးတဲ့အပြင် ပိုးသေစေတဲ့ အစွမ်းသတ္တိရှိလို့ ခြေဖနောင့်ကွဲအက်ခြင်းအတွက် အသုံးတည့် လှပါတယ် …။

ရေပုံးထဲ ရေခပ်နွေးနွေး ထက်ဝက်ခန့်ထည့်ပြီး ပျားရည်ကို လက်ဖက်ရည်ခွက်တစ်ခွက် စာပမာဏခန့် ထည့်ရောပေးပါ …။

ထိုအရောအနှောထဲကို ခြေထောက်နှစ်၍ မိနစ် ၂ဝ လောက်စိမ်ထားပါ …။

ပြီးရင် ရေချိုးခန်းသုံး ကျောက်တုံးလေးနဲ့ ခြေဖနောင့်ချောသွားအောင် ပွတ်တိုက်ပေးပါ …။

(၆) သံလွင်ဆီ

(သံလွင်ဆီက အရေပြား ကျန်းမာချောမွေ့စေတဲ့ အကောင်းဆုံး အိမ်တွင်း သမားတော်လေးပါပဲ) ဒီနည်းက နေ့ဘက် မှာလည်း လိမ်းပေးလို့ရပါတယ် …။

ဝါဂွမ်းလုံးလေးပေါ် သံလွင်ဆီဆွတ် လိမ်းပေးပြီးနောက် အသားထဲ စိမ့်ဝင်အောင် ခြေဖနောင့်ပေါ်ကို ထိုဝါဂွမ်းလေးနဲ့စက်ဝိုင်းပုံသဏ္ဌာန် ၁၅ မိနစ်ခန့်လိမ်းပေးပါ …။

နောက် တစ်နာရီခန့်အကြာမှာတော့ သုံးနေကျဆပ်ပြာဖြင့် ရေဆေးလိုက်ရုံပါပဲ။ (နောက်တစ်နည်း) ပုလင်းသန့်သန့် တစ်လုံးထဲမှာ သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို သံပရာရည် အနည်းငယ်ညှစ်ထည့်ပြီး ရေအေးအေး လက်ဖက်ရည်ဇွန်း နှစ်ဇွန်းထည့်၍ ပုလင်း ပြန်ဖုံး ကာနာနာ ခလောက်ပါ။ ရလာတဲ့ ထိုကရင်မ်ကို ခြေဖနောင့်ပေါ် နေ့ရောညပါ လိမ်းပေးနိုင်ပါတယ် …။

(၇) နှှမ်းဆီ

(နှမ်းဆီဟာ ခြေဖနောင့်ကွဲအက်ခြင်းအတွက် အကောင်းဆုံး ဆေးရည်ဖြစ်တယ်လို့ ရှေးမြန်မာလူကြီးများက ဆိုထား ကြပါတယ်) နှမ်းဆီနဲ့ကွဲအက်နေတဲ့ ခြေဖနောင့်ကို ညအိပ်ရာမဝင်ခင် လူးနယ်နှိပ်ပေးရုံပါပဲ …။

(၈) ကွမ်းရွက်စိမ်းနှင့် ဆားကြမ်း

(ဒီနည်းကလည်း ခြေဖနောင့်ကွဲအက်ခြင်းအတွက် မိရိုးဖလာကုသနည်းလေးပါပဲ) နေ့စဉ်ရေမချိုးမီ သို့မဟုတ် ညအိပ်ရာမဝင်မီ ဒူးခေါင်းမှခြေဖဝါးအထိ စင်ကြယ်စွာ ရေဆေးပြီး ကွမ်းရွက်စိမ်း ရင့်ရင့်ကို လက်ဖြင့်ချေ၍ ဆားကြမ်းတို့ကာ ခြေဖဝါးကိုပွတ်တိုက ပေးခြင်းဖြင့် သက်သာပျောက်ကင်း သွားပါ လိမ့်မယ်နော် …။ ။

MWD Health