မိုးတြင္းမွာ ေခ်ာင္းကို ျဖတ္ၿပီး ကေလးေတြကို ခက္ခက္ခဲခဲ ေက်ာင္းပို႔ေပးတဲ့ မိဘ ( ႐ုပ္သံ )

မိုးတြင္းမွာ ေခ်ာင္းကို ျဖတ္ၿပီး ကေလးေတြကို ခက္ခက္ခဲခဲ ေက်ာင္းပို႔ေပးတဲ့ မိဘ ( ႐ုပ္သံ )

အခုဆိုရင္ ျမန္မာႏိုင္ငံမွာလည္း မိုတြင္း ကေလးေတြေက်ာင္းဖြင့္တဲ့ ရာသီျဖစ္သလို အာရွအိမ္နီးခ်င္းႏိုင္ငံတစ္ခုျဖစ္တဲ့ ဗီယက္နမ္ႏိုင္ငံမွာလည္း မိုးရာသီ၊ ကေလးေတြ ေက်ာင္းစတက္ေနရတဲ့အခ်ိန္ျဖစ္ပါတယ္ ။

ဗီယက္နမ္ႏိုင္ငံရဲ႕ အစြန္အဖ်ား႐ြာေလးတစ္႐ြာျဖစ္တဲ့ ‘ဟြိဳင္ဟာ’ ႐ြာေလးမွာ အခုလိုအခ်ိန္ဆိုရင္ ေခ်ာင္းေရလွ်ံၿပီး ေရစီးသန္ပါတယ္။ ဒါ့အျပင္ ေခ်ာင္းေရေတြကလည္း ႐ြံေရေတြမို႔ နစ္သြားခဲ့ရင္ ကေလးေတြအတြက္ သိပ္မလြယ္ပါဘူး ။

စာသင္ေက်ာင္းက ေခ်ာင္းရဲ႕တစ္ဖက္ကမ္း ေနာက္ထပ္ ၁၅ ကီလိုမီတာေလာက္မွာရွိတာမို႔ ႐ြာက ကေလးေတြ ေက်ာင္းသြားတဲ့အခါ ေခ်ာင္းကို ျဖတ္ၿပီးမွ သြားရပါတယ္ ။

မိုးတြင္းမဟုတ္တဲ့ အျခားအခ်ိန္ေတြမွာေတာ့ ေခ်ာင္းေပၚကို ျဖတ္ၿပီး ထိုးထားတဲ့ ယာယီတံတားေလးေတြကေန ဒါမွမဟုတ္ ေခ်ာင္းထဲကေန ျဖတ္သြားလို႔ ေဘးအႏၲရာယ္ကင္းေပးမယ့္ အခုအခ်ိန္ကေတာ့ ေရစီးသန္တဲ့အတြက္ အႏၲရာယ္ရွိပါတယ္ ။

ဒီအတြက္ ကေလးေတြကို ေခ်ာင္းရဲ႕ တစ္ဖက္ကမ္းကို ေဘးကင္းေအာင္ ပို႔ေပးႏိုင္တဲ့ အမ်ိဳးသားတစ္ဦးကို ေက်ာင္းသာမိဘေတြစုၿပီး ငွားလိုက္ပါတယ္ ။ သူက ကေလးေတြကို ေလလုံတဲ့ ႏိုင္လြန္ပလပ္စတစ္အိတ္ႀကီးထဲထည့္ၿပီး ဟိုဘက္ဒီဘက္ မီတာ ၂၀ ေလာက္ က်ယ္တဲ့ ေခ်ာင္းကို ျဖတ္ကူးၿပီး တစ္ေယာက္ျခင္းစီကို ပို႔ေပးပါတယ္ ။

မိဘေတြက ကိုယ့္သားသမီးေလးေတြ တစ္ဖက္ကမ္းကို မေရာက္မျခင္း စိုးတထိတ္ထိတ္နဲ႔ ေစာင့္ၾကည့္ေနၾကရပါတယ္ ။ ကေလးေတြ တစ္ဖက္ကမ္းကို ေရာက္သြားတဲ့အခါ ေက်ာင္းကို ေရာက္ဖို႔ ေနာက္ထပ္ ၁၅ ကီလိုမီတာေလာက္ လမ္းေလွ်ာက္ၾကရပါေသးတယ္ ။

ဒီလိုမ်ိဳး ပလတ္စတစ္အိတ္ႀကီးထဲ ကေလးေတြကို ထည့္ကာ ေခ်ာင္းကို ျဖတ္ကူးေနတဲ့ ပုံေတြ အင္တာနက္မွာ ပ်ံ႕ခဲ့ၿပီးေနာက္ အခုလို အခက္အခဲေတြၾကားထဲကေန ကေလးေတြရဲ႕ ပညာေရးအတြက္ ႀကိဳးစားတီထြင္ခဲ့ၾကတဲ့ မိဘေတြကို အားလုံးက ဝိုင္းၿပီး ခ်ီးမြမ္းေနၾကပါတယ္ ။ တစ္ကယ္ေတာ့ ဒီနည္းလမ္းကို သူတို႔သုံးခဲ့ၾကတာ ၾကာၿပီျဖစ္ပါတယ္ ။

ျမန္မာႏိုင္ငံမွာလဲ အခုလို အျဖစ္အပ်က္နဲ႔ တိုက္ဆိုင္တဲ့ ေဒသေတြ ရွိေနမယ္ဆိုရင္ ဒီနည္းလမ္းေလးနဲ႔ ေျဖရွင္းႏိုင္ပါေၾကာင္း သတင္းေကာင္းပါးလိုက္ပါတယ္ ။

Unicode

မိုးတွင်းမှာ ချောင်းကို ဖြတ်ပြီး ကလေးတွေကို ခက်ခက်ခဲခဲ ကျောင်းပို့ပေးတဲ့ မိဘ ( ရုပ်သံ )

အခုဆိုရင် မြန်မာနိုင်ငံမှာလည်း မိုတွင်း ကလေးတွေကျောင်းဖွင့်တဲ့ ရာသီဖြစ်သလို အာရှအိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ ဗီယက်နမ်နိုင်ငံမှာလည်း မိုးရာသီ၊ ကလေးတွေ ကျောင်းစတက်နေရတဲ့အချိန်ဖြစ်ပါတယ် ။

ဗီယက်နမ်နိုင်ငံရဲ့ အစွန်အဖျားရွာလေးတစ်ရွာဖြစ်တဲ့ ‘ဟွိုင်ဟာ’ ရွာလေးမှာ အခုလိုအချိန်ဆိုရင် ချောင်းရေလျှံပြီး ရေစီးသန်ပါတယ်။ ဒါ့အပြင် ချောင်းရေတွေကလည်း ရွံရေတွေမို့ နစ်သွားခဲ့ရင် ကလေးတွေအတွက် သိပ်မလွယ်ပါဘူး ။

စာသင်ကျောင်းက ချောင်းရဲ့တစ်ဖက်ကမ်း နောက်ထပ် ၁၅ ကီလိုမီတာလောက်မှာရှိတာမို့ ရွာက ကလေးတွေ ကျောင်းသွားတဲ့အခါ ချောင်းကို ဖြတ်ပြီးမှ သွားရပါတယ် ။

မိုးတွင်းမဟုတ်တဲ့ အခြားအချိန်တွေမှာတော့ ချောင်းပေါ်ကို ဖြတ်ပြီး ထိုးထားတဲ့ ယာယီတံတားလေးတွေကနေ ဒါမှမဟုတ် ချောင်းထဲကနေ ဖြတ်သွားလို့ ဘေးအန္တရာယ်ကင်းပေးမယ့် အခုအချိန်ကတော့ ရေစီးသန်တဲ့အတွက် အန္တရာယ်ရှိပါတယ် ။

ဒီအတွက် ကလေးတွေကို ချောင်းရဲ့ တစ်ဖက်ကမ်းကို ဘေးကင်းအောင် ပို့ပေးနိုင်တဲ့ အမျိုးသားတစ်ဦးကို ကျောင်းသာမိဘတွေစုပြီး ငှားလိုက်ပါတယ် ။ သူက ကလေးတွေကို လေလုံတဲ့ နိုင်လွန်ပလပ်စတစ်အိတ်ကြီးထဲထည့်ပြီး ဟိုဘက်ဒီဘက် မီတာ ၂၀ လောက် ကျယ်တဲ့ ချောင်းကို ဖြတ်ကူးပြီး တစ်ယောက်ခြင်းစီကို ပို့ပေးပါတယ် ။

မိဘတွေက ကိုယ့်သားသမီးလေးတွေ တစ်ဖက်ကမ်းကို မရောက်မခြင်း စိုးတထိတ်ထိတ်နဲ့ စောင့်ကြည့်နေကြရပါတယ် ။ ကလေးတွေ တစ်ဖက်ကမ်းကို ရောက်သွားတဲ့အခါ ကျောင်းကို ရောက်ဖို့ နောက်ထပ် ၁၅ ကီလိုမီတာလောက် လမ်းလျှောက်ကြရပါသေးတယ် ။

ဒီလိုမျိုး ပလတ်စတစ်အိတ်ကြီးထဲ ကလေးတွေကို ထည့်ကာ ချောင်းကို ဖြတ်ကူးနေတဲ့ ပုံတွေ အင်တာနက်မှာ ပျံ့ခဲ့ပြီးနောက် အခုလို အခက်အခဲတွေကြားထဲကနေ ကလေးတွေရဲ့ ပညာရေးအတွက် ကြိုးစားတီထွင်ခဲ့ကြတဲ့ မိဘတွေကို အားလုံးက ဝိုင်းပြီး ချီးမွမ်းနေကြပါတယ် ။ တစ်ကယ်တော့ ဒီနည်းလမ်းကို သူတို့သုံးခဲ့ကြတာ ကြာပြီဖြစ်ပါတယ် ။

မြန်မာနိုင်ငံမှာလဲ အခုလို အဖြစ်အပျက်နဲ့ တိုက်ဆိုင်တဲ့ ဒေသတွေ ရှိနေမယ်ဆိုရင် ဒီနည်းလမ်းလေးနဲ့ ဖြေရှင်းနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ။